Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, October 29, 2012

ခင်ရွှန်းလဲ့ဝေ ကိုရီးယားသွားမည့် လျှို့ဝှက် အတွင်းသတင်းအား "အတွင်းသတင်း facebook" မှ ဖော်ပြ

မှန်  မမှန်တော့ သေခြာမသိပါ။သတင်းအဖြစ် တင်ပြပေးခြင်းပါပဲ...စဉ်းစား  ဝေဖန်သုံးသပ်ပေါ့.... 

  

Wednesday, October 3, 2012

ဘာလုပ် ကြမှာလဲ



ဘွားတော်စုကလဲ လူနည်းစုကို ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ပြောသံမကြားရပါလား။ အမေရိကန်ကစက္ကူစုတ်လေးပေးလိုက်တာကို ကြည့်ပြီး ၀မ်းသာပီတိဖြစ်နေပုံရပါတယ်။

ငြိမ်နေကြတာ တိတ်ဆိတ်လို့ ဗျာ

ရွှေဝါရောင်ဘုန်းကြီးများ ဆွံ့အ နားမကြား ဖြစ်ကုန်လေပြီလား

မွတ်ဆလင် များ သေဆုံးစဉ်က ကမ္ဘာတဝန်းရှိ မွတ်ဆလင် ဘုန်းကြီးများ ဆန္ဒပြခဲ့ကြသော်လည်း  ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရချိန်မှာတော့ နေရာတကာ ပါလေရာ ဆန္ဒပြတတ်သည့် ပြည်တွင်း/ပြည်ပရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဆွံ့အ နားမကြား ဖြစ်နေကြောင်း သတင်းရရှိသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။
ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။
ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။

ယခုအခါ  ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆို သည်။
အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။
အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။