Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, June 30, 2013

အမျိုးသားရေးဝါဒီ သီတဂူနှင့် လူ့အခွင့်အရေးဝါဒီ ဒေါ်စုကြည်















Ashin Dayweinda


----------------------

ဖြစ်ရပ် (၁)။ ။

မလေးရှားနိုင်ငံမှာ မွတ်စလင်ကုလားများက မြန်မာလူမျိုးများကို ရက်ရက် စက်စက် နှိပ်စက်နေသော ကြောင့် မြန်မာအများစု ဒုက္ခရောက်နေ၏။ ထိုမွတ်စလင်ကုလားများသည် မြန်မာပြည်က သွားသည့် မွတ်စလင်များ ဖြစ်၏။ မလေးရှားနိုင်ငံသည် မွတ်စလင်နိုင်ငံဖြစ်သောကြောင့် မွတ်စလင်ကုလားများအတွက် သူတို့ပိုင်နက်နယ်မြေလို ဖြစ်နေ၏။

သူတို့၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် မြန်မာလူမျိုးများသည် ဆေးရုံရောက်တဲ့သူက ရောက်၊
သေတဲ့လူက သေနေကြ၏။ ဒါကြောင့် မှော်ဘီသံဃာ့ ညီလာခံကြီးက ၀မ်းနည်းကြောင်း ကြေငြာထုတ်ပြန်ခဲ့ပါသည်။

ဒုက္ခရောက်နေသည့် မြန်မာများကို ကယ်တင်ဖို့အတွက် သီတဂူဆရာတော်ဘုရားကြီးကတော့ ယခု ဇွန် ၂၄-ရက်နေ့ကပဲ မလေးရှားကို ကိုယ်တိုင်ကြွရောက်တော်မူ၏။ အမိနိုင်ငံသို့ ပြန်ချင်သည့် မြန်မာများ အိမ်ပြန်နိုင်ဖို့အတွက် ဒေါ်လာများ သိန်းချီလှူဒါန်းခဲ့ပါသည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ)။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်စုကြည်သည် မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးများ ဒုက္ခရောက်နေ သည်ကို မသိဘူးလား၊ သိတယ်ဆိုရင်ကော ဘာဖြစ်လို့ မကူညီသလဲ၊ မကူညီနိုင်ဘူးဆိုရင်လည်း ၀မ်းနည်းကြောင်း စကားလေးတော့ ပြောသင့်ပါသည်။

ပါတီနာမည်ကတော့ “အမျိုးသားဒီမိုကရေစီ”တဲ့။ “မြန်မာ့အမျိုးသားအားလုံး အားကိုးရမည့် ဒီမိုကရေစီ”ဆိုတဲ့ အဓိပ္ပါယ်နှင့် မှည့်ထားဟန်တူ၏။ သို့သော် ဒေါ်စုကြည်သည် မလေးရှားကိစ္စကို ကြည့်မယ်ဆိုရင် အမျိုးသားရေးအတွက် တာဝန်မဲ့လွန်းလှသည်။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။


ဖြစ်ရပ် (၂)။ ။

ဟိုတနေ့က ဟိုလေးတကျော်ဖြစ်ခဲ့သည့် ကမ္ဘာကျော်တိုင်းမဂ္ဂဇင်းရဲ့ “ကမ္ဘာကျော်မုသာဝါဒသတင်း”။ ငြိမ်းချမ်းသော မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းသော မြန်မာလူမျိုးများကို “အကြမ်းဖက်သမားများနေတဲ့ အကြမ်းဖက်နိုင်ငံ” ဖြစ်အောင် တမင်ဖန်တီးခဲ့သည့် အဓမ္မစွပ်စွဲမှု။

ထိုကဲ့သို့ မတရားတဲ့လုပ်ရပ်ကို တိုင်းပြည်နှင့် လူမျိုးကို ချစ်ကြသည့် ရဟန်းရှင်လူပြည်သူများသည် အပြင်းအထန် ကန့်ကွက်ကြသည်။ အင်းစိန်သံဃာညီလာခံကြီးကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။ သီတဂူဆရာတော်ကလည်း သမိုင်းဆိုင်ရာ အချက်အလက်တွေ ပြောပြကာ အပြင်းအထန် ကန့်ကွက်လိုက်ပါသည်။

သတင်းစာအမျိုးမျိုး၊ စာစောင်အမျိုးမျိုး၊ ဂျာနယ်အမျိုးမျိုးတို့ကလည်း ကန့်ကွက်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီစသည့် ပါတီများကလည်း ကန့်ကွက်ခဲ့ကြသည်။ အမျိုးထိ မချိအောင် နာရမယ် မဟုတ်လား။ (ဤကား အမျိုးသားရေးဝါဒတည်း။)

ဒေါ်စုကြည်ကတော့ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ဗုဒ္ဓဘာသာ၏ပုံရိပ်ကို အရိပ်မည်းကြီး ဖြစ်အောင် စွပ်စွဲပုတ်ခတ်သည့် တိုင်းမဂ္ဂဇင်းကို မကန့်ကွက်ခဲ့ပါ။ မိမိ၏သားလေးကို ခွေးကိုက်နေပါလျက် ခွေးကို မရိုက်ဘူးဆိုရင် ထိုမိခင်သည် “မိခင်ကောင်းတစ်ယောက်” ဟု ဆိုနိုင်ပါဦးမည်လော။ လေးလေးနက်နက် စဉ်းစားစေချင်သည်။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။

ဖြစ်ရပ် (၃)။ ။

သီတဂူဆရာတော်သည် အင်းစိန်သံဃာ့ညီလာခံကြီး၌ မွတ်စလင်နှင့် ပတ်သက်၍ မိန့််ကြားတော်မူ ခဲ့သည်။ ပုဂံခေတ်က အစ္စလာမ်ဘာသာဝင် ဗျဝိ ဗျတ္တဖြစ်စဉ်ကို နမူနာပြပြီး အိမ်ရှင်မြန်မာများက ဧည့်ဝတ်ကျေကြောင်း၊ ဧည့်သည် မွတ်စလင်တို့က ကျေးဇူး မသိကြောင်းကို ဟောကြားတော်မူခဲ့၏။

နောက်ဆုံးနိဂုံးချုပ်အနေဖြင့် မြန်မာက အိမ်ရှင်၊ ဘင်္ဂါလီမွတ်စလင်က ဧည့်သည်ဖြစ်သည့်အတွက် မွတ်စလင်များအနေဖြင့် အိမ်ရှင်မြန်မာများကို လေးစားဖို့လိုအပ်ကြောင်းကိုလည်း အားရပါးရ မြွက်ဟတော်မူခဲ့သည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ။)

ဒေါ်စုကြည်ကတော့ “ဘင်္ဂါလီမွတ်စလင်တွေကို ခွဲခြားဆက်ဆံတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ”လို့ ပြောခဲ့ပါ၏။ ဆိုလိုတာက ဘင်္ဂါလီမွတ်စလင်လည်း လူပဲ၊ မြန်မာလည်း လူပဲပေါ့၊ ဒါကြောင့် တန်းတူအခွင့်အရေး ပေးသင့်တယ်လို့ ပြော လိုရင်းပါပဲ။

ရခိုင်ပြည်နယ်မှာ ယာယီကဒ်ဖြင့် နေထိုင်ခွင့်ပြုထားသော ဘင်္ဂါလီမွတ်စလင်များသည် မြန်မာနိုင်ငံသား မဟုတ်ပါ။ ခဏတဖြုတ်နေသည့် ဧည့်သည်ပါ။ မြန်မာ့တိုင်းရင်းသားများသာ အိမ်ရှင်မြန်မာနိုင်ငံသား ဖြစ်ပေသည်။

ဒါကို မျက်ကွက်ပြုပြီး ဘင်္ဂါလီမွတ်စလင်နှင့် မြန်မာ့တိုင်းရင်းသားများကို တန်းတူ အခွင့်အရေး ပေးရမယ်ဆိုတော့ မြန်မာနိုင်ငံထဲ ရောက်လာတဲ့ လူမှန်သမျှကို “နိုင်ငံသား ” ဖြစ်ခွင့် ပေးရတော့မလို ဖြစ်နေ၏။

ဒီလိုဆိုရင် မြန်မာနိုင်ငံသည် ဘာနိုင်ငံ ဖြစ်သွားမည်နည်း။ စဉ်းစဉ်းစားစား လုပ်သင့်ပါသည်။ တကယ်တော့ ဒေါ်စုသည် အိမ်ရှင် ဧည့်သည် မခွဲခြားတတ်ပါ။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။

ဖြစ်ရပ် (၄)။ ။

ဇွန် ၂၇-ရက်နေ့က အင်းစိန်သံဃာ့ညီလာခံကြီးကို အင်းစိန်အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာမှာ ကျင်းပခဲ့သည်။ ပြည်နယ်အသီးသီး၊ တိုင်းဒေသအသီးသီးမှ သံဃာ့ကိုယ်စားလှယ် ၁၅၀၀-ကျော် တက်ရောက်ခဲ့ပါသည်။

စာသင်တိုက်ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်များ၊ ဓမ္မကထိက ဆရာတော်ကြီးများက ဦးဆောင်၍ မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့အတွက် အဓိထားပြီးဆွေးနွေးခဲ့ကြပါသည်။ အထူးအားဖြင့် အခွင့်အရေးဆုံးရှုံးနေကြသည့် မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အမျိုးသမီး များကို အမျိုးသမီးအခွင့်အရေးများ ရရှိဖို့အတွက် ကြိုးစားတော်မူကြခြင်း ဖြစ်ပေသည်။

ထိုမျိုးစောင့်ဥပဒေကို သံဃာအားလုံး ထောက်ခံသည်။ တိပိဋကဆရာ တော် ၉-ပါးစလုံး လက်မှတ်ထိုးခဲ့ကြပါသည်။ အင်းစိန်ရွာမဆရာတော်၊ မိုးကောင်းဆရာတော်ကြီးကဲ့သို့သော သြ၀ါဒါစရိယဆရာတော်များလည်း လက်မှတ်ထိုးခဲ့ကြပါသည်။

သီတဂူဆရာတော်ကိုယ်တိုင်လည်း လက်မှတ်ထိုး၍ ထောက်ခံခဲ့ပါသည်။ အမျိုး ဘာသာသာသနာကို စောင့်ရှောက်ရုံတင် မကပဲ မိမိတို့ပိုင်နက်နယ်မြေ ဖြစ်တဲ့ မြေကြီးကိုလည်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ။)

ဒေါ်စုကြည်ကတော့ “မျိုးစောင့်ဥပဒေ”ကို ရှုံ့ချခဲ့သည်။ ပြောနေကြစကားအတိုင်းပါပဲ။ “မျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေးနှင့် မကိုက်ညီဘူး”တဲ့။

မျိုးစောင့်ဥပဒေသည် အခြားဘာသာတို့မှာ ရှိသည်။ မိမိတို့ဗုဒ္ဓဘာသာဝင်မှာတော့ မရှိသေးပါ။ ထိုသို့မရှိသောကြောင့် တချို့အမျိုးသမီးများ ဘာသာခြားနှင့်လက်ထပ်သည့်အခါ သူတို့ဘာသာထဲသို့ သိမ်းသွင်းခံရတော့ သည်။ တချို့ ကံဆိုးသည့် အမျိုးသမီးများ ဘာသာခြားကုလားတို့၏ အနှိပ်စက် ခံရသည်။ ထို့ကြောင့် မျိုးစောင့်ဥပဒေ ရှိသင့်၏။

ထို့ကြောင့် သီလ သမာဓိ ပညာနှင့် ပြည့်စုံကြသည့် ဆရတော်ကြီးများက မျိုးစောင့်ဥပဒေ ဖြစ်ပေါ်လာနိုင်ဖို့ ကြိုးစားတော်မူကြခြင်း ဖြစ်ပါသည်။ မျိုးစောင့်ဥပဒေသည် နိုင်ငံနှင့် လူမျိုးကို ချစ်သူတိုင်း လက်ခံကြပါသည်။ ဒေါ်စုကြည်ကတော့ လက်မခံနိုင်ဘူးတဲ့။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။

ဖြစ်ရပ် (၅) ။ ။

လွန်ခဲ့သော ၁၀-ရက်လောက်က တောင်တွင်းကြီးကို ရောက်ခဲ့၏။ မိမိသည် စစ်ကိုင်းမှ သွားသောကြောင့် နတ်မောက်မြို့ကို ဖြတ်ပြီး တောင်တွင်းကြီးကို သွားခဲ့သည်။ နတ်မောက်ရောက်သောအခါ လွပ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင် ဆန်းကို သွားသတိရမိသည်။ ဗိုလ်ချုပ်သည် အမျိုးကို ထိလျှင် နည်းနည်းမှ မခံပါ။

ဗိုလ်ချုပ်ပြောသည့် မိန့်ခွန်းကို ကြားယောင်မိသည်။ “ရှင်းရှင်းပြောရမယ်ဆိုရင် ကုလားစတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်….. တစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါ”။ (၂၀၊ ၀၁၊ ၁၉၄၆ -နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံမိန့်ခွန်း)။

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကို ကောက်ချက်ချမည်ဆိုလျှင် “ကုလားဟာ နိုင်ငံခြားသားပဲ။ နိုင်ငံခြားသားဖြစ်သည့်အတွက် ရန်သူလိုနေမယ်ဆိုရင်တော့ အပြတ် အသတ် ချေမှုန်းပစ်မည်”ဟု သတိပေးခြင်းပင် ဖြစ်ပေသည်။ ဒါကိုကြည့်လျှင် ဗိုလ်ချုပ်ရဲ့ အမျိုးသားရေးဝါဒကို မှန်းဆနိုင်ပေသည်။

ဗိုလ်ချုပ်သည် အမြင်ရှင်း၏။ အပြော ပွင့်လင်း၏။ ဝေ့လည်ကြောင်ပ့တ် မလုပ်တတ်။ ထို့ကြောင့် ဗိုလ်ချုပ်ကို တတိုင်းပြည်လုံးက ချစ်ကြခြင်း ဖြစ်ပေသည်။

သီတဂူဆရာတော်သည် အမျိုးသားရေးဝါဒရှိသော ဗိုလ်ချုပ်ကို ဂုဏ်ပြုသောအားဖြင့် နတ်မောက်မြို့မှာ ဆေးရုံ ဆောက်ပေးခဲ့ပါသည်။ ဤကား မြို့သူမြို့သားများအားလုံး ကျန်းမာရေးအတွက် ဖြစ်သည်။ ပညာရေးအတွက်လည်း အထက်တန်းကျောင်းကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ (ဤကား အမျိုးသားရေးဝါဒလို့ မှတ်လိုက်ပါ)။

ဒေါ်စုကြည်သည် အခုချိန်မှာ ကမ္ဘာကျော် ပါတီခေါင်းဆောင် ဖြစ်၏။ တကမ္ဘာလုံးက စိတ်ဝင်စား၏။ ဆုတံဆိပ်ပေါင်း မြောက်မြားစွာကိုလည်း ရရှိခဲ့၏။ သူ့စကားတစ်ခွန်းသည် တစ်ကမ္ဘာလုံးကို ရိုက်ခတ်နိုင်စွမ်း ရှိပါ၏။

တကမ္ဘာလုံးက စိတ်ဝင်စားခြင်းခံရသော ဒေါ်စုကြည်သည် တကမ္ဘာလုံးကိုတော့ စိတ်ဝင်စားဟန်တူ၏။ သို့သော် ဖခင်ချက်မြှုပ် နတ်မောက်မြို့ကိုတော့ မေ့နေသလား မသိ။ ဘာ့ကြောင့်နည်း၊ နတ်မောက်မြို့အတွက် ဘာတစ်ခုမှ လုပ်မပေးသောကြောင့်တည်း။ နေနိုင်လှပါဘိ။ (ဤကား လူ့အခွင့်အရေးဝါဒလို့ မှတ်လိုက်ပါ)။
--------------------

သီတဂူဆရာတော်ကတော့ ဤကဲ့သို့မိန့်ကြားတော်မူခဲ့သည်။

“လူ့အခွင့်အရေးဆိုတာ ဥပဒေ မဟုတ်ပါဘူး။ ဘယ်နိုင်ငံကိုမှ ချုပ်ကိုင်လို့ မရဘူး။ သူတို့မကြိုက်ရင်တော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး အော်မှာပဲ။ ကြိုက်သလောက် အော်ပါစေ”။

“ ငါတို့ကတော့ မြန်မာ့တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ်။ ဒါကြောင့် “အမျိုးသားရေးဝါဒ” ကို ဆုပ်ကိုင်ထားရမယ်၊ အမျိုးသားရေးဝါဒဆိုတာ အကုသိုလ်တစ်ခုမှ မပါဘူး၊ လုပ်ကိုလုပ်ရမယ်”။

မြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး















(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွတ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၂) မြတ်စွာဘုရားရှင်...သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။

(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍ ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၄) မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ သပိတ်တော်ကိုဆေးလျှင် လက်တော်ဦးစွာစင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည် ဦးစွာစင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့ ကဲ့သို့သောသေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျက်နှာသို့ ဖောက်ထွင်း၍သွားတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမကဖန်ဆင်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊ အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၉) မြတ်စွားဘုရားရှင်သည် သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင် လပြည့်ဝန်ကိုအတိုင်းသား မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၁၀) မြတ်စွာဘုရားရှင်သည် တရားဒေသနာဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက်ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၁) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊အရင့်ကို သိတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍ လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ ရေအလျှံ၊ ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် အဖုအထစ်၊အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါးပင်ဖြစ်၏။

(အကြောင်း၊အကျိုး၊အကောင်း၊အဆိုးကိုသိမြင်နားလည်နိုင်ကျင့်ကြံနိုင်ကြသူများ ဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

Saturday, June 29, 2013

“ငွေနဲ့ပေါက်ပေမယ့် ဘာသာမပျောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင်တိုင်း အတုယူသင့်သည့် သုပ္ပဗုဒ္ဓသူတောင်းစား နူနာသည်ကြီး”













******************************************************************
ဗုဒ္ဓဘာသာ မြန်မာတို့အတုယူဖွယ် သာဓကတစ်ခုကား မြတ်စွာဘုရားရှင်လက်ထက်တော်က သုပ္ပဗုဒ္ဓအမည်ရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးရှိခဲ့ပါသည်။ သုပ္ပဗုဒ္ဓဟာ အတိတ်ကံကြွေးကြောင့် ဒီဘဝမှာ တောင်းရမ်းစားသောက်ပြီး ဝမ်းစာကြောင်းနေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါတင်မကသေ...းပါဘူး။ သူ့မှာ နူနာရောဂါကြီးလည်း ရှိနေပါတယ်။ သို့သော် သူဟာ ဘဝကို အားမငယ်ခဲ့ပါ။ မငြီးညူခဲ့ပါ။ စိတ်မညစ်ခဲ့ပါ။ ဝမ်းမနည်းခဲ့ပါ။ မျက်ရည်မကျခဲ့ပါ။ သူ့ဘဝမှာ သာမန်အားဖြင့်ကြည့်ပါက အထီးကျန်သည်ဟု ဆိုသင့်ပေမယ့် သူဟာ အထီးမကျန်ပါ။ ဆွေမရှိ၊ မျိုးမရှိ၊ အပယ်ခံဘဝရောက်နေရပေမယ့် အမျိုးကို ချစ်တဲ့စိတ်၊ ဘာသာ သာသနာကိုလေးစားမြတ်နိုးတဲ့စိတ်က သူ့ရင်မှာ ထာဝရရှင်သန်နိုးကြားတက်ကြွ နေပါတယ်။
သူ့ဘဝမှာ အတိတ်က ဝဋ်ကြွေးကြောင့် နယ်တကာ လှည့်ပြီး ရွာရိုးကိုးပေါက် အရှေ့အနောက် တောင်မြောက် ခြေဦးတည့်ရာသွားလာ၍ အိမ်ပေါက်ဝရောက်တိုင်း “ဦးကြီးတို့ အစ်ကိုကြီးတို့ အဒေါ်တို့ အစ်မတို့ ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါ။ သားတို့သမီးတို့ ဦးလေးတို့ စားစရာလေးများရှိပါက ပေးကမ်းကြပါကွယ်” ဟု ဘဝက မလှမပတောင်းရမ်းစားသောက်ရပေမယ့် အမျိုး ဘာသာ သာသနာနှင့် အမျိုးသားရေး လမ်းစဉ် သဘောတရားများကား နေ့စဉ်နှင့်အမျှ သုပ္ပဗုဒ္ဓရင်မှာ ရေလှိုင်းခတ်သလို တဖျတ်ဖျတ်မြည်၍ တလှပ်လှပ် လှုပ်ရှားနေသည်။

တစ်နေ့သော် ဘုရားရှင်သည် ဝေနေယျသတ္တဝါတို့အား တရားဒေသနာဟောကြားတော်မူသောအခါ သုပ္ပဗုဒ္ဓအနာကြီးရောဂါရှိနေ၍ အများသူငှာလို တန်းတူရည်တူ တရားနာပရိတ်သတ်ထဲ မဝင်နိုင်ဘဲ အစွန်အဖျားတစ်နေရာမှ တရားနာယူ၍ သောတာပန်အဖြစ် ရောက်ရှိသွားပါသည်။ ဤအခါမှာ တရားထူးရရှိ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘုရားရှင်အား လျှောက်ထားရန်သွားသောအခါ လမ်းမှာ သိကြားမင်းနှင့်တွေ့သည်။ သိကြားမင်းက အို (သုပ္ပဗုဒ္ဓ) သင်ဟာ တောင်းရမ်းစားသောက်နေရတယ်။ အနာကြီးရောဂါလည်းရှိနေတယ်။ သင့်ကို ရွှေငွေရတနာတွေ အများကြီးပေးမည်။ နောက်ပြီး သင်၏ အနာကြီးရောဂါကိုလည်း ပျောက်ကင်းအောင် ကုသပေးမည်။ ဒါပေမယ့် တစ်ခုတော့ သင်လုပ်ရမည်။ “ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ်၊ ရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် အကျိုးမရှိဟု ပြောရမည်” ဟု စေခိုင်းလေသည်။
ထိုအခါ သုပ္ပဗုဒ္ဓသည် စက္ကန့်မခြားဘဲ လျှပ်စီးလက်သကဲ့သို့ ချက်ချင်းပင် အို-သိကြားမင်း ငါဟာ ဆင်းရဲသားမဟုတ်၊ အထီးကျန်တစ်ကောင်ကြွတ်မဟုတ်၊ ငါ့မှာ သူတော်ကောင်းတို့ထားရှိတဲ့ ဥစ္စာဖြစ်သော သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပလို့ခေါ်တဲ့ ရတနာ(၇)ပါးရှိတယ်။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးလည်းရှိတယ်။ ဒါတွေဟာ ငါ့ဘဝအတွက် သမုတိသစ္စာအဖော်၊ ငါ့ဘဝသံသရာအတွက် ပရမတ္ထသစ္စာပစ္စည်းဥစ္စာဖြစ်တယ်။ ဒါကြောင့် သင့်ရဲ့ ရေပွက်ပမာ တစ်ခဏတာမျှသော ရွှေငွေကို အလိုမရှိ၊ ရတနာသုံးပါးကို မကဲ့ရဲ့နိုင်” ရဲဝံ့ပြတ်သားစွာ ပြောလိုက်တော့၏။ အားလုံး အတုယူဖွယ် စိတ်ထားပင်ဖြစ်၏။

ဒီသုပ္ပဗုဒ္ဓစကားတွေဟာ ယနေ့မြန်မာတို့ အတုယူဖွယ်ရာပင်ဖြစ်သည်။ မပြောပလောက်သော ငွေကြေးလောက်ဖြင့် ဗုဒ္ဓဘာသာကို သွေဖီသွားခြင်း၊ တစ်သိန်းတန်သော စန္ဒကူးနံ့သာကို ပုံရည်ဟင်းနှင့် လဲလှယ်စားခြင်းလည်းကောင်း၊ အဖိုးအနဂ္ဃထိုက်တန်သော ရွှေခွက်ကို ခွေးသေးဖြင့်ပန်းသကဲ့သို့လည်းကောင်း၊ ဂန္ဓမဏ္ဍာနတောင်ထိပ်မှ မစင်ပုံထဲ ခုန်ချသွားသကဲ့သို့ လည်းကောင်း၊ ဗြဟ္မာ့ပြည်မှ ဝက်စားကျင်း၌ ခုန်ချသွားသကဲ့သို့လည်းကောင်း ဗုဒ္ဓဘာသာအဖြစ်မှ တခြားဘာသာသို့ ကူးပြောင်းသွားပြီးသူ၊ ကူးပြောင်းချင်သူ၊ အထင်ကြီးနေသူများ သတိထားစေချင်လှပါတယ်။
ရခဲလှတဲ့ လူဘဝကို လူဖြစ်ရကျိုးနပ်စေရန် ဗုဒ္ဓဘာသာမှာသာရှိသော ဒါန သီလ ဘာဝနာ ဝိပဿနာ တရားများကို ကျင့်ကြံစေလိုပါတယ်။ ဒီသူတော်ကောင်းတရားများ မရှိတဲ့ ဘာသာတွင် အချိန်ဖြုန်းပြီး လူဖြစ်ရကျိုးမနပ်ဖြစ်မည်စိုးပါ၍ အသိပေးခြင်းမျှသာ ဖြစ်တော့သည်။
 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Friday, June 28, 2013

ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့် ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော




နေပြည်တော်၊ ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့ လူသားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့” ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်။ ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်

"အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ"



==========================================
"ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြ...စ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ မခင်မျိုးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းကျယ်လူးရွာ ဇာတိဖြစ်၍ အဖွား ဒေါ်ပြုံးရင်နှင့် အတူနေထိုင်ကာ မူလတန်းပညာကို သင်ယူရင်း ကျောင်းထွက်၍ အသက် (၁၈)နှစ်တွင် အမဲသားသည် ကိုကာတင်နှင့် တွေ့ဆုံကာ ခိုးရာလိုက်ပြီး အစ္စလာမ်ဘာသာဝင် အဖြစ်သို့ ခံယူခဲ့ရခြင်းဖြစ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ ရှေ့နေဦးအေးပိုင်မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာရခြင်းအကြောင်းကို ရှင်းပြကာ ရွှေရတု တိပိဋကဓရ ဆရာတော်ကြီး ဦးသီလက္ခန္ဓာဘိဝံသမှ သြဝါဒကထာကို မိန့်ကြားရာတွင် "ရှေးဦးစွာ စကားကို စွန့်လွတ်ရတယ်။ နောက်တော့ စိတ်ထဲကနေ စွန့်လွတ်ရတယ်၊ နောက်ဆုံးမှ အယူဝါဒကို စွန့်လွတ်ရတယ်"ဟု လမ်းပြညွန်ကြားတော်မူသည်။ ထို့နောက် မခင်မျိုးဦးမှ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ပစ္စာသမဏ ဆရာတော်၊ ဒဂုံအရှေ့ ကေသရာရာမဆရာတော် အရှင်ကေသရ၊ မင်္ဂလာမဏ္ဍိုင်ဆရာတော်၊ ဒဂုံအရှေ့ မာဂဓီသာစည်ဆရာတော် အရှင်နေမိန္ဒ စသည့် ဆရာတော် (၅)ပါးရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုကြောင်း လျှောက်ထားပြီး မင်္ဂလာမဏ္ဍိုင်ဆရာတော်ထံမှ (၅)ပါးသီလ ဆောက်တည်ကာ ရတနာမြတ်သုံးပါးနှင့် သရဏဂုံးအကျိုးကို ရှင်းလင်းမိန့်ကြားတော်မူသည်။ ဆက်လက်၍ ကေသရာရာမဆရာတော် အရှင်ကေသရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ မြင့်မြတ်ပုံအကြောင်းကို မိန့်တော်မူ၍ မခင်မျိုးဦးက ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ခြင်း သရဏဂုဏ်နှင့် သီလကို ပေးကာ မင်္ဂလာမဏ္ဍိုင်ဆရာတော်နှင့် ကေသရာရာမဆရာတော် တို့ရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။ ဆရာတော်များမှလည်း အသိအမှတ်ပြု ပြန်လည်ရေးထိုးခဲ့သည်။ ထို့နောက် ဖခင် ဦးမျိုးတင့်နှင့် ဦးလေး ဦးဝင်းသိန်းတို့မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အတွက် ဝမ်းသာစကားပြောကြားခဲ့သည်။ ထို့နောက် ထေရဝါဒ ဓမ္မကွန်ယက် သဘာပတိ ဆရာဦအောင်ကြိုင်မှ ဆုံးမစကားပြောကြားကာ စာနယ်ဇင်းများမှ မေးမြန်းသမျှကို မခင်မျိုးဦးက ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ မခင်မျိုးဦးကို ဝိသာခါ သီလရှင်ကြီး ဒေါ်ကိဿရထေရီ မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း မိန့်ကြား၍ ငွေ ကျပ် (၅၀၀၀၀)လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲနဲ့ ပတ်သက်၍ ထေရဝါဒ ဓမ္မကွန်ယက်မှ နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်နေမိန္ဒ က "ဒီလို ဗုဒ္ဓဘာသာ ပြန်လည်ကူးပြောင်းပွဲတွေကို တရားဝင် ထင်ထင်ရှားရှားပြုလုပ်ပေးတာဟာ အင်မတန်ကောင်းမွန်လှပါတယ်။ ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေဟာ ဟိရိ သြတပ္ပ တရား အလွန်ကြီးမားကြတော့ ပြန်လည်ကူးပြောင်းချင်ပါလျက် အရှက်အကြောက်တရားကြောင့် မကူးပြောင်းရဲကြသူတွေလည်း ကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရရှိသွားကြတာပေါ့။ ဆရာတော်တို့ကတော့ ကိုယ့်ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလာကြမယ့် လူတွေကို နွေးထွေးစွာ ကြိုဆိုနေကြဆဲ ဖြစ်ပါတယ်"ဟ ရီပိုတာဂျာနယ်သို့ မိန့်ကြား ပြောဆိုခဲ့သည်။
တင်ထွန်းအေး
(The Reporter- NEWS JOURNAL. 30-June- 2013-ပါ သတင်းဖြစ်ပါသည်။)
See more

Thursday, June 27, 2013

အမျိုးစောင့်ဥပဒေညီလာခံ၌ ဆရာတော်ကြီးများ သြ၀ါဒ အကျဉ်းချုပ် (၁၇.၀၆.၂၀၁၃)


 










 *************************************
 
(ဟင်္သာတ မိုးကောင်းဆရာတော်)
===================
၁။ မလုပ်နိုင်ပဲ တာ...၀န်မယူခြင်ဘူး၊ ဒါတပည့်တော် ၀ါဒပဲ။

၂။ ဗုဒ္ဓဘာသာအမျိုးသ္မီးများ အနှိပ်စက်ခံ အလှည့်စားခံဘ၀ ရောက်နေကြတယ်၊ ဒီဥပဒေကို မထောက်ခံခြင်တဲ့သူတွေဟာ ကိုယ်ချင်းစာတရား မရှိကြလို့ ဖြစ်မယ်(ဘာသာခြား)၊ ဒါမှမဟုတ် ထွက်ခြင်တိုင်းထွက် ၀င်ခြင်တိုင်းဝင်ခြင်လို့ဖြစ်မယ်(ဘာသာတူ)။

၃။ ဘာသာ၎မျိုးလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ အိမ်လေးအိမ်ရှိတဲ့ ရွာနဲ့တူတယ်၊ တခြား(ဘာသာ)အိမ်၃လုံးမှာတော့ (ဥပဒေ)ခြံခတ်ထားတယ်၊ (ဗုဒ္ဓဘာသာ) အိမ်တအိမ်ပဲ ခြံမခတ်ရသေးတာ၊ ဒီတော့ လုံခြုံမှုမရှိတော့ဘူး၊ အန္တရာယ်တွေ ၀င်လာပြီပေါ့။

၎။ မီးခဲသေးသေးလေးဖြစ်ပေမဲ့ လေနဲ့တွေ့ရင် အိမ်တွေ ရွာတွေ မြို့တွေ ပျက်စီးအောင် လောင်နိုင်တယ်၊ ထို့အတူ ကိစ္စသေးသေးလေးဖြစ်ပေမဲ့ မီဒီယာလေ နိုင်ငံရေးလေ အတိုက်ခံလိုက်ရရင် ရခိုင်လို မိတ္ထီလာလို အများစိတ်ထိခိုက်စရာ ဖြစ်သွားတတ်တယ်။

၅။ ဘယ်ကိစ္စမဆို အစွန်းမရောက်ပဲ အလယ်အလတ်လမ်းစဉ် လိုက်မှ အောင်မြင်မယ်၊ ဂျိုပေါက်တဲ့နွားလို အစွယ်ထက်တဲ့တောဝက်လို မာနခံနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လဲ အများမုန်းပြီး မအောင်မြင်တတ်ဘူး၊ ခြေသုတ်ပုဆိုးလို အဆွယ်ကျိုးတဲ့မြွေလို သူများအောက်ကကြီးပဲနေပြီး ဇာတိမာန်စသည်ပျောက်ကာ သိုးငယ်လေးလို ကြောက်လန့်ထိပ်ရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံရတတ်တယ်၊ မအောင်မြင်နိုင်ဘူး၊ ဘယ်အရာမဆို မလျှော့မတင်း အလယ်အလတ်လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်တန်းတန်းကျင့်မှ အောင်မြင်ပြီး ကောင်းကျိုးအမျိုးမျိုးရမယ်။

၆။ သာသနာမှာ ၂ပိုင်းခွဲထားရမယ်၊ ပရိယတ်ပဋိပတ်ကို စွမ်းစွမ်းတမံ လုပ်နေသူက တပိုင်း၊ သူတို့ဟာ ဘုရားတရားကိုကျင့်ကြံနေသူတွေဖြစ်လို့ ဘုရားနဲ့တူတယ်၊ သူတို့ကို လောကအကျိုးမလုပ်ဘူးလို့ အပြစ်မဆိုသာဘူး၊ နောက်တပိုင်းက ပရိယတ်ပဋိပတ်ကို ထင်သလိုမလုပ်နိုင်သူတွေအနေနဲ့ လောကအကျိုးကို ဓမ္မ၀ိနယနဲ့အညီ ကြိုးစားပြီးလုပ်ရမယ်၊ သာသနာဝန်ကို တနည်းနည်းနဲ့ ထမ်းရမယ်၊ သာသနာကို ခိုမစီးရဘူး။
၇။ သာသနာမှာ အတွင်းရန် အပြင်ရန် ၂မျိုးလုံးကို သတိထားရမယ်၊ အသားထဲကလောက်ထွက်သူတွေ နဲ့ အတုအယောင်တွေဟာ သာသနာတွင်းက ရန်သူတွေပဲ၊ ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဘာသာခြားတွေ အယူဝါဒမတူတွေဟာ အပြင်ရန်ပဲ။

(အင်းစိန်ရွာမဆရာတော်)
*******************
၈။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာရောက်မယ်၊ မျက်ကွယ်ပြုရာ ရောက်မယ်။

၉။ ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စတွေလုပ်ခဲ့တယ်၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရားဟောပေးခဲ့တယ်၊ လောကငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံနည်းလမ်း ဆင်းရဲသူနဲ့တွေ့ရင် သနားရမဲ့နည်းလမ်း ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမဲ့နည်းလမ်း အများနဲ့ဆက်ဆံတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံပုံနည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေးမတည်ငြိမ်ကြတော့ လင့်ကျင့်ဝတ်မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊ အတွင်းကျကျပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ရွက်ဖို့ မိန့်မှာခဲ့တယ်။

၁၀။ အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်ခန်းနဲ့ပတ်သက်လို့ ရှေးခောတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းဘကီးတွေက ခေါင်းဆောင်ခဲ့တယ်၊ ပုဂံခောတ်မှာ အရျင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မ၀ိလာသိနီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။

၁၁။ ဘာသာအားလုံးနဲ့ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေပါဝင်လို့ ပိုအောင်မြင်နေတယ်။

၁၂။ ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကိုကျော်ရင်တော့ ၇န်များတယ်။

၁၃။ ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်းမထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စိးအောင် လုပ်နေတာပဲ။

၁၄။ လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန်ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။

၁၅။ လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
၁၆။ ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။

(ရွှေတောင်ကုန်းဆရာတော်)
=================
၁၇။ဝိုင် အမ် ဘီ အေ အသင်ကြီးမှာ ဆရာတော်တွေဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ ပညာ ကဏ္ဍကြီး၎ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊ အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။

၁၈။ အောင်မြင်ခြင်ရင် ဦးတည်ချက်တခုထဲထား အောင်စိတ်မွေး။

၁၉။ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်လူမျိုးတွေဟာ အမျိုးကိုထိမ်းနိုင်ကြလို့ ခုထိ ရှိပေမဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်းလျှမ်းတောက်ထင်ရှားခဲ့တဲ့ ပျူလူမျိုး ခု ရှာမရတော့ဘူး။

၂၀။ သင်ရုံလေးနဲ့ မပီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့ သံဃာ၁သောင်းကျော် ပညာသင်ကြားပေးတဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။

(တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)
==============
၂၁။ သီးခံခြင်း ခွင့်လွှတ်ခြင်းထားကြပါ၊ မထားနိုင်ရင် လမ်းဆုံးမရောက်နိုင်ဘူး၊ ကိုယ့်လုပ်ငန်းအနှောက်အယှက်ဖြစ်နိုင်တယ်။

၂၂။ သီးခံရမယ်ဆိုပေမဲ့လဲ ဒီနေရာမှာဖြစ်တဲ့ကိစ္စ ဒီနေရာမှာ ပြီးအောင်ရှင်း၊ ကဲ့ရဲ့လာရင် မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်၊ မှန်နေရင်လဲ ၀န်ခံရဲရမယ်။

၂၃။ ဘုရားတောင်မှ ရာဇဂြိုဟ်မှာရော ကောသမ္ဘီမှာရော မကောင်းမြင်သူတွေရဲ့ အတိုက်ခိုက် ခံရဖူးတယ်၊ ရာဇဂြိုဟ်မှာတော့ ဘုရင်အကူအညီရတော့ ပြဿနာ အကြီးအကျယ် မဖြစ်ဘူး၊ ကောသမ္ဘီမှာတော့ ဘုရင်က မိန်းမဘက်ပါပြီး ဘုရားကို ဂရုမစိုက်တော့ အကြီးအကျယ် ဒုက္ခကြုံရတယ်။

၂၄။ ဧည့်သည်ကလဲ ကိစ္စသေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး အိမ်ရှင်ရဲ့အိမ်ကို မဖျက်စီးရဘူး၊ အိမ်ရှင်ကလဲ တခုခုဖြစ်လာရင် မှန်မှန်ကန်ကန်ဖြေရှင်းတတ်ရမယ်။

၂၅။ အင်အားသေးတယ်ဆိုပြီး အထင်မသေးနဲ့၊ ကိုယ့်ကို စိတ်ဆွနေ ၇န်စနေရင် တည်တည်ငြိမ်းငြိမ်နဲ့ တုန့်ပြန်ရမယ်၊ ဒေါသကိုလွှတ်ပြီး Overspeed နဲ့ တုန့်ပြန်ရင် အင်အားကြီးတယ်ဆိုပေမဲ့ ထောင်ချောက်ထဲဝင်ပြီး ဘ၀ပျက်တတ်တယ်။

၂၆။ ပြဿနာဖြစ်လာရင် အပေါ်ယံတင် မကြည့်ပဲ ပြဿနာရဲ့ ဇစ်မြစ်ထိ ကြည့်တတ်ရတယ်၊ နောက်ကွယ်က အကြောင်းအရာထိ မကြည့်နိုင်ရင် အဖြေမှန်မပေါ်ပဲ တလွဲဖြစ်သွားတတ်တယ်။
၂၇။ သံဃာတွေဟာ ဘယ်ကိစ္စနဲ့ကြုံကြုံ ငြိမ်ြး
ငိမ်းချမ်းချမ်း ဖြစ်စေရမယ်၊ လူ့အသိုင်းအ၀ိုင်းက ဆူပူနေရင်လဲ ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ Peacemaker ဖြစ်ရမယ်၊ ဆူပူအောင် မလုပ်ရဘူး။

(သီတဂူဆရာတော်)
============================
"သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများကျင့်သုံးကြပါရန် သီတဂူဆရာတော်ကြီးက မေတ္တာရပ်ခံ"
Thursday, June 27, 2013

ဗုဒ္ဓ၏တပည့်သား ရဟန်းသံဃာတော်များအနေဖြင့် သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများကျင့်သုံးကြပါရန် သီတဂူဆရာတော်ကြီးက မေတ္တာရပ်ခံလိုက်သည် အင်းစိန်မြို့ အောင်ဆန်းတပ်ဦးကျောင်းတွင်ယနေ့ကျင်းပသည့်
့အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်လာကြသော သံဃာတစ်ထောင်ကျော်နှင့်လူပရိသတ်များအား မိန့်ခဲ့ခြင်းဖြစ်သည်။

"သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားများဟာ တပည့်တော်တို့ရဲ့ရည်ရွယ်ချက်များအောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်"ဟု ဆရာတော်က မိန့်သည်ထို့နောက် ဆရာတော်က ဘုရားဟောတရားများကိုကိုးကား၍ ထိုသို့ကျင့်သုံးရန်ဟောခဲ့ပြီး ဗုဒ္ဓဟောကြားသည့်အတိုင်း
ဝေဖန်ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းများကို မဟုတ်လျှင်မဟုတ်ဟု ရှင်းလင်းရန်လိုပြီး ဟုတ်လျှင်ဟုတ်သည့်အတိုင်း ဝန်ခံရမည် ဟု မိန့်ခဲ့သည်။

"မူစလင်က ကဲ့ရဲ့ ကဲ့ရဲ့ ခရစ်ယာန်က ကဲ့ရဲ့ ကဲ့ရဲ့ Time ကပဲ ကဲ့ရဲ့ ကဲ့ရဲ့ သည်းခံတော်မူကြပါ သည်းမခံနိုင်ရင် လုပ်ငန်းစဉ်တွေအတွက် အန္တရာယ်ရှိပါတယ် " ဟု ဆရာတော်က ဆက်လက်မိန့်ခဲ့သည်။

သို့သော် TIMEW မဂ္ဂဇင်းတွင်ရေးသားဖော်ပြခဲ့သည့်ဆောင်းပါးနှင့်ပတ်သက်၍မူ ကန့်ကွက်လက်မခံကြောင်း သီတဂူဆရာတော်ကြီးက တရားဝင်မိန်ကြားပါသည်။

ထို့ပြင်ဘုရားဟောကြားခဲ့သည့်အတိုင်း မဟုတ်လျှင်မဟုတ်ကြောင်း ဟုတ်လျှင်ဟုတ်ကြောင်းဝန်ခံခြင်းသည် လူ့အခွင့်အရေးပင်ဖြစ်ကြောင်း လည်း ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

အမျိုးသားရေး တို့အရေး




                          









                                +++++++++++++

တို့သာသနာ...တို့ကာကွယ်မှ...
တို့နယ်တို့ပြည်..ကြာရှည်တည်လိမ့်။
...
တို့နှင့်မဆိုင်..တို့လက်မှိုင်ချ .
နေကုန်ကြသော်..တို့သာသနာ..
ပျက်စီးရာ၏....။

တချို့ပါတီ ..မျိုးအိတ်ထီတို့..
ပလီထွေလာ..ရိုဟင်ဂျာနှင့်..
ဘာသာမတူ..အယူကွဲပြား..
ထိုသူများကို..သနားကျင်နာ.
စေတနာနှင့်..လင်ပါယူကြ..
ပြုကုန်လှသော်..တို့ရပ်တို့ပြည်..
မြန်မာပြည်သည်..မွတ်မာပြည်ဟု.
ခေါ်ပြုရလိမ့်....။

ထို့ကြောင့်သာပ..လူထိုမျှတို့..
သမ္မတဆီ..မျှော်မှန်းရည်သည့်..
ဂုဏ်ရည်ပြည့်ဝ..ဖြစ်လိုလှသော်..
အမျိုးဘာသာ..သာသနာကို..
ကာကွယ်ကြမှ..နေရာရလိမ့်.....။

အခါအခါ..အရာရာဝယ်..
ရဟန်းပြည်သူ..လက်တွဲကူမှ.
အောင်ပွဲဟူသမျှ....ကြိမ်ကြိမ်ရလိမ့်...ရဟန်းပြည်သူ..မကြည်ဖြူက ..
ထိုသူမှန်းသမျှ..သဲရေကျသို့.
နောင်တဟူသည်.နောင်ခါဆီမှ..
ရကုန်ကြသော်..၀မ်းသာမရ..
ဝမ်းနည်းရလိမ့်... ။

ရဟန်းပြည်သု..မငြူစူအောင်.
ခေါင်းဆောင်ဟူမျှ..ထောက်ခံကြလေ့။
မျိုးစောင့်ဥပဒေ..ကြာရှည်တည်အောင်..
တို့မောင်မယ်တို့..ညီညာထကြွ ..
ကြိုးစားကြလော့....။
အမျိုးဘာသာ..သာသနာကို..
ကာကွယ်ဘို့ရန်..
သင်ထောက်ခံလော့ ........။

-------------------------------
၂၇.၆.၂၀၁၃ ကြာသပတေးနေ့ သံဃာ့အစည်းအဝေးအား ဂုဏ်ပြုသောအားဖြင့်

အရှင်ပုညသေဋ္ဌ
ချူလာလောင်ကွန်တက္ကသိုလ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

သီကုံးပူဇော်ပါသည်

ရွှေမြန်မာ၏ ယခုလက်ရှိ နှင့် နောင်အနာဂတ် (Beyond The 969)











၁။ချားကလီးတွေ ဟာ မြန်မာ့ရေကိုသောက်ပေမယ့် အစ္စ်လမ်နိုင်ငံတွေ အပေါ်မှာသာ သစ္စာရှိကြတယ်။
၂။မြန်မာဘောလုံးအသင်း...နဲ့ ချားကလီးအသင်း ပြိုင်တာတောင် သူတို့ ချားကလီးအသင်းကိုသာ အားပေးကြပါတယ်။
၃။အာဇာနည်နေ့ကို ချားကလီးတွေ လုံးဝ စိတ်မ၀င်စားပေမယ့်၊ လူသတ်ကောင် အိုစမာဘင်လာဒင် သေတော့ မြန်မာပြည်က ချားကလီးတွေ ဘာပြောကောင်းမလဲ ၀မ်းနည်းလိုက်ကြတာ။
၎။ဘင်္ဂလားဒေ့ရှ်မှာ ချားကလီးတစ်စုက မြန်မာနိုင်ငံ အလံကို မီးရှို့ပြတော့ ဒီက မြန်မာ့ရေသောက်ခွင့်ပေး၊ မြန်မာက စာသင်ပေးလို့ Facebook သုံးတတ်တဲ့ ချားကလီးတွေများ၊ ဘာပြောကောင်းမလဲ ချားကလီးဇာတိမာန်တွေ တက်နေလိုက်ကြတာ၊ June Rain ဆီတောင် Message တွေအားရ၀မ်းသာ ပို့လိုက်ကြသေးတယ်၊ ဘာတဲ့ "သူတို့ ချားကလီးနိုင်ငံတွေက မြန်နိုင်ငံအပေါ် ကြီးစိုးပြလိမ့်မယ်" ဆိုဘဲ။
၅။ထိုထိုသော နိုင်ငံတကာ၏ အောက်တန်းစား ချားကလီးတို့သည် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးမယ့် အကြမ်းဖက်သမားများသာဖြစ်ကြပါသည်
၆။လူသားမိန်းမငယ် တစ်ယောက်ကိုတောင် လည်လှီး၊ ပန်းထွက်လာတဲ့ လည်ချောင်းသွေးကို အောက်ကနေ ဇလုံနဲ့ခံကာ ယဇ်ပူဇော်တာကို အင်မတန်မှ မြင့်မြတ်တယ်လို့ ယုံကြည်ကြတဲ့ အစ္စ်လမ် အကြမ်းဖက်ဝါဒရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကမ္ဘာ့ နိုင်ငံကြီးတွေအသိ၊ မြန်မာလည်း အသိပါ။

၇။ချားကလီးတွေက တရားဝင် နိုင်ငံရေး ပါတီ ဖွဲ့ခွင့်ရလို့ ဖွဲ့စည်းပြီးသွားပြီ။
၈။မကြာခင် ရခိုင်ပြည်နယ်မှာ တူရကီက ချီးမြှောက်ပေးမယ့် အိမ်လေးတွေ ကိုယ်စီနဲ့ တရားဝင် မိန့်မိန့်ကြီး၊ နေခွင့်ရကောင်းရသွားကြတော့မယ်။
၉။နောင်အနာဂတ် မြန်မာနိုင်ငံအရေး တွေးကြည့်မယ်ဆိုရင် သွေးခြားတွေ ထိုးဖေါက်မှာနဲ့၊ အကြမ်းဖက်ခံရမှာနဲ့၊ မြန်မာမိန်းကလေးတွေ လုံခြုံမှု အာမခံမရှိမှာနဲ့၊ ဟာ အများကြီးပေါ့ဗျာ ......
၁၀။ချားကလီးတွေကို မြန်မာနိုင်ငံမှာ ဆက်ပြီး မျက်နှသာပေးလို့ မြန်မာနိုင်ငံကြီး တိုးတက်ခေတ်မီလာလိမ့်မယ်၊ ငြိမ်းချမ်းမှုတွေ ပြည့်ဝလာလိမ့်မယ်လို့ ခင်ဗျားတွေးကြည့်စမ်းပါ။
၁၁။ခင်ဗျားတွေးကြည့်ပြီးလို့မှ ရရှိလာတဲ့အဖြေဟာ ချားကလီးတွေကို အရေးပေးခြင်းကြောင့်၊ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေးပေးခြင်းကြောင့် မြန်မာနိုင်ငံကြီး ပိုမို တိုးတက် ငြိမ်းချမ်းလာလိမ့်ယ်လို့ အဖြေထွက်ပြီဆိုရင်တော့၊ သေချာတယ် ခင်ဗျားဟာ ချားကလီး ဒါမှမဟုတ် မျိုးမစစ် ဒါမှမဟုတ် အမျိုးသား သစ္စာဖေါက်ပါပဲ။

၁၂။မြန်မာနိုင်ငံ အရေး အတွက် တိုင်းရင်းသား ညီအကိုမောင်နှမ အားလုံးလက်တွဲပြီး ဘာလုပ်သင့်တယ် လို့ ထင်ပါသလဲ။ 969 လောက်နဲ့ဆိုရင် ကရင် သွေးချင်း ခရစ်ယန် တွေက သူတို့နဲ့မဆိုင်ဘူးလို့ မယူဆလိုက်စေလိုပါ။
၁၃။လက်ရှိ ဖြစ်စဉ်များသည် ဘာသာရေးမဟုတ်၊ နိုင်ငံရေးမဟုတ် မြန်မာ့ အရေးပင်ဖြစ်ပါသည်။
၁၄။ကျွန်တော်ပြောချင်တဲ့ လက်ရှိဦးတည်ချက်ကတော့ ၁ ရပ်ပဲရှိတယ်။ အဲဒါကတော့ -
"ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး လက်တွဲကာ ချားကလီးနှင့်တကွ အမျိုးသားသစာဖေါက်များအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ" ပါစို့။
၁၅။ယခု လက်ရှိလှုပ်ရှားမှုများသည် နောင်အနာဂတ်တွင် ရွှေမြန်မာ တကယ်ဖြစ်မဖြစ်ကို အဆုံးအဖြတ်ပေးမည့် သမိုင်းတစ်ကွေ့ပင် ဖြစ်ပါသည်။


ညီအကိုမောင်နှမအားလုံးရဲ့ အမြင်လေးတွေကိုလည်း သိပါရစေခင်ဗျာ၊ လွတ်လပ်စွာ ကွဲလွဲ ပေါက်ကွဲသွားနိုင်ပါတယ်။

PS: ဟိုအန်တီကြီးကို ကျွန်တော် မမုန်းပါ၊ မြန်မာနိုင်ငံကို ပို၍ ချစ်မိခြင်းသာ ဖြစ်ပါသည်။

Written by June Rain (ရွှေမြန်မာတစ်ဦး)

Wednesday, June 26, 2013

"Ms. Hannah Beech (TIME Magazine) သို့ အိတ်ဖွင့်ပေးစာ"





















ခင်မင်ရပါသော နှမတော် ဟန်နာဘိခ်ထံ အမျိုးသားရေးဝါဒီ ဦးပဉ္စင်း ဦးဝီရသူ စာရေးလိုက်ပါတယ်။

မင်း ငါ့ဆီလာစဉ်တု...န်းက မင်းနှင့် မင်းရဲ့ဓာတ်ပုံဆရာအပေါ် ငါတို့ ဧည့်ဝတ်ကျေပွန် ခဲ့တယ်နော်။ မင်းတို့ဖြစ်စေချင်တာအားလုံးကို ငါအကုန် ကူညီခဲ့တယ် ဆိုတာလည်း မင်းသိမှာပါ။

မင်းတို့သတင်းသမားတွေ သတင်းမှန်သိစေချင်တဲ့ စိတ်ရင်းစေတနာကောင်း တစ်ခုတည်းနဲ့ ငါတို့ မင်းကိုကူညီခဲ့ကြတာပါ။

မင်းတို့နိုင်ငံကြီးသားတွေကို လေးစားလို့ မင်းတို့ TIME ဌာနကြီးကို အထင်ကြီးလို့၊ မင်းတို့ လိမ်လိမ့်မယ် မထင်လို့၊ သတင်းသမားကျင့်ဝတ်ကို ဖောက်ဖျက်လိမ့်မယ် မထင်လို့ ငါတို့ မင်းကို ကူညီခဲ့ကြခြင်းဖြစ်ပါတယ်။

အခုမှ မင်းဟာ ငါ့အတွက် ဧည့်ဆိုးမှန်း သိလိုက်ရပါတယ်။

မင်းမျက်နှာပေါ်က လှပတဲ့အပြုံးရဲ့နောက်ကွယ်က အမုန်းတရားတွေကို မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။ နူးညံ့တဲ့ မင်းရဲ့အမူအရာတွေအောက်က အကြင်နာတရားကင်းမဲ့မှုတွေကို မြင်အောင်ငါမကြည့်နိုင်ခဲ့ဘူး။ ချိုသာတဲ့စကားတွေထဲက ဓားသွားလိုရက်စက်မှုတွေကိုလည်း မြင်အောင် ငါမကြည့်နိုင်ခဲ့ဘူး။

မင်းလို နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်မှာ ကမ္ဘာနှင့်ချီပြီး ရက်စက်ရဲလောက်တဲ့ အာဃာတနှလုံးသားမျိုး ရှိလိမ့်မယ်လို့ ငါမထင်ခဲ့တာဟာ မင်းပြောသလို ငါဟာ အခြေအနေမဲ့ ဘဝကလာတဲ့ ရဟန်းတစ်ပါး ဖြစ်နေလို့ပဲ ယူဆရပါတော့မယ်။

ဗမာဘင်လာဒင်တို့၊ နာဇီလက်သစ်တို့၊ နာဇီကတုံးတို့၊ မြန်မာ အိုစမာတို့ဟာ facebook မှာ ကုလားတွေပေးထားတဲ့ နာမည်တွေပါလို့ မင်းကို ငါပြောခဲ့ရဲ့သားနဲ့ မင်းက The Buddhist Monk, The Title "Burmese Binladen" လို့ သုံးရက်တယ်နော်။

ရှေ့မှာတုန်းက The Buddhist Monk လို့ သုံးထားပြီးမှ With the man in burgundy robes လို့ တမင်ရည်ရွယ်ချက်ရှိရှိ သုံးထားတာကို တွေ့ရပြန်တော့ မင်းကိုယ်မင်း မင်းဘဝရဲ့သရုပ်မှန်ကို ဝန်ခံလိုက်တာလို့ပဲ အောက်မေ့မိတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းဟာ ငါထင်ထားသလို လူကြီးလူကောင်းတစ်ယောက်မဟုတ်တော့ဘဲ အစွန်းရောက်ကုလားတွေနဲ့ တစ်တန်းစားတည်း ဖြစ်နေလို့ပါ။ ကုလားတွေလည်း ငါ့ကို မင်းလိုဘဲ သင်္ကန်းခဏခဏချွတ်ခိုင်းနေကြလို့ပါ။ ပြီးတော့ ဘုန်းကြီးတစ်ပါးအဖြစ် အသိအမှတ်မပြုဘဲ သင်္ကန်းဝတ် လို့ ခေါ်ဝေါ်ကြလို့ပါ။

ငါ့တရားတွေက မင်းပြောသလို အမုန်းတရားတွေနဲ့ တောက်လောင်နေတာ မဟုတ်ပါဘူး။ မင်းရဲ့ရေးသားချက်တွေကမှ အမုန်းတရားတွေ ပြည့်နှက်နေခဲ့တာပါ။

ကောက်ချက်ချလွဲမှားတာ၊ နားလည်မှုလွဲမှားတာတွေကို ခွင့်လွတ်လို့ ရတယ်နော်။ ငါ့ကိုပစ်မှတ်ထား တိုက်ခိုက်နေမှန်း မင်းစကားလုံးတွေက သက်သေပြနေတယ်ဆိုတာ မင်း ငြင်းဦးမှာလား မိန်းကလေး။

မင်းပြောတဲ့စကားနှင့် ငါဟောတဲ့တရားတွေကို အသေအချာပြန်ပြီး တိုက်ဆိုင်ကြည့်ပါဦး။

Now is not the time for calm.

Now is the time to rise up to make your blood boil. (အဲ့ဒါ မင်းစကား)။

၉၆၉ ဟာ ငြိမ်းချမ်းရေးအတွက်

ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ။

အမျိုးဘာသာ သာသနာအတွက်ကို

အကြမ်းမဖက်ဖို့ ပုံဖော်နေ။

ရတနာသုံးပါး ဦးထိပ်ထားလို့

ရိုးသား၊ နိုးကြား၊ ကြိုးစားလေ။

အမျိုးသားရေး သွေးမအေးပဲ

အမြဲတစေ နွေးပါစေ။

ဒါကိုကြည့်ရင် မင်းကိုယ်တိုင်က တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ပေါ်လွင်တယ်နော်။

ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာတွေ မလုပ်ဖို့ ဟောကြားနေတဲ့ ငါ့ကို မင်းကအကြမ်းဖက် သမားလို့ စွပ်စွဲခဲ့တယ်။

ရိုးသားဖို့၊ နိုးကြားဖို့၊ ကြိုးစားဖို့ တိုက်တွန်းတဲ့ ငါ့ကို မင်းက ထချဖို့၊ စတိုက်ဖို့၊ တိုက်တွန်းလှုံ့ဆော်တဲ့ပုံစံမျိုး ချိုးသွားခဲ့ပြန်တယ်။

ငါက သွေးမအေးစေနဲ့ သွေးနွေးစေကြဖို့ ဟောတာကို မင်းက သွေးဆူသွေးပွက်အောင် လုပ်ခိုင်းတဲ့ ရန်တိုက်ပေးတဲ့ပုံစံမျိုး လုပ်သွားခဲ့ပြန်တယ်။

တတ်လည်း တတ်နိုင်တဲ့ မိန်းကလေးပဲနော်။

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာမပျက် ချစ်ခင်လျက်

(အကြမ်းဖက်သမားကြီး)

ဦးပဉ္စင်း

ဦးဝီရသူ

25.6.2013- PM- 11:37

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးမှ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ သတိပေး ဟန့်တားမှု မလုပ်ခြင်းဟာလည်း အံ့အားသင့်စရာ


 
 
 
 
 
 
 
 
======================================
ဦးဝီရသူ ...(ဝါ) ဦးဝိစိတ္တာဘိဝံသရဲ့ ဟောပြောချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ကို ပြည်သူတွေ အထင်အမြင်လွဲမှားစရာဖြစ်အောင် ပြောထားတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ လူထုရဲ့ ချစ်ခင်လေးစားမှု အများဆုံးရနေတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးကို တိုက်ခိုက်လိုက်တာဟာ ဦးဝီရသူ အပေါ် သံသယဝင်စရာ များစွာ ဖြစ်စေပါတယ်။

သူသဘောနဲ့သူပြောသည်ဖြစ်စေ၊ သွေးထိုးမြှောက်ပင့်အသုံးချခံရလို့ ပြောသည်ဖြစ်စေ၊ သူ့ရဲ့ စကားဟာ ဝစီဒုစရိုက် (၄) ပါးထဲက ပိသုဏဝါစာ ဒုစရိုက်ကို ကျူးလွန်ရာရောက်နေ ပါတယ် ။ ပြည်သူ များနဲ့ လူထုခေါင်းဆောင်များအကြား သွေးကွဲသွားအောင် အထင်အမြင်လွဲ မှားအောင် ချောပစ်ကုန်းတိုက်တဲ့စကားကို ပြောလိုက်တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရှင် ရဟန်းကိုယ်တိုင်က ပိသုဏဝါစာ ဝစီဒုစရိုက်ကို ကျူးလွန်နေတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် များနဲ့ ပြည်သူများအကြား သွေးခွဲရန်တိုက်လိုက်ခြင်းဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ အတိုင်း အတာနဲ့ ထိခိုက်မှု ဖြစ်စေပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးမှ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ သတိပေး ဟန့်တားမှု မလုပ်ခြင်းဟာလည်း အံ့အားသင့်စရာ ဖြစ်ပါတယ်။

၉၆၉ အမှတ်သင်္ကေတကို သုံးပြီး မူဆလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများဟာ ၉၆၉ ရဲ့ မူရင်း အဓိပ္ဗါယ် အနှစ်သာရပိုင်းနှင့် ဝေးကွာနေပြီး၊ဗုဒ္ဓသာသနာရဲ့ မေတ္တာ ဂရုဏာ မုဒိတာ ကိုယ်ချင်း စာတရားများနဲ့ ဆန့်ကျင်နေရုံမျှမက တိုင်းပြည်အတွင်း မတည်မငြိမ်မှု၊ ဆူပူအကြမ်းဖက်မှု၊ စိတ်ပိုင်း ရုပ်ပိုင်း နှစ်ခုစလုံးအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာ လက်တွေ့မှာ မြင်နေရပါတယ်။ ဒီ လုပ်ရပ်တွေကြောင့် ဘာသာသာသနာကို ဆိုးကျိုးတွေ ရိုက်ခတ်လာစေပြီး ကမ္ဘာက ဗုဒ္ဓဘာသာ ကို ပိုပြီး အထင်အမြင်သေး လာစေပါတယ်။ ပြည်တွင်းက ပြဿနာတွေဟာ နိုင်ငံပြင်ပ ကို ရိုက်ခတ်ကာ အပြစ်မဲ့ပြည်သူများ အကြမ်းဖတ်မှုရဲ့သားကောင်ဘဝ ရောက်ကြရပါတယ်။

ဦးဝီရသူဟာ သာသနာတော်မှာ အဆင့်မြင့်စာမေးပွဲတွေကို အောင်မြင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် စာမေးပွဲအောင်တာက အောင်တာတစ်ပိုင်း၊ အတွေးအခေါ်မှားယွင်းမှုက တစ်ပိုင်း သာဖြစ်ပါတယ်။ သူ့ရဲ့ အဟောအပြောကောင်းမှုနဲ့ မှားယွင်းတဲ့ အတွေးအခေါ်ကို ပေါင်းစပ် လိုက်တဲ့ အခါ လူအဖွဲ့အစည်းတစ်ခုကိုသာမက တိုင်းပြည်ကိုပါ အန္တရာယ် ဖြစ်စေပါတယ်။

အရှင်စန္ဒိမာ
တိရတနာကျောင်း
 

ဦးဝီရသူဟောတဲ့တရားတွေကို သေချာ စိစိစစ်စ်ပြန်ပီး နားထောင်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် လေဖမ်းဒန်းစီးပီ သွားပုပ်လေလွင့်ပြောနေတာကို နားမခံသာတော့လို့ ခုလိုတိုက်တွန်းရခြင်းဖြစ်ပါတယ် ဦးဝီရသူကိုအပြစ်ပြောနေတဲ့သူအားလုံးကို အဂတိလေးပါးလေးတောင် မလေ့လာဖူးတဲ့ သူတွေလို့ပဲ သဘောထားမိပါတယ် အဂတိလေးပါးကို မသိသေးရင် ပြန်လေ့လာကြအုံး ဥပမာပြောပြမယ်ေါ်ဇီးကွက်က ဒေါ်စုကိုဘုရားတဆူလို ကိုးကွယ်နေသူလို့ယူဆပါတယ် ဒါကြောင့်မလို့ အမျိုးစောင်ံဥပဒေကို သေချာမဖတ်ရသေးဘဲနဲ့ ဒီဥပဒေက လူ့အခွင့်အရေးနဲ့မညီဘူး အရင်ရှိပီးသားဥပဒေတွေကို သေချာဂဃနဏမဖတ်ဖူးသေးဘဲနဲ့ အမျိုးစောင့်ဥပဒေကို လက်မခံဘူးပြောတာဟာ ဒေါ်စုကိုချစ်တဲ့တခုတည်းနဲ့ ဆန္ဒာဂတိနဲ့ပြောခဲ့တယ်ဆိုတာ ထင်ရှားပါတယ် ခုလိုပြောတယ်ဆိုတာ ဦးဝီရသူက ခွတ်ဒေါင်းက မွတ်ဒေါင်းဖြစ်နေပီလို့ ပြောတာကို မုန်းတီးပီး ဘယာဂတိကြောင့် ဒေါ်စုအစား ဒေါ်ဇီးကွက်က နေရင်းထိုင်ရင် ပဏာဝင်ယူပီး ဒုက္ခရောက်သွားတာ ဦးဝီရသူရဲ့နောက်ကြောင်းကို ဒေါ်ဇီးကွက်သာ သေချာသိခဲ့လေ့လာဖြစ်ခဲ့ရင် သူဒီလိုပြောရဲမှာမဟုတ်ဘူးထင်ပါတယ် ဦးဝီရသူက ဦးဇင်းတွေကိုရင်ရာပေါင်းများစွာကို ရှင်တော်ဘုရားရဲ့သုတ် ဝိနည်း အ...ဘိဓမ္မာတွေကို သင်ကြားပို့ချရင်း တဖက်တလမ်းကနေ မြန်မာ့မြေမှာ ဗုဒ္ဓသာသနာတော်ကြီးမပျောက်ပျက်သွားအောင်ဆိုတဲ့ရည်ရွယ်ချက် သံဒိဌာန် ကြိုးစားနေတဲ့သူပါ တကယ်တန်းကျတော့ ဘုန်းကြီးတွေက စာချစာသင်အလုပ်ခွင်မှာပဲ ပျော်မွေ့ချင်နေတဲ့ပုဂ္ဂိုလ်တွေပါ လိုအပ်ချက်အရ လူတွေကိစ္စကို ဝင်ပီးပါနေကြရတာ ဘာလိုအပ်ချက်လဲဆိုတာကိုသိချင်ရင်တော့ ဦးဝီရသူကိုတိုက်ရိုက်ဆက်သွယ်ပီးမေးမြန်နိုင်ပါတယ် အဓိကက တော့ မြန်မာပြည်တွင်းမှာ မူစလင်တွေနဲ့ အိမ်ထောင်ပြုပီး ဒုက္ခမျိုးစုံကြုံခဲ့ကြတဲ့မြန်မာမိန်ကလေးတွေအကြောင်းပေါ့ ပီးခဲ့တဲ့ မဆလ နဝတ နအဖခေတ်ကနေ ခုချိန်ထိ မူစလင်နဲ့ပြဿနာဖြစ်တိုင်း အဲ့အမူတွေကို ဘယ်ဌာနဆိုင်ရာတိုင်တိုင် မြန်မာမိန်းကလေးတွေပဲ ခံနေရ ဌာနဆိုင်ရာတွေက လာဘ်စားပီး မူစလင်ပိုက်ဆံယူပီး မူစလင်ကိုပဲအနိုင်ပေခဲ့လို မြန်မာမိန်းကလေးတွေဘက်က နီးစပ်ရာဘုန်းကြီးတွေကို အကြောင်းမှ ဘုန်းကြီးတွေကဖြေရှင်းပေးခဲ့ရတာ ဘုန်းကြီတွေဖြေရှင်ပေးမှ မြန်မာမိန်းကလေးတွေ မူစလင်နှောက်ယှက်နေတဲ့ အန္တရာယ်ကလွတ်မြောက်ပီး မယားတယောက်အနေနဲ့ရသင့်တဲ့ပစ္စည်းဥစ္စာတွေအသာထား ကိုယ့်ဘဝလက်ရှိမူစလင်နှိပ်စက်ခံနေရတဲ့ဘဝကလွတ်ရင်ပီးတာပဲဆိုတဲ့စိတ်နဲ့ ဘုန်းကြီးတွေရဲ့အကူအညီနဲ့က ကိုယ်ဘဝကို က်းတင်ခဲ့ကြရတာ ဒါတွေကိုေါ်စုအပါအဝင် လူ့အခွင့်အရေးအော်နေတဲ့ဒကာမတွေသိစေချင်လို့က ပြောမိတာ။။
 

"အရှင်အာနန္ဒာထုံး နှလုံးမူသူ ဆရာတော်အရှင်ဝီရသူ ဂုဏ်ပြုပူဇော်သော ဆောင်းပါး"


 












*********************************************************
ညတုန်းက သီတဂူဆရာတော်ဘုရားကြီ...းရဲ့ တရားတစ်ပုဒ်နာလိုက်တယ်။ ဆရာတော်ကြီးက တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရား၏ ဂုဏ်ပြု ပူဇော်ပွဲမှာ ဟောခဲ့တာပါ။ ဟောခဲ့တဲ့တရားက ဧတဒဂ်ဘွဲ့ ငါးခုရတော်မူခဲ့တဲ့ မြတ်စွာဘုရားရှင်၏ အလုပ်အကျွေးရဟန်း အရှင်အာနန္ဒာအကြောင်းဖြစ်ပါတယ်။ အရှင်အာနန္ဒာရဲ့ သာသနာအပေါ် လုပ်ဆောင်တော်မူခဲ့သည့် သာသနာပြုလုပ်ငန်းများကို အသားပေးဟောတော်မူခဲ့တာဖြစ်တာကြောင့် နာကြားရသူအပေါင်း အရှင်အာနန္ဒာမထေရ်မြတ်ကို ပို၍ပင် ကြည်ညိုမိတော့၏။ မြတ်စွာဘုရားရှင် ပထမဗောဓိခေါ် ဝါတော် ၂၀အတွင်းမှာ ဘုရားရှင်အား အမြဲတမ်း လုပ်ကျွေးသော အလုပ်အကျွေးဟူ၍ မရှိခဲ့ကြပေ။ အောက်ပါပုဂ္ဂိုလ်များက အခါအားလျော်စွာ လုပ်ကျွေးတော်မူခဲ့ကြသည်။
၎င်းတို့မှာ
၁။ အရှင်နာဂသမာလ၊
၂။ အရှင်နာဂိတ၊
၃။ အရှင်ဥပဝါန၊
၎။ အရှင်သုနက္ခတ္တ၊
၅။ အရှင်စုန္ဒသမဏုဒ္ဒေသ၊
၆။ အရှင်သာဂတ၊
၇။ အရှင်ရာဓ၊
၈။ အရှင်မေဃိယ၊
၉။ အရှင်စုန္ဒ တို့ဖြစ်ကြပါတယ်။ ဤသို့အသီးသီးလုပ်ကျွေးကြသဖြင့် မြတ်စွာဘုရားရှင်မှာလည်း အခက်အခဲ ရှိခဲ့ပါတယ်။

တစ်နေ့သ၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီပရဝုဏ်အတွင်း ခင်းထားအပ်သော မြတ်သောနေရာတော်၌ ရဟန်းတော်အပေါင်းခြံရံကာ ထိုင်တော်မူနေစဉ် ရဟန်းတို့ကို
“ရဟန်းတို့ ငါဘုရားသည် ယခုအခါအသက် (၅၅)နှစ်အရွယ်သို့ ရောက်ရှိပြီး အချို့အလုပ်အကျွေး ရဟန်းများသည် ”ဤလမ်းဖြင့် သွားကြပါစို့” ဟု ဆိုအပ်လျက် ငါဘုရားကို ထားခဲ့ကာ အခြားလမ်းဖြင့် သွားကြလေသည်။ အချို့အလုပ်အကျွေးရဟန်းများကား ငါဘုရား၏ သပိတ်၊ သင်္ကန်းတို့ကို မြေကြီး၌ပင် ချမည်ကဲ့သို့ ပြုလုပ်ကြပါသည်။ ငါဘုရားအတွက် အမြဲလုပ်ကျွေးမည့် ရဟန်းတစ်ပါးကို စဉ်းစားရွေးချယ်ကြလော့”
ထိုသို့ ဘုရားရှင်၏ စကားတော်ကို ကြားရ၍ ရဟန်းတို့၏ သန္တာန်ဝယ် ဓမ္မသံဝေဂများ ဖြစ်ပွားခဲ့ကြလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်စသော အရှင်အာနန္ဒာမှတစ်ပါး မဟာသာဝက ရဟန္တာမြတ်တို့သည်---“တပည့်တော် လုပ်ကျွေးပါမည်ဘုရား စသည်ဖြင့် အသီးသီးထ၍ ထ၍ လျှောက်ထားကြလေသည်။ ထို မဟာသာဝကများကိုလည်း မြတ်စွာဘုရားရှင် ပယ်တော်မူသည်။” အရှင်အာနန္ဒာမထေရ်သည်ကား စကားမပြော ဆိတ်ဆိတ်သာ ထိုင်နေလေသည်။ အရှင်အာနန္ဒာအား ရဟန်းတော်များက..
“ငါ့ရှင် အာနန္ဒာ သင်သည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေး ဥပဋ္ဌာက အလုပ်အကျွေးအဖြစ်ကို တောင်းခံပါလော” ဟုဝိုင်းဝန်း တိုက်တွန်းကြသည်တွင် အရှင်အာနန္ဒာမထေရ်က-“ငါ့ရှင်တို့ တောင်းခံရ၍ရသော ရာထူးမည်သည် မည်သို့သော ရာထူးဖြစ်သနည်း၊ အကယ်၍ မြတ်စွာဘုရားရှင် လိုလားတောင်းတတော်မူလျှင် ကိုယ်တော်တိုင်ပင် မိန့်ကြားတော်မူပါလိမ့်မည်။” ဟု ပြောဆိုတော်မူ၏။ ဟိုအခွင့်အရေး ဒီအခွင့်အရေးဆိုပြီး ဟိုဟာလိုချင် ဒီဟာလိုချင် ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် တောင်းခံသူများ ရှက်တတ်လျှင် ရှက်လို့ရနေပြီ။ ရှေးသူတော်ကောင်းကြီးများကား ကိုယ်ကျိုးအတွက် မည့်သည့်ရာထူးကိုမျှ တောင်းခံခြင်းမရှိခဲ့ကြောင်းထင်ရှားလှပါတယ်။

ထပ်မံ၍ သက်သေပြပါဦးမည်။ အရှင်အာနန္ဒာမထေရ်သည် နေရာမှ ထပြီး
၁။ ကိုယ်တော်မြတ် ရအပ်သော သင်္ကန်းကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်လည်းကောင်း၊
၂။ ကိုယ်တော်မြတ်ရအပ်သည့် ဆွမ်းဘောဇဉ်ကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်လည်းကောင်း၊
၃။ ကိုယ်တော်မြတ်နှင့်အတူတကွ ဂန္ဓကုဋီကျောင်းတစ်ခုတည်း၌ တပည့်တော်အား နေခွင့်ကို မပေးပါလျှင်လည်းကောင်း၊
၎။ ကိုယ်တော်မြတ် ပင့်ဖိတ်ဖို့ရာသို့ တပည့်တော်ကို နောက်ပါခေါ်၍ သွားတော်မမူပါလျှင်လည်းကောင်း၊ ဤသို့ဖြစ်လျှင် တပည့်တော်သည် အရှင်ဘုရားကို ပြုစုလုပ်ကျွေးပါမည်။” ဟု လျှောက်ထားလေ၏။
လောကလူအများအနေနဲ့ မိမိကိုယ်ကျိုးအတွက် ရဖို့ ပိုင်ဆိုင်ဖို့ပင်တောင်းခံကြသော်လည်း အရှင်အာနန္ဒာကဲ့သို့သော ရှေးသူတော်ကောင်းကြီးများကား မိမိကိုယ်ကျိုးအတွက်ကို တောင်းခံတော်မမူကြောင်း ထင်ရှားပြန်ပါတယ်။ ထိုနည်းတူစွာ ရဟန်း ရှင် လူတို့ ကြည်ညိုလေးစားရတဲ့ ဆရာတော်ဦးဝီရသူသည်လည်း ယခုလက်ရှိ အမျိုးစောင့်ဥပဒေကို တင်သွင်းခြင်းသည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အမျိုး ဘာသာ သာသနာအတွက်သာ ဖြစ်ကြောင်းထင်ရှားသည့်အတွက် အရှင်အာနန္ဒာထုံးကို နှလုံးမူသူဟု ပင် မြင်မိတော့၏။

တစ်ဖန် ဆက်လက်ပြီး အရှင်အာနန္ဒာက ဘုန်းတော်ကြီးမားတော်သော မြတ်စွာဘုရား ရှင်ပင်ဘုရားသည်
၁။ အကျွန်ုပ်ဆောင်အပ်သည့် (ဒကာ၊ ဒကာမများ) ဖိတ်ကြားရာ အရပ်သို့ ကြွရောက်လိုက်ပါတော်မူ လျှင်လည်းကောင်း၊
၂။ အကျွန်ုပ်သည် အရပ်တစ်ပါးမှ လာတိုင်း လာတိုင်းသော ဘုရားဖူး ပုဂ္ဂိုလ်များကို ထိုခဏမှာပင် ဖူးမြော်နိုင်စေခွင့်ကို ရပါလျှင်လည်းကောင်း။ ဒီအချက် နှစ်ချက်ကိုလေ့လာကြည့်ပါဦး။ အရှင်အာနန္ဒာ တောင်းခံသည့် ဆုသည် ကိုယ်ကျိုးအတွက်မဟုတ်ပြန်ပါဘူး။ ဒကာ ဒကာမများ အကျိုးများစေဖို့ ရည်ရွယ်ပြီး တောင်းခံခြင်းဖြစ်သည့်အတွက် ရှေးသူတော်ကောင်းကြီးများ အများအကျိုးအတွက်ကို ရှေးရှုတတ်ကြောင်းထင်ရှားပြန်ပါ၏။ မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ ခုတုံးလုပ်ခြင်းမရှိ၊ မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ အသုံးချခြင်း မရှိပါ။ ထိုနည်းတူစွာ ဆရာတော်ဦးဝီရသူသည်လည်း မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ အသုံးချခြင်းမရှိ၊ မည်သူ့ကိုမှ ခုတုံးလုပ်ခြင်းမရှိ၊ မည်သူ့ကိုမျှ အကြောင်းပြုပြီး မိမိကိုယ်ကျိုးအတွက် အသုံးချခြင်း မရှိသည့်အတွက်ကြောင့် အရှင်အာနန္ဒာထုံးကို နှလုံးမူသူဟု စာရေးသူအရှင် မြင်မိခြင်းသည် လွန်ရာကျမည်မထင်ပါ။ ကိုယ်ကျိုးအတွက် အခြားသူများကို ခုတုံးလုပ်နေသူ၊ ကိုယ်ကောင်းစားဖို့ သူတစ်ပါးကို အသုံးချနေသူ၊ ကိုယ်ရာထူးအာဏာရဖို့ သူတစ်ပါးကို နှိပ်ကွက်ဖျက်စီး ကန့်လန့်တိုက်နေသူများ ရှက်တတ်မည်ဆိုပါက ရှက်လို့ပင်ဆုံးတော့မည်မထင်ပါ။

ဆက်လက်ပြီး ၃။ အကျွန်ုပ်၏ သန္တာန်၌ ယုံမှားသံသယဖြစ်သော ခဏမှာပင် မြတ်စွာဘုရားသို့ ဆည်းကပ်၍ မေးမြန်းလျှောက်ထားခွင့်ကို ရပါလျှင်လည်းကောင်း၊
၎။ ရှင်ပင်ဘုရားသည် အကျွန်ုပ်၏ မျက်ကွယ်၌ ဟောကြားတော်မူခဲ့သော တရားတော်ကို တစ်ဖန်အကျွန်ုပ်အား ဟောကြားတော်မူပါလျှင်လည်းကောင်း၊ ဤသို့ဖြစ်လျှင် တပည့်တော်သည် ရှင်တော်မြတ်ဘုရားကို ပြုစုလုပ်ကျွေးပါမည်။ ဒီနောက်ဆုံး အချက်နှစ်ချက်ကို လေ့လာကြည့်မည ဆိုပါကလည်း အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်အတွက်သာ တောင်းဆိုခြင်းဖြစ်ပေ၏။ မိမိအတွက် မိမိကိုယ်ကျိုးအတွက် တောင်းခံခြင်းမဟုတ်ဘဲ ဓမ္မရတနာကို တန်ဘိုးထားကြောင်းထင်ရှားပါ၏ ထိုနည်းတူစွာ ဆရာတော်ဦးဝီရသူသည်လည်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မရတနာများထဲမှ နိုင်ငံ၊ လူမျိုး ဘာသာ သာသနာအတွက် အရေးကြီးသည့် အပရိဟာနိယတရားများကို အခြေခံကာ ရေးဆွဲတင်ပြတောင်းဆိုသော မျိုးစောင့်ဥပဒေမူသည်လည်း ဓမ္မရတနာကို တန်ဘိုးထားခြင်းပင်ဖြစ်ပေ၏ဟု သုံးသပ်မိ၏။
ဓမ္မရတနာကိုတန်ဘိုးထားခြင်းသည်လည်း ဘုရားရတနာ သံဃာရတနာကိုတန်ဘိုးထားခြင်းလည်း မည်ပါ၏။ မျိုးစောင့်ဥပဒေသည် ဓမ္မရတနာကို အခြေခံထားသောကြောင့် အားလုံးပင်တန်ဘိုးထားသင့် ကြောင်းထင်ရှားစွာ ပြသခြင်းဖြစ်၏။ ဓမ္မရတနာကို ကန့်ကွက်သူသည် ဘုရားရတနာ သံဃာရတနာကို ကန့်ကွက်ခြင်းဖြစ်ပါ၏။ ဓမ္မရတနာကို ဆန့်ကျင်ခြင်းသည် ဘုရားရတနာ သံဃာရတနာကို ဆန့်ကျင်ခြင်း ဖြစ်တော့၏။ ထိုသို့ ပြုလုပ်နေသူများအနေဖြင့်လည်း ရှက်တက်မည်ဆိုပါက ခေါင်းမဖော်ဝံ့လောက်အောင် ရှက်လို့ ဆုံးတော့မည်မဟုတ်တော့ပါ။

အရှင်အာနန္ဒာထုံးကို နှလုံးမူနေသူ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် (ထိုထက်ပို၍) အမျိုး ဘာသာ သာသနာအတွက်၊ (ထို့ထက်ပို၍) ရတနာသုံးပါးအား တန်ဘိုးထားကြည်ညိုလေးစားနေသူ ဆရာတော်အရှင်ဝီရသူအား ဂုဏ်ပြုလိုက်ရတော့၏။
 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)