ရေတွင်း လေး သို့ အပြန်
ကျနော်ရန်ကုန်ရောက်တော့ ကျနော်ကြီးပြင်းခဲ့တဲ့ရပ်ကွက်
ကိုသွားကြည့်တယ်။
ရပ်ကွက်က သင်္ကန်းကျွန်း မိကျောင်းကန် အပိုင်း ၁
ရပ်ကွက်။ ၁၉ ၉ ၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက် ကို ဦးသန်းရွှေ
အစိုးရလက်ထက်မှာသိမ်းဆည်းသွားတယ်။
ကျနော်တို
့ကိုကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။ ရပ်ကွက်ကို အမြန်ဖျက်ကြဖို
့နည်းမျိုးစုံနဲ့ နိပ်စက်ခဲ့ကြတယ်။ အနိင်ကျင့်ခဲ့ကြတယ်။
လူတွေပထမတော့တောင့်ခံသေးတယ်။နောက်တော့ တယောက်ခြင်းရွေ့ ပေးခဲ့ကြရတယ်။
အဖေ နဲ့ နိုင်ချစ်သောင်းတို့  နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။
ဘယ်သူမှမရှိတော့ဘူး။
နောက်တော့ ဘူဆိုဇာတွေနဲ့ လာထိုးတော့မှာ
ကျနော်နဲ့နိင်ချစ်သောင်း ( မွန်) ကိုစိုးမင်း( ရခိုင်) တို့  ဟာ
လက်လျော့ပေးလိုက်ကြရတယ်။
၁၉ ၇၀ ခုနစ်ခန့် မှာ အဖေဟာ အိမ်ကို
ပျဉ်းကတိုးခြောက်ပတ်လည်တွေနဲ့ ဆောက်ခဲတယ်။ အိမ်က
ရပ်ကွက်ထဲမှာအမြင့်ဆုံးပါ။ အကြီးဆုံးအိမ်ကြီးပါ။အိမ်ပေါ်ကနေ
ရွှေတိဂုံဘုရားကိုမြင်ရပါတယ်။ သိပ်လှပါတယ်။
ပျဉ်းကတိုးရှာထိုးတွေခင်းထားတဲ့အတွက် အေးတယ်။ မြန်မာတွေက
ကျွန်းကိုမကြိုက်ကြဘူးကျွန်းကပူတယ် လို့ ကျနော်အဖိုးပြောတယ်။
ပျဉ်းကတိုးကအေးတယ်။
ဒီအိမ်ကြီးကိုဖျက်တော့
အိမ်မှာအရွယ်ရောက်ယောက်ကျားလေးတွေမရှိတော့ဘူး။ ကျနော်ကတောထဲမှာ ကျန်
ညီအကိုများက နိင်ငံခြားကိုရောက်ကုန်ပြီ။
ဒီတော့အဖေနဲ့  အမတွေ
ကိုယ်အိမ်ကိုကိုယ်ဖျက်ကြတယ်။ အဖေတော်တော်ပင်ပန်းသွားတယ်လို့ ပြောတယ်။
ဒီလအကြာမှ ဆုံးသွားတယ်။
ဒီအိမ်တလုံးဝယ်နိင်ဖို့ အတွက်သူ
စစ်တပ်ထဲမှာ ၂၅ နှစ်အမှုထမ်းခဲ့ရတယ်။
၁၉ ၆၇ ခုနစ်လောက်မှာ မြေကွက်ကို
၃ထောက်ကျပ်နဲ့ဝယ်ခဲ့တာ။ ပင်စင်ရောင်းပြီးဝယ်လိုက်တာလို့ ဆိုတယ်။
သူဝင်ခဲ့တဲ့တပ်က သူမြေကိုသိမ်းခဲ့ပြီလေ။
ဒီမြေကွက်လပ်ကို
အလွမ်းပြေသွားကြည့်ဖို့ ကျနော်ရဲဘော်တွေနဲ့  ညနေစောင်းမှာထွက်လာခဲ့တယ်။
သူတို့ ကားလေးနဲ့ကျနော်တို့ ထွက်လာတယ်။ နေရာကိုကျနော်မမှတ်မိတော့ဘူး။
ကားတစီးနဲ့  တ၀ဲလည်လည်ဖြစ်နေတယ်။
နောက်ကလိုက်လာတဲ့ထောက်လှမ်းရေးရဲဘော်တွေက မနေနိင်တော့ဘူးထင်ပါတယ်။
အကိုကြီး ဘယ်သွားမလို့ လဲ လို့ မေးလာတော့မှ ကျနော်တို
့ရပ်ကွက်ကိုရှာနေတာလို့ ပြောတော့ သူတို့ နောက်ကလိုက်ခဲ့တယ်။
သူတို့ လိုက်ပြတယ်။ ကျနော်တို့  နေရာကို မနည်းရှာယူတယ်။
ကျနော်မမှတ်မိတော့ဘူး။ ၂၄ နှစ်အတွင်းမှာအတော်ပြောင်းလဲသွားတယ်။
ကျနော်စားခဲ့တဲ့ ခါတော်မှီ မုန့် ဟင်းခါးဆိုင်၊
မအုန်းဘိန်းမုန်
့ဆိုင် ၊ ကိုကျော်မြ လဘက်ရည်ဆိုင်၊ ဦးရခိုင်ကြီး
ဆံပင်ညပ်ဆိုင်မရှိတော့ဘူး။
ကျနော်တို့ ကျော်စိုးတို
့ဘောကန်ခဲ့တဲ့ကွင်းလေးက ဘယ်နေရာရောက်မှန်းမသိတော့ဘူး။
ကျနော်အိမ်မြေကွက်က ဝေဇန္တယာလမ်းမကြီးနဲ့ပြည်သာယာလမ်းမထောင့်က
အိမ်ဆိုတော့ကျနော် မှန်းလို့ ရလာတယ် ။ သေချာသွားတာကတော့
ကျနော်တူးခဲ့တဲ့ရေတွင်းလေးကို တွေ့ ရတာပါပဲ။
ကျနော်မိတ်ဆွေတွေမရှိတော့ပဲ ကျနော်တူးခဲ့တဲ့ရေတွင်းလေးကိုပဲ
ကွက်လပ်ထဲမှာတွေ့ ရတယ်။
ပတ်ပတ်လည်က စိုက်ခင်းတွေလုပ်ထားတယ်။
စိုက်ခင်းဆိုတာကလဲ
ဖြစ်ဖြစ်မြောက်မြောက်လောက်ထားတဲ့စိုက်ခင်းမျိုးမဟုတ်ဘူး။
တယောက်ယောက်က စိုက်ထားပုံပါ။ စိုက်ခင်း အတွက်
ကျနော်တူးထားတဲ့ရေတွင်းလေးကရေ ကို သုံးနေတာကို တွေ့ ရတယ်။
ကျနော်ရဲဘော်က ဒီနေရာလား လို့ ကျနော့်ကိုမေးတယ်။ ကျနော်ကဟုတ်တယ်လို
့ပြောတယ် ။ အားလုံးက စိုက်ခင်းဖြစ်နေတယ်။ ဦးပြုံးဟုတ်အိမ်၊
ဒေါ်အေးမိတို့ အိမ်တွေဖက် ကိုလှမ်းကြည့်မိနေတယ်။
ဖုန်းဆိုတောကြီးမျှသာဖြစ်နေတယ်။ ကျနော်တို့ မြေကွက်လို့ မှတ်မိ
စေတာကတော့ ဒီနေရာမှာရေတွင်းဆိုလိုတတွင်းပဲရှိတာကိုး။ အားလုံးက
ကျနော်တို့ ရေတွင်းကိုသောက်ရေအတွက်လာခပ်ကြတာမှတ်မိတယ်။
ပါလာတဲ့ရဲဘော်တွေကို ကျနော်က ဒါကိုယ် အမေအတွက်တူးပေးခဲ့တဲ့ရေတွင်းပဲလို
့ပြောပြမိတယ်။
ဒီတွင်းကို ကျနော် ၁၈နှစ်လောက်မှာတူးတာ။
ကျနော်တို့ အိမ်ခေါင်းရင်းမှာ တူးတာ။ အိမ်ခေါင်းရင်းက တောင်ကုန်းကြီး။
ကြာခတ်ဝါးရုံပင်ကြီးတွေရှိတယ်။ တယောက်ထဲတူးပြစ်လိုက်တာ ၅
ရက်လောက်ပဲကြာတယ်။ ရေတွေထွက်လာတော့ ကျနော် ပင်ပန်းသမျှပျောက်သွားတယ် ။
ရေတွေက စိမ့် ပေါက်လေးတွေက ထွက်လာကြတယ်။ အေးနေတယ်။ကြည်လင်နေတယ်။
အားပါးတရ ကျနော်ဆက်တူးတယ်။ ရေထွက်အားကသိပ်ကောင်းတော့
ပက်မနိင်တော့ရပ်လိုက်ရတယ်။ ၁၀ ပေလောက်ရှိမယ်။
အမေကရေတွင်း
တတွင်းထပ်ရတော့ သိပ်ဝမ်းသာနေတယ်။
ကျနော့် ဘ၀တလျောက်လုံးမှာ
အမေအတွက် ကျနော်ပေးနိင်ခဲ့တဲ့လက်ဆောင်ဟာ ဒီရေတွင်းပဲရှိခဲ့တယ်။
အမေက
မနက်စောစောထတယ်။ သိမ်းကြီးဈေးမှာဆိုင်မထွက်ခင်ဘုရားရှိခိုးတယ်။
ဘုရားပန်းကပ်တယ်။ ဒါကို မနက်တိုင်းသူလုပ်လေ့ရှိတယ်။
အိပ်ရာထရင်
ဘုရားပန်းလဲရင်းဓမ္မစကြာ ကိုသူ သီချင်းလို ဆိုလေ့ရှိတယ်။
ဘိက္ခနံ၊ ပဉ္စ ၀ဂီနံ၊ ကုသိပတနေနနာမကေ ။ မိဂရရေ ၊စမ္မ၀ံရံ ….
သူ
ဓမ္မတေးသားကိုသီဆိုနေတဲ့အသံကိုပြန်ကြားယောင်လာတယ်။
ဓမ္မစကြာထဲက ဓမ္မပါရ
တွေ တပိုင်းတစစီကျနော် အာရုံထဲကို ပြန်ဝင်လာတယ်။
မြတ်သောဗြမာမင်းသည်။
သားတို့ အားဘေးမဲ့ပေးရာ
မိဂရ၀ိန် တော
နှိုက်ရှိခြင်းကြောင့် …
အာလလောကော …
ဓမ္မစကြာင်္ကိုဆိုရင်
.. လူလေးမောင်ဒိန် ထတော့ ကျောင်းသွားတော့လို့ နိုးတာကို ပြန်အမှတ်ရတော့
ကြည်နူးမိလာတယ်။ ပြုံးမိတယ်။
ကျနော်တူးခဲ့တဲ့ရေတွင်းမှာ
စိုက်ခင်းလုပ်သားတွေ ရေချိုးနေကြတာကိုတွေ့ ရတော့
ပိတီဖြစ်မိတယ်။
ဒီရေတွင်းလေးက အခုထိ အသုံးဝင်နေသေးပါလား။
ဒီရေတွင်းဘောင်ပေါ်မှာကျနော်ဂစ်တာတီးခဲ့တဲ့ညတွေ၊
မကြင်နာနိင်ရင်လဲ
အရင်ဆို မစိမ်းနဲ့ ပြုံး ပြပါလား မိငယ်..
မနက်မိုးလင်းလို
့ဒီကမ္ဘာဒီလောက ကို …. ဖြတ်သန်းသွားခဲ့ဘူးတဲ့မောင်လိုလူသားတယောက်ဟာ …
ဆိုတဲ့တေးသားဟာ ဆယ်စုနှစ်ထဲက တိတ်တဆိတ်လွင့်ပျုံ လာတယ်။
ဒီသီချင်းက
ဘယ်သူအတွက်လဲ .ငါဆိုခဲ့သလဲ…။
အသားညိုညို၊ ပိန်ပိန်၊မြင်မြင် ၊
ပြူးကျယ်စွာကြည့်နေတဲ့မျက်လုံးများ က
တေးသားကြိုကြားမှာစီးမျော်ခဲ့တဲ့ညလေးတွေ။
နွေရာသီမှာတရပ်ကွက်လုံးကရေတွင်းတွေရေခန်းသွားလေ့ရှိတယ်။
ဒီအချိန်မှာသူနဲ့သူညီမတွေ ကျနော်တို့ တွင်းမှာရေလာချိုးတယ်။
သောက်ရေခတ်ကြတယ်။အိမ်ကအမတွေနဲ့  သူ ဆူညံစွာပြောဆိုရီမောသံတွေ၊
အနားတိုးရေအိုးပင့်ပေးစဉ်က သူကျ မှ ဆူးဆူးရှရှရှိလှတဲ့ တရော် နဲ
့ကင်ပွန်းသီးနှံ လျိုလ်ဝှက်ထားသောအလှများ။ ရေတွင်းလေးက ဒါတွေကို
ကောင်းကောင်းသိမ်းဆည်းထားဆဲ ပါလား။
ပြန်ခါနီးမှာရေတွင်းထဲကို
ကျနော်ငုံကြည့်မိတယ်။
ကျနော်အရိပ်တွေကို ပြန်တွေ့ မိကြတယ်။
ရေထဲက နုပျိုနေတဲ့ အတိက အရိပ်၊ တွင်းပေါ်က ရင်ရော်သွားတဲ့ ပစ္စုပန်၊
ပြုံးပြီးနှုတ်ဆက်မိကြတယ်။ မနေ့ တုန်းကလိုပါပဲ။
++
ကိုမိုးသီး လာဗျ၊ ခင်ဗျားရပ်ကွက်ကလူတွေက ခင်ဗျားကို စောင့်နေကြတယ်။
ရဲလင်းက သတိပေးလိုက်တော့မှာ ကျနော် ပြန်သတိဝင်လာတယ်။
သူတို
့မြေကွက်တွေအတွက် ပြန်တောင်းကြဖို့  လက်မှတ်တွေကောက်နေတယ်။ ခင်ဗျား
သဘောတူရင် လက်မှတ်ထိုးပေးဖို့  ကျနော်တို့ ကို မေးထားတယ်။ ရဲလင်း
ကပြောလာတယ်။
ကျနော်တို့  ဒဂုံတောင်ဖက်ကို ကားဆက်မောင်းလာကြတယ်။
ကျနော်တို့ ရပ်ကွက်က လူတွေက ၈ လေးလုံးအရေးတော်ပုံကြီးမှာ
အတက်ကြွဆုံးပါဝင်ခဲ့ကြတယ်။ သူတို့ အခုမြောက်ဒဂုံကိုအရွေ့ ခံရတယ်။
ပွက်တွေထနေတဲ့ ကွင်းကြီးထဲမှာ မြေတကွက် တွေကို ပြန်ဝယ်ယူခဲ့ကြရတယ်လို
့ဆိုတယ်။ သူတို့  ဆီကို ကျနော်တို့ ထွက်လာခဲ့ကြတယ်။
ဒဂုံတောင်ကိုရောက်တော့
ရပ်ကွက်ထဲကသူတွေစောင့်နေတယ်။ကျနော်လက်မှတ်ထိုးလိုက်တော့
လက်ခုတ်တွေညံသွားတယ်။ ကျနော်အတွေးကတော့ရေတွင်းလေးဆီ
မှာပျံဝဲနေခြင်သေးသပေါ့။
မိုးသီး
No comments:
Post a Comment