'' စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် သို့ ဖြေကြားစာ"
+++++++++++++++++++++++++++++++++++++++++++
မူဆလင်ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မှ မတူကွဲပြားပါတီဥက္ကဋ္ဌ ဒကာကြီး
ဦးနေမျိုးဝေ ၏ ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ
ထောက်ပြဝေ ဘန်မှုအား ကျနသေခြာ ပညာရှိများ လက်ခံနိုင်လောက်သည့်အထိ
ဖြေရှင်းနိုင်ခြင်းမရှိပါပဲ၊
မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင်
ပြန်လည်၍မေးခွန်းထုတ်ထားကိုတွေ့ရှ
...ိရပါတယ်။
ထို မူဆလင်ဒကာ၏ မေးခွန်းအားလုံးဟာ ဒကာကြီး ဦးနေမျိုးဝေ
မှ ကုရ်အာန်ကျမ်းအားဝေဘန်သကဲ့သို့
ကျမ်းစာထဲမှ ထုတ်နှုတ်ကာထောက်ပြထားသကဲ့သို့မဟုတ်ပဲ ဗုဒ္ဓဘာသာထေရ၀ါဒ ပိဋကတ် တော်
များကို အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲလျှက် ကလေးဆန်ဆန်ဟာသသဘောမျှ
မေး ခွန်း ထုတ်ထားသည်ကိုတွေ့ရှိရပါသည်။
၎င်းမေးခွန်းများအား ဖြေရှင်းပေးပါရန် ဓမ္မမိတ်ဆွေ စာဖတ် ပရိဿတ်များမှ
လျှောက်ထားကြသောကြာင့် အချိန်လေးရခိုက် ဖြေကြားပေးလိုက်ရပါသည်။
မူဆလင်ဒကာများအနေဖြင့် ဗုဒ္ဓပိဋကတ်တော်များအား ဝေဘန်မည်ဆိုပါက ဒကာကြီး
ဦးနေမျိုးဝေသည် ကုရ်အာန် အားထောက်ပြဝေဘန်ထားသကဲ့သို့ ပိဋကတ်တော်များမှ ထုတ်နှုတ်ကာ
ဝေဘန်နိုင်သော စွမ်းရည်များရှိလာအောင် ကြိုးစားလေ့လာကြဖို့
အကြံပေးလိုက်ပါရစေ။ ခုဒကာကြီးေ မးထားသော မေးခွန်းများမှာ မူကြိုအဆင့်ပင်
မရှိပဲ ဖြေပေးရမှာပင် အရမ်းပျင်းစဖွယ် ကောင်းလှ ပါတယ်။ နောင်တချိန်မှာ
ပိဋကတ်တော်များထဲမှ ထုတ်နှုတ်ကာ မေးနိုင်လိပ်မည်ဟုမျှော်လင့်ပါရစေ။
ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်
မေးထားသောမေးခွန်းတွေထဲက ပထမဆုံးမေးခွန်း ကိုဦးစွာဖြေပေးပါမည်။ဒကာကြီးမေးထားတာက…
(၁)=ရှင်ကြီး ဂေါတမရဲ့
ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင်ငံမှာ
ပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို
သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာတင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့
ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထားရပါသလဲ?
ဒကာကြီးမေးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင်
သီရိလင်္ကာမှာ ရောက်ရှိ ပညာ တော်သင်ယူနေပါသည်။ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို
သက္ကတဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊ထုတ်ဝေခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ်
ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ
စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ်တော်များကို သက္ကတဘာသာခြင်း
ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။
ပါဠိဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်ဒကာ။
နောက်တစ်ခုက
သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်။ သင်္ဂါယနာ တင်ခြင်း၏ရည်ရွယ်ချက်ကိုက ဗုဒ္ဓမြတ်၏
ဒေသနာတော်မြတ်တို့အား ၊”ပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ”လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏
လက်ထက်တော်ကာလ ကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် သင်္ဂါယ
နာတင်ခြင်းသာဖြစ်ပါတယ်။ဒကာကြီးက
လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်း ဖြစ်ပဲဖြစ်ပါတယ်။ အကယ်၍
သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့
ခိုင်လုံးသော အထောက်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ
မကောင်းတာမစဉ်းစားပဲ အစ္စလာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ကတိပေးလိုက်ပါရဲ့ဒကာကြီး
စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်။
ဒကာကြီးပြောသလို
ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာသည် ဆိုသော တိကျ
ခိုင်လုံ၊အာဂမ၊သဘာဝယုတ္တိရှိရှိ
ကမ္ဘာကြီးအားချပြနိုင်မည်ဆိုပါက
ဒကာကြီးတို့၏ မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များ တိုးပွားများပြားလာနိုင်သောကြာင့် ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ
သက်သေပြသင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပေးလိုက်ပါသည် ဒကာ။
(၂) ဒကာကြီး၏ ဒုတိယမေးခွန်းဖြစ်သော မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့
တက်တက်စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ? ဟူသောမေးခွန်းကို
ဖြေကြားပေးပါမည်။
ထေရ၀ါဒ နှင့် မဟာယာနဟာ အပေါ်ယံအသွင်သဏ္ဍာန်တို့ဟာ
အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့
‘အနှစ်သာရ’ ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။
ဥပမာ။ ။
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက
ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက
အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅)
ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ
၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana
and Theravada?
I have studied Mahayana for many years and the more I
study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1-
Both accept Sakyamuni Buddha as the Teacher.
2- The Four Noble
Truths are exactly the same in both schools.
3- The Eightfold Path
is exactly the same in both schools.
4- The Paticca-samuppada or the
Dependent Origination is the same in both schools.
5- Both rejected
the idea of a supreme being who created and governed this world.
6-
Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any
difference.
ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ
နှင့် မဟာယာနဟာ အားလုံးလက်ခံကျင့်သုံးခြင်းဟာ အတူတူပင်ဖြစ်ပါတယ်။ထို့အပြင် ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ
ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်သော ဆွန်နီမူဆလင် နှင့်
ဆီးရိုက်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း
ဖက်ခြင်း၊စသည်များပြုလုပ်ခြင်းမရှိပါဘူးဒကာ
ဒါဟာ ဘာသာတရား၏ အဆုံးအမတရားတော်များနှင့် များစွာသက်ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း
အေးချမ်းညိမ်းအေး၊ လွှတ်မြောက်ကြောင်း အမှန်တရားတော်ကတော့
တစ်ခုတည်းပဲရှိနိုင်ပါတယ်’ ဒကာကြီး။
ဒကာကြီးတို့
မူဆလင်များကိုယ်တိုင် အစ္စလာမ်ဘာသာကို ငါတို့ဘာ့ကြောင့်
ကိုးကွယ်ဆည်းကပ်နေကြသသလဲ …? ဆိုသော မေးခွန်းကိုမေးပြီး အသိပညာဖြင့်
မှန်ကန်စွာ ဖြေနိုင်ဖို့ ဘာသာစွဲကင်းကင်းဖြင့် ဖြေကြားအဖြေထုတ်ကြည့်ကြပါ။
ဆင်းရဲဒုက္ခတွေက လွတ်မြောက်လို၍၊ ကိုယ်စိတ်နှစ်ပါး
အေးချမ်းသာယာလို၍၊စသောကောင်းမြတ်သော
လိုအင်ဆန္ဒကြောင့် အစ္စလာမ် ဘာသာကို ကိုးကွယ်နေခြင်းဖြစ်သည်ဆိုလျှင် ၊အစ္စလာမ်ဘာသာက မိမိတို့
လိုလားတောင်းတသော အေးချမ်းမှုနှင့် အမှန်တရားကို အမှန်တကယ်ပေးစွမ်းနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင်
လေ့လာသင့်ပါသည်ဒကာကြီး။
(၃) ထေရ၀ါဒချင်း အတူတူလို့
ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါသလဲ?
ဟူသော ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်
၏မေးခွန်းကိုဖြေရလျှင်။ထေရ၀ါဒဆိုသော
အဓိပ္ပါယ်ကို နာလည်သိမြင်အောင် ဦးစွာရှင်းပြပါမည်။ ထေရ၀ါဒဆိုသည်မှာ
“ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည် တရားဒေသနာတော်တို့ကို
ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊
“ပြုပြင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်နှုတ်ခြင်းမရှိ”
ပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက်နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြသည့်
သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်။
သို့ဆိုလျှင် ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊
ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းမရှိသော
အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းသည် ထေရ၀ါဒ ဟုတ်၊မဟုတ်ဆို သည်ကို ဒကာကြီးတို့တွင်
မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုက နားလည်သဘောပေါက် မည်
ထင်ပါသည်။၎င်းမိုးပြာဂိုဏ်း၏
နောက်ကွယ်မှနေ၍ မည်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေးနေသလည်းဆိုတာကို
ဒကာကြီးတို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်လျှင် သိပါလိပ် မည်ဒကာကြီး။
(၄) နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ
ဟုရေးမှသာမှန်၏) မြတ်စွာဘုရား ပွင့်မယ့်ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ?
မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြလိုက်လျှင် ဒကာကြီးအနေဖြင့် အနည်းငယ်သော
အသိပညာရှိလျှင် ရှင်းလင်းသဘောပေါက်သွားမည်ဟု ယုံကြည်ပါတယ်။
လောကမှာ အမြတ်ဆုံးသောဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား
B.A,B.Sc,ကဲ့သို့သော ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အတွက်ကိုပင် ငယ်စဉ်အစကလေးဘ၀မှစကာမူကြို၊မူလ၊ အလယ်တန်း၊ အထက်တန်းအပြင်
တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့်ဆည်း
ရတာမဟုတ်ပါလား၊ ရန်ကုန်ကိုသွားလိုလျှင် ရန်ကုန်ကိုရောက်သောကားတော့စီးဖို့လိုပါလိပ်မယ်၊ ဘယ်ဘုရားရှင်ကမှ
ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး။ဘုရားအားကိုးပြီး စာမကျက်ပဲနေမည်ဆိုက
ဘယ်လိုနည်းနှင့်မှ မှန်ကန်သောစာမေးပွဲအောင်နိုင်မည်မ ဟုတ်ပါပေ။
ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက်
အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနှင့်
ဖြည့်ကျင့်အားထုတ်ရသေး လျှင် ဘုရားအဖြစ်ကိုမည်သည့်အားထုတ်ဖြည့်ကျင့် ၊ကြိုးစားမှုမှမရှိပဲ
ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုသည်ကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။
ဒကာကြီးဦးနေမျိုးဝေမှ ကုရ်အာန်စာအုပ်မှ
ထုတ်နှုတ်ကာမေးခွန်ထုတ်သကဲ့သို့
ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် အနေဖြင့် အဆင့်မြင့်မြင့်
မေးခွန်းများစွာကိုထုတ်နိုင်မည်ဟုမျှော်လင့်မိ
ပါတယ်ဒကာ။ နောက်ဆုံးအနေဖြင့်ဒကာကြီးကို အကြံပြုမေးလိုသည်မှာ ဗုဒ္ဓမြတ်စွာကဲ့သို့
တိကျရေ ရာသောဒကာကြီးတို့၏ အလ္လာ၏ အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့်
ဗုဒ္ဓဘာသာတွင်ရှိသော သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စသည့် မှန်ကန်တိကျ
အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလော? ဒကာကြီးတို့အနေဖြင့်
အမှန်တရားကိုရှာဖွေတွေ့ရှိကာ
“အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု
ပတ္ထနာပြုလိုက်ပါသည်..။
(မိမိအကျိုး၊အများအကျိုးကို၊သည်ပိုးနိုင်သော
တန်ဖိုးရှိ၊တန်ဖိုးမြင့်၊လူတော်
လူမွန်များ ဖြစ်နိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။
No comments:
Post a Comment