“စည်းလုံးခြင်းသည်အင်အား (ဗုဒ္ဓဘာသာဝင်အားလုံးအတွက်)”
*****************************************
အမျိုး ဘာသာ သာသနာ
မကွယ်ပျောက်အောင် ကာကွယ်နိုင်ဖို့အတွက် အထူးလိုအပ်ချက်တစ်ခုကတော့
ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေးပဲ ဖြစ်ပါတယ်။
စည်းလုံးခြင်းသည် အင်အားဆိုတဲ့ စကားတစ်ခုရှိပါတယ်။ စည်းလုံးမှုကြောင့်
ရရှိလာတဲ့ အင်အားဟာ လောကမှာ အကြီးမားဆုံးအင်အားပဲ ဖြစ်ပါတယ်။
စည်းလုံးညီညွတ်မှု ကြီးမားလေ အ...င်အားကလည်း ကောင်းလေပါပဲ။
နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊
လူမျိုးတစ်မျိုးမှာပဲဖြစ်ဖြစ်၊
ဘာသာတစ်ခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ် စည်းလုံးညီညွတ်မှု
ရှိဖို့ လိုအပ်ပါတယ်။ စည်းလုံးညီညွတ်မှု မရှိရင် အင်အားမရှိတဲ့အတွက်
ကြာကြာမခံဘဲ ပျက်စီးတတ်ပါတယ်။ မြန်မာလူမျိုးများအနေနဲ့ မိမိတို့ အမျိုး
ဘသာကို မကွယ်မပျောက်အောင် ကာကွယ်ဖို့ဆိုရင် စည်လုံးညီညွတ်မှု အင်အားဟာ
မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ယောက်တစ်ပေါက် မဖြစ်ဖို့လိုအပ်သလို
၊သစ္စာဖောက်လောက်ကောင် မဖြစ်အောင်လည်း ဂရုစိုက်ရမည်ဖြစ်၏။
“တာဝန်သိသူက တာဝန်ရှိသလို ရှေ့က ဦးဆောင်လုပ်နေရင် ကိုယ်လည်းနောက်ကနေ
တစ်တပ်တစ်အားပါဝင်ရမည်ဖြစ်၏။
ရှေ့ကလည်းဦးမဆောင် နောက်ကလည်းမလိုက်ဘဲ ဘေးထိုင်၊ ဘိုင်ကျ၊
ဘုစကားပြောခြင်းကို အထူးရှောင်ကြဉ်ရပါမယ်။ တာဝန်မသိတဲ့သူမှာ
တာဝန်မရှိတတ်ပါဘူး။ တာဝန်မရှိဘူးလို့ထင်မှတ်ပြီး ဘာမှမလုပ်ဘဲနေချင်ရင်နေနိုင်ပါတယ်။
ဒါပေမယ့် တာဝန်သိသိနဲ့
အမျိုး ဘာသာ သာသနာတည်တံ့ တိုးတက် ခိုင်မြဲအောင် လုပ်ကိုင်နေသူများကို
အပြစ်ပြောတာမျိုး ရှုံ့ချ ကဲ့ရဲ့ ပြစ်တင်ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။
တစ်ခါတစ်ရံ စဉ်းစားကြည့် အရှေ့ကိုသဲသဲမဲမဲနဲ့ အားသွန်ခွန်စိုက်
တစ်စိုက်မတ်မတ်အားထုတ်လုပ်ကိုင်နေရတဲ့
အထဲ နောက်က သစ္စာဖောက်လောက်ကောင်တွေကို ပြန်ရှင်းပြနေရတာ အလုပ်တစ်ခုဆိုတော့
ရှေ့မရောက်ဘဲ ဖြစ်တတ်လို့ “မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့”
အနူးအညွတ်တောင်းပန်ချင်တာပါ။
တစ်နိုင်ငံလုံး အတိုင်းအတာနှင့်
စည်းလုံးညီညွတ်မှုရှိဖို့ဆိုတာ
အလွန်ကျယ်ဝန်းလှတဲ့အတွက် မပြောလိုပါဘူး။ ဒါပေမယ့်
ကိုယ်နဲ့နီးစပ်ရာမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အချင်းချင်း
စည်လုံးညီညွတ်မှုအင်အားရှိအောင်
တည်ဆောက်သွားကြဖို့ သွေးစည်းညီညွတ်မှုရှိအောင် ပြုလုပ်သွားကြဖို့
တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင်
ကြိုးစားသွားကြဖို့တော့ အထူးပဲ လိုအပ်ပါတယ်။
ဗုဒ္ဓဘာသာဝင်အချင်းချင်း သွေးစည်းညီညွတ်မှုရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့
(၁)။
စုပေါင်းဘုရားဝတ်ပြုခြင်း၊
(၂)။ ဘာသာတူ လူမျိုးတူများနှင့်
ရောင်းဝယ်ဖောက်ကားခြင်း၊
(၃)။ ဘာသာတူ
လူမျိုးတူသူများအချင်းချင်းသာ
ပေါင်းသင်းဆက်ဆံခြင်း
၊ (၄)။ ဘာသာတူ
လူမျိုးတူသူအချင်းချင်းသာ အိမ်ထောင်ပြုခြင်းအချက်တွေဖြစ်ပဲဖြစ်ပါတယ်။
စုပေါင်းဘုရားဝတ်ပြုခြင်းဟာလည်း
အလွန်အရေးကြီးပါတယ်။ အခြားဘာသာဝင်တွေမှာလည်း သူတို့ရဲ့ လူမျိုးနဲ့ဘာသာ
စည်းလုံးညီညွတ်မှုရှိဖို့အတွက်
စုပေါင်းဘုရားဝတ်ပြုတဲ့ အလေ့အကျင့်ကောင်းတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
ဒါကြောင့်မို့လည်း အခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေထက်
ပိုပြီးစည်းလုံးညီညွတ်မှု ရှိကြတာဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ စုပေါင်းဘုရားဝတ်ပြုကြတဲ့ အလေ့အကျင့်ကို ဗုဒ္ဓဘာသာဝင်လူငယ်
လူလတ်ပိုင်းမှစပြီး လူကြီးပိုင်းများတိုင်အောင် နေ့ရက်၊ အချိန်ကာလ၊ နေရာသတ်မှတ်ပြီး
ပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ
စစ်မှန်သော ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။
အချို့ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓနဲ့ပတ်သတ်တဲ့ ဓမ္မရေးရာဆိုင်ရာတွေကို
နှိုက်နှိုက်ချွတ်ချွတ် သိဖို့အပထား၊ ဘုရားရှိခိုးရင် မပါမဖြစ်တဲ့
သြကာသကန်တော့ကျိုးတောင်မှ ဖြောင့်ဖြောင့်တန်းတန်း မရကြပါဘူး။
ငါးပါးသီလ၊ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ ပရိတ်ကြီးဆိုတာကတော့
ဝေးလှဝေးပါပဲ၊အချို့ဆိုရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ မင်္ဂလာတရားဆိုတာ
ဘာကိုဆိုလိုတာမှန်းတောင် မသိကြပါဘူး။ ဒီလိုအပ်ချက်တွေကို အခုပြောခဲ့တဲ့
စုပေါင်းဘုရားရှိခိုးတက်ခြင်းက
အထောက်အကူပေးနိုင်ပါလိမ့်မယ်။
စုပေါင်းဘုရားရှိခိုးတက်ခြင်းကြောင့်
ရရှိလာတဲ့ ဒိဋ္ဌလက်ငင်းအကျိုးကျေးဇူးတွေကတော့
၁။ မိမိကိုယ်မိမိ
ဗုဒ္ဓဘာသာဝင်အဖြစ်ဟု အသိအမှတ်ပြုခြင်း၊
၂။ မရရှိသေးတဲ့
ဘုရားရှိခိုး အမျိုးမျိုးရရှိခြင်း။
၃။ မိမိတို့
ကိုးကွယ်တဲ့ဘာသာတရားကို တန်ဖိုးထားတတ်လာခြင်း။
၎။
လူမျိုးခြား ဘာသာခြားတွေအပေါ် အထင်ကြီးတဲ့စိတ်မရှိဘဲ မိမိတို့လူမျိုးနှင့်
ဘာသာအပေါ် သစ္စာစောင့်သိခြင်း။
၅။
အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်များပြင်းပြထက်သန်ခြင်း။
၆။
ဗုဒ္ဓဘာသာဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း။
၇။
သံသရာကျင်လည်ရာ၌ ကောင်းသောအထောက်အပံ့များကို ရရှိခြင်းစတဲ့ အကျိုးကျေးဇူးများကို
ရရှိနိုင်ပါတယ်။
စုပေါင်းဘုရားရှိခိုးမယ်ဆိုရင် ဘုရားရှိခိုးတက်ဖို့
နေရာဌာနသတ်သတ်မှတ်မှတ် ရှိထားဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့
စုပေါင်းဘုရားရှိခိုးဖို့နေရာဌာန
ခက်ခက်ခဲခဲကြီးမရှိလှပါဘူး။
မလုပ်လို့သာ အခက်အခဲရှိတယ်လို့ ထင်နေကြတာပါ။ တကယ်လုပ်ကြည့်မည်ဆိုပါက
ခက်ခဲလှတဲ့ အရာမဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းတွေ၊
ရပ်ကွက်ဓမ္မာရုံတွေ၊ ဇရပ်တန်ဆောင်တွေ၊ သင်တင့်လျောက်ပတ်တဲ့ အိမ်တွေစတဲ့
နေရာဌာနတွေမှာ ဝတ်ပြုလို့ ရှိခိုးလို့ရပါတယ်။
ဒီစုပေါင်းဘုရားဝတ်ပြုပွဲကို
အိမ်ထောင်ရှင်တွေကိုယ်တိုင်ဦးဆောင်ပြီး
ကိုယ်နဲ့နီးစပ်ရာဝန်းကျင်ရှိ
သားသမီးမြေးမြစ်များကို တစ်ခါတည်းပါအောင် ခေါ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်။
အကြောင်းကြောင်းတွေကြောင့် ဘုရားရှိခိုးပွဲကို မသွားနိုင်တဲ့
အိမ်ထောင်ရှင်များအနေနဲ့ ကိုယ့်အိမ်ရှိ ဘုရားစင်ရှေ့မှာ ကိုယ့်မိသားစုနဲ့
သံပြိုင်ရွတ်ဆိုပူဇော်လို့လည်းရနိုင်ပါတယ်။
စုပေါင်းဘုရားရှိခိုးခြင်းကို
နေ့စဉ်နေ့တိုင်း မပြုလုပ်နိုင်တောင် ဗုဒ္ဓဘာသာဝင်တို့ရဲ့
နေထူးနေ့မြတ်သတ်မှတ်ထားတဲ့ ဥပုသ်နေ့တစ်ရက်ကိုတော့ မဖြစ်မနေ
တက်ရောက်ပူဇော်သင့်ပါတယ်။
အချို့ဘာသာဝင်များဆိုရင်
သူတို့ရဲ့ဝတ်ပြုကျောင်းကို တစ်နေ့ကို ငါးကြိမ်အထိတောင်သွားပြီး
ဝတ်ပြုကြတာတွေရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ အခြားဘာသာဝင်တွေလို
တစ်နေ့ကို ငါးကြိမ်အထိတောင်မဟုတ်ပါဘူး။
တစ်ရက်ကိုတစ်ကြိမ်၊ ဒါမှမဟုတ် တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ မဖြစ်မနေတက်ရောက်သင့်ပါတယ်။ ဒီစုပေါင်းဘုရားရှိခိုးခြင်းကို ဘုန်းတော်ကြီးကျောင်းမှ
ဆရာတော်များ၊ ရပ်ကွက်ဓမ္မာရုံရှိ ဂေါပကလူကြီးများ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ
ဦးဆောင်ကျင်းပမယ်ဆိုရင် ပိုပြီးသင့်လျှော်ပါတယ်။
စုပေါင်းဘုရားရှိခိုးခြင်းကို
ကျင်းပမည့်အချိန်ကို မိမိတို့မြို့ရွာရပ်ကွက်ရဲ့ ကာလ၊ ဒေသအလျှောက်သင့်လျော်တဲ့ အချိန်ကို
သတ်မှတ်ကြဖို့ လိုပါတယ်။
ဗုဒ္ဓဘာသာဝင်အိမ်ထောင်ရှင်များနှင့် မိမိတို့ရဲ့ ရင်သွေးငယ်များ
ဒီနေ့ဒီရက်ဒီအချိန်မှာ ရတနာသုံးပါးကို တူညီစွာအာရုံပြုပြီး
စည်းလုံးညီညွတ်စွာ ဘုရားရှိခိုးကြခြင်း၊ မွန်မြတ်သော ဘာသာရေးလုပ်ငန်းများ
အတူတကွပြုလုပ်ကြခြင်းစတဲ့အချက်တွေဟာ
ဗုဒ္ဓဘာသာဝင်အချင်းချင်းကြားမှာ
စည်းလုံးညီညွတ်မှုရှိအောင် အပြန်အလှန်လေးစားချစ်ခင်မှုရှိအောင် ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဝင်များအားလုံး
လူငယ်ဘဝမှာရော အိမ်ထောင်ရှင်ဘဝမှာပါ ဘာသာရေးနှင့်
ထိတွေ့မှုကင်းဝေးမသွားစေဖို့၊
ဗုဒ္ဓဘာသာကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များလျော့နည်းမသွားစေဖို့၊ အမျိုးဘာသာ၊ သာသနာအတွက်
တန်ဘိုးထားတဲ့ အိမ်ထောင်ရှင်များဖြစ်လာဖို့၊ ဘာသာရေး လူမှုရေး စီးပွားရေး
ကျန်းမာရေး၊ အမျိုးသားရေး၊ ရပ်ရေးရွာရေး၊ စတဲ့ အရေးကဏ္ဍပေါင်းစုံတွေမှာ
အသိပေးသင့်တာကို အလွယ်တကူ အသိပေးခွင့် သင်ကြားခွင့် စည်းလုံးခွင့်ရစေဖို့၊
ကိုယ်ကျင့်သီလများ ကောင်းမွန်လာစေဖို့၊ စိတ်ဓာတ်ရေးရာ အဆင့်အတန်း
မြင့်မားလာစေဖို့ အိမ်ထောင်ရှင်များရဲ့ ဘဝမှာ မမှားသင့်သည်များကို
မမှားရအောင် အစဉ်အမြဲဘာသာရေးနှင့် ထိန်းကျောင်းပြုပြင်ပေးနိုင်ဖို့စတဲ့ မရေမတွက်နိုင်တဲ့ကောင်းကျိုးများ ရရှိနိုင်ပါတယ်။
အဲဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာအရ တစ်လမှာ
လေးသီတင်းဥပုသ်သီလစောင့်ထိန်းတဲ့
ဥပုသ်နေ့တိုင်း ဗုဒ္ဓဘသာဝင်အိမ်ထောင်ရှင်များအားလုံး ဘုန်းတော်ကြီးကျောင်း၊
ဓမ္မာရုံဇရပ်များမှာ စုပေါင်းပြီး ဘုရားရှိခိုးကြတဲ့ အလေ့အကျင့်ကောင်းတွေကို
ကျင့်သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ မသွားရောက်နိုင်သူများအဖို့ မိမိအိမ်ယာမှာ
မိသားစုများနှင့်စုပေါင်းပြီး
ဘုရားရှိခိုင်းခြင်းအမှုကို ပြုလုပ်စေချင်ပါတယ်။ သားသမီးများအား
ငယ်စဉ်တည်းက ဘာသာသွေး အသိများ ရရှိစေရန် ဆုံးမပေးသင့်ပါတယ်။
၂။ ဘာသာတူ လူမျိုးတူများနှင့်ရောင်းဝယ်ကားခြင်းဆိုသည်မှာ စီးပွားရေးအနေထားအရ
မိမိရှာဖွေလို့ရတဲ့ ငွေကြေးနဲ့ မိမိလူမျိုး မိမိဘာသာရောင်းချသည့်ဆိုင်များမှာသာ အားပေးသင့်ပါတယ်။
အလှူဒါနပြုလုပ်တဲ့အခါ (ဒန်ပေါက်)လှူမှ အလှူဒါနမြောက်တာမဟုတ်ပါဘူး။ အခြားဆွမ်းထမင်းရိုးရိုးများကုလှူရင်လည်း ဒါနမြောက်ပါတယ်။
ဒါနမြောက်ဖို့သာအဓိကပါ။ ဒန်ပေါက်လှူမှ မဟုတ်ပါဘူး။ အကယ်၍အလုပ်ကိစ္စများ
ရှုပ်နေ၍ အလွယ်တကူဒန်ပေါက်လှူချင်ပါက
ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်များမှာ အားပေးလိုက်ပါ။ ထိုငွေသည်
မိမိအတွက်ရော မိမိလူမျိုး ဘာသာ သာသနာအတွက် အဆိပ်မသင့်ပါ။ မိမိအပေါင်း
အသင်းမိတ်ဆွေများ အလှူလုပ်ရင်လည်း ထိုသို့အကြံပြုစေချင်ပါတယ်။ ဗုဒ္ဓဘာသာဒန်ပေါက်ဆိုင်လိပ်စာများ ကိုယ်စီကိုယ်ငှ ဆောင်ထားသင့်ပါတယ်။
အနည်းဆုံး ဆိုင်နာမည်နှင့် ဖုန်းနံပါတ်လောက်တော့ မှတ်ထားပေးပါ။
မိမိရဲ့မွန်မြတ်သန့်စင်တဲ့ ငွေကြေးကို မိမိဘာသာ လူမျိုး သာသနာအတွက်
အင်အားဖြစ်စေမည့် ဘာသာတူ လူမျိုးတူသူဆိုင်များမှာသာအားပေးလိုက်ပါ။
(၃)။ ဘာသာတူ
လူမျိုးတူသူအချင်းချင်းသာ ပေါင်းသင်းဆက်ဆံခြင်းဆိုတာက ဘာသာတူ လူမျိုးတူအချင်းချင်း
ပေါင်းသင်းဆက်ဆံမှသာလျှင် မိမိဘာသာ လူမျိုး သာသနာ တည်တံ့ရေး၊ တိုးတက်ရေးကို
ဆွေးနွေးလို့ တိုင်ပင်လို့ ညှိနှိုင်းလို့ရမည်ဖြစ်၏။
အခြားသူများနှင့်ပေါင်းသင်းဆက်ဆံမည်ဆိုပါက
ထိုသို့ညှိနှိုင်း ဆွေးနွေး တိုင်ပင်လို့မရခြင်းဆိုတဲ့ ဆိုးကျိုးတွေ၊
မလိုလားအပ်တဲ့ ပြဿနာတွေတက်.တက်လို့ပါ။
(၄)။
အိမ်ထောင်ပြုတဲ့အခါမှာလည်း ဘာသာတူ လူမျိုးတူဖို့သိပ်ကိုအရေးကြီးတယ်။ ဘသာမတူ လူမျိုးမတူသူနဲ့
အိမ်ထောင်ပြုလိုက်ရင် သားစဉ်မြေးဆက် လူမျိုးများပျောက်ကွယ်သွားနိုင်ပြီး ဗုဒ္ဓဘာသာဦးရေလျော့နည်း
သွားပါလိမ့်မယ်။ မြတ်စွာဘုရားသာသနာတော်က နယ်နယ်ရရမဟုတ်ဘဲ၊ သံသရာတည်းဟူသော
ဝဋ်ဆင်းရဲကပင် လွတ်မြောက်နိုင်တဲ့ နိယျာနိကသာသနာတော်ပါ။
မြတ်စွာဘုရားရှင်ဆိုတာကလည်း
နောင်တစ်ဖန်ဇာတိပဋိသန္ဓေကို ဖြစ်စေတဲ့ ကံတွေ ကိလေသာတွေကို အကြွင်းမဲ့
ပယ်သတ်ပြီး မအို မနာ မသေရာဖြစ်တဲ့ အသင်္ခတနိဗ္ဗာန်နန်းကို
စံမြန်းတော်မူသွားတဲ့ (နိယျာနိက ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်) ပင်ဖြစ်၏။
ထိုနိယျာနိကလို့ခေါ်တဲ့ သံသရာဝဋ်ဆင်းရဲကနေအပြီးအပိုင် လွတ်မြောက်တော်မူသွားတဲ့
နိယျာနိကပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်က တည်ထောင်တော်မူခဲ့တဲ့
နိယျာနိကသာသနာတော်မြတ်ကြီးကို
မိမိရဲ့ အိမ်ထောင်ပြုမှားခြင်းဆိုတဲ့
အမျိုးမစောင့်တဲ့ စည်းကမ်းဖောက်မှုကြောင့် မပျက်စီးပါစေနဲ့။
အရည်အသွေးကောင်းတွေရှိတဲ့ သာသနာတော်ကြီးဆိုတာ ကိုးကွယ်သူအရေအတွက်များများလေလေ အရည်အသွေးကောင်းတွေ
ပေါ်လွင်ထင်ရှားလေလေ၊ ကိုးကွယ်ဆည်းကပ်သူအရေးအတွက်လျော့ပါးသွားရင် အရည်အသွေးကောင်းတွေ
လျော့နည်းတတ်ပြီး နောက်ဆုံးကိုးကွယ်သူမရှိတော့ရင် လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုမမှားဖို့
အနူးအညွတ်တောင်းပန်အသိပေး ရေးသားလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment