****************************************
မြတ်စွာဘုရားရှင်၏
သာသနာတော်ကြီးသည် လွန်ခဲ့သော နှစ်ထောင့်ငါးရာကျော်က (အိန္ဒိယ)နိုင်ငံ၏
အရှေ့ဘက်ဆိုလျှင် မြန်မာပြည်၊ တရုတ်ပြည်၊ မွန်ဂိုလီယားပြည်၊ ဂျပန်ပြည်၊
ကိုရီးယားပြည်၊ နီပေါ၊ တိဗက်၊ ရုရှား၊ အနောက်ဖက်ဆိုလျှင် အာဖဂန်နစ္စတန်၊
တောင်ဘက်ဆိုလျှင် သီဟိုဠ်(သီရိလင်္ကာနိုင်ငံ) ၊ မလေးရှား၊ မာလာယုကျွန်း၊
ဂျာဗားကျွန်း၊ အ...င်ဒိုနီးရှားနိုင်ငံ၊ ယိုးဒယား၊ လာအို၊
ကမ္ဘောဒီယား၊ ဗီယက်နမ် စသည့် တိုင်းပြည်အထိ ဗုဒ္ဓသာသနာတော်ကြီးသည်
ကျယ်ပြန့်စွာ ထွန်းကားခဲ့ပါသည်။
မြတ်စွာဘုရားလက်ထက်က
ဗုဒ္ဓဘာသာနိုင်ငံများသည် မဆင်းရဲခဲ့ပါပေ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး
နှစ်ပေါင်း(၁၇၀၀)လောက်က တစ်ကြိမ်၊ နှစ်ပေါင်း(၂၅၀၀)ခန့်ကတစ်ကြိမ် ကိုယ်ချင်းစာတရားမရှိကြသည့် (အတ္တ) တိရစ္ဆာန်ဝါဒ၊
ကိုလိုနီဝါဒဆိုးဖြင့် စစ်မက်ပြုခြင်းခံရမှုများကြောင့် ဗုဒ္ဓဘာသာနိုင်ငံများ၌ ရုပ်၊
ဝတ္ထုပစ္စည်း များ ဆုံးရှုံးခဲ့ရခြင်းကြောင့် ဆင်းရဲရပါသည်။ လူ လူချင်း
ချစ်ခင်ကြသည့် (ဗုဒ္ဓဘာသာ)တိုင်းပြည်များသည် မွန်မြတ်၍ စိတ်နှလုံးသား
သန့်ရှင်းကြပါသည်။ ဗုဒ္ဓဘာသာနိုင်ငံများကို ရုပ်ဝတ္ထုပစ္စည်းတို့ဖြင့်
တိုင်းတာလျှင် ဆင်းရဲကြ၏။ (ဆင်းရဲခြင်း ချမ်းသာခြင်း) ကို (ဘဝအရည်အသွေး)
ဖြင့်တိုင်းတာပါလျှင် ဗုဒ္ဓဘာသာတိုင်းပြည် များသည် ချမ်းသာကြ၏။ အကြောင်းမှာ
ဗုဒ္ဓဘာသာဝင်များသည် လူကြီးမိဘတို့ကိုလေးစားခြင်း၊ စောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အို
အဘိုးဘွားများကို စောင့်ရှောက်ကြခြင်းများရှိကြ၏။ သူခိုး၊ ဓားပြ၊ လူသတ်မှု၊
လုယက်မှုများ၊ ဂိုဏ်းဂန များဖြင့် တိုက်ခိုက်မှုများ အလွန်နည်းပါး၏။
လင်မယားကွာရှင်းမှုများ စိတ်မချမ်းသာ၍ ကိုယ့်ကိုကိုယ်သတ်သေမှုများ မရှိသလောက်
အလွန်နည်းပါးလှခြင်းကြောင့်
ဘဝလုံခြုံမှုကို ဖြစ်စေသော (ဘဝအရည်အသွေးဖြင့် တိုင်းတာလျှင်
ဗုဒ္ဓဘာသာနိုင်ငံများသည် ချမ်းသာနေကြကြောင်း သိနိုင် ကြပါသည်။
မြတ်စွာဘုရားပွင့်တော်မူရာ (အိန္ဒိယ) နိုင်ငံတော်ကြီးကို မြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာတော်နှစ် (၁၇၀၀) လောက်ရောက်မှ (တူရကီ)နွယ်ဖွား
မွတ်ဆလင်များက စစ်မက်ပြုကာ (အိန္ဒိယ) နိုင်ငံကြီးကို
သိမ်းပိုက်လိုက်ကြသည့်အခါ၌ ထိုတူရကီနွယ်ဖွားတို့သည် (မြတ်စွာဘုရား)၏
အထိမ်းမှတ် စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်း၊ဖျက်ဆီးခြင်း၊၊ ဗုဒ္ဓဘာသာရဟန်းတော်များအား
သတ်ဖြတ်ကြခြင်းတို့ကြောင့် (မြတ်စွာဘုရား)၏ သာသနာတော်သည် အိန္ဒိယ၊
အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ သာသနာတော် ကွယ်ခဲ့ရသည်။
ထိုသို့ ဗုဒ္ဓသာသနာတော်ကြီးအား စစ်မက်ပြု၍ ဖျက်ဆီးခဲ့ ကြသော
တူရကီမျိုးနွယ်စု မွတ်ဆလင်တို့သည် (ဥရောပ) တခွင် (စပိန်)ထိ
သိမ်းပိုက်ခဲ့ကြပြီး ပြင်သစ်နှင့် အင်္ဂလန်ကျွန်းထိ သွားရောက်စစ်မက်ပြုကာ
ဥရောပသားတို့ ကိုးကွယ်သည့် ဘုရားကျောင်းများကို ဖျတ်ဆီးခဲ့ ကြ၏။
ကမ္ဘာပေါ်ရှိ လူအချို့တို့သည် (ဘုရား) ထင်ရှားမရှိသော ကောင်းကင်ဘုံမှ
ဘုရားသခင်ဟူ၍ (တမန်တော်) ဆိုသောသူ၏ ပြောစကားကို ယုံကြည်ပြီး ကောင်းကင်ဘုံက
ဘုရားဟူ၍ ရည်မှန်းကာကိုးကွယ်နေကြသည်။
ထိုသို့ကိုးကွယ်နေကြသော်လည်း
ကောင်းကင်၌ အမြဲတည်နေသော ဘုရားသခင်ကို မြင်ဖူးသူ၊ ထိတွေ့ဖူးသူ ဟူ၍
မရှိကြချေ။ ၄င်းတို့၏ ကျမ်းစာ၊ ကျမ်းဦးတို့၌လည်း ထိတွေ့မှုများ
မပါရှိခဲ့ကြပေ။
ကမ္ဘာပေါ်ရှိ လူအချို့တို့သည် ဘုရားသခင်က
လွှတ်လိုက်သည်ဆိုသော တမန်တော်ဆိုသောသူ၏ ပြောစကားကို ယုံကြည်ပြီး
မမြင်ခဲ့ကြရသည့် ဘုရားကို မှန်းဆ၍ ကိုးကွယ်နေကြပါသည်။ တမန်တော်က
တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းသည် အပြစ်မရှိဟူ၍ ဟောပြောခွင့်ပြုထားပေသည်။
(တမန်တော်)က တိရစ္ဆာန် များကို သတ်ဖြတ်၍ ယစ်ပူဇော်စေခြင်း၊
ခွင့်ပြုထားခြင်းသည် ကိုယ်ချင်းစာနာစိတ်မရှိခြင်းနှင့် လူယဉ်ကျေးမှုအရ ဆိုလျှင် ထိုအယူဝါဒသည်
ကျက်သရေမင်္ဂလာမရှိ၍ နိမ့်ကျ အောက်တန်းကျနေပေသည်။
ထိုထိုသော
အယူဆိုး၊ ဝါဒဆိုးများသည် ယနေ့ခေတ် မျက်မြင်ကိုယ်တွေ့အနေဖြင့်
မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်တစ်လျှောက်မှာ သိသာထင်ရှားစွာ
မြင်တွေ့နေရပေသည်။ မြတ်စွာဘုရား၏ စေတီပုထိုးများ၊
ဘုန်းတော်ကြီးကျောင်းများနှင့်
ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများအား အကြမ်းဖက် တိုက်ခိုက်နေ ကြသည်မှာ
အားလုံးကိုယ်တွေ့ပင်ဖြစ်၏။ မြတ်စွာဘုရားသာသနာနှင့် မြတ်စွာဘုရားရှင်၏
အယူဝါဒများကို ကိုးကွယ်ဆည်းကပ်နေသူ ဗုဒ္ဓဘာသာဝင်များကို
ဖျက်ဆီးနေကြသူများသည် အားလုံးသော ဗုဒ္ဓဘာသာဝင်များ ၏ အကြီးမားဆုံးသော
ရန်သူပင်ဖြစ်၏။ ထိုထိုသော ရန်သူများ၏ အန္တရာယ်များကို တက်ညီလက်ညီ လက်တွဲလျက်
တွန်းလှန်သင့်လှကြောင်း အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment