********************************************************
"(၁) ရတနာသုံးပါးကို ယုံကြည်ခြင်း""
*************************
လူတစ်ဦးတစ်ယောက်သည်
ဗုဒ္ဓဘာသာနှင့်စပ်လျဉ်း၍ ယုံကြည်ရမည့်အချက်များကို ယုံကြည်ပါမှ
ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်နိုင်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး ဖြစ်လိုသူများအတွက် ယုံကြည်ရမည့်
အချက်များမှ လိုရင်းအချက်မျှကု...ိ ရွေးနုတ်ဖော်ပြပါမည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည်
ရတနာသုံးပါး။ ကံနှင့် ကံ၏ အကျိုးတရား မျက်မှောက်လောကနှင့် တမလွန်လောက
စသည်တို့ကို ယုံကြည်ရပေမည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည်
ရတနာသုံးပါးကို ယုံကြည်ရန် အရေးကြီးလှ၏။ ဘုရားအစစ်ဟုတ်သတဲ့လား၊ တရားကကော
မှန်သတဲ့လား၊ သံဃာတော်များကိုလှူဒါန်းခြင်းဟာလည်း အကျိုးများတယ်ဆိုတာ ဟုတ်ရဲ့လား
စသည်ဖြင့် သံသယမပွားသင့်ပေ။ ရတနာသုံးပါတွင် ဂုဏ်တော်များ အသီးသီးရှိ၏။
ယင်းဂုဏ်တော်တို့ကို ဆင်ခြင်သိမြင်၍ ရတနာသုံးပါးကို သံသယကင်းစွာ
ယုံကြည်ရမည်ဖြစ်၏။ ရတနာသုံးပါး ဂုဏ်တော်များကို အကျဉ်းမျှ ဖော်ပြပါဦးမည်။
(က)။ မြတ်စွာဘုရားဂုဏ်တော်(၉)ပါး
*************************
မြတ်စွာဘုရား၌ ဂုဏ်တော်ကိုးပါး၏။ ယင်းဂုဏ်တော်တို့မှာ
အောက်ပါတို့ပင်ဖြစ်သည်။
၁။ ကိလေသာမှ ဝေးကွာခြင်း၊ ကိလေသာရန်သူကို
သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို ဖျက်ဆီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုခြင်း(အရဟံ)ဂုဏ်တော်။
၂။
တရားအားလုံးကို ဆရာမရှိဘဲ ပါရမီစွမ်းအားကြောင့် မိမိအလိုလို မှန်ကန်စွာ
သိတော်မူခြင်း (သမ္မာသမ္ဗုဒ္ဓ) ဂုဏ်တော်။
၃။ အသိဥာဏ်(ဝိဇ္ဇာ)၊
အကျင့်တရား(စရဏ)တို့နှင့်ပြည့်စုံခြင်း
(ဝိဇ္ဇာစရဏသမ္ပန္တွ)ဂုဏ်တော်။
၎။ နိဗ္ဗာန်သို့
ကောင်းစွာသွားတတ်ခြင်း၊ ကောင်းစွာဟောပြောတတ်ခြင်း(သုဂတ)ဂုဏ်တော်။
၅။ သတ္တဝါ(သတ္တလောက)
သတ္တဝါတို့၏ တည်နေရာ(သြကာသလောက) အရာအားလုံးတို့၏ ဖြစ်ပျက်မှု (သင်္ခါရလောက)
ဤလောကအကြောင်းကိုသိခြင်း(လောကဝိဒူ)ဂုဏ်တော်။
၆။ မယဉ်ကျေးသူ၊ ဆုံးမထိုက်သူတို့ကို ယဉ်ကျေး
သိမ်မွေ့အောင်ဆုံးမတတ်ခြင်း
(အနုတ္တရော ပုရိသဒမ္မသာရထိ) ဂုဏ်တော်။
၇။နတ် လူ အားလုံးတို့၏
ဆရာဖြစ်ခြင်း (သတ္ထာဒေဝမနုဿာနံ) ဂုဏ်တော်။
၈။
အမှန်(သစ္စာ)တရား လေးပါးကိုသိခြင်း(ဗုဒ္ဓ)ဂုဏ်တော်။
၉။ ဘုန်းအမျိုးမျိုးရှိခြင်း
(ဘဂဝါ)ဂုဏ်တော်။
မြတ်စွာဘုရားသည်
ဤဂုဏ်တော်ကိုးပါးနှင့်ပြည့်စုံတော်မူသလို
အခြားဂုဏ်တော်များလည်း မြတ်စွာဘုရားထံတွင် ရှိနေပေသေးသည်။
ဝီရိယကောင်းမြတ်ခြင်း၊ မဟာကရုဏာတော်ကြီးမားခြင်း၊ ရိုးဖြောင့်ခြင်းစသော
သာမန်ဂုဏ်တော်များသည် မြတ်စွာဘုရားအတွက် အသေးအဖွဲ ပမာဏ မပြောပလောက်သည့်
ဂုဏ်မျှသာဖြစ်ပေသည်။
"(ခ) တရားတော်မြတ်ဂုဏ်တော်(၆)ပါး"
************************
ထို့ပြင်တရားတော်မြတ်၏ ဂုဏ်များရှိသေး၏။
၁။မြတ်စွာဘုရားက
ကောင်းစွာဟောကြားထားခြင်း(သွာက္ခာတ)ဂုဏ်တော်။
၂။ ကျင့်ကြံသူများအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်
ရှုမြင်နိုင်သည့်စွမ်းအားရှိခြင်း
(သန္ဒိဋ္ဌိက) ဂုဏ်တော်။
၃။ ရှုပွားနေသော ယောဂီအတွက် မဂ်ပြီးလျှင်
ဖိုလ်တရားသည် အချိန်မဆိုင်းဘဲ ဖြစ်ပေါ်နိုင်ခြင်း (အကာလိက)ဂုဏ်တော်။
၎။”လာလော့ လက်တွေကျင့်ကြံလော့” ဟုတရားတော်နှင့်ပတ်သတ်၍
ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ခံနိုင်ခြင်း
(ဧဟိပဿိက)ဂုဏ်တော်။
၅။ မိမိသန္တာန်၌ အစဉ်အမြဲကပ်၍
ဆောင်ထားသင့်ခြင်း(သြပနေယျိက)ဂုဏ်တော်။
၆။ မဂ် ဖိုလ် နိဗ္ဗာန်တရားအရသာကို အရိယာ သူတော်ကောင်းတို့သည် အသီးသီး
လက်တွေ့ခံစားနိုင်ခြင်း (ပစ္စတ္တံဝေဒိတဗ္ဗ)ဂုဏ်တော်။
"(ဂ)သံဃာ့ဂုဏ်တော်(၉)ပါး"
******************
ထို့ပြင် သံဃာတော်၏
ဂုဏ်တော်များမှာလည်း အောက်ပါအတိုင်း သိရ၏။
၁။ကောင်းသောအကျင့်ရှိခြင်း(သုပ္ပဋိပန္တွ)
ဂုဏ်တော်။
၂။ ဖြောင့်မတ်စွာ ကျင့်ကြံခြင်း(ဥဇုပ္ပဋိပန္တွ)ဂုဏ်တော်။
၃။
နိဗ္ဗာန်ရောက်ရေးအတွက် ကျင့်ခြင်း(ဉာယပ္ပဋိပန္တွ)ဂုဏ်တော်။
၎။ လောကုတ္တရာတရားနှင့်အညီ
ကျင့်ခြင်း(သာမီစိပ္ပဋိပန္တွ)ဂုဏ်တော်။
၅။ အဝေးကဆောင်ယူလာသည့် ပစ္စည်းကိုပင်
ခံယူထိုက်ခြင်း(အာဟုနေယျ)ဂုဏ်တော်။
၆။ဧည့်သည်အတွက် အထူးစီမံထားသော ပစ္စည်းကိုပင်
အလှူခံထိုက်ခြင်း(ပါဟုနေယျ)ဂုဏ်တော်။
၇။ ကောင်းမွန်မြင့်မြတ်သော အလှူကို ခံယူထိုက်ခြင်း(ဒက္ခိဏေယျ)ဂုဏ်တော်။
၈။ လက်အုပ်ချီမိုး
ရှိခိုးခြင်းကို ခံထိုက်ခြင်း(အဉ္ဇလိကရဏီယ)ဂုဏ်တော်။
၉။ လူအပေါင်းတို့၏
ဒါနမျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေကောင်းပမာဖြစ်ခြင်း (အနုတ္တရံပုညက္ခေတ္တံ
လောကဿ) ဂုဏ်တော်။
ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူမည့်သူ၊ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီးသူ၊ ဗုဒ္ဓသာဝင်ဖြစ်နေသူတစ်ယောက်သည် ဤသို့သော ရတနာသုံးပါး ဂုဏ်တော်များကို
သိမြင်ပြီး ရတနာသုံးပါးကို မြတ်နိုးအားကိုးဖွယ်အဖြစ် ယုံကြည်ရမည်ဖြစ်သည်။
အခြားယုံကြည်ရမည့်အချက်များကျန်ပါသေးသည်။
ထိုအချက်များကို ဆက်လက်ရေးသား ဖော်ပြပါဦးမည်။
မှတ်ချက်။
။ (၉၆၉) ဆိုတာ ဘာလဲဟု မေးနေသူများ အထက်ပါအချက်အလက်များကို
ကျက်မှတ်ထားကြကုန်။ ဂုဏ်နဲ့ဒြပ်နဲ့၊ အဆင့်နဲ့အတန်းနဲ့ တိတိကျကျ
မှန်မှန်ကန်ကန် နောက်ခံ သမိုင်းများအထင်အရှားရှိနေသော ဘာသာ၊ မည်သူမဆို စမ်းသပ်နိုင်တဲ့ အစမ်းသပ်ခံ
တရားဓမ္မများရှိနေသော ဘာသာ၊ ထို့ကြောင့် အထက်ပါအချက်အလက်များကို
အရကျက်ထားပြီး မသိသေးသူများအား တဆင့်ပြန်လည် ရှင်းပြ ပေးကြပါရန်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment