၉၆၉+ ဝန်ဆောင်မှု + ဝီရိယ
********************************
၉၆၉ကိုထောက်ခံတဲ့ပို့စ်လေးသွားတွေ့တော့ ဧရာဝတီတိုင်းဘက် ဝန်ထမ်းတွေနဲ့
ခရီးသွားတော့ကြုံရတာလေးဖောက်သယ်ချချင်စိတ်ပေါက်မိတယ်
စသွားသွားချင်း ၁၀၅မိုင်ကားဝန်းမှာ
ကားရပ်တော့
ကိုယ့်ရွှေမြန်မာဆိုင်မှာ
အားလုံးကိုအားပေးခိုင်းတာပေါ့
ကားပေါ်မှာခြေမလေးကွဲသွားလို့
ဆိုင်မှာအကူညီတောင်းပြီး
ဆေးနဲ့ပလာစတာလေးများရှိမလားဆိုပြီးမေးကြည့်တာ ကျွန်တော်တို့ဆိုင်မှာ
မထားဖူးဆိုတဲ့
တိုတိုတုတ်တုတ်အဖြေကိုကြားရပြီဘယ်ဆိုင်ရနိုင်မလဲမေးတော့
အစွန်ကမုတ်ဆိပ်ဆိုင်လို့အွန်လိုင်းမှာနာမည်ကြီးတဲ့ဆိုင်ညွှန်လို့
ဆေးပေါင်းစုံရှိသဗျာ စုံတာမှအင်္ဂလိပ်/ဗမာဆေးဆိုင်တောင်ဖွင့်လို့ရသဗျ
ဆိုင်ရှင်ကိုယ်တိုင်တောင်လာရောင်းပေးသဗျ
ဈေးကတော့ကြီးချက်ဆေးကြီးသက်သက်ရောင်းရကြည့် ၁နှစ်အတွင်းတိုက်ဆောက်လောက်ကဲ့
ဧရာဝတီတိုင်းဘက်ရောက်တော့
ကားဆရာရပ်ပေးတဲ့ဆိုင်က ၉၆၉
တံဆိပ်ကပ်ထားတော့အားပေးကျိုးနပ်ပါတယ်လေလို့ တွေးမိလို့မဆုံးသေးဘူး
အစားသောက်ကညံ ဝန်ဆောင်မှုကသုည
လစာနည်းနည်းနဲ့အလုပ်များများပေးခံရတဲ့ ဝန်ထမ်းတွေရဲ့ ထုံးစံအတိုင်း
စားသုံးသူအပေါ် စေတနာဆိုတာသိပ်မမြင်ရ
အစားသောက်မှာတာကိုပင်
မနည်းခေါ်ရပြီး အပိုထပ်မှာမိရင်သိပ်မကြည်ဖြူချင်
ဆိုင်ရှင်ကတော့ ဂျာနယ်ဖတ်မပြက်
အမျိုးကိုတော့ချစ်ပါရဲ့
အပြန်ဒီဆိုင်မျိုးတော့မဝင်ဖို့ ကားဆရာကိုသတိပေးရတယ်
ဒါပေမယ့်တတ်နိုင်သလောက်
ကိုယ့်ဗမာဆိုင်ပဲအားပေးပါတယ်
ချောင်းသာမှာကျတော့ ကမ်းခြေကပ်လျက်က ကိုယ့်ဗမာပိုင်လို့ယူဆရတဲ့
ဟိုတယ်မှာတည်းပါတယ် ဝန်ဆောင်မှုကောင်းသလားမမေးနဲ့
အခန်းထဲက
ခြေသုတ်ခုံမှာဖုန်တွေကမလာခင်ကြိုလင့်နှင့်လို့
မြန်မာဝတ်စုံနဲ့အခန်းထိန်းသိမ်းတဲ့ကလေးမကိုပြောလိုက်မိပါတယ်
တံမြက်စီးတချောင်းလာချပေးတော်မူလို့ ဟိုတယ်မှာကိုယ်တိုင်အမှတ်တရ
လှဲလိုက်ပါတယ် နောက်တနေ့မနက်
ကိုယ်တွေကဘူဖေးကနည်းနည်းပဲ
စားပြီးကမ်းခြေလမ်းလျောက်မလို့လုပ်တုန်းရယ်
ကိုယ့်ဆီကဝန်ထမ်းတွေနဲ့ဟိုတယ်ကဝိတ်တာလေးတွေကတောက်ကဆဖြစ်တာကြားလို့မေးကြည့်တော့
ဘူဖေးထည့်စားတာကုန်အောင်မစားတဲ့ဝိုင်းကို တယောက်၁၅၀၀နှုန်းကောက်လို့
ကိုယ့်ဝန်ထမ်းတွေကလည်းမပေးနိုင်ဘူးဆိုပြီး ဖြစ်ကျတာတဲ့
(ဘယ်သူမှားမှားမှန်မှန်ပါ ဘုရားစူး ဘူဖေးမကုန်လို့ပိုက်ဆံကောက်
ဒီတခါပဲကြုံဖူးတယ်) ကြုံတာတွေများတော့မှ တခုစဉ်းစားမိတာက
လူမျိုးခြားတွေဘာလို့အောင်မြင်လည်း
ဝန်ဆောင်မှုနဲ့ပြည့်စုံမှုက
ဖောက်သည်အပေါ်ဘယ်လောက်တာသွားလည်းဆိုတဲ့ အချက်ကိုသူတို့သိထားလို
ဝန်ဆောင်မှုကောင်းကောင်းပေးကျတယ် ကိုယ့်ဗမာများကလည်း
လှေထိုးကြီးရိုးရိုးမလုပ်ပဲ ဝန်ဆောင်မှုကိုမြှင့်တင်ကျရင်
လူမျိုးခြားဆိုင်တွေထက် ပိုအောင်မြင်ကျမှာပါ
ဆီရောင်းတာအောင်မြင်တဲ့ မိတ်ဆွေတယောက်ပြောဖူးတယ်
ကျုပ်အရင်စလုပ်တုန်းက နေ့ရောညရောရောင်းတယ်
ဆီကားတွေကို
ညပါချခိုင်းတယ်အခု
ဖောက်သည်တွေများလို့
အရင်လိုညဖက်ရောင်းစရာမလိုတော့ဘူးတဲ့ ဆီကားတွေလည်းညဖက်မဝင်ခိုင်းတော့ဖူးတဲ့
ကဲ သူနေရာမှာလူမျိုးခြားဆို ဒီလောက်ရောင်းရမှတော့ ဝန်ထမ်းတွေနေ့ ည
၂ဆိုင်းထားပြီးဒီထက်ကြီးထွားအောင်လုပ်တော့မပေါ့
(ကိုယ့်လူမျိုးများရောင့်ရဲလွယ်လိုက်တာ) ဒါကြောင်ကိုယ့်ရွှေမြန်မာတွေ
အမျိုး ဘာသာ သာသနာကို ၉၆၉နဲ့
ကာကွယ်ဖို့ကြိုးစားကျမယ်ဆိုရင်ဖြင့်လည်း ၉၆၉စတေကာကပ်တဲ့ဆိုင်တွေမှာ
၉၆၉ + ဝန်ဆောင်မှု+ ဝီရယ ဆိုတာလေး ထည့်ပေးရင်ပိုကောင်းမယ်လို့
မဖြစ်ညှစ်ကျယ်ဥာဏ်လေးနဲ့အကြံပြုလိုက်ပါတယ်ဗျာ
မှတ်ချက်။.
။ကိုယ်တွေ့ဖြစ်ရပ်များဖြစ်ပြီးဆိုင်နာမည်များကတော့
ပုဂ္ဂိုလ်ရေးမထိခိုက်အောင်မရေးလိုက်ပါ။
No comments:
Post a Comment