Friday, May 24, 2013

ယနေ့သင့်လက် နောက်ရက် သူ့မှာ ဤမြန်မာ

ယနေ့သင့်လက် နောက်ရက် သူ့မှာ ဤမြန်မာ



တိုင်းပျောက်မည့်ဘေး၊ မမျှော်တွေးပဲ

ငွေးကြေးရှေးရှု၊ ကိုယ်ကျိုးစု

ဘယ်သူ့ဖြစ်ဖြစ်ရောင်း….။



မျိုးပျက်မည့်ဘေး၊ ရှည်မတွေးပဲ

ပျော်ရေးရွှင်မှု၊ အလေးပြု

ဘယ်သူ့ဖြစ်ဖြစ်ပေါင်း….။



ဘာသာပျက်ဘေး၊ ငင်မတွေးပဲ

ဝမ်းရေးတစ်ခု၊ လုံအောင်ပြု

ဘယ်သူ့ဖြစ်ဖြစ်တောင်း….။



ယနေ့မြန်မာ၊ စစ်မျက်နှာကား

ပတ်ချာလည်ဝိုင်း၊ အတိုင်းတိုင်းတို့

ရိုင်းစိုင်းယုတ်မာ၊ အဘိဇ္ဈာဖြင့်

ပိတ်ကာသိမ်းသွင်း၊ (နှိပ်ခြေနှင်း) စည်းရုံးခြင်း

ခြေချင်းလိမ်နေပြီ။ ။

                 (မဟာဗောဓိမြိုင်ဆရာတော်)


တိုင်းပျောက်မည့်ဘေး၊ မမျှော်တွေးပဲ
ငွေးကြေးရှေးရှု၊ ကိုယ်ကျိုးစု
ဘယ်သူ့ဖြစ်ဖြစ်ရောင်း….။
 
မျိုးပျက်မည့်ဘေး၊ ရှည်မတွေးပဲ
ပျော်ရေးရွှင်မှု၊ အလေးပြု
ဘယ်သူ့ဖြစ်ဖြစ်ပေါင်း….။

ဘာသာပျက်ဘေး၊ ငင်မတွေးပဲ
ဝမ်းရေးတစ်ခု၊ လုံအောင်ပြု
ဘယ်သူ့ဖြစ်ဖြစ်တောင်း….။

ယနေ့မြန်မာ၊ စစ်မျက်နှာကား
ပတ်ချာလည်ဝိုင်း၊ အတိုင်းတိုင်းတို့
ရိုင်းစိုင်းယုတ်မာ၊ အဘိဇ္ဈာဖြင့်
ပိတ်ကာသိမ်းသွင်း၊ (နှိပ်ခြေနှင်း) စည်းရုံးခြင်း
ခြေချင်းလိမ်နေပြီ။ ။
 
(မဟာဗောဓိမြိုင်ဆရာတော်)

No comments:

Post a Comment