တွေ့ဆုံရာ ကမ္ဘာ
Monday, May 20, 2013
" လူမျိုးယုတ် မဖြစ်စေနဲ့ "
စဉ်းစားကွယ် ချစ်နှမ
ချစ်ခွန်းခြွေ အလိမ်ညာပါ
...
နားဝင်ချိုအောင် ပြောကြားသမျှ
အယုံလွယ် ငွေမက်ကြလျှင်
ပြည်ဖျက်မ ဖြစ်လိမ့်မယ်။
မုသားတွေ တွင်တွင်သုံး
မင့်ကိုလေ အချစ်ဆုံးလို့ သူဆို
မရခင် ချစ်သောခင် အလိုကျ
ဗုဒ္ဓကို ဦးတွေချလို့
သြကာသတောင် သူရွတ်ပြလိမ့်
စိတ်မချလေနဲ့ကွယ်။
ဒီပြည်ထောင်စုက သမီးပျို
ငွေပေးလျှင် သူလိုရာယိမ်း
အင်မတန် အလွယ်ကိန်းလို့
ပြည်သိမ်းစစ် ထိုးကွက်ဆင်
ကလိမ်ကကျစ်မှာ သူဘုရင်ပဲ
အဝေးက ရှောင်လွဲကြ ညီမငယ်......
လူစိတ်ပျောက် သူတို့ရဲ့
လက်နက်မဲ့ နယ်ချဲ့ဗျူဟာ
လူလူချင်း မြိုသွားဖို့ပါဘဲ.......
သားမယားတွဲလွဲနဲ့ မျက်နှာထားချို
အချစ်ပိုတယ် မထင်နဲ့အုံး
ဒီပြည်ကို အဆုံးစီရင်ထုံးဖွဲ့ဖို့ပဲ ညီမငယ်......
အမျိုးချစ်စိတ်ကို ထိန်း
မိစ္ဆာကောင် ရှောင်ကာတိမ်းပါ
စကားမွမွ ကားလှလှလေးတွေနဲ့ လာချုပ်
လူယုတ်ကို ငွေကြောင့် ဆက်ဆံရေးမလုပ်နဲ့
လူ့ပြည်မှာ လူမျိုးယုတ်လိမ့်မယ် ညီမငယ်......
သုခိန်(ဗုဒ္ဓတက္ကသိုလ်)
ပူးတွဲပါပုံကတော့ စင်္ကာပူက မျိုးဖျက်မပါ
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment