အမျိုးသားရေး နှင်.လူ.အခွင်.အရေး
ဘူးသီးတောင်နှင်.မောင်တောမှ ဘင်္ဂလီများ အိမ်ထောင်စုတစ်စုလျင်ကလေးနှစ်ဦးသာယူခွင်.ပြုသည်.ဒေသန္တရအမိန်.သည်လူ.အခွင်.အရေးနှင်.ဆန်.ကျင်နေသဖြင်.လက်မခံနိုင်ကြောင်း ၂၀၁၃ မေ ၂၇ရက်
နေ.က တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပသော
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဗဟိုကော်မတီအစည်းအဝေးတွင်
ဒေါ်အောင်ဆန်းစုကြည်ကသတင်းထောက်များအား
ပြောကြားလိုက်သောအခါ တစ်နိုင်ငံလုံးပွက်လောရိုက်ကုန်...လေသည်
။
မြန်မာနိုင်ငံသားတော်တော်များများကဒေါ်အောင်ဆန်းစုကြည် ယခုအချိန်တွင်
ဒီစကားမျိုးပြောတာကို အံ.သြကြသည် ။တစ်ချို.ကလည်း ဒေါ
်အောင်ဆန်းစုကြည်အနေဖြင်. ဤစကားမျိုးကိုမပြောကြားသင်.ဟုထင်မြင်ယူဆကြသည် ။ အချို.ကလည်း ဒေါ
်အောင်ဆန်းစုကြည် အနေဖြင်. မပြောလဲ ဘာမှမဖြစ်သည်.အချိန်တွင် ဘာကြောင်.
လူမုန်းခံပြီး ဒီလိုပြောပါလိမ်.ဟု မချင်.မရဲဖြစ်ကြသည် ။ NLD ကို
ထိုးနှက်ရန် နိုင်ငံရေးတိုက်ကွက်ရှာနေသော ဆန်.ကျင်ဘက် ပါတီများကလည်း ၂၀၁၅
ရွေးကောက်ပွဲတွင် လက်ညှိုးထိုးထောက်ပြစရာ အကွက်ကောင်းတစ်ခုရသွားလေသည် ။
ကျွန်တော်ကတော. ဒေါ်အောင်ဆန်းစုကြည် ဤကဲ.သို. ပြောကြားသည်
ကိုမအံ.သြပါ ။ ဒင်္ဂါးပြားတစ်ခု၌ ခေါင်းနှင်.ပန်းဟူ၍ နှစ်ဘက်ရှိရာ
ခေါင်းဘက်မှသက်သက်ကြည်.သူသည် ခေါင်း ကိုသာမြင်မည်ဖြစ်ပြီး
ပန်းဘက်မှကြည်.သူသည် ပန်းကိုသာ မြင်မည် ဖြစ်သည် ။ ထို.အတွက်
သူဘာမြင်သည်ဆိုသည်ကိုမအံ.သြပါ ။ သူဘယ်နေရာကရပ်ကြည်.သလဲဆိုတာကသာအဓိကကျပါသည် ။
အမှန်တရားဆိုသော်လည်းတစ်ခါတစ်ရံတွင်
ကြည်.သူကိုလိုက်၍ ဘက်နှစ်ဘက်ရှိပါသည် ။ ဒေါ
်အောင်ဆန်းစုကြည်ရပ်သည်.ဘက်မှကြည်.သောအခါ
လူ.အခွင်.အရေးဆိုသော ဒင်္ဂါးခေါင်းကိုတွေ.ရမည်ဖြစ်သည် ။ သို.သော်
ပြည်သူလူထုဘက်ကကြည်.သောအခါ အခြား မြင်ကွင်းတစ်ခုရှိနေပေသေးသည် ။
ရခိုင်တွင် ဘင်္ဂလီများ၏ လူဦးရေမွေးဖွားနှုန်းကို ကန်.သတ်ထားခြင်းမှာ
လူ.အခွင်.ရေးရှုထောင်.မှကြည်.လျင်
တရားမျှတမှု မရှိပါဟုဆိုခြင်းမှာမှန်ကန်ပါသည် ။ ဤကမ္ဘာကြီး၌ မည်သူမဆို
မိမိကျွေးမွေးနိုင်မည်ဆိုပါက မည်ရွေ.မည်မျှဟုမကန်.သတ်ပဲ
ကြိုက်သလောက်သားသမီးယူပိုင်ခွင်.ရှိရမည်မှာ
လူတစ်ယောက်၏ မွေးရာပါအခွင်.အရေးဖြစ်သည် ။ ဤသည်ကိုတားဆီးပိတ်ပင်ခြင်းသည်တရားမျှတမှုမရှိရာရောက်ပါသည်ဤကားလူ.အခွင်.အရေးရှုထောင်.သက်သက်မှကြည်.သောအခါ မြင်ရမည်.အမြင်ဖြစ်သည် ။
်အောင်ဆန်းစုကြည်သည် ဤ ရှုထောင်.မှု ကြည်.၍ ဝေဖန်သုံးသပ်ခြင်းဖြစ်၍
သူ.အမြင်နှင်.သူ မှန်ကန်ပေသည် ။
သို.သော် ဤကမ္ဘာကြီး၌
လူ.အခွင်.အရေးနှင်.တန်းတူ ကမ္ဘာ.နိုင်ငံအသီးသီးကအလေးထားသော အရာတစ်ခုမှာ အမျိုးသားအကျိုးစီးပွား (
National Interest ) ဖြစ်ပေသည် ။ တစ်ခါတစ်ရံ နှုတ်မှ ဖွင်.ဟမပြောကြသော်လည်း
အမျိုးသားအကျိုးစီးပွားကို လူ.အခွင်.အရေးထက်ပို၍ အလေးထား ကြသည်ကိုလည်း
ကမ္ဘာ.နိုင်ငံအသီးသီး၏အစိုးရများ၏
ဆုံးဖြတ်ချက်များတွင် မကြာခနတွေ.ရလေသည် ။ ကိုယ်.နိုင်ငံအတွက်အကျိုးရှိမည်ဆိုလျင် လူ.အခွင်.ရေးစံချိန်စံနှုန်းများကို ကျော်လွန်ဆုံးဖြတ်ခဲ.တာတွေလည်းသာဓကအလီလီရှိခဲ.ပြီးသားဖြစ်သည် ။
ဥပမာအားဖြင်. အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် လိုအပ်လျင် နိုင်ငံသားတို.၏
တယ်လီဖုန်းကိုကြားဖြတ်နားထောင်ပိုင်ခွင်.
။
တရုတ်ပြည်သူ.သမ္မတနိုင်ငံ၏
ရှည်လျားလှသောသမိုင်းကြောင်းတွင်နိုင်ငံ၏
ကြီးမားထူထပ်သောလူဦးရေကြောင်. ဆင်းရဲမွဲတေမှု သံသရာမှ မထွက်နိုင်ပဲ
နိုင်ငံတော်၏တိုးတက်ရေးကို အန္တရာယ်ပေးခြိမ်းချောက်နေ သဖြင်.
တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒ ( One family One Child Policy )
မှစတင်ကာချမှတ်ခဲ.သည် ။ လူ.အခွင်.အရေးရှုထောင်.မှ ကြည်.လျင်
သန်းပေါင်းများစွာသော တရုတ်မိသားစုများ၏ သဘာဝကပေးထားသော အခွင်.အရေးကို
အစိုးရက ချိုးဖောက်ခြင်းဟုစွပ်စွဲနိုင်သော်လည်း တစ်နိုင်ငံလုံးရှိ
တရုတ်နိုင်ငံသားများ၏ရေရှည်အကျိုးအတွက်
ဤကိစ္စမှာ တရုတ်၏ အမျိုးသားအကျိုးစီးပွား ( National Interest ) ဖြစ်သည် ။
ထို.ကြောင်.သူ.နိုင်ငံသားများရေရှည်တွင်
ရိက္ခာဖူလုံရေး ၊ ရေရှည်ဖွံ.ဖြိုးတိုးတက်ရေး အတွက် ဘယ်သူတွေဘာပဲ
ဝေဖန်သည်ဖြစ်စေ တရုတ်အစိုးရက ပြတ်ပြတ်သားသား ကျင်.သုံးခဲ.ခြင်းဖြစ်သည် ။
တရုတ်အစိုးရ၏အဆိုအရ ၁၉၈၀ နှင်. သက္ကရာဇ် ၂၀၀၀ ခုနှစ်အတွင်း
အနှစ် ၂၀ ကာလအတွင်းဝယ် ဤ စနစ်၏ ကောင်းကွက်ကြောင်. လူဦးရေ သန်း(၂၅၀ )
ကိုတိုးပွားမလာအောင် ဟန်.တားနိုင်ခဲ.ကြောင်းကြေငြာခဲ.သည် ( အချို.လေ.လာသူများက လူဦးရေ သန်း
၁၀၀ ခန်.ကို သာ တိုးပွားမလာအောင်ဟန်.တားနိုင်ခဲ.သည် ဟုဆိုကြသည် ) မည်သို.ဆိုစေ
လူပေါင်းသန်း ၁၀၀ ခန်.ပေါ်ပေါက်မလာအောင်တားဆီးနိုင်ခြင်းပင်လျင် ကြီးမားသော
ရလာဒ်ကြီးတစ်ခုဖြစ်သည် ။လူ.အခွင်.ရေးရှုထောင်.မှကြည်.လျင် ချိုးဖောက်မှုဖြစ်သော်လည်း
အမျိုးသားအကျိုးစီးပွားရှုထောင်.မှ
ကြည်.လျင် သူ.နိုင်ငံအတွက် မှန်ကန်သောလုပ်ရပ်ဖြစ်သည် ။ ဤအပြုအမူအတွက်
လူ.အခွင်.အရေးလှုပ်ရှားသူများကဝေဖန်ကြသော်လည်း
တရုတ်အစိုးရက မယိမ်းမယိုင်သူ.မူဝါဒကိုဆက်လက်အကောင်အထည်ဖော်လာသောအခါ
ကမ္ဘာကြီး၏ဝေဖန်သံမှာ တဖြည်းဖြည်းအားပျော.သွားကာ
တရုတ်အားနိုင်ငံတကာအသိုင်းအ၀ိုင်းက
ဝိုင်းပါယ်ဖို.ကိုဝေးစွ ဘေဂျင်းအိုလံပစ် လိုနိုင်ငံတကာ
အားကစားပြိုင်ပွဲကြီးတစ်ခုကိုပင်
ကျင်းပခွင်.ပေးခဲ.သည်အထိတရုတ်ကိုလိုက်လျောခဲ.ကြပေသည်
။ တရုတ်၏ လုပ်ရပ်ကိုထောက်ခံဖော်ပြနေခြင်းမဟုတ်သော်လည်း နိုင်ငံတိုင်းသည်
မိမိနိုင်ငံ၏ အကျိုးစီးပွားကိုပထမ ၊ လူ.အခွင်.အရေးကိုဒုတိယနေရာမှထားကာဖော်ဆောင်နေကြောင်း ပြောလိုရင်းဖြစ်သည် ။
အချို.ကလည်းတရုတ်သည် ဒီမိုကရေစီနိုင်ငံမဟုတ်ပဲ ကွန်မြူနစ်
နိုင်ငံဖြစ်သောကြောင်.ထိုသို.ထင်ရာစိုင်းသည်ဟု
ဝေဖန်ကောင်းဝေဖန်ပေမည် ။ ထိုကဲ.သို.ဝေဖန်သူများသည် ဒီမိုကရေစီအရာတွင်
ကမ္ဘာ.စံပြနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုကိုလည်းလေ.လာဆန်းစစ်ဖို.လိုပေမည် ။
အမေရိကန်ပြည်ထောင်စုသည် လူ.အခွင်.အရေးနှင်.ပါတ်သက်လာလျင် သမ္မတမှသည် ဆံသဆရာ အဆုံး အားလုံး
အခွင်.အရေးတန်းတူရရှိသောနိုင်ငံဖြစ်သည်
။ အသားအရောင်ခွဲခြားခွင်. ၊ ကျား မ ခွဲခြားဆက်ဆံခွင်. မရှိပါ ။
မြန်မာပြည်မှ အလုပ်ခေါ်စာ ကြော်ငြာများတွင် အရောင်းစာရေး (မ/ နှစ်ဦး )
ရုံးဝန်ထမ်း (ကျား /
တစ်ဦး ) စသည်ဖြင်. ဂျာနယ်ထဲမှ ကြော်ငြာကို ပြသောအခါ
အမေရိကန်တိုးရစ်များသည် စိတ်ဝင်တစားကြည်.လျက် သူတို.နိုင်ငံတွင် ကျား၊မ
ခွဲ၍ ယခုကဲ.သို.ကြော်ငြာထည်.လျင်တရားစွဲခံရမည်ဖြစ်ကြောင်း ၊ မခန်.ချင်ကာမှနေရော
မည်သည်.ရာထူးမဆို ယောက်ကျားများသာ (သို.မဟုတ် ) မိန်းမများသာဟု ခွဲခြားခေါ
်ယူခွင်.မရှိကြောင်းပြောကြပါသည်
။
လူ.အခွင်.အရေးအရ မည်သူတစ်ဦးတစ်ယောက်ကိုမှ
ဝရမ်းမပါပဲဖမ်းဆီးခွင်. မရှိ ၊ တရားမစွဲပဲ ၂၄ နာရီထက်ပို၍
ချုပ်နှောင်ထားပိုင်ခွင်.မရှိပေ
။ ဥပဒေကိုချိုးဖောက်ပါက မည်သူမဆို သမ္မတကိုပင် တရားစွဲဆိုပိုင်ခွင်.ရှိသည် (
အိမ်ဖြူတော် လုပ်အားပေး မော်နီကာလူဝင်စကီး ဆိုသူအမျိုးသမီးက သမ္မတ
ဘီကလင်တန်အား လိင်ကိစ္စ မလျှော်မကန် ထိပါးမှုဖြင်.တရားစွဲခဲ.ဖူးသည် )
ဤ ကဲ.သို.လူ.အခွင်.အရေးအပြည်.အ၀ရှိသော
နိုင်ငံသော် မှ သူတို.နိုင်ငံ၏ တစ်မျိုးသားလုံးနှင်.ဆိုင်သော
အကျိုးစီးပွား ( National Interest ) ကိုထိခိုက်လာသောအခါ လူ.အခွင်.အရေးကို
ဘေးချိတ်၍ တစ်ဘက်လှည်.ဖြင်. အကြမ်းဖက်မှုနှိမ်နှင်းရေးများကိုဆောင်ရွက်လာတော.သည် ။ ဆောင်ရွက်ပုံမှာ
စက်တင်ဘာ ၁၁ ရက် အိုစမာဘင်လာဒင်၏ အကြမ်းဖက်တိုက်ခိုက်မှုကြီးပြီးသည်.အချိန်မှစ၍ အကြမ်းဖက်မှုဖြင်.
မသင်္ကာသော အစွန်းရောက် အစ္စလမ်မစ်စစ်သွေးကြွများကို စီအိုင်အေ
ထောက်လှမ်းရေးသတင်းများအရ တစ်ကမ္ဘာလုံးအနှံ.လိုက်လံဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို.ပို.ကာ
နှစ်ရှည်လများထောင်သွင်းအကျဉ်းချထားပါသည်
။ အမေရိကန်ပြည်ထောင်စု၏ ဖွဲ.စည်းပုံဥပဒေအရ မည်သူ.ကိုမဆို အမေရိကန်နိုင်ငံ
နယ်နိမိတ်အတွင်း တရားမစွဲပဲ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခွင်.မရှိသောကြောင်. ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ
အမေရိကန်ပြည်ထောင်စု၏ နယ်နိမိတ်ပြင်ပတွင် အကျဉ်းစခန်းများဆောက်ကာ
အကြမ်းဖက်သမားဟုမသင်္ကာသူများကို နှစ်၇ှည်လများဖမ်းဆီးချုပ်နှောင်ထားပါသည် ။
အမေရိကန်ပြည်ထောင်စု၏တရားစီရင်ပိုင်ခွင်.နယ်နိမိတ်ပြင်ပဖြစ်၍
ဂျီနီဗာ ကွန်ဗန်းရှင်းကိုလည်းလိုက်နာစရာမလိုဟု အကြံပေးကြပါသည် ။ကျူးဘား ရှိ
ဂွာတာနာမိုအကျဉ်းစခန်းမှာ ထိုသို.သော နာမည်ကျော် အကျဉ်းစခန်းဖြစ်ပါသည် ။
၂၀၀၂ ခုတွင်သမ္မတ ဂျော.ဘုရှ် ၏ အမိန်.ဖြင်.ဂွာတာနာမိုပင်လယ်အော်ရေတပ်စခန်း၌ စတင်တည်ထောင်ခဲ.သည် ။ ၂၀၁၃
မတ်လအထိ ဂွမ်တာနာမိုအကျဉ်းစခန်း၌ အကျဉ်းသားပေါင်း ၁၆၆ ယောက်ကျန်ရှိနေသေးသည်
။
ဂွမ်တာနာမိုတွင် မူဆလင်များကို ထိုသို.
ရုံးတင်စစ်ဆေးခြင်းမပြုပဲ ဥပဒေမဲ.ဖမ်းဆီး နှိပ်စက် စစ်ဆေး
အကျဉ်းချထားခြင်းသည် လူ.အခွင်.အရေးကိုအကြီးအကျယ်
ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်လည်းသိပါသည် ။ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးကြီးဘန်ကီမွန်းလည်းသိပါသည်
။ အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ.
( OIC ) လဲသိပါသည် ။ ကုလသမဂ္ဂလူ.အခွင်.အရေးကိုယ်စားလှယ် သောမတ် ကန်တားနားလည်းသိပါသည်
။ဥရောပသမဂ္ဂလည်းသိပါသည် ။ဘင်္ဂလားဒစ်ရှ်အစိုးရလည်းသိပါသည် ။ သို.သော်
စူပါပါဝါအမေရိကန်ဖြစ်နေသဖြင်.မည်သူမျှမပြောရဲပါ
။ဝေဖန်သံတို.ထွက်မလာပါ ။မသိချင်ယောင်ဆောင်နေကြပါသည် ။
ဂွမ်တာနာမိုအကျဉ်းစခန်းတွင် နှစ်အကန်.အသတ်မရှိ အကျဉ်းကျခံနေရသော
အကျဉ်းသားများ ( အများအားဖြင်. မူဆလင်အကျဉ်းသားများ) သည်
အမေရိကန်၏လုပ်ရပ်ကိုမခံနိုင်ကြသည်.အဆုံး
၊ မည်သည်.နိုင်ငံကမှ သူတို.အတွက်ဝင်ပြောမပေးကြသည်.အဆုံး သူတို.ဘာသာပင် ကိုယ်.အားကိုယ်ကိုးကာ
အစာငတ်ခံ ဆန္ဒပြ ထောင်တွင်းသပိတ်တိုက်ပွဲဆင်နွှဲနေပေသည် ။ ကမ္ဘာ.မီဒီယာများကလည်းထိုသတင်းကို ၀တ်ကြေ၀တ်ကုန်လောက်သာဖော်ပြကြပြီး ပွဲပြီးမီးသေ
၊မေ.မေ.ပျောက်ပျောက်ဖြစ်သွားကြပြန်သည်
။ မြန်မာပြည်အကျဉ်းထောင်ထဲမှာသာ မူဆလင်အကျဉ်းသားတို.
အစာငတ်ခံဆန္ဒပြကြလို.ကတော. OIC တို. UN တို. က ၊
ကိုယ်စားလှယ်များစေလွှတ်မည်တို.
၊ စုံစမ်းရေးကော်မရှင်ဖြင်.လာရောက်စုံစမ်းမည်တို.
ကြွက်ကြွက်ညံအောင်အော်လိုက်မည်.ဖြစ်ခြင်း
။ ဘီဘီစီတို. ၊ ဗီအိုအေတို. က ကမ္ဘာပျက်မတတ် အော်လိုက်မည်.ဖြစ်ခြင်း ၊
မျိုးတုန်းသတ်ဖြတ်ခြင်းတို.ဘာတို.ခေါင်းစဉ်ဖြင်.
အယ်လ်ဂျားဇီးယားရုပ်သံမှ ထုတ်လွှင်.လိုက်မည်.ဖြစ်ခြင်း ။
သမ္မတအိုဘားမား အာဏာမရမီ သမ္မလောင်းအဖြစ်မဲဆွယ်စည်းရုံးနေစဉ်ကာလက သူသာ
အမေရိကန်သမ္မတအဖြစ်အရွေးခံရလျင် အာဖဂန်စစ်ပွဲကိုရပ်ပစ်မည် ။ ဂွမ်တာနာမို
အကျဉ်းစခန်းကိုပိတ်ပစ်မည် စသည်ဖြင်. ကတိပေး မဲဆွယ်ခဲ.ဖူးပါသည် ။
တကယ်သမ္မတဖြစ်လာ၍ နိုင်ငံ.အရေးအရာများကိုလက်တွေ.ကိုင်တွယ်ဆောင်ရွက်ရသောအခါ
ဤမူဆလင်အစွန်းရောက်အကြမ်းဖက်သမားများကိုဖမ်းဆီးထားခြင်းသည်
လူ.အခွင်.အရေးကိုဆန်.ကျင်သော်လည်း
အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် မလုပ်မဖြစ်
လုပ်ရမည်.လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းကို
အတွင်းကျကျနားလည်သဘောပေါက်သွားဟန်ဖြင်.
၎င်း ကိစ္စများကို အသံကျယ်လောင်စွာထုတ်ဖော်မပြောတော.ပေ ။ နှာစေးနေလိုက်ပေသည် ။
လူ.အခွင်.အရေးဆိုသော ဒင်္ဂါးတစ်ဖက်တည်းမှ မကြည်.တော.ပဲ
အမျိုးသားအကျိုးစီးပွားဟူသော ဒင်္ဂါး၏အခြားတစ်ဖက်မှလည်း
မြင်တွေ.သွားပြီဖြစ်သည် ။ထို.ကြောင်.အာဖဂန်နစ္စတန်မှ
အမေရိကန်တပ်ဖွဲ.၀င်များရုပ်သိမ်းခြင်း၊
ဂွာတာနာမိုအကျဉ်းစခန်း ပိတ်သိမ်းခြင်းကိစ္စများကို သတိကြီးစွာထားလျက်
ခပ်နှေးနှေးသာလုပ်ဆောင်နေသည်ကိုတွေ.ရပေမည်
။ ၎င်းအပြင် သူတစ်ပါးနိုင်ငံ၏ဝေဟင်ပိုင်နက်ကိုပင် ကျူးကျော်၍
မောင်းသူမဲ.လေယာဉ်များဖြင်. အကြမ်းဖက်သမားနှိမ်နှင်းရေးစစ်ပွဲများကိုဆက်လက်လုပ်ဆောင်သွားဦးမည်ဟုလူသိရှင်ကြားကြေငြာခဲ.ပေသည် ။ သမ္မတတစ်ဦးအနေဖြင်.
လူ.အခွင်.အရေးနှင်.ညီတာမညီတာအပထား
ကိုယ်.နိုင်ငံသားများကို အစ္စလမ်မစ်အစွန်းရောက်တွေရန်က
ကာကွယ်ဖို.လိုအပ်တာမှန်သမျှလုပ်ဆောင်နေခြင်းဖြစ်သည်
။
ပင်လယ်ကွေ.စစ်ပွဲအတွင်းက အီရတ်နိုင်ငံကိုဝင်တိုက်သည်မှာလည်း ကူဝိတ်နိုင်ငံကိုလွတ်မြောက်အောင် ကူညီတာပါသလို ရေနံတည်းဟူသော
အမေရိကန်အကျိုးစီးပွား လည်း ပါဝင်နေပါသည် ။ ဆီးရီးယားတွင်ထိုကဲ.သို.အကျိုးအမြတ်မျိုးမရှိသောအခါ
လူခုနစ်သောင်းအသက်ဆုံးရှုံးခဲ.ပြီးသည်.တိုင်
စစ်ရေးအရပါဝင်ဖို. အမေရိကန်တို. အလွန် ချိန်ဆနေခဲ.သည် ကို တွေ.နိုင်ပါသည် ။
မြန်မာနိုင်ငံတွင်လည်း ရခိုင်ဒေသနှင်. ဘင်္ဂလီများကိစ္စသည်
မြန်မာနိုင်ငံ၏ အကျိုးစီးပွား (National Interest ) ကို
ထိခိုက်လာနိုင်သောကိစ္စဖြစ်သည် ။ အထူးသဖြင်. လူဦးရေ သန်း ( ၁၅၀ )ကျော်
ရှိသောအိမ်နီးခြင်း ဘင်္ဂလားဒစ်ရှ် နိုင်ငံနှင်.တိုက်ရိုက်ထိစပ်နေသော ဘူးသီးတောင် နှင်.မောင်တော
မြို.များတွင် နိုင်ငံခြားသား ဘင်္ဂလီများ လူဦးေ၇မျိုးပွားနှုန်းကိုထိမ်းချုပ်ရေးမှာ မှန်ကန်သောမူဝါဒဖြစ်သည် ။
လူ.အခွင်.အရေး၇ှုထောင်.တစ်ခုထဲကိုသာကြည်.၍
ဘင်္ဂလီတို.စိတ်ကြိုက်မျိုးပွားခွင်.ကိုသာပေးလိုက်ပါက
နောင်နှစ်ပေါင်း ငါးဆယ် ၊တစ်ရာ အကြာတွင် ရခိုင်ဒေသ ၌
လူ.အခွင်.အရေးကြေငြာစာတမ်းနှင်.
ဘင်္ဂလီများကိုသာတွေ.ရပါတော.မည် ။ မြန်မာ ၊ ရခိုင်ဟူ၍
မျိုးပြုတ်သွားပေတော.မည် ။
လူဝင်မှုကြီးကြပ်ရေးဌာနမှကောက်ခံသောအိမ်ထောင်စုလူဦးရေစာရင်းတစ်ခု၌ မောင်တောခရိုင်အတွင်းရှိ
ရွှေယောက်ဒူလာဆိုသော ဘင်္ဂလီတစ်ဦးသည် အိမ်ထောင်စုစာရင်းတစ်ခုထဲမှာပင်မိသားစုဝင်(ု၈၂
)ယောက်ရှိကြောင်းစံချိန်တင်တွေ.ရှိရပါသည်
။ဤလောက်ဆိုလျင် ဘင်္ဂလီတို.၏ မယားအများအပြားယူ၍
မျိုးပွားနှုန်းကိုသိလောက်ပေပြီ
။ နောင်အနှစ် ငါးဆယ် ၊ တစ်ရာ ၊ နှစ်ရာ တွင် ဘယ်လိုဖြစ်မလဲဆိုတာ
သိကြဖို.ကောင်းပါပြီ ။ရခိုင်ပြည်နယ်အတွင်း၌ ရိုဟင်ဂျာ ပြည်နယ်
ဆိုပေးဖို.တောင်းဆိုလာကြပေလိမ်.မည်
။ ထိုအခါ ရခိုင်ပြည်နယ်သည် ထိုင်းနိုင်ငံတောင်းပိုင်းလိုဖြစ်သွားပေလိမ်.မည် ။
ဗုဒ္စဘာသာရဟန်းတော်တို.ဆွမ်းခံကြွလျင်
ရဲသားအစောင်.အရှောက်ပါမှ ဆွမ်းခံထွက်ရသော အဖြစ်မျိုးဆိုက်ပေလိမ်.မည် ။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုသော
စကားလုံးလှလှလေးများဖြင်. မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုရေရှည်တွင်ကာကွယ်နိုင်စွမ်းမရှိတော.တာ သက်ဆိုင်ရာနယ်ပါယ်အသီးသီးမှခေါင်းဆောင်များ သဘောပေါက်စေချင်ပါသည် ။
ယခုအရေးကိစ္စတွင် မြန်မာဘက်ကအတော်ကို ပျော.ပျော.ပြောင်းပြောင်း
ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပုံမှာထင်ရှားသည်
။ တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက်မပိုရ တားမြစ်ချက်မှာ အများထင်သလို
ရခိုင်ပြည်နယ်တစ်ခုလုံးမှာကျင်.သုံးနေသည်
မဟုတ် ၊ မြို.တိုင်းရွာတိုင်းတွင်ကျင်.သုံးသည်မဟုတ် ။ မောင်တောခရိုင်တွင်ပါဝင်သော
ဘူးသီးတောင်နှင်. မောင်တော နှစ်မြို.ထဲ၌ လိုအပ်ချက်အရ ဒေသန္တရအမိန်.အရ
ကြေငြာဆောင်ရွက်နေခြင်းဖြစ်သည် ။ရခိုင်ပြည်နယ်လွှတ်တော်က ဥပဒေပြဌာန်းပြီး
ဆောင်ရွက်နေခြင်းပင်မဟုတ်သေးပါ ။ဒေသန္တအမိန်.ဆိုသည် မှာ သမ္မတအပါအ၀င်
အထက်အာဏာပိုင်များ၏အမိန်.အရအချိန်မရွေးပြန်၍
ရုပ်သိမ်းသွားနိုင်ပါသည် ။နိုင်ငံတကာကဖိအားများပေးလာခဲ.လျင်ရုပ်ပြကောင်းအောင်ဤ အမိန်.ကို
လိုက်လျောရုပ်သိမ်းပေးတာမျိုးလည်းဖြစ်လာနိုင်ပါသည်
။
ထို.ကြောင်.ဖြစ်နိုင်ပါက မြန်မာ.အနောက်ဘက်ခြံစည်းရိုးလုံခြုံရေး အစီအမံ၊ သားဆက်ခြားရေး
ဒေသန္တအမိန်.အား မည်သူမျှဖျက်၍မရသော ဥပဒေတစ်ရပ်ဖြစ်ရန်
ရခိုင်ပြည်နယ်လွှတ်တော်ကအမြန်ဆုံး
ဆောင်ရွက်သင်.ပေသည် ။ ပြည်နယ်လွှတ်တော် ၏ဥပဒေပြုခွင်.အာဏာကိုကျော်နေပါက ပြည်ထောင်စုလွှတ်တော်မှ
ရခိုင်ပြည်နယ်တွင်ဘင်္ဂလီများ တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက်ပိုမယူခွင်.ဥပဒေကို အလျင်အမြန်အဆိုတင်သွင်း သင်.ပါသည် ။
ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ.အဆင်.ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင်.အညီ နိုင်ငံတကာကလက်ခံထားသော
လူ.အခွင်.အရေးစံနှုန်းရှုထောင်.မှဤဝေဖန်ချက်ကိုပြောခြင်းဖြစ်သည် ။အဖွဲ.ချုပ်ဥက္ကဌအနေဖြင်.
ပြည်ပသို.ခရီးစဉ်များထွက်ခွာသောအခါ
မူဆလင်များ ၊ ဘင်္ဂလီများ ၊ ရိုဟင်ဂျာဟုသူတို.ကိုယ်သူတို.အမည်ပေးထားသော ဘင်္ဂလီ များ က မကြာခန ဆန္ဒပြ
၊ကန်.ကွက် တောင်းဆို ဖိအားပေးသဖြင်. လူ.အခွင်.အရေး စာအုပ်ပေါ
်တွင်ခြေစုံရပ်၍ ဤစကားကိုပြောခဲ.ခြင်းဖြစ်ဟန်တူပါသည် ။ ကျွန်တော်ကလည်း မြန်မာပြည်မှာမွေး
၊မြန်မာပြည်မှာကြီးပြင်း၍ မြန်မာ.မှတ်ပုံတင်ကိုကိုင်ထားသော မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင်.အများကိုယ်စားတောင်းဆိုလိုသည်မှာ လူ.အခွင်.အရေးဆိုသော
ဒင်္ဂါးတွင်ခေါင်းနှင်.ပန်းနှစ်ဖက်ပါရှိပြီး
ဒင်္ဂါး၏တစ်ဖက်ကို လှန်ကြည်.လိုက်ဖို.တောင်းဆိုချင်ပါသည် ။
ထိုအခါ
အမျိုးသားအကျိုးစီးပွားဟူသော ပန်းကနုတ်များကိုတွေ.ရပါလိမ်.မည် ။
သရ၀ဏ်(ပြည်)
No comments:
Post a Comment