“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏” (မိစ္ဆာဒိဋ္ဌိဘာသာကို အထင်ကြီးသူများ၊ ကာကွယ်ပြောဆိုနေသူများ ဖတ်ရန်)
*******************************************************************
ထိုဆိုစကားအရ
မိဘကတော်မှ သားသမီးကောင်းစားမည်။ ဆရာကတော်မှ တပည့်ကောင်းစားမည်။
ခေါင်းဆောင်တော်မှ နောက်လိုက်များကောင်းစားမည်။ မိဘအချိုးမပြေသော်၊ ဆရာညံ့လေသော်၊ ခေါင်းဆောင်
သစ္စာဖောက်ဖြစ်နေသော် သား...သမီး၊ တပည့်၊ နောက်လိုက်များ လူညွန့်တုံးတော့၏။
အကောင်းအဆိုး အကြောင်းအကျိုး အဖြူ အမဲ ကုသိုလ် အကုသိုလ်မကွဲတော့ဘဲ
လူဖြစ်ရှုံးတော့၏။
လက်ရှိလူ့ဘဝကား မနုဿတ္တဘာဝေါ ဒုလ္လဘော-
အလွန်တရာမှ ရခဲလှပါသည်။ ကိစ္ဆောမနုဿ ပဋိလာဘော လူဘဝရဖို့ ခဲယဉ်းပုံကို
မြတ်စွာဘုရားရှင်က နိဒါနဝဂ္ဂသံယုတ်ပါဠိတော် နခသီခသုတ္တန်မှာ အရှင်အာနန္ဒာကို
မိန့်တော်မူခဲ့ပုံက
“ချစ်သား အာနန္ဒာ ငါ့ဘုရားရဲ့
ဒီလက်သည်းပေါ်မှာတင်ထားတဲ့ မြေမှုန့်တွေနဲ့ ဒီမဟာပထဝီမြေကြီးနဲ့
နှိုင်းယှဉ်လျှင် အဘယ်မြေက များသနည်း” ဟု မိန့်ကြားတော်မူပါသည်။
ဒီတော့အရှင်အာနန္ဒာက ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား လက်သည်းပေါ်မှာ
တင်ထားတဲ့ မြေမှုန့်လေးနဲ့ မဟာပထဝီမြေကြီးကို နှိုင်းယှဉ်လျှင် လက်သည်းပေါ်မှာ
တင်ထားတဲ့ မြေမှုန့်လေးများဟာ အလွန်အင်မတန် နည်းပါးပြီး ဒီမဟာပထဝီမြေကြီးက
အင်မတန်မှ နှိုင်းယှဉ်လို့မရအောင် များနေပါသည်ဘုရားဟု လျှောက်ထားပါသည်။
ဒီအခါမှာ မြတ်စွာဘုရားရှင်က အေး..ငါဘုရားရဲ့ သာသနာတော်အတွင်းမှာ လူဖြစ်ရန်
အင်မတန်မှ ခဲယဉ်းတယ်။ သာသနာတော်အတွင်းမှာ လူဖြစ်တဲ့သူတွေက လက်သည်းပေါ်မှာ
တင်ထားတဲ့ မြေမှုန့်လေးလောက်ပဲရှိတယ်။ လူအဖြစ်မရကြတဲ့ အဟိတ်တိရစ္ဆာန်တွေက
မဟာပထဝီမြေကြီးလောက် များပြားတယ်လို့ မိန့်တော်မူပါသည်။
ဒါကြောင့်သာသနာတော်အတွင်းမှာ
လူ့အဖြစ်ကို အလွန်အင်မတန်မှ ရခဲပါသည်။ လူဖြစ်ပြန်တော့လည်း အသက်ရှင်ရန်
အသက်ရှည်ရန်ခဲယဉ်းပြန်ပါတယ်။
အသက်ရှင်ပြန် အသက်ရှည်ပြန်တော့လည်း သမ္မာဒိဋ္ဌိလို့ခေါ်တဲ့
မှန်ကန်သောအယူရှိသော ဗုဒ္ဓဘာသာဝင် အမျိုးအနွယ်၌ဖြစ်ရန် ခဲယဉ်းပါသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်ပြန်တော့လည်း
ဘာသာ၏ အနှစ်သာရကို သိနိုင်ခဲပါသည်။ သိပြန်တော့လည်း အကျင့်စရဏ
နည်းပါကြပါသည်။ သာသနာပြုနိုင်ခဲကြပါသည်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့သည်
အလွန်ကြုံရခဲသော သာသနာနှင့် ကြုံကြရပါသည်။ ရခဲသော လူ့ဘဝကို ကံကောင်းထောက်မ၍
ရကြပါပြီ။ မနုဿတ္တဘာဝေါ ဒုလ္လဘော-ဟူသော ရခဲသော လူ့ဘဝကို မည်သို့
တန်ဘိုးရှိစွာ အသုံးချကြမည်နည်း။
ဘဝအရင်း မရှုံးကြဖို့
လွန်စွာမှ အရေးကြီးပါသည်။ ဘဝသံသရာ ခရီးစဉ်အတွက်သံသရာကူး
နတ်ရွာနိဗ္ဗာန်သွားမည့် ရထားလက်မှတ် ရကြပြီလော၊ ရသောလက်မှတ်သည်
အထက်တန်းလက်မှတ် ဟုတ်ပါ၏လော၊ ရိုးရိုးတန်းလက်မှတ်လော၊ ဖြတ်သန်းရမည့်
ခရီးစဉ်၌ ဘေးအန္တရာယ် ကင်းရှင်းပါ၏လော၊ ဒါတွေကို စဉ်းစားတတ်ဖို့ လိုပါသည်။
သာသနာတော်သည် နတ်ရွာနိဗ္ဗာန်သွားမည့် ရထားခရီးစဉ်နှင့် တူပါသည်။
အကျင့်စရဏသည် ခရီးသွားလက်မှတ်နှင့် တူပါသည်။ သာသနာရထားခရီးစဉ်
လက်မှတ်ရသူထက် မရသေးသူက ပို၍များပါသည်။ ရပြန်သော်လည်း ရိုးရိုးလက်မှတ်နှင့်
အထက်တန်းလက်မှတ် ကွာခြားပါသေးသည်။ လက်မှတ်ရရုံနှင့်လည်းမပြီးသေးပါ။ လမ်းခရီးမှာ အန္တရာယ်ရှိပါသေးသည်။
လက်မှတ်အစစ်အမှန် မဟုတ်ခဲ့ရင်လည်း ကြားဘူတာမှာပင် ပစ်ချထားခြင်း ခံရမည်။
ကြားဘူတာမှ ဒီရထားခရီးစဉ်ကို တားစီး၍ မရနိုင်တော့ပါ။ သာသနာမှ အပဖြစ်သော
အယူမှားသူ မိစ္ဆာဒိဋ္ဌိတို့သည် ဤလက်မှတ်ကို ဝယ်၍မရနိုင်ပါ။ မိစ္ဆာဒိဋ္ဌိတို့သည်
မှတ်ပုံတင် မရှိသူများ ကူးစက်ရောဂါရှိသူများနှင့် တူပါသည်။
မှတ်ပုံတင်မရှိသေးသရွေ့ ကူးစက်ရောဂါ မပျောက်သေးသရွေ့ ဒီလက်မှတ်ကို
မရနိုင်တော့ပါ။ မိစ္ဆာဒိဋ္ဌိဆိုရာ၌ သီလက္ခန္ဓဝဂ်မှာ ဒိဋ္ဌိ(၆၂)ပါးကို
ထုတ်ဖော်ဟောထားပါသည်။ ထို(၆၂)ပါးတို့တွင် နိယတမိစ္ဆာဒိဋ္ဌိသည်
ကြောက်စရာအကောင်းဆုံးပင်ဖြစ်ပါသည်။
ယနေ့ဗုဒ္ဓဘာသာဝင်များသည် ကံကောင်းထောက်မ၍ သာသနာတွင်းမှာ
လူဖြစ်ကြသော်လည်း ဗုဒ္ဓ၏လမ်းစဉ်ကို ကျင့်ကြံအားထုတ်ရန် ဝေးပါသေးသည်။
သိဖို့ရန်ပင် အတော်ခက်ခဲလှပါသည်။ ရခဲသော သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာမှ
နိယတမိစ္ဆာဒိဋ္ဌိမွတ်ဆလင်ဘာသာထဲသို့
ဝင်သွားကြသေးသည်။ မိုက်မဲကြလေသည်မှာ အံ့ဖွယ်ပါတကား။ နိယတမိစ္ဆာဒိဋ္ဌိဟူသည်
အကြောင်းအကျိုးကို ပယ်သော ဝါဒဖြစ်သည်။ အကြောင်းကား မွတ်ဆလင်ကုလားတို့သည်
သူတို့ဘာသာ၌အတိတ်ဆိုတာ မရှိပါ။ ပစ္စုပ္ပန်(ဒွန္တွယာ)နှင့် အနာဂတ်(အာခီရတ်)
ဟူ၍သာ ရှိပါသည်။ ဘာကြောင့် အတိတ်ကုသိုလ်ကံ အကုသိုလ်ကံ မရှိသနည်း။
အလ္လာရှင်မြတ်သည် ဒီကမ္ဘာကြီးနှင့်တကွ လူသားအားလုံးကို သူ့အားခဝတ်ကိုးကွယ်ရန်
ဖန်ဆင်းတော်မူသည်ဟု ကိုရ်အမ်ကျမ်းမှ ဆိုထား၍ မွတ်ဆလင်တို့မှာ အတိတ်ဘဝ
ကုသိုလ်ကံ အကုသိုလ်ကံဆိုတာမရှိပါ။
အလ္လာရှင်အား
ယုံကြည်ကိုးကွယ်လျှင် အနာဂတ်(အာခီရတ်)မှာ ကီယာမတ်ခေါ် ကမ္ဘာကြီးပျက်သော
နေ့ရောက်လျှင် တရားစစ်ဆေး၍ နိဗ္ဗာန်ဘုံ(ဂျနတ်) ပို့မည်ဟု ဆိုပါသည်။
မကိုးကွယ်သူအား ငရဲ(ဂျဟနမ်)သို့ ပို့မည်ဟု ကိုရ်အမ်ကျမ်းမှာဆိုထားပါသည်။ ဒါကြောင့် ကံ ကံ၏အကျိုးကို မယုံကြည်၍
နိယတမိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု ဆိုပါသည်။ ဒီလိုနိယတမိစ္ဆာဒိဋ္ဌိများကား
အလွန်အပြစ်ကြီးလေးပါသည်။ ဒိဋ္ဌိ(၆၂)ပါးတို့တွင် အကြီးလေးဆုံးသော
အပြစ်ဖြစ်ပါသည်။ ဘုရားရှင်က နိယတမိစ္ဆာဒိဋ္ဌိရဲ့ အပြစ်ကြီးလေးပုံကို
အင်္ဂုတ္တရပါဠိတော်(၃၅)၌
“ နာဟံ ဘိက္ခဝေ ဧကဓမ္မမ္ပိ သမနုဿာမိ ယံ ဧဝံ
မဟာသာဝဇ္ဇံ ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ ပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ”
ဟု ဟောတော်မူပါသည်။ ဘိက္ခဝေ-ချစ်သားရဟန်းတို့၊ ဧဝံ-ဤမိစ္ဆာဒိဋ္ဌိတရားနှင့် အတူ၊
ယံမဟာသာဝဇ္ဇံ-အကြင်အပြစ်ကြီးဆုံးဖြစ်သော၊
အညံ-တစ်ပါးသော၊ ဧကဓမ္မမ္ပိ-တစ်ခုသောတရားကိုမျှလည်း၊ အဟံ-ငါဘုရားသည်၊ န သမနုပဿာမိ-
မြင်တော်မမူ၊ ဘိက္ခဝေ ချစ်သားရဟန်းတို့။ ဣဒံ-ဤအပြစ်ကြီးဆုံးဖြစ်သော တရားသည်၊
ယထာ-အဘယ်နည်း။ မိစ္ဆာဒိဋ္ဌိ- မိစ္ဆာဒိဋ္ဌိပင်တည်း။ ဘိက္ခဝေ-ချစ်သားရဟန်းတို့၊
မဟာသာဝဇ္ဇာနိ-အပြစ်တို့သည်၊ မိစ္ဆာဒိဋ္ဌိပရမာနိ- မိစ္ဆာဒိဋ္ဌိအပြစ်လျှင် လွန်ကဲသော
သဘောရှိကုန်၏။
အဲဒီနိယတမိစ္ဆာဒိဋ္ဌိကံသည်
မည်မျှအပြစ်ကြီးသနည်းဟုဆိုသော်
ဗုဒ္ဓဘာသာဝင်များ သိပြီးဖြစ်သော ကံကြီးငါးပါးဟု ခေါ်သော အမိကို သတ်သောကံ၊
အဖကိုသတ်သောကံ၊ ရဟန္တာကိုသတ်သောကံ၊ ဘုရားရှင်ကိုသွေးစိမ်းတည်အောင်ပြုသောကံ၊ သံဃာသင်းခွဲသောကံ
ဟုဆိုအပ်သော ဤကံကြီးငါးပါးထက်ပင် အပြစ်ကြီးပါသည်။ အင်္ဂုတ္တရပါဠိတော်(၃၇)။
ဒီလိုအယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် ပဉ္စာနန္တရိယကံထက်ပို၍ အပြစ်ကြီးပါသည်။
ဒီထက်အပြစ်ကြီးတဲ့ မိစ္ဆာဒိဋ္ဌိကတော့ နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်။
ရိုးရိုးမိစ္ဆာဒိဋ္ဌိကား တစ်ကမ္ဘာလောက်သာအပြစ်ခံစားခွင့်ရှိပါသည်။ နိယတမိစ္ဆာဒိဋ္ဌိကား
နိယတဆိုတဲ့အတိုင်း မကောင်းသော အယူဝါဒကို မြဲမြံစွာယူသောကြောင့်
ဤကမ္ဘာပျက်သွား၍သော်လည်း အခြားမပျက်သေးသော ကမ္ဘာမှာ သွားပြီးတော့
အပြစ်ခံစားရပါမည်။ ဒါကြောင့် နိယတမိစ္ဆာဒိဋ္ဌိသည် ကြောက်စရာအကောင်းဆုံးပင်ဖြစ်ပါသည်။
ဘဝကို
တန်ဘိုးရှိရှိမသုံးစွဲခြင်းကြောင့်
ယခုပစ္စုပ္ပန်တွင်သာမကဘဲ သံသရာ အဆက်ဆက်မှာလည်း အပါယ်ငရဲ၌ ခံစားရကြမည်။
အပါယ်ငရဲ့ လွတ်မြောက်လာပြန်လည်း လူ့ဘဝတွင် ဆင်းရဲပင်ပန်းစွာ
အသားမွဲခြောက်ခြောက်နှင့် မကောင်းသော အနံ့လှိုင်လျက် ရုပ်ဆိုးအကြီးတန်စွာ
ကုလားဖြစ်လိုက်၊ နောင်ဘဝရောက်သော် နွားဖြစ်လိုက်၊ ဆိတ်ဖြစ်လိုက်
သည်လိုနှင့် သံသရာလည်နေကြရမည်သာ ဖြစ်တော့သည်။ ဒါကြောင့် မပြောပလောက်သော၊
တစ်ခဏတာမျှ အသက်ရှုချောင်ဘို့အတွက် ငွေကြေးစလေးများ၏ မြှူဆွယ်မှုကြောင့်
ကုလားဘာသာကိုဝင်မည့်အစား အသေခံလိုက်ခြင်းက သာ၍ကောင်းချေသေး၏။
ဒီလိုသေသွားခြင်းကြောင့် နောင်ဘဝသံသရာအထုံမပါချေ။ မိစ္ဆာဒိဋ္ဌိ
တန်းလန်းဖြင့်နေပြီး သေလိုက်မည်ဆိုပါက မသေခင်မှာလည်းဆင်းရဲဒုက္ခ၊
ရိုက်နှက်ညှဉ်းဆဲဒဏ်၊ မွေးဖွားလာဦးမည့် သားသမီးများ မိစ္ဆာဒိဋ္ဌိအသွင်ဖြင့်
နေရမည့်ဒုက္ခ၊ စတဲ့ မသေခင် ကြုံတွေ့ရမည့် အရှုံးကြီး ရှုံးနေသည့်ဒုက္ခများ၊
သေလွန်ပြီးတဲ့အခါမှာလည်း ငရဲကျရောက်မည့်ဒုက္ခ၊ ဒုက္ခတွေမိုးမွှံနေဦးမည်သာ
ဖြစ်တော့၏။ ငွေကြောင့်၊ ကာမကြောင့် မှန်ကန်သောအယူရှိသူဗုဒ္ဓဘာသာမှ မှားသောအယူရှိသူ မိစ္ဆာဒိဋ္ဌိ
ဘာသာသို့ဝင်ခြင်းကြောင့် မိမိသာပါမကဘဲ ကလေးသူငယ်များပါ သံသရာတွင်
ဒုက္ခလှလှကြီး ရောက်နေဦးမည်ဖြစ်ခြင်းကြောင့် မှန်သောသမ္မာဒိဋ္ဌိလမ်းကို
ဖြောင့်ဖြောင့်တန်းတန်း လျှောက်စေလိုပါသည်။ မှားသော မိစ္ဆာဒိဋ္ဌိလမ်းသို့
မကွေ့မကောက်မိပါစေနှင့် တိုက်တွန်းချင်တာပါ။ ဒါမှသာလျှင် မိမိက
ဖြောင့်ဖြောင့်တန်းတန်း ရှေ့ကသွားမည်ဆိုပါလျှင် မိမိရဲ့ သားသမီး၊ တပည့်၊
နောက်လိုက်တို့လည်း နောက်ကနေ ဖြောင့်ဖြောင့်တန်းတန်းလိုက်မည်သာဖြစ်တော့၏။
ဖြောင့်ဖြောင့်တန်းတန်းလိုက်မှသာလျှင်
ပစ္စုပ္ပာန် သံသရာ နှစ်တန်မှာ ချမ်းသာသုခများနှင့်ပြည့်စုံမည်သာဖြစ်ကြောင်း ရေးသား အသိပေးလိုက်ရ၏။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment