![“ဆီးဘန်နီဆရာတော်ဘုရားကြီး၏ အမျိုးသားရေး တပ်လှန့်သံ”
*****************************************
ခရစ်နှစ် ၁၈၈၅ခုနှစ်တွင် မြန်မာနိုင်ငံ ထီးကျိုးစည်းပေါက်ပြီး
သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရစဉ်ခါ ဆီးဘန်နီဆရာတော်က “မှတ်ပါရစ်စေ” ချီရတုတွင်
“နှစ်ဆယ့်ခုနစ်နှစ်၊ နန်းစံရှစ်တွင်
ကသစ်ဘုံနေ၊ သိကြားကြွေသို့
ချက်ရွှေသိုရာ၊ မန်းပြည်သာမှ
မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည်၊
ကုလားနိုင်ငံ၊ လွှဲပြောင်းစံရှင့်”
ဟု ရေးသားခဲ့သကဲ့သို့ ရုပ်သေးစင်တော်ကြီး ဆရာဦးဖူးညိုကလည်း
ဇာတ်စင်ပေါ်မှနေ၍ “သီဟာပျံ နန်းဘုံမြင့်မှာလေ” ချီအလွမ်းဖွဲ့ သီဆိုခဲ့သည်။
ယင်းအလွမ်းဖွဲ့တွင်
“ထုံးရာဇဝင်စာတင်အိုလေ့၊ နန်းနှင့်ကွာဝေး၊ ဘုန်းသမ္ဘာရှင် မဟာဝင်ညိုတော့၊
မဟာဝင် စံတင်ထား၊ ကုလားလက်ပါသူ၊ ဘမရာခွင် ညာတင်ဖျား၊
နှစ်ပါးအရှင့်တွက်တာပူ။ မတူ အမူ နှစ်ဆူ စိတ်တော်ညှိုးရှာလိမ့်၊
ကုလားဘုရင့်ပြည်မှာ ပတ္ထမြားပွင့်မစီသာ၊ နှစ်ပါးရှင် ပြဒုဖွားငယ်နှင့်
စုဖုရားအငယ်ပါ၊ ကုလားဘုရင် သူ့နယ်သွား သနားစရာ့နွယ်မဟာ”
ဤအဖွဲ့အနွဲ့များကို ကြည့်လျှင် မြန်မာဘုရင် ကုလားပြည်ပါသွားရသည်ဟု
ရေးသားသီဆိုကြသည်ကို တွေ့ရပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သီပေါဘုရင်ပါတော်မူစဉ်က အသက်
၁၀နှစ်အရွယ်ဖြစ်သည်။ မင်းမိဖုရားအား ဖမ်းဆီးခေါ်ဆောင်သွားပုံကို
မြတောင်ကျောင်းပေါ်မှ မြင်ခဲ့ရသည်ဟု သိရှိရသည်။ ဆရာကြီးက ဤအဖြစ်အပျက်များကို
ပြန်လည်မြင်ယောင်လာသဖြင့် ဗိုလ်ဋီကာ နိဂုံးတွင်
“သိကြားလက်နက်ကဲ့သို့ ချုပ်သမို့ အာဏာအမိန့်တွေနှင့်၊ (သြော်)
တရားပျက်ကွက်လို့ ပြုတ်ဖို့ ဓမ္မတာကိန်းပေထင့်၊ (ဝန်မင်းရယ်) ကုလားတက်လို့
ကျုပ်တို့အညာကို သိမ်း” ဟူ၍ ရေးဖွဲ့ပြီး “ကုလားတက်လို့၊ ကျုပ်တို့အညာကို
သိမ်းရာ၌ မြန်မာပြည်အလုံးကို သိမ်းကြုံးစိုးအုပ်တော်မူသည်မှာ ကုလားမဟုတ်၊
အင်္ဂလိပ်ဖြစ်ပါလျက်၊ အဘယ့်ကြောင့် တောက်တောက်ခါးခါး ကုလားရယ်လို့
ရေးရပါသလဲလို့ တလွဲမေးငြားအံ့”
“အသွေးအရောင်တို့ကို လိုက်ပြီးလျှင် ရာဇဝင်ဆရာကြီးတို့အလိုအားဖြင့်
(၁)ကုလားဖြူ၊ (၂) ကုလားနက်” ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားရှိပြန်ရာ
ဖြူစွာသောကုလားကို ကုလားဖြူ၊ နက်စွာသောကုလားကို ကုလားနက်၊
ကုလားချေးဟူ၍ခေါ်လေသတည်း” စသည်ဖြင့် မိမိအမေးကို မိမိအဖြေဖြင့်
ရှင်းလင်းပြထားလေသတည်း။
ကုလားပြည်မှာနေသော မြန်မာမင်း၊ မြန်မာပြည်မှာ နေသော ကုလားမင်းတို့သည်
မိမိတို့နေရာဖို့ အတော်အသင့်တိုက်အိမ်ကို
ဝယ်လိုလျှင်ဝယ်၍နေစေဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘုရင် ကျွန်ဖြစ်သူတို့သည်
မြန်မာနိုင်ငံတွင်သေ၍ အမွေခံမရှိလျှင် ကျန်ရစ်သောဥစ္စာပစ္စည်းရှိသမျှကို
မြန်မာနိုင်ငံတွင်နေသော အင်္ဂလိပ်ပိုင်လက်သို့
ကုလားဖြူထုံးစံအတိုင်းပေးအပ်ရမည် ဟူ၍လည်းကောင်း၊ ပါရှိလေရာ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရေးသကဲ့သို့ (ကုလားဖြူ) ဟု မြန်မာလိုရေးသားသုံးစွဲ
ကြခြင်းဖြစ်သည်။ ထို့ကြောင့် သိပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို
ကုလားသိမ်းသည်ဟု ခေါ်ခြင်းဖြစ်သည်။(ဦးအေးချို- မဟာဝိဇ္ဇာ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/p320x320/1238108_663485936995769_722065151_n.jpg)
******************************
ခရစ်နှစ် ၁၈၈၅ခုနှစ်တွင် မြန်မာနိုင်ငံ ထီးကျိုးစည်းပေါက်ပြီး သူ့ကျွ...န်ဘဝသို့ ရောက်ခဲ့ရစဉ်ခါ ဆီးဘန်နီဆရာတော်က “မှတ်ပါရစ်စေ” ချီရတုတွင်
“နှစ်ဆယ့်ခုနစ်နှစ်၊ နန်းစံရှစ်တွင်
ကသစ်ဘုံနေ၊ သိကြားကြွေသို့
ချက်ရွှေသိုရာ၊ မန်းပြည်သာမှ
မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည်၊
ကုလားနိုင်ငံ၊ လွှဲပြောင်းစံရှင့်”
ဟု ရေးသားခဲ့သကဲ့သို့ ရုပ်သေးစင်တော်ကြီး ဆရာဦးဖူးညိုကလည်း ဇာတ်စင်ပေါ်မှနေ၍ “သီဟာပျံ နန်းဘုံမြင့်မှာလေ” ချီအလွမ်းဖွဲ့ သီဆိုခဲ့သည်။ ယင်းအလွမ်းဖွဲ့တွင်
“ထုံးရာဇဝင်စာတင်အိုလေ့၊ နန်းနှင့်ကွာဝေး၊ ဘုန်းသမ္ဘာရှင် မဟာဝင်ညိုတော့၊ မဟာဝင် စံတင်ထား၊ ကုလားလက်ပါသူ၊ ဘမရာခွင် ညာတင်ဖျား၊ နှစ်ပါးအရှင့်တွက်တာပူ။ မတူ အမူ နှစ်ဆူ စိတ်တော်ညှိုးရှာလိမ့်၊ ကုလားဘုရင့်ပြည်မှာ ပတ္ထမြားပွင့်မစီသာ၊ နှစ်ပါးရှင် ပြဒုဖွားငယ်နှင့် စုဖုရားအငယ်ပါ၊ ကုလားဘုရင် သူ့နယ်သွား သနားစရာ့နွယ်မဟာ”
ဤအဖွဲ့အနွဲ့များကို ကြည့်လျှင် မြန်မာဘုရင် ကုလားပြည်ပါသွားရသည်ဟု ရေးသားသီဆိုကြသည်ကို တွေ့ရပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သီပေါဘုရင်ပါတော်မူစဉ်က အသက် ၁၀နှစ်အရွယ်ဖြစ်သည်။ မင်းမိဖုရားအား ဖမ်းဆီးခေါ်ဆောင်သွားပုံကို မြတောင်ကျောင်းပေါ်မှ မြင်ခဲ့ရသည်ဟု သိရှိရသည်။ ဆရာကြီးက ဤအဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာသဖြင့် ဗိုလ်ဋီကာ နိဂုံးတွင်
“သိကြားလက်နက်ကဲ့သို့ ချုပ်သမို့ အာဏာအမိန့်တွေနှင့်၊ (သြော်) တရားပျက်ကွက်လို့ ပြုတ်ဖို့ ဓမ္မတာကိန်းပေထင့်၊ (ဝန်မင်းရယ်) ကုလားတက်လို့ ကျုပ်တို့အညာကို သိမ်း” ဟူ၍ ရေးဖွဲ့ပြီး “ကုလားတက်လို့၊ ကျုပ်တို့အညာကို သိမ်းရာ၌ မြန်မာပြည်အလုံးကို သိမ်းကြုံးစိုးအုပ်တော်မူသည်မှာ
“အသွေးအရောင်တို့ကို လိုက်ပြီးလျှင် ရာဇဝင်ဆရာကြီးတို့အလိုအားဖြင့် (၁)ကုလားဖြူ၊ (၂) ကုလားနက်” ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားရှိပြန်
ကုလားပြည်မှာနေသော မြန်မာမင်း၊ မြန်မာပြည်မှာ နေသော ကုလားမင်းတို့သည် မိမိတို့နေရာဖို့ အတော်အသင့်တိုက်အိမ်ကို ဝယ်လိုလျှင်ဝယ်၍နေစေဟူ၍လည်းကောင
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိ
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment