မာတိကာ
အပိုင်း ၁ (Blog လုပ်ရန် လိုအပ်တာများ
ပြင်ဆင်ခြင်း)
၁။Font Download And Install
၂။Keyboard Download And Install
၃။Type Zawgyi-one font
၎။Zawgyi-one font အား Eot လုပ်ခြင်း
၅။Upload EOT
အပိုင်း ၂ (Blog လုပ်ခြင်း)
၁။မြန်မာစာပေါ်ရန် variable များပြောင်းခြင်း
၂။Post တင်ခြင်း
အပိုင်း ၃ (လိုအပ်တာများ ဖြည့်စွက်ခြင်း)
၁။ User Online
၂။ Hit Counter
၃။ Cbox ထည့် မယ်
၎။ Cbox Background ပြောင်းမယ်
၅။ Recent Post
၆။ Customizable recent comments widget (using JSON feed)
၇။ Peek-a-boo Post (Read More)
Appendix
၁။ FAQ
၂။ Useful Link
အပိုင်း ၁
Blog လုပ်ရန် လိုအပ်တာများ ပြင်ဆင်ခြင်း
မြန်မာ blog တစ်ခုလုပ်တော့မယ်ဆိုရင် အရင်ဆုံး… ကျွန်တော်တို့ blogger တွေ
အသုံးများတဲ့ zawgyi-one ကတော့ အဓိကလိုအပ်ပါတယ်..
ဇော်ဂျီ keyboard နဲ့ font ကို ဒီမှာ download ချလိုက်ပါ…
Font Download And Install
http://www.mysteryzillion.com/mmglite/font/Zawgyi-One.ttf
မှာ download Aရင်ချလိုက်ပါ…
C:\WINDOWS\Fonts အောက်ထဲသို့ download ချထားသော zawgyi-one.ttf ကို past
လုပ်လိုက်ပါ…
ပြီးရင် font active ဖြစ်ရန်အတွက် zawgyi-one ကို double-click
လုပ်ပြီးဖွင့်ကြည့်ပါ.. ပွင့်လာပြီးလျှင် ပြန်ပိတ်လိုက်ပါ..
Keyboard Download And Install
http://www.mediafire.com/?6wodgmczyhg
မှာ download အရင်ချလိုက်ပါ..
Zawgyi Keyboard Installer ပါ...
ပိုလွယ်အောင်လုပ်ထားပါတယ်....
install.bat ကိုနှိပ်လိုက်ရင်ရပြီ....
ပြီးရင် Logout လုပ်လိုက်...
ပြန်ဝင်လိုက်ရင်ရပြီ...
taskbar မှာ Keyboard icon မတက်လာဘူးဆိုရင်
run-> intl.cpl -> Language -> Detail ကိုနှိပ်လိုက်ပါ...
နောက်ထပ် dialog box တက်လာပါမယ်...
Advance -> Turn off advanced text services က check ဖြစ်နေပါမယ်...
uncheck လုပ်လိုက်ပါ...
keyboard icon လေး taskbar မှာပေါ်လာပါမယ်..
Type Zawgyi-one font
စာရိုက်ရန်အတွက် မြန်မာစာ လက်ကွက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..
မြန်မာလိုရိုက်လိုပါက Ctrl+Shift တွဲနှိပ်လိုက်ပါ… ဒါဆို မြန်မာ
လက်ကွက်ပြောင်းသွားပါမယ်…
English လိုပြန်ပြောင်းလိုပါက Ctrl+Shift တွဲနှိပ်လိုက်ပါ.. English
လက်ကွက် ပြန်ပြောင်းသွားပါမယ်…
မြန်မာ လက်ကွက်တွင် Ctrl+Alt နှိပ်ပြီး စာရိုက်ပါက keyboard
လက်ကွက်ပုံတွင်ပြထားသော အပြာရောင်စာလုံး အောက်ဘက် ဖြစ်ပြီး
Ctrl+Alt+Shfit နှိပ်ပြီး စာရိုက်ပါက keyboard လက်ကွက်ပုံတွင် ပြထားသော
အပြာရောင်စာလုံးအပေါ်ဘက်ဖြစ်ပါတယ်..
Zawgyi-one font အား Eot လုပ်ခြင်း ( REF: ကိုမောင်လှ
http://mghla.blogspot.com/)
http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe
ကို download အရင်ချပါ… ပြီးရင် install လုပ်လိုက်ပါ..
D: အောက်မှ eot ဆိုတဲ့ folder လေးဆောက်လိုက်ပါ…
ပြီးရင် notepad ထဲမှာ..
1. Bold 2. Italic 3.
Bold+Italic 4.Normal
အဲလိုလေးရိုက်ပြီး D:\eot အောက်မှာ eot.htm နဲ့သိမ်းလိုက်ပါ..
WEFT program ကိုဖွင့်ပါ.. ပြီးရင် box တက်လာလျှင် next နှိပ်ပါ… နာမည်နဲ့
email ထည့်ခိုင်းရင် ထည့်ပြီး next လုပ်ပါ..
ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က
ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file://
ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or)
https:// (or) ftp://တစ်ခုခုကို ရွေးပေးစရာ လိုပါတယ်...ခုရွေးခဲ့တဲ့ list
box ရဲ့ ညာဘက် ၁-ခုကျော်မှာရှိတဲ့ ... button လေးကို ကလစ်နှိပ်ပြီး
ကျွန်တော်တို့ လုပ်ထားတဲ့ eot.htm ရှိတဲ့ဖိုင်လေးကို ညွှန်ပြလိုက်ပါတယ်...
ပြီးရင် Next ကို ကလစ်လုပ်ပါ...
Next ထပ်လိုက်ပါ… Do you want to continuous? ဆိုတာ ပေါ်လာလည်း next
လုပ်ပါ..
Font to Embed box ကိုရောက်ရင်...subsetting ကို 7. No
subsettingထားလိုက်ပါတယ်... Zawgyi-one အပြင် တခြား font တွေပါလာရင်
don’t embed လုပ်လိုက်ပါ..
Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot
သုံးမယ့် web site တွေရဲ့ address ကို ထည့်းပေးရပါတယ်...
ထည့်တဲ့အခါသိထားရမှာက http://mghla.blogspot.comလို့ပဲထည့်ထား ခဲ့မိရင်
http://www.mghla.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ
အဆင်မပြေပါဘူး...အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊
မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...
ပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အပေါ်က check box ၂-ခုကိုအမှန်ခြစ်
ခြစ်ပေးပါ... ပြီးပြီဆိုရင်တော့ Next ကို
နှိပ်တော့ဗျာ...ခဏတော့စောင့်နော်...ဟော ပေါ်လာပါပြီ... CSS Style dialog box
ဆိုပြီး ပေါ်လာပါပြီ...အဲဒီထဲက အောက်မှာပြထားတဲ့ code
တွေကို ကျတော် copy ကူးထားလိုက်တယ်...
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}
ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်...
You all are done.... ဘာညာလာပြတော့ Finish ကို နှိပ်လိုက်တယ်... D:\eot\
folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot,
ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်...
ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာလဲဆိုတော့ eot.htm ဖိုင်ထဲမှာ့
Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားမိလို့
ခင်ဗျ...
Upload EOT
တင်ဖို့အတွက်… မိမိနှစ်သက်ရာ web hosting မှာတင်လို့ရပါတယ်.. တကယ်လို့
ဘယ်မှာ တင်ရမှန်းမသိဘူး.. အလုပ်လည်း ရှုပ်တယ်ထင်ရင်
google page ကလည်းသုံးလို့ရပါတယ်..
http://pages.google.com/ ကိုသွားပါ.. google account ၇ှိရင် ရပါတယ်..
Upload တင်တာလေးကို ခဏလောက်စောင့်လိုက်ပါ…
Upload တင်ထားတဲ့ File ကို right click ထောက်ပြီး copy shortcut
ယူပြီးမှတ်ထားပါ..
ပြီးရင် notepad ထဲမှာ ဖြစ်ဖြစ် ခဏမှတ်ထားပါ… ၄ ခုလုံးကို copy ကူးပြီးရင်
အပေါ်က ရထားတဲ့ eot CSS မှာ ပြောင်းထည့်ရပါမယ်..
တင်ထားတဲ့ eot address ကို အောက်ကအတိုင်းပြောင်းလိုက်ပါမယ်…
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://saturngod.googlepages.com/ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://saturngod.googlepages.com/ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://saturngod.googlepages.com/ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://saturngod.googlepages.com/ZAWGYIO0.eot);
}
ကဲ Blog စလုပ်ရအောင်….
အပိုင်း ၂
Blog လုပ်ခြင်း
www.blogger.com မှာ အရင်ဆုံး register လုပ်လိုက်ပါ…
Create Your Blog Now ဆိုတာလေးကို နှိပ်လိုက်ပါ..
Google Account ရှိပြီးသူတွေကတော့ account ကို register လုပ်တဲ့နေရာမှာ
google account sign in လုပ်လိုက်ပါ..
Display name မှာ ကိုယ့် blog နာမည်လေးပေးခဲ့ပါ…
ကိုယ့် blog address လေးကိုကြိုက်ရာပေးပေါ့..
ပြီးရင် နှစ်သက်ရာ theme လေးရွေးလိုက်ပါ..
ကဲ… register ပြီးသွားရင်တော့ စ ရေးလို့ရပြီ…
Log in မ၀င်ရသေးရင် ၀င်လိုက်ပါ…
ပြီးရင် layout ကို ၀င်လိုက်ပါ..
Edit HTML ကို ၀င်လိုက်ပါ..
Edit HTML တွင် body { ဆိုတာလေးကိုရှာလိုက်ပါ..
သူ့အပေါ်တွင် အပေါ်ကရထားသော eot css လေးကို past လုပ်လိုက်ပါ…
( အပေါ်က search bar ကိုဖြုတ်လိုပါက )
ထို့နောက် အောက် တွင်
#navbar-iframe {
height: 0px;
visibility: hidden;
display: none;
}
ဆိုတာထည့်လိုက်ပါ.. ထိုအခါ
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://saturngod.googlepages.com/ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://saturngod.googlepages.com/ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://saturngod.googlepages.com/ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://saturngod.googlepages.com/ZAWGYIO0.eot);
}
#navbar-iframe {
height: 0px;
visibility: hidden;
display: none;
}
body {
ဖြစ်သွားပါမည်။
မြန်မာစာပေါ်ရန် variable များပြောင်းခြင်း
Edit Html တွင်
အကုန်လုံးထည့်လို့ပြီးပါက Save လုပ်လိုက်ပါ…
ကဲ မြန်မာလိုရေးလို့ရပါပြီ…
Post တင်ခြင်း
Posting အောက်က Create New Post ကို သွားလိုက်ပါ…အဲဒီမှာ rich text box
ပေါ်လာပါမယ်… Edit HTML ကိုပြောင်းရိုက်ပါ..
အကောင်းဆုံးကတော့ အရင်ဆုံး notepad မှာ အရင်ရိုက်… ပြီးမှ past
လုပ်ပြီးတင်ပေါ့… ဒါမှ မြန်မာလိုရိုက်ထားတာကို မြင်ရမှာပါ…
Notepad မှာ ဇော်ဂျီ font ကိုကောင်းကောင်းရိုက်လို့အောင်…
ကျွန်တော်တို့ zawgyi-one ကို notepad မှာ စာရိုက်ရင်
စာသေသေချာချာမပေါ်ဘူးဗျ...တခြားစက်တွေမှာတော့ မသိဘူး..ကျွန်တော်သုံးတဲ့
စက်မှာတော့ အပေါ်က --် တို့ --ါ တို့ဆိုမပေါ်ဘူး...
အပေါ်ပိုင်းက --ီ တို့ --ိ တို့ဆို မပေါ်ဘူး...
ရေးရတာ နည်းနည်း feel ပျက်တာပေါ့...word နဲ့ရေးပြန်တော့လည်း
ဖွင့်ရတာရှုပ်တယ်...
ဒါနဲ့ နည်းလမ်းလေးရှာကြည့်တော့...
တနည်းတော့တွေ့တယ်...
Notepad ကိုဖွင့်ဖွင့်လိုက်တယ်...enter တချက်ခေါက်လိုက်တယ်...
ပြီးတော့ space လေးတချက်လောက် ပုတ်လောက်ပေါ့...
ပြီးမှ အပေါ်ဆုံးကနေ စရေးကြည့်...
--် တို့ --ိ တို့ကောင်းကောင်းပေါ်တယ်...
notepad မှာရေးရတာ ပိုကောင်းသွားတယ်...
ပြီးရင် တော့ publish post လုပ်လိုက်ရုံပဲပေါ့…
အပိုင်း ၃
လိုအပ်တာများ ဖြည့်စွက်ခြင်း…
User Online
User online ကတော့ ကိုယ့် blog ကို လူဘယ်နှစ်ယောက် အခုကြည့်နေလဲဆိုတာကို
ဖော်ပြဖို့ပါ…ပြီးရင် blogger ထဲကိုဝင်
Template အောက်က Page Elements ကိုဝင်... Side bar မှာ Add a Page Elements
ကို နှိပ်…
HTML /
Javascript ကို နှိပ်ပါ… အဲဒီ အထဲမှာ ဒါလေးထည့်လိုက်ပါ…
1 1User Online
အနီရောင်စာနေရာမှာ ကိုယ့်ရဲ့ blog address ထည့်လိုက်ပါ…
Hit Counter
ကိုယ့် site ကို လူဘယ်နှစ်ယောက်ဝင်သလဲဆိုတာ သိဖို့အတွက်…
http://www.ultimate-counter.com/
ကိုသွားပါ…
Your Web Address (URL): တွင် ကိုယ့် blog လိပ်စာထည့်ပါ..Start Counter at:
ကတော့ စချင်တဲ့ counter ပေါ့..
Email: ကတော့ ကိုယ့် email ထည့်ပေါ့…
ပြီးရင် design ရွေးလိုက်…
Sign Up ဆိုတာလေးကို နှိပ်လိုက်ပါ..
ပြီးရင် textbox ထဲမှာ HTML code တွေပေါ်လာပါမယ်…
ဒီအတိုင်း ကူးလိုက်ရင် ရပါတယ်.. ကျွန်တော်ကတော့ တခြား အပိုတွေ
ပါလာတာမကြိုက်တဲ့အတွက်.. တကယ့် အရေးကြီးလိုတဲ့ image
လေးပဲကူးပါမယ်..
အဲဒါလေးကိုသာ ကူးပါမယ်.. အနီရောင်နဲ့ ပြထားတဲ့အပိုင်းကတော့ တစ်ယောက်နဲ့
တစ်ယောက် မတူပါဘူး..
ပြီးရင် blogger ထဲကိုဝင်
Template အောက်က Page Elements ကိုဝင်... Side bar မှာ Add a Page Elements
ကို နှိပ်…
HTML /
Javascript ကို နှိပ်ပါ… အဲဒီ အထဲမှာ ခုနက ကူးထားတဲ့ code
လေးထည့်လိုက်ပေါ့…
ပြီးရင် Save Changes လုပ်လိုက်ပါ… ဒါဆိုရင် ရပါပြီ…
Cbox
ထည့်မယ်.. (ကိုရန်အောင် http://yanaung.blogspot.com )
ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့
ပတ်သက်တာ လေးတွေ ကျွန်တော်သိသလောက် ရေးပေးပါမယ်.
Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့
ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool
လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox
မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။မှန်တာကို
ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို
ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။ခုနောက်ပိုင်းဆိုရင်
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာ လေးတွေကို ဆီဗုံးမှာ
ရေးခဲ့ကြတယ်။ အပြင်က မောမောနဲ့ပြန်လာပြီးနောက် ကျွန်တော်ပထမဆုံး
လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆီဗုံးမှာ ဘယ်သူတွေ
ဝင်ရေးသွားလဲ၊ ဘယ်သူတွေ
ဝင်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။ကဲ. စလိုက်ကြရအောင်လားဗျာ.ပထမဆုံး
http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all
styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ရပါတယ်။
ပြီးရင်
ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့
Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။
Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က
တော်တော်ကျပ်ပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀
(သို့) ၂၂၀ လောက် ပြောင်း ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ
စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ
ရောက်သွားပါလိမ့်မယ်။စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က
ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။
Form
Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message
ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း
ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပါခင်ဗျာ။Messages တို့၊
Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကိုထားနိုင် ပါတယ်။
Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့
အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင်
ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။Colors & Fonts ကို သွားပါ။ Fonts
ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box
လေးနေရာမှာ Zawgyi-One
လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်ပါပြီ။
နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies
ဆိုတာလေးကို နှိပ်လိုက်ရင် ခုလို ပုံမှာ မြင်ရပါလိမ့်မယ်။
အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို
ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default
Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာပြောင်းယူနိုင်ပါတယ်။
Customize Smilies ကို ပြန်သွားပါ။ ခုပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies
ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။New Row ကို
ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL
ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ကိုယ့်ရဲ့ Smilies လေးအတွက်
သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ
ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင်
:)) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။My Users Tab
ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users
တွေအတွက်ပဲ ရပါတယ်။ Blocked Users
ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ
ပြထားတာပါ။
Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage
လုပ်လို့ရပါတယ်။
ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban
လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban
ဆိုတာကိုနှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ
စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။
ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော်သုံးတဲ့ IP
Tracking Tool ကတော့ IP Hacker ပါ။
Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။
ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့Aတွက် Quick Setup ကို ပြန်သွားပါ။
သူပေးထားတဲ့ Codes တွေကို ကူးယူပါ။
ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element
မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code
လေးတွေ ကို ထည့်ပေးလိုက်ရုံပါပဲ။
Add a Page Element ကိုနှိပ်လိုက်လျှင် မြင်ရမည့်ပုံ
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ မရှင်းတာရှိရင်လည်း Comments ထဲမှာ
ဝင်ရောက် မေးမြန်းနိုင်ပါတယ်။
မှတ်ချက်။
၁. Cbox တွင် အကောင်းအဆိုးရောနေသည်။ Cbox ထည့်ထားခြင်းကြောင့်
မိတ်ဆွေများတိုးပွားလာနိုင်သကဲ့သို့ အမည်မဖော်ဘဲ
ဝင်ရောက်နှောင့်ယှက် တတ်သူများကြောင့်လည်း စိတ်အနှောင့်အယှက်
ဖြစ်ရတတ်ပါသည်။
၂. Blogger အသစ်များအနေဖြင့် Cbox ရှိထားခြင်းသည် မိမိဘလော့ဂ်အတွက်
လာလည်သူများထံမှ အကြံညာဏ်ကောင်းများ ပိုမို၍
ရလာစေနိုင်ပါသည်။ မိတ်ဆွေ များလည်း ပိုမိုတိုးပွားလာစေနိုင်ပါသည်။
၃. Cbox မရှိသော ဘလော့ဂ်သို့ ၀င်လျှင် မရင်းနှီးသေးသော သူစိမ်းအိမ်သို့
အလည်သွား ရသည်နှင့် တူပါသည်။ ထို့ပြင် မိမိအား အေးစက်စက်နှင့်
ဆက်ဆံနေသကဲ့သို့ ခံစားရပါသည်။
( ကိုရန်အောင် အာဘော်ဖြစ်သည် ၊ ကျွန်တော်လည်း ထောက်ခံပါ၏ )
Cbox Background ပြောင်းမယ်
Cbox ရဲ့ Main BG နဲ့ Alt BG တို့ကို ဘာမှ မထည့်ခဲ့ပါနဲ့.. ရှိတာကို
ဖျက်လိုက်ပါ…
ပြီးရင် Cbox ထည့်ထားသော Page Element ကို Edit လုပ်ပါ
id="cboxmain"
ကိုရှာကြည့်ပါ… ပါရင် ကိစ္စမရှိပါဘူး…
မပါရင်တော့ name="cboxmain" ကိုရှာပါ… သူ့နောက်မှာ id="cboxmain"
ကိုထည့်ပါ… ပြီးရင် save လုပ်လိုက်ပါ…
အသစ်ရတဲ့ Code ကို ပြန်ကူးထည့်ဖို့လိုပါတယ်..
Template အောက်က Edit HTML သွားပါ
body {
ကိုရှာပါ
သူ့အပေါ်တွင်
#cboxmain{
background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg)
center no-repeat;
font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet,
arial, verdana, sans-serif;
}
#cboxdiv{
font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet,
arial, verdana, sans-serif;
}
အဲဒါလေးထည့်လိုက်ပါ… အနီနဲ့ ပြထားတာကတော့ ကိုယ့်ရဲ့ ပုံပတ်လမ်းကြောင်းပါ…
ပုံကိုတော့ http://www.imageshack.us/
မှာတင်လို့ရပါတယ်… ပြီးရင် save လုပ်လိုက်ပါ…
Recent Post
Side Bar တွင် Add a Page Element ကို Click လုပ်ပါ… HTML/Javascript
ရွေးပါ…
အဲဒါလေးကို ထည့်ပြီး save လုပ်လိုက်ပါ… numposts ကတော့ ဖော်ပြချင်တဲ့ post
အရေအတွက်ပါ.. numchars ကတော့ character
အရေအတွက်ပါ…
Customizable recent comments widget (using JSON feed)
Blog မှာ.. ကျွန်တော်တို့တွေ recent comment လေးတွေကို side bar မှာ
ဖော်ပြဖို့ အတွက်ပါ…
Template အောက်က Edit HTML ကိုသွားပါ…
ကိုရှာပါ…
အဲ့ဒီအောက်တွင်
10 ကတော့ blog မှာ ပြ ဖို့အရေအတွက်နဲ့ 100 ကတော့ comment မှာ အများဆုံး
ဖော်ပြချင်တဲ့ စာလုံးအရေအတွက်ပါ..
Peek-a-boo Post (Read More)
Blog မှာ.. ကျွန်တော်တို့တွေ Read More လေးတွေကို post တွေမှာ
လုပ်ဖို့အတွက်ပါ..
(Template အောက်က Edit HTML ကိုသွားပါ…
ကိုရှာပါ…
အဲ့ဒီအောက်တွင်
ပြီးပါက save လုပ်လိုက်ပါ..
Setting အောက်က Formatting ကို သွားပါ… အောက်နားတွင် Post Template ဆိုသော
text box လေးတွေ့ရပါမယ်..
Type your summary here
Type rest of the post here
အဲဒီစာလေးကို copy/paste လုပ်လိုက်ပါ… ပြီးရင် save လုပ်လိုက်ပါ…
Post အတွက် compose လုပ်သောအခါမှာ… အကျဉ်းကို Type your summary here တွင်
အစားထိုးပြီး… ကျန်သော စာများကို Type rest of
the post here တွင် ထည့်ပါ….
Example:
အကျဉ်းအားဖြင့်
ဒါကတော့ အပြည့်အစုံ post လေးပေါ့…
အရင်က တင်ထားသော post များကိုတော့ သွားပြီး effect ဖြစ်မှာမဟုတ်ပါဘူး..
အခုမှ စတင်သော post များကိုသာ စတင် effect ဖြစ်မှာပါ…
Appendix
FAQ
၁. Blog မှာ သီချင်းတွေ ထည့်ဖို့ ဘယ်မှာ flash player ရနိုင်သလဲ။
http://www.myflashfetish.com မှာ mp3 player လို့ပြောင်းလိုက်ပြီး…
နှစ်သက်ရာ Design နဲ့ ရယူနိုင်ပါတယ်… သီချင်းတွေကိုတော့
webhosting တစ်ခုမှာ တင်ထားဖို့လိုပါတယ်..
၂. WebHosting တွေ ဘယ်လိုရနိုင်သလဲ။
http://pages.google.com မှာ eot အတွက် အပြင် File တွေကို direct အနေနဲ့
သုံးနိုင်ပါတယ်… www.awardspace.com ,
www.freewebtown.com တို့ကလည်း freewebhosting တွေပါ…
၃. File Sharing ပေးချင်ရင် webhosting နဲ့ပေးသင့်လား။
ပေးလို့ရပါတယ်… ဒါပေမယ့် file sharing အတွက်ဆိုရင် www.mediafire.com
တို့လို file hosting ကနေ ပေးရင်ပိုကောင်းပါတယ်…
ဘာဖြစ်လို့လည်းဆို register လုပ်စရာမလိုပဲ… file ကို တင်လို့ရလို့ပါတယ်…
၎. Zawgyi-one သွင်းလို့မရဘူး… computer သုံးရတာ user lever အဆင့်ပဲ၇ှိတယ်…
ဘာမှ လုပ်ပိုင်ခွင့်မရှိရင် စာဘယ်လိုရိုက်မလဲ ။
မပူပါနဲ့… စာ၇ိုက်ဖို့အတွက် zawgyi-one web text editor ရှိပါတယ်…
http://www.mysteryzillion.com/project/webtext/ ကို IE
နဲ့ အသုံးပြုပြီး စာရိုက်နိုင်ပါတယ်…
၅. Blog မှာတိုက်ရိုက်စာရိုက်ရင် စာမပေါ်ဘူး… notepad ကနေမှ ပေါ်တယ်..
တိုက်ရိုက်သုံးချင်တယ်။
Browser တစ်ခုလုံးကို Zawgyi-one ပြောင်းလိုက်ရင် ရပါတယ်..
IE မှာဆိုရင်
အရင်ဆုံး notepad ဖွင့်
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် notepad မှာရိုက်ပြီ... D:\ie.css
နဲ့သိမ်းလိုက်....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified...pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
D:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
ကဲရပါပြီ... မြန်မာလို... IE တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ...
Firefox မှာဆိုရင်
Firefox ကိုဖွင့်....
Tool-> Content ကို ၀င်လိုက်ပါ..
Font And Color တွင် Advanced ကိုဝင်ပါ...
Font တွေကို Zawgyi-one လို့ပြောင်းလိုက်ပါ...
Font Size ကိုလည်း သင့်တော်ရာပြင်လိုက်ပါ....
UTF-8 ကိုသုံးပါ...
ပြီးရင် OK OK ပေါ့...
ကဲရပါပြီ... မြန်မာလို... Firefox တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ...
အဲဒါဆိုရင် blogger မှာလည်း တိုက်ရိုက်ရေးလို့ရပါပြီ..
၆. နာရီထည့်ချင်ရင်ကော ဘယ်ကနေ ယူရမလဲ။
http://www.clocklink.com/ မှာရနိုင်ပါတယ်…
၇. တခြားဟာ ထူးထူးဆန်းဆန်းလေးတွေ sidebar မှာထည့်ချင်ရင် ဘယ်ကယူရမလဲ။
နောက်ပြီး Gtalk ကိုလည်းထည့်ချင်တယ်။
Site တွေကတော့ Aများကြီးပါ…
http://www.google.com/ig/directory?synd=open&cat=all မှာတော့
တော်တော်စုံပါတယ်..
google က ပေးထားတာပါ.. Gtalk ကိုလည်း အဲဒီမှာ code ယူပြီးထည့်လို့ရပါတယ်..
http://www.thefreedictionary.com/ ကလည်း ရနိုင်ပါတယ်..
၈. Blogger ကပေးထားတဲ့ design မဟုတ်ပဲ တခြား design နဲ့ Three Column
ထည့်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
http://hoctro.blogspot.com/search/label/Free%20Templates မှာ Three
column တွေရနိုင်ပါတယ်…
http://www.templatepanic.com/ မှာလည်း ရနိုင်ပါတယ်…
http://myanmarbloggers.forum5.com/index.php မှာလည်း
သွားရောက်မေးမြန်းနိုင်ပါသေးတယ်..
၉. Dropdown menu လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
http://www.anniyalogam.com/widgets/dropdown.html
မှာသွားလုပ်နိုင်ပါတယ်...
Useful Link
Blog Hack
http://beautifulbeta.blogspot.com/
http://hackosphere.blogspot.com/
Myanmar Blog Directory
http://mmblogdirectory.blogspot.com/
Myanmar Blogger Forum
http://www.myanmarbloggers.co.nr/
Myanmar Blogger
သိသလောက် ကြားဘူးနားဝ ပေါ့.. အကုန်တော့် ကျွန်တော်လည်း သိဘူး..
တော်တော်လေးကို များတယ်… ကိုမင်းကျော် blog မှာဆို
blog အတွက် လိုအပ်တာတွေကို ကြည့်ရှုနိုင်ပါတယ်..
Oosoo http://www.tartarlay.blogspot.com/
Tesla http://teslanetblog.blogspot.com/
ကိုစစ်အိမ် http://sisain.blogspot.com/
ကိုစိုးဇေယျ http://www.soezeya.blogspot.com/
ကိုဆန်းဦး http://www.sannoo.blogspot.com/
ကိုညီလင်းဆက် http://nyilynnseck.blogspot.com/
ကိုမင်းကျော် http://kminnkyaw.blogspot.com/
ကိုမိုးတိမ် http://shwemoetain.blogspot.com/
ကိုမျက်လုံး http://www.myatlone.blogspot.com/
ကိုပွတ် http://myanmaroa6.blogspot.com/
ကိုရန်အောင် http://www.yanaung.blogspot.com/
ကိုသန့်ဇင် http://mgthantzin.blogspot.com/
ကိုမောင်လှ http://mghla.blogspot.com/
ကိုဝေဖြိုးကျော် http://edwardwitten.blogspot.com/
ကဒေါင်းညင်သာ http://kadaung.blogspot.com/
ညလေး http://www.ainmetdiary.blogspot.com/
မယ်လိုဒီမောင် http://melodymaungmm.blogspot.com/
အစ်မသဉ္ဇာ http://thinzar00.blogspot.com/
အိမွန်စိုး http://www.ems-dailydiary.blogspot.com/
မောင်ဥပေက္ခာ http://mgequanimity.blogspot.com/
ကျေးဇူးတင်လျှက်........