Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, December 28, 2012

မြန်မာ ရိုးရာ အမှား ၁၀ ခု ။

သင် စကားပြောတဲ့အခါ ဒီအမှား ၁၀ ခုကို ပြုလုပ်လေ့ရှိသလား?



သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့
 ။

သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို 
ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ 
သိပ်ကို ဖြစ်နိုင်ပါတယ်။

ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ 
ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို 
ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။



၁။ နားမထောင်ခြင်း



အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -

” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် 
တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ 
ဘယ်တော့မှ နားမထောင်တတ်ကြဘူး “

လူအများစုနဲ့ မတူပါနဲ့။

သင်ပြောရမယ့်အလှည့်ကို ရောက်ဖို့ စိတ်အားထက်သန်စွာ စောင့်မနေပါနဲ့။ 
သင့်ရဲ့စိတ်ကို ခဏကလေး အောင့်ထားလိုက်ပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာ
 အမှန်တကယ်နားထောင်တတ်အောင် သင်ယူပါ။

သင် အမှန်တကယ် နားထောင်လိုက်ပြီဆိုတာနဲ့ အဲဒီစကားဝိုင်းမှာ နောက်ထပ် 
ဘာတွေဆက်ပြောရမယ်ဆိုတဲ့ စကားလမ်းကြောင်းလေးတွေကို သင် ရရှိပါလိမ့်မယ်။ 
ဒါပေမဲ့ “ဟုတ်တယ်” “မဟုတ်ဘူး” အဖြေတွေကိုသာရမယ့် မေးခွန်းမျိုးကိုတော့ 
ရှောင်ပါ။ အဲဒီမေးခွန်းတွေက သင့်ကို အကြောင်းအရာတွေ အများကြီး 
မပေးနိုင်လို့ပါပဲ။ ဆိုကြပါစို့ … စကားဝိုင်းထဲကမှာ တစ်ယောက်က သူ 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူငယ်ချင်းနှစ်ယောက်နဲ့ ငါးမျှားထွက်တဲ့အကြောင်း 
ပြောတယ်၊ ဒါဆို သင် ဒီလို မေးလို့ရတယ် -

ဘယ်နေရာမှာ ငါးမျှားထွက်တာလဲ ?

ငါးမျှားရတာကို ဘာကြောင့် သဘောကျသလဲ ?

ငါးမျှားထွက်ရတာအပြင် တခြားဘာတွေ ၀ါသနာပါသေးလဲ ?

ဒါဆိုရင် ဒီလူဟာ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြောစရာစကားတွေ 
ပိုရသွားမယ်၊ သင့်အတွက်လည်း နောက်ထပ်ထပ်ပြောရမယ့် စကားတွေ ပိုပြီး 
ရလာပါတယ်။

အကယ်၍ သူက ဒီလိုပြောမယ် ” ကျနော်မသိဘူး “

ချက်ချင်း လက်မလျှော့ပါနဲ။ နည်းနည်းလေး တို့ကြည့်၊ ဆွကြည့်ပါ။ ထပ်ပြီး 
မေးပါ။ ဒါဆို သူတို့နည်းနည်လေး ထပ်စဉ်းစားတော့မယ်။ ပြီးတော့ သူတို့တွေက 
အဲဒီစကားဝိုင်းကို စဖွင့်လိုက်ပြီဆိုတာနဲ့ ပိုပြီး စိတ်ဝင်စားစရာလည်း 
ကောင်းလာပါလိမ့်မယ်။



၂။ မေးခွန်းတွေ အများကြီး မေးခြင်း



သင်ဟာ မေးခွန်းတွေချည်းပဲ အများကြီးမေးနေမယ်ဆိုရင်တော့ အဲဒါဟာ 
အချင်းချင်းစကားပြောနေတာနဲ့မတူဘဲ စစ်ဆေးမေးမြန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ 
ဒါမှမဟုတ် မေးခွန်းတွေချည်းပဲ သင့်မှာ 
ပြောစရာသိပ်မရှိဘူးဆိုတဲ့ပုံစံနဲ့လည်း တူနေပါတယ်။

နည်းလမ်းတစ်ခုကတော့ မေးခွန်းတွေကို ရိုးရိုးစကားနဲ့ 
ပေါင်းစပ်လိုက်ဖို့ပါပဲ။ အထက်မှာပြောခဲ့တဲ့စကားကို ဆက်ရရင်- သင်ဟာ 
အဲဒီမေးခွန်းတွေကို မမေးဘဲနဲ့ ဒီလိုလည်း ပြောနိုင်ပါတယ် ..

ဟုတ်လား၊ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အေးအေးလူလူ အပြင်ထွက်တာ 
တကယ်ကောင်းတယ်။ ကျနော်တို့ကတော့ ဘီယာ ၆ ပုလင်းလောက်ဝယ်ပြီး 
ပန်းခြံထဲသွားတယ်၊ ပြီးတော့ လေထဲမှာ ပန်းကန်ပြားလေးတွေ ပစ်တဲ့ ကစားနည်းကို 
ဆော့ကြတယ်။

ဒါဆိုရင် စကားကို ဒီနေရာကနေ ဆက်လို့ရသွားပါပြီ။ သင်ဟာ ပန်းကန်ပြားပစ် 
ကစားနည်းအကြောင်းကို ဆက်ဆွေးနွေးနိုင်တယ်၊ ဒါမှမဟုတ် သင်အကြိုက်ဆုံး 
ဘီယာအကြောင်းကို ဆက်ပြောနိုင်တာပါပဲ



၃။ တင်းကျပ်လွန်းခြင်း



သင်အခုမှ စတွေတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် 
ပုံမှန်ပြောနေကျ အကြောင်းအရာတွေ ကုန်သွားတဲ့အခါ ဘာမှမပြောတော့ဘဲ 
တိတ်ဆိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

Leil Lowndes က ပြောဖူးတယ် – ” သတင်းစာမဖတ်ရသေးဘဲနဲ့ အိမ်အပြင်ကို 
မထွက်ပါနဲ့” – တဲ့။ သင့်မှာ ပြောစရာအကြောင်းအရာ မရှိတဲ့အခါ သင်ဟာ အခုလက်ရှိ
 ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်းကို စ ပြောလို့ရတယ်။ ဒါမှမဟုတ် အခုလက်ရှိ 
လူကြိုက်များနေတဲ့ အကြောင်းအရာတွေကို သိထားတာလဲ ကောင်းပါတယ်။ ဥပမာ .. Lost 
ဇာတ်ကားရဲ့ နောက်ဆုံးအခန်းက ဘယ်လိုဖြစ်သွားသလဲ … ဆိုတာမျိုး။

သင့်မိတ်ဆွေအိမ်က ငါးကန်လေးကိုလည်း ချီးမွမ်းလို့ရတယ်။ ဒါမှမဟုတ် သူ့ရဲ့ 
Mp3 ထဲက သီချင်းတွေအကြောင်း ပြောလို့ရတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ 
အရာတစ်ခုခုအကြောင်းကိုလည်း စပြီး ပြောနိုင်တာပါပဲ။



၎။ ပြောဟန်ဆိုဟန် အားနည်းခြင်း



စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ – သင် ဘာပြောတယ်ဆိုတာ 
မဟုတ်ပါဘူး၊ သင် ဘယ်လို ပြောတယ်ဆိုတာပါပဲ။ ဒါက အပြောင်းအလဲတွေ အများကြီးကို
 ဖြစ်စေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ အသံနဲ့ သင့်ရဲ့ ခန္ဓာကိုယ် 
ဘာသာစကား (body language ) ဟာ ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက် 
ဖြစ်လို့ပါပဲ ။

စဉ်းစားရမယ့် အချက်တစ်ချို့ကတော့ -

အရှိန်လျှော့ပါ။ သင်ဟာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ 
စိတ်လှုပ်ရှားနေတဲ့အခါ စကားပြောတာ ပိုပိုပြီး မြန်လာပါလိမ့်မယ်။ အရှိန်ကို 
လျှော့ချဖို့ ကြိုးစားပါ။ ဒါဟာ နားထောင်တဲ့သူတွေအတွက် ပိုပြီး 
လွယ်ကူစေပါလိမ့်မယ်။ ပြီးတော့ သင်ပြောလိုတဲ့အချက်အလက်တွေလည်း သူတို့ဆီကို 
ရောက်သွားပါလိမ့်မယ်။

ကျယ်ကျယ်ပြောပါ။ သင့်ကို သူတို့တွေကြားရဖို့ 
လိုအပ်သလောက်ကျယ်ကျယ်ပြောရမှာကို မကြောက်ပါနဲ့။

ရှင်းလင်းစွာပြောပါ။ ဗလုံးဗထွေး မပြောပါနဲ့။

ခံစားချက်အပြည့်နဲ့ ပြောပါ။ သင်ဟာ အသံအနိမ့်အမြင့် မရှိဘဲ ပြောနေမယ်ဆိုရင် 
ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့အသံမှာ သင့်ရဲ့ ခံစားချက်တွေ 
ရောင်ပြန်ဟပ်နေပါစေ။



၅။ စကားဝိုင်းကို အပိုင်စီးထားခြင်း



ဒီလိုမျိုးအဖြစ်တွေကို ကျနော် မကြာခဏကြုံရဖူးတယ်။ 
စကားဝိုင်းမှာရှိတဲ့လူတိုင်းဟာ အဲဒီစကားဝိုင်းမှာ ပါဝင်ရပါမယ်၊ သူတို့အတွက်
 စကားပြောဖို့အချိန်ကိုလည်း ပေးရပါလိမ့်မယ်။ တစ်ယောက်ယောက်က 
ပုံတိုပတ်စတစ်ပုဒ်ကို ပြောနေတဲ့အခါ ကြားဖြတ်မပြောပါနဲ့၊ ဒါမှမဟုတ် 
သင်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က သူ့အမြင်ကို ပြောတဲ့အခါ
 လူတွေရဲ့အာရုံကို သင့်ဆီပြန်ရောက်လာအောင်ဆိုပြီး စကားကို ဖြတ်ပြောတာမျိုး 
မလုပ်ပါနဲ့။ ပြောခြင်းနဲ့ နားထောင်ခြင်းကို ဟန်ချက်ညီအောင်လုပ်ပါ။



၆။ ကိုယ့်ဘက်က အမြဲမှန်ခြင်း



ငြင်းခုန်တာမျိုး၊ ပြီးတော့ ပြောသမျှအကြောင်းအရာတိုင်းမှာ ကိုယ့်ဘက်ကပဲ 
အမြဲမှန်တယ်ဆိုတာမျိုးကို ရှောင်ပါ။ ဒါဟာ ဆွေးနွေးပွဲတစ်ခု မဟုတ်ပါဘူး။ 
ပြောသမျှ အကြောင်းအရာတိုင်းမှာ သင် “နိုင်” လို့လည်း ဘယ်သူကမှ သင့်ကို 
အထင်ကြီးကြမှာမဟုတ်ပါဘူး။ အဲဒီအစား – ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်ပါ၊ 
သက်သောင့်သက်သာနေပါ။ ကောင်းတဲ့ခံစားချက်လေးတွေ ဆက်လက် သွားနေပါစေ။



၇။ ဘယ်လိုကြီးမှန်းမသိအောင် ထူးခြားသော အကြောင်းအရာများကို ပြောခြင်း



အကယ်၍ သင်ဟာ ဧည့်ခံပွဲတစ်ခုမှာရောက်နေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ 
ရင်းနှီးဖို့ကြိုးစားနေတယ်ဆိုရင် စကားပြောတဲ့အခါ တချို့အကြောင်းအရာတွေကို 
ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့အကြောင်း၊ 
ဒါမှမဟုတ် အဆင်မပြေတဲ့ ဆက်ဆံရေးတွေအကြောင်း၊ သင့်ရဲ့ အလုပ်မကောင်းကြောင်း၊ 
သူဋ္ဌေးရဲ့ဆိုးပုံတွေ၊ ဒါမှမဟုတ် သင်နဲ့ တခြားလူတစ်ယောက်တည်းသာ နားလည်မယ့် 
အကြောင်းအရာမျိုးတွေ ပြောခြင်းကို ရှောင်ပါ။ သင့်ရဲ့သူငယ်ချင်းတွေနဲ့ 
စကားပြောတဲ့အခါ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ 
ငြင်းခုန်ရမယ့်အကြောင်းအရာမျိုးတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။



၈။ ပျင်းစရာကောင်းနေခြင်း



ပတ်ဝန်းကျင်ကို သတိမထားဘဲ သင့်ရဲ့ ကားအသစ်ကြီးအကြောင်း ၁၀ မိနစ်လောက် 
တတွတ်တွတ် ပြောတာမျိုး မလုပ်ပါနဲ့။ တခြားသူတွေက ပျင်းလာပြီဆိုရင် 
အဲဒီအကြောင်းအရာကို ရပ်လိုက်ဖို့ အသင့်ပြင်ထားပါ။

အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင်ပြောဖို့ နည်းလမ်းတစ်ခုကတော့ 
ရိုးရှင်းစွာပြောခြင်းပါပဲ။ ပြီးတော့ အပြုသဘောဆောင်တဲ့ 
အကြောင်းအရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ သင့်ရဲ့ သူဋ္ဌေးအကြောင်း ၊ 
သင့်အလုပ်အကြောင်း ညည်းညူပြောတာမျိုးနဲ့ စကားဝိုင်းကို မစတင်ပါနဲ့။ 
တခြားသူတွေက အဲဒီအကြောင်းအရာတွေကို နားမထောင်ချင်ကြဘူးလေ။ အဲဒီအစား – 
သင်နောက်ဆုံးသွားခဲ့တဲ့ အပျော်ခရီးအကြောင်းပြောပါ၊ သင် အ၀တ်အစားဝယ်တုန်းက 
ကြုံတွေ့ခဲ့ရတဲ့ ရီစရာအဖြစ်အပျက်တစ်ခုအကြောင်း၊ ဒါမှမဟုတ် နှစ်သစ်ကူးညအတွက်
 သင် ဘယ်လို စီစဉ်ထားတယ်ဆိုတဲ့အကြောင်း၊ ဒါမှမဟုတ် တခြား ပျော်စရာ 
စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာမျိုးကို ပြောပါ။



၉။ တုန့်ပြန်မှုမရှိခြင်း



ပွင့်လင်းပါ၊ သင်တွေးမိတာတွေကို ပြောပါ၊ သင်ခံစားရတာကို မျှဝေပါ။ 
တခြားတစ်ယောက်က သူ့ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေလာရင်လည်း ဖွင့်ပေးပါ၊ 
ပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပါ။ 
ခေါင်းညိတ်ခေါင်းခါနေတာမျိုးပဲ မလုပ်ပါနဲ့။ သူတို့ကလည်း သင့်ကို 
စကားဝိုင်းထဲမှာ ပါဝင်စေချင်ကြတယ်လေ။

ဘ၀ရဲ့ တခြား ကဏ္ဍတွေမှာလိုပဲ၊ သင်ဟာ တစ်ဘက်က စရွေ့လျားတာကို အမြဲတမ်းတော့ 
စောင့်မနေနိုင်ပါဘူး။ လိုအပ်တဲ့အခါ၊ စကားဝိုင်းကို ကိုယ်က အရင် 
စဖွင့်ကိုပါ။



၁၀။ ပြောစရာ များများမရှိခြင်း



စကားပြောနေရင်းနဲ့ ပြောစရာမရှိတော့တာမျိုးကို ကြုံဖူးပါလိမ့်မယ်။ 
ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာကို အမှန်တကယ် 
နားထောင်ပါ၊ စိတ်ဝင်စားပါ။ မေးခွန်းတွေမေးပါ။ ဆက်စပ်တဲ့အကြောင်းအရာတွေကို 
ပြောပါ။

သင့်ရဲ့ မျက်စိတွေကိုလည်း ဖွင့်ထားပါ။ သင့်ရဲ့ 
ပတ်ဝန်းကျင်လေ့လာမှုစွမ်းရည်ကို အားကောင်းအောင်လုပ်ပါ။ သင့်ပတ်ဝန်းကျင်မှာ 
စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေပါ။ 
ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ် သင့်အမြင်ကို 
ဖြန့်ကျက်ထားခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင် ဗဟုသုတ ဘဏ်စာရင်းကို 
တိုးပွားအောင်လုပ်ပါ။ သတင်းဂျာနယ်တွေ ဖတ်ပါ။ လက်ရှိ 
လူကြိုက်များနေတဲ့အကြောင်းအရာတွေကိုလည်း သိပါစေ။

သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကိုလည်း 
ပိုပြီးကောင်းမွန်အောင်လုပ်ပါ။

ဒါပေမဲ့ အေးအေးဆေးဆေး လုပ်ပါ။ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းမှာ 
လုပ်ဖို့မလိုအပ်ပါဘူး။ ဒီအချက်တွေထဲက သင့်ရဲ့ 
စကားပြောစွမ်းရည်နဲ့ပတ်သက်လို့ တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ထင်တဲ့ 
အရေးအကြီးဆုံး အချက်သုံးခုကို ရွေးပါ။ ပြီးရင် နေ့စဉ်နေ့တိုင်း ရက်သတ္တပတ် 
၃-၄ပတ်လောက် လေ့ကျင့်သွားပါ။ ဘာတွေ ပြောင်းလဲလာသလဲဆိုတာကိုလည်း 
မှတ်သားထားပါ။ သိပ်မကြာခင်မှာပဲ သင် စကားပြောတဲ့အခါ သင့်ရဲ့ 
အလေ့အကျင့်အသစ်တွေဟာ အလိုလို စတင် ပေါ်ထွက်လာပါလိမ့်မယ်။



 
http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A428658&xgs=1&xg_source=msg_share_post


♥♥ရေးသားချိန်♥♥ 10:08 AM ♥♥ရေးသူ♥♥ အောင်ကျော်မြင့်
သင် စကားပြောတဲ့အခါ ဒီအမှား ၁၀ ခုကို ပြုလုပ်လေ့ရှိသလား?

သင့်ရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်အောင် လုပ်နိုင်ပါသလား? သေချာတာပေါ့ ။
သင့်ဘ၀တစ်လျှောက်လုံး စွဲမြဲလာ...ခဲ့တဲ့ စကားပြောဆိုမှု ပုံစံတွေကို ပြောင်းလဲဖို့ နည်းနည်းလေးတော့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ သိပ်ကို ဖြစ်နိုင်ပါတယ်။
ဒီစာကို လိုတာထက်ပိုပြီး ရှည်မသွားရလေအောင်- စကားပြောတဲ့အခါ ကျနော်တို့အများစု ပြုလုပ်တတ်ကြတဲ့ အမှားတစ်ချို့နဲ့ အဲဒါတွေကို ပြောင်းလဲဖို့ နည်းလမ်းတစ်ချို့ကို ကြည့်ကြရအောင်။

၁။ နားမထောင်ခြင်း

အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးက ပြောခဲ့ဖူးတယ် -
” ကျနော်ဟာ နားထောင်ရတာကို သဘောကျတယ်၊ ဂရုတစိုက် နားထောင်ခြင်းကြောင့် တခြားလူတွေဆီကနေ ကျနော်အများကြီး သင်ယူနိုင်ခဲ့တယ်။ လူအများစုကတော့ ဘယ်တော့မှ နားမထောင်တတ်ကြဘူး “
လူအများစုနဲ့ မတူပါနဲ့။
သင်ပြောရမယ့်အလှည့်ကို ရောက်ဖို့ စိတ်အားထက်သန်စွာ စောင့်မနေပါနဲ့။ သင့်ရဲ့စိတ်ကို ခဏကလေး အောင့်ထားလိုက်ပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာ အမှန်တကယ်နားထောင်တတ်အောင် သင်ယူပါ။
သင် အမှန်တကယ် နားထောင်လိုက်ပြီဆိုတာနဲ့ အဲဒီစကားဝိုင်းမှာ နောက်ထပ် ဘာတွေဆက်ပြောရမယ်ဆိုတဲ့ စကားလမ်းကြောင်းလေးတွေကို သင် ရရှိပါလိမ့်မယ်။ ဒါပေမဲ့ “ဟုတ်တယ်” “မဟုတ်ဘူး” အဖြေတွေကိုသာရမယ့် မေးခွန်းမျိုးကိုတော့ ရှောင်ပါ။ အဲဒီမေးခွန်းတွေက သင့်ကို အကြောင်းအရာတွေ အများကြီး မပေးနိုင်လို့ပါပဲ။ ဆိုကြပါစို့ … စကားဝိုင်းထဲကမှာ တစ်ယောက်က သူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူငယ်ချင်းနှစ်ယောက်နဲ့ ငါးမျှားထွက်တဲ့အကြောင်း ပြောတယ်၊ ဒါဆို သင် ဒီလို မေးလို့ရတယ် -
ဘယ်နေရာမှာ ငါးမျှားထွက်တာလဲ ?
ငါးမျှားရတာကို ဘာကြောင့် သဘောကျသလဲ ?
ငါးမျှားထွက်ရတာအပြင် တခြားဘာတွေ ၀ါသနာပါသေးလဲ ?
ဒါဆိုရင် ဒီလူဟာ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပြောစရာစကားတွေ ပိုရသွားမယ်၊ သင့်အတွက်လည်း နောက်ထပ်ထပ်ပြောရမယ့် စကားတွေ ပိုပြီး ရလာပါတယ်။
အကယ်၍ သူက ဒီလိုပြောမယ် ” ကျနော်မသိဘူး “
ချက်ချင်း လက်မလျှော့ပါနဲ။ နည်းနည်းလေး တို့ကြည့်၊ ဆွကြည့်ပါ။ ထပ်ပြီး မေးပါ။ ဒါဆို သူတို့နည်းနည်လေး ထပ်စဉ်းစားတော့မယ်။ ပြီးတော့ သူတို့တွေက အဲဒီစကားဝိုင်းကို စဖွင့်လိုက်ပြီဆိုတာနဲ့ ပိုပြီး စိတ်ဝင်စားစရာလည်း ကောင်းလာပါလိမ့်မယ်။

၂။ မေးခွန်းတွေ အများကြီး မေးခြင်း

သင်ဟာ မေးခွန်းတွေချည်းပဲ အများကြီးမေးနေမယ်ဆိုရင်တော့ အဲဒါဟာ အချင်းချင်းစကားပြောနေတာနဲ့မတူဘဲ စစ်ဆေးမေးမြန်းနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါမှမဟုတ် မေးခွန်းတွေချည်းပဲ သင့်မှာ ပြောစရာသိပ်မရှိဘူးဆိုတဲ့ပုံစံနဲ့လည်း တူနေပါတယ်။
နည်းလမ်းတစ်ခုကတော့ မေးခွန်းတွေကို ရိုးရိုးစကားနဲ့ ပေါင်းစပ်လိုက်ဖို့ပါပဲ။ အထက်မှာပြောခဲ့တဲ့စကားကို ဆက်ရရင်- သင်ဟာ အဲဒီမေးခွန်းတွေကို မမေးဘဲနဲ့ ဒီလိုလည်း ပြောနိုင်ပါတယ် ..
ဟုတ်လား၊ တနင်္ဂနွေ အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အေးအေးလူလူ အပြင်ထွက်တာ တကယ်ကောင်းတယ်။ ကျနော်တို့ကတော့ ဘီယာ ၆ ပုလင်းလောက်ဝယ်ပြီး ပန်းခြံထဲသွားတယ်၊ ပြီးတော့ လေထဲမှာ ပန်းကန်ပြားလေးတွေ ပစ်တဲ့ ကစားနည်းကို ဆော့ကြတယ်။
ဒါဆိုရင် စကားကို ဒီနေရာကနေ ဆက်လို့ရသွားပါပြီ။ သင်ဟာ ပန်းကန်ပြားပစ် ကစားနည်းအကြောင်းကို ဆက်ဆွေးနွေးနိုင်တယ်၊ ဒါမှမဟုတ် သင်အကြိုက်ဆုံး ဘီယာအကြောင်းကို ဆက်ပြောနိုင်တာပါပဲ

၃။ တင်းကျပ်လွန်းခြင်း

သင်အခုမှ စတွေတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်ပြောနေကျ အကြောင်းအရာတွေ ကုန်သွားတဲ့အခါ ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။
Leil Lowndes က ပြောဖူးတယ် – ” သတင်းစာမဖတ်ရသေးဘဲနဲ့ အိမ်အပြင်ကို မထွက်ပါနဲ့” – တဲ့။ သင့်မှာ ပြောစရာအကြောင်းအရာ မရှိတဲ့အခါ သင်ဟာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ သတင်းတွေအကြောင်းကို စ ပြောလို့ရတယ်။ ဒါမှမဟုတ် အခုလက်ရှိ လူကြိုက်များနေတဲ့ အကြောင်းအရာတွေကို သိထားတာလဲ ကောင်းပါတယ်။ ဥပမာ .. Lost ဇာတ်ကားရဲ့ နောက်ဆုံးအခန်းက ဘယ်လိုဖြစ်သွားသလဲ … ဆိုတာမျိုး။
သင့်မိတ်ဆွေအိမ်က ငါးကန်လေးကိုလည်း ချီးမွမ်းလို့ရတယ်။ ဒါမှမဟုတ် သူ့ရဲ့ Mp3 ထဲက သီချင်းတွေအကြောင်း ပြောလို့ရတယ်။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတစ်ခုခုအကြောင်းကိုလည်း စပြီး ပြောနိုင်တာပါပဲ။

၎။ ပြောဟန်ဆိုဟန် အားနည်းခြင်း

စကားပြောတဲ့နေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ – သင် ဘာပြောတယ်ဆိုတာ မဟုတ်ပါဘူး၊ သင် ဘယ်လို ပြောတယ်ဆိုတာပါပဲ။ ဒါက အပြောင်းအလဲတွေ အများကြီးကို ဖြစ်စေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ အသံနဲ့ သင့်ရဲ့ ခန္ဓာကိုယ် ဘာသာစကား (body language ) ဟာ ဆက်သွယ်ပြောဆိုမှုရဲ့ အဓိကသော့ချက် ဖြစ်လို့ပါပဲ ။
စဉ်းစားရမယ့် အချက်တစ်ချို့ကတော့ -
အရှိန်လျှော့ပါ။ သင်ဟာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတဲ့အခါ စကားပြောတာ ပိုပိုပြီး မြန်လာပါလိမ့်မယ်။ အရှိန်ကို လျှော့ချဖို့ ကြိုးစားပါ။ ဒါဟာ နားထောင်တဲ့သူတွေအတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ပြီးတော့ သင်ပြောလိုတဲ့အချက်အလက်တွေလည်း သူတို့ဆီကို ရောက်သွားပါလိမ့်မယ်။
ကျယ်ကျယ်ပြောပါ။ သင့်ကို သူတို့တွေကြားရဖို့ လိုအပ်သလောက်ကျယ်ကျယ်ပြောရမှာကို မကြောက်ပါနဲ့။
ရှင်းလင်းစွာပြောပါ။ ဗလုံးဗထွေး မပြောပါနဲ့။
ခံစားချက်အပြည့်နဲ့ ပြောပါ။ သင်ဟာ အသံအနိမ့်အမြင့် မရှိဘဲ ပြောနေမယ်ဆိုရင် ဘယ်သူကမှ နားထောင်ချင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့အသံမှာ သင့်ရဲ့ ခံစားချက်တွေ ရောင်ပြန်ဟပ်နေပါစေ။

၅။ စကားဝိုင်းကို အပိုင်စီးထားခြင်း

ဒီလိုမျိုးအဖြစ်တွေကို ကျနော် မကြာခဏကြုံရဖူးတယ်။ စကားဝိုင်းမှာရှိတဲ့လူတိုင်းဟာ အဲဒီစကားဝိုင်းမှာ ပါဝင်ရပါမယ်၊ သူတို့အတွက် စကားပြောဖို့အချိန်ကိုလည်း ပေးရပါလိမ့်မယ်။ တစ်ယောက်ယောက်က ပုံတိုပတ်စတစ်ပုဒ်ကို ပြောနေတဲ့အခါ ကြားဖြတ်မပြောပါနဲ့၊ ဒါမှမဟုတ် သင်ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ တစ်ယောက်ယောက်က သူ့အမြင်ကို ပြောတဲ့အခါ လူတွေရဲ့အာရုံကို သင့်ဆီပြန်ရောက်လာအောင်ဆိုပြီး စကားကို ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ပြောခြင်းနဲ့ နားထောင်ခြင်းကို ဟန်ချက်ညီအောင်လုပ်ပါ။

၆။ ကိုယ့်ဘက်က အမြဲမှန်ခြင်း

ငြင်းခုန်တာမျိုး၊ ပြီးတော့ ပြောသမျှအကြောင်းအရာတိုင်းမှာ ကိုယ့်ဘက်ကပဲ အမြဲမှန်တယ်ဆိုတာမျိုးကို ရှောင်ပါ။ ဒါဟာ ဆွေးနွေးပွဲတစ်ခု မဟုတ်ပါဘူး။ ပြောသမျှ အကြောင်းအရာတိုင်းမှာ သင် “နိုင်” လို့လည်း ဘယ်သူကမှ သင့်ကို အထင်ကြီးကြမှာမဟုတ်ပါဘူး။ အဲဒီအစား – ထိုင်ခုံမှာ ပြန်မှီထိုင်လိုက်ပါ၊ သက်သောင့်သက်သာနေပါ။ ကောင်းတဲ့ခံစားချက်လေးတွေ ဆက်လက် သွားနေပါစေ။

၇။ ဘယ်လိုကြီးမှန်းမသိအောင် ထူးခြားသော အကြောင်းအရာများကို ပြောခြင်း

အကယ်၍ သင်ဟာ ဧည့်ခံပွဲတစ်ခုမှာရောက်နေမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ကြိုးစားနေတယ်ဆိုရင် စကားပြောတဲ့အခါ တချို့အကြောင်းအရာတွေကို ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့အကြောင်း၊ ဒါမှမဟုတ် အဆင်မပြေတဲ့ ဆက်ဆံရေးတွေအကြောင်း၊ သင့်ရဲ့ အလုပ်မကောင်းကြောင်း၊ သူဋ္ဌေးရဲ့ဆိုးပုံတွေ၊ ဒါမှမဟုတ် သင်နဲ့ တခြားလူတစ်ယောက်တည်းသာ နားလည်မယ့် အကြောင်းအရာမျိုးတွေ ပြောခြင်းကို ရှောင်ပါ။ သင့်ရဲ့သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ငြင်းခုန်ရမယ့်အကြောင်းအရာမျိုးတွေကိုလည်း ရှောင်ဖို့လိုပါလိမ့်မယ်။

၈။ ပျင်းစရာကောင်းနေခြင်း

ပတ်ဝန်းကျင်ကို သတိမထားဘဲ သင့်ရဲ့ ကားအသစ်ကြီးအကြောင်း ၁၀ မိနစ်လောက် တတွတ်တွတ် ပြောတာမျိုး မလုပ်ပါနဲ့။ တခြားသူတွေက ပျင်းလာပြီဆိုရင် အဲဒီအကြောင်းအရာကို ရပ်လိုက်ဖို့ အသင့်ပြင်ထားပါ။
အကြောင်းအရာတစ်ခုကို စိတ်ဝင်စားစရာကောင်းအောင်ပြောဖို့ နည်းလမ်းတစ်ခုကတော့ ရိုးရှင်းစွာပြောခြင်းပါပဲ။ ပြီးတော့ အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။ သင့်ရဲ့ သူဋ္ဌေးအကြောင်း ၊ သင့်အလုပ်အကြောင်း ညည်းညူပြောတာမျိုးနဲ့ စကားဝိုင်းကို မစတင်ပါနဲ့။ တခြားသူတွေက အဲဒီအကြောင်းအရာတွေကို နားမထောင်ချင်ကြဘူးလေ။ အဲဒီအစား – သင်နောက်ဆုံးသွားခဲ့တဲ့ အပျော်ခရီးအကြောင်းပြောပါ၊ သင် အ၀တ်အစားဝယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ရီစရာအဖြစ်အပျက်တစ်ခုအကြောင်း၊ ဒါမှမဟုတ် နှစ်သစ်ကူးညအတွက် သင် ဘယ်လို စီစဉ်ထားတယ်ဆိုတဲ့အကြောင်း၊ ဒါမှမဟုတ် တခြား ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာမျိုးကို ပြောပါ။

၉။ တုန့်ပြန်မှုမရှိခြင်း

ပွင့်လင်းပါ၊ သင်တွေးမိတာတွေကို ပြောပါ၊ သင်ခံစားရတာကို မျှဝေပါ။ တခြားတစ်ယောက်က သူ့ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေလာရင်လည်း ဖွင့်ပေးပါ၊ ပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပါ။ ခေါင်းညိတ်ခေါင်းခါနေတာမျိုးပဲ မလုပ်ပါနဲ့။ သူတို့ကလည်း သင့်ကို စကားဝိုင်းထဲမှာ ပါဝင်စေချင်ကြတယ်လေ။
ဘ၀ရဲ့ တခြား ကဏ္ဍတွေမှာလိုပဲ၊ သင်ဟာ တစ်ဘက်က စရွေ့လျားတာကို အမြဲတမ်းတော့ စောင့်မနေနိုင်ပါဘူး။ လိုအပ်တဲ့အခါ၊ စကားဝိုင်းကို ကိုယ်က အရင် စဖွင့်ကိုပါ။

၁၀။ ပြောစရာ များများမရှိခြင်း

စကားပြောနေရင်းနဲ့ ပြောစရာမရှိတော့တာမျိုးကို ကြုံဖူးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပါ။ တခြားသူတွေ ဘာတွေပြောနေကြတယ်ဆိုတာကို အမှန်တကယ် နားထောင်ပါ၊ စိတ်ဝင်စားပါ။ မေးခွန်းတွေမေးပါ။ ဆက်စပ်တဲ့အကြောင်းအရာတွေကို ပြောပါ။
သင့်ရဲ့ မျက်စိတွေကိုလည်း ဖွင့်ထားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်လေ့လာမှုစွမ်းရည်ကို အားကောင်းအောင်လုပ်ပါ။ သင့်ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေပါ။ ကမ္ဘာကြီးမှာဖြစ်နေတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေအပေါ် သင့်အမြင်ကို ဖြန့်ကျက်ထားခြင်းဖြင့် သင့်ရဲ့ကိုယ်ပိုင် ဗဟုသုတ ဘဏ်စာရင်းကို တိုးပွားအောင်လုပ်ပါ။ သတင်းဂျာနယ်တွေ ဖတ်ပါ။ လက်ရှိ လူကြိုက်များနေတဲ့အကြောင်းအရာတွေကိုလည်း သိပါစေ။
သင့်ရဲ့ ခန္ဓာကိုယ်ဘာသာစကား (body language) ကိုလည်း ပိုပြီးကောင်းမွန်အောင်လုပ်ပါ။
ဒါပေမဲ့ အေးအေးဆေးဆေး လုပ်ပါ။ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းမှာ လုပ်ဖို့မလိုအပ်ပါဘူး။ ဒီအချက်တွေထဲက သင့်ရဲ့ စကားပြောစွမ်းရည်နဲ့ပတ်သက်လို့ တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ထင်တဲ့ အရေးအကြီးဆုံး အချက်သုံးခုကို ရွေးပါ။ ပြီးရင် နေ့စဉ်နေ့တိုင်း ရက်သတ္တပတ် ၃-၄ပတ်လောက် လေ့ကျင့်သွားပါ။ ဘာတွေ ပြောင်းလဲလာသလဲဆိုတာကိုလည်း မှတ်သားထားပါ။ သိပ်မကြာခင်မှာပဲ သင် စကားပြောတဲ့အခါ သင့်ရဲ့ အလေ့အကျင့်အသစ်တွေဟာ အလိုလို စတင် ပေါ်ထွက်လာပါလိမ့်မယ်။



♥♥ရေးသားချိန်♥♥ 10:08 AM ♥♥ရေးသူ♥♥ အောင်ကျော်မြင့်

Thursday, December 27, 2012

ပြည့်တန်ဆာနှင့် ဥပဒေ

  (အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)

 ၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

  ၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။

၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)

၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။

၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။

၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။

၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။

၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။

၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။

၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။

၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။

၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။  ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။

၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။

၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။

၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။


နောက်ဆက်တွဲ

ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။

(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။

(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။

(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။
သက္က မိုးညို

Tuesday, December 25, 2012

ပြည့်တန်ဆာများတရားဝင်လိုင်စင်ရရှိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး ပြော


Monday, 24 December 2012

ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောသည်။
''ပြည့်တန်ဆာမရှိတဲ့ နိုင်ငံဆို တာမရှိပါဘူး၊ ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိတာပါ။ ပပျောက်အောင်လုပ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ပပျောက် အောင်လည်း လုပ်လို့မရပါဘူး''ဟု ၄င်းက ပြောသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြည့်တန်ဆာနှင့်ပတ်သက်၍ တရား ဝင်လိုင်စင်များ ထုတ်ပေးပြီးစနစ် တကျဖြစ်အောင် ဆောင်ရွက်ပေး ထားကြောင်း၊ ထိုသို့ တရားဝင်လိုင် စင်များချထားပေးပါက ၄င်းတို့ကို အခွန်ကောက်ခံကာတိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများလည်းရရှိမည်ဖြစ် ကြောင်း ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ချထားပေးနိုင်ရန် လွှတ် တော်၌ အဆိုပြုတင်သွင်းသွားမည် ဖြစ်ကြောင်း¤င်းကဆက်ပြောသည်။
''လိုင်စင်ထုတ်ပေးရင်ကောင်း တာပေါ့။ အခုဆိုရင် ရဲကို ကြောက် နေရတယ်။ လိုင်းကြေးလည်း ပေးရ သေးတယ်။ တကယ်ဖြစ်ရင်တော့ ကောင်းမှာလို့ မျှော်လင့်မိတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လိင်လုပ်သားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီး အများစုသည် အခြားအတတ်ပညာ များ တတ်မြောက်ခြင်းမရှိသည့်အပြင် ထွက်ပေါက်မရှိသည့်အတွက် ယင်း အလုပ်ကိုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။
''လိုင်စင်ထုတ်ပေးနိုင်ပြီဆိုရင် တော့ ကောင်းတာပေါ့။ ကူးစက် ရောဂါဆိုတာ Sexworker တွေက တစ်ဆင့် အများဆုံး ကူးစက်နေတာ ပါ။ တခြားနိုင်ငံတွေမှာဆိုရင် ကူး စက်ရောဂါတွေ မဖြစ်နိုင်အောင်ကွန် ဒုံးသုံးရတယ်။ မသုံးရင် Sexworker ရောပျော်ပါးတဲ့သူနှစ်ယောက်စ လုံးကို ပြစ်ဒဏ်ချမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်'' ဟု မင်္ဂလာ တောင်ညွန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
HIV,AIDS အပြင် အခြားကူးစက် ရောဂါများဖြစ်ပွားမှုနှုန်းနည်းစေရန် ကွန်ဒုံးသုံးစွဲသင့်ပြီး Sexworker များကို လည်း ကျန်းမာရေးစစ်ဆေးမှုများပုံမှန် ပြုလုပ်ကာတရားဝင်လိုင်စင်များထုတ် ပေးသင့်ကြောင်း ၄င်းကပြောသည်။






ပြည့်တန်ဆာလုပ်ငန်း သို့ မဟုတ် လူသားခြင်းကျွန်ပြုခြင်း


ပြည်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်မယ်လို့ အမတ်တဦးဖြစ်တဲ့ မစန္ဒာမင်း
က ထုတ်ဖေါ်လာမှုကို အံသြတုန်လှုပ်မိပါတယ်။ ပြည်တန့်ဆာလုပ်ငန်းဆိုတာလူသားခြင်းကျွန်ပြုခြင်း
လုပ်ငန်း တရပ်ဖြစ်ကြောင်းကို ကျနော်တို့  နိင်ငံရေး ကကြီးခခွေးလေ့လာစဉ်က ပင် ကျင့်ဝတ် ( Ethic ) အပိုင်းရရှု့ မြင်ကြတယ်။
ခံယူခဲ့ကြပါတယ်။ ဒါဟာ စီးပွားရေး ပြသနာ၊ မဟာဖိုဝါဒ ကြီးဆို...ုးတဲ့ ခေတ်ဆိုးတခုရဲ့ ရလဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နစ်ပေါင်း ၃၀၀၀ ကျော်က မဟာဖိုဝါဒကြိးဆိုးတဲ့ ဝေသာလီမှာ အမျိုးကောင်သမီးလေး
အဗ္မပါလီကို ပြည့်တန်ဆာအဖြစ် လဇီဝီ လွတ်တော်က ဆုံးဖြတ်ခဲ့တယ်။
ဒါဟာ ကြောင်သူတော်မဟာဖိုဝါဒီတွေရဲ့ သူရဲဘောကြောင်မှု ၊ တာဝန်မဲ့မှု
နဲ့  လူအခွင့်အရေးချိုးဖေါက်မှုဖြစ်ပါတယ်။

ကမ္ဘာ ပထမ ဒီမိုကရေစီနိင်ငံဖြစ်ခဲ့တဲ့ဝေသာလီရဲ့  ဒီမိုကရေစီ သဘောတရား မရင့်ကျက်မှုတွေရဲ့  ပြယုတ်ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ ပြည်တန်ဆာကိုတရားဝင်လုပ်မယ်ဆိုရင် ကျနော်တို့  ကန့် ကွက်ပါတယ်။

တရားဝင်မလုပ်သင့်ပါ။ ပြည်တန်ဆာပပျောက်အောင် လွတ်လပ်မှုနဲ့  စီးပွားရေးဖွင့်ဖြိုးမှုကို ဦးစားပေးဆောင်ရွက်စေချင်ပါတယ်။

နယ်သာလန်နိင်ငံ၊ ဂျာမဏီတို့ က တရားဝင်သတ်မှတ်ထားတယ်။ နယ်သားလန်နိင်ငံရှိ ပြည့်တန်ဆာ ၈၀ ရာခိုင်နှုန်းဟာ နိင်ငံခြား သူလေးများဖြစ်ပါတယ်။ ဆင်းရဲတဲ့နိင်ငံက ကလေးမ များဖြစ်ပါတယ်။ သူတိုထဲက ၇၀ ရာခိုင်နှုန်းဟာ တရားမ၀င်ခိုးဝင်လုပ်ကိုင်နေရသူတွေဖြစ်ပါတယ်။
၁၉ ၄၉ ခုနစ်ကတည်းက ကုလသမဂ အထွေအထွေညီလာခံက ဒီလုပ်ငန်း
မကောင်းမူ လုပ်ငန်းလို့  သတ်မှတ်ခဲ့တယ်။ ၂၀၀၉ ခုနစ်မှာထပ်လောင်းသတ်မှတ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ထိုင်းနိင်ငံမှာတောင်မှာ ပြည်တန်ဆာလုပ်ငန်းကို
တရားဝင်လုပ်ငန်းအဖြစ်မသတ်မှတ်ပါ။ ဖျော်ဖြေရေးခေါင်းဆောင်စဥင်္အောက်မှာပဲထားကြတယ်။ အမေရိကန် နိင်ငံမှာ ပြည်နယ် ၅၀ မှာ ၄၉ ပြည်နယ်က
ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် မသတ်မှတ်ပါ။ နိဗားဒါ ( သဲကန္တရ ပြည်နယ်) တခုတည်း ပဲ တရားဝင်သတ်မှတ်ထားဆဲဖြစ်ပါတယ်။

ခရစ်ယန်ယျဉ်ကျေးမှု၊ အစ္စလန်ယျဉ်ကျေးမှု တွေမှာ ပြည့်တန်ဆာလုပ်ငန်းကို
မကောင်းမှု လို့ သတ်မှတ်ကြတယ်။ ရာဇ၀တ်မှု အဖြစ်သတ်မှတ်တယ်။

ကမ္ဘာယျဉ်ကျေးမှု အားလုံး က ပြည့်တန်ဆာလုပ်ငန်းကို မကောင်းမှုတခုလို့ ရှု့ မြင်ကြတယ်။ ဒီလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် နိင်ငံပေါင်းများစွာ က ပညာရှင်များ ပြည်သူများ၊
ဘာသာရေး များက လက်မခံကြပါ။

ပြည်တန်ဆာလုပ်ငန်းဟာ စီးပွားရေး ပြသနာရဲ့  အနက်ရှိုင်း ဆုံး အဖြစ်သတ်မှတ်ထားကြတယ်။ ပြည်တန်ဆာ သို့ မဟုတ် ဖါ လုပ်ငန်းဟာ
လူသားချင်း ကျွန်ပြုချင်း လို့  ယျဉ်ကျေးတဲ့လူအသိုင်းဝိုင်းက သတ်မှတ်ထားတဲ့အတွက် ဒါကို တ၇ားဝင်မှု မပြုကြခြင်းဖြစ်ပါတယ်။

တရားဝင်အသိမှတ်ပြုလိုက်ခြင်းဟာလူသားတွေရဲ့ ကိုယ်ကျင့်သိက္ခာနဲ့  ယျဉ်ကျေးမှုကို ခြိမ်းခြောက် လာမဲ့အန္တရယ်တရပ်လို့  ဆိုရမှာပါ။

မြန်မာ တပ်မတော် ဒုက္ခပေါင်းစုံ ပေးကတည်းက မြန်မာပြည်ဟာ စီးပွား ရေး ခြွတ်ခြုံကြသွားတယ်။ ပြည့်တန်ဆာတွေအများကြီါ်ဖြစ်လာတယ်။

လွတ်လပ်မှုဆုံးရှုံးမှု၊ လဘ်ာစားမှု ၊ တရားဥပဒေကင်းမဲ့မှု၊ စီးပွားရေး ပျက်ကပ်တွေကိုဆိုးကျိုး ခံစားလာရတယ်။ ဒါတွေကို မတိုက်ဖျက်ပဲ ပြည်တန်ဆာကို တရားဝင်ပြုလုပ်ခြင်းဟာ
တိုင်းပြည်ကို ပို ပြီး ပျက်ဆီးသွားစေနိင်တယ်။

ပြည်တန်ဆာလုပ်ငန်းကို တရား ၀င်ပြုလုပ်မယ်ဆိုတဲ့ မစန္ဒာမင်း အနေနဲ့ ဒီအဆိုကို လွတ်တော်မှာ မတင်စေချင်ဘူး။
လူသားအချင်းအချင်း ကျွန်ပြုတဲ့လုပ်ငန်းကို လူအခွင့်အရေးတိုက်ပွဲဝင်သူတဦးက တင်သွင်းမယ်ဆိုတာကို အလွန် တုန်လှုပ်မိပါတယ်။


                                      

မိုးသီး

ခရစ်စမတ်အကြို နေ့  ၊၂၀၁၂။
 
သခင်မျိုး ဟေ့ ဒို့  ပြည့်တန်စာ ဖြစ်သွားရတဲ့ဘ၀များ ဘယ်သူကြောင့်ပါလဲ ။ ဘယ်သူမှာတာဝန်အရှိဆုံးလဲ။ ရှာဖွေ ဖေါ်ထုတ်ကြပါစို့ ။ ပြည့်တန်စာဘ၀ကလွတ်မြောက်အောင်ကြိုးပန်းကြပါစို့ ။
ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)
Sunday, 23 December 2012


“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်...ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
See more

Monday, December 24, 2012

ရေတွင်း လေး သို့ အပြန်

ကျနော်ရန်ကုန်ရောက်တော့ ကျနော်ကြီးပြင်းခဲ့တဲ့ရပ်ကွက် ကိုသွားကြည့်တယ်။
ရပ်ကွက်က သင်္ကန်းကျွန်း မိကျောင်းကန် အပိုင်း ၁ ရပ်ကွက်။ ၁၉ ၉ ၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက် ကို ဦးသန်းရွှေ အစိုးရလက်ထက်မှာသိမ်းဆည်းသွားတယ်။
ကျနော်တို့ ကိုကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။ ရပ်ကွက်ကို အမြန်ဖျက်ကြဖို့ နည်းမျိုးစုံနဲ့ နိပ်စက်ခဲ့ကြတယ်။ အနိင်ကျင့်ခဲ့ကြတယ်။ လူတွေပထမတော့တောင့်ခံသေးတယ်။နောက်တော့ တယောက်ခြင်းရွေ့ ပေးခဲ့ကြရတယ်။
အဖေ နဲ့ နိုင်ချစ်သောင်းတို့  နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။ ဘယ်သူမှမရှိတော့ဘူး။
နောက်တော့ ဘူဆိုဇာတွေနဲ့ လာထိုးတော့မှာ ကျနော်နဲ့နိင်ချစ်သောင်း ( မွန်) ကိုစိုးမင်း( ရခိုင်) တို့  ဟာ လက်လျော့ပေးလိုက်ကြရတယ်။

၁၉ ၇၀ ခုနစ်ခန့် မှာ အဖေဟာ အိမ်ကို ပျဉ်းကတိုးခြောက်ပတ်လည်တွေနဲ့ ဆောက်ခဲတယ်။ အိမ်က ရပ်ကွက်ထဲမှာအမြင့်ဆုံးပါ။ အကြီးဆုံးအိမ်ကြီးပါ။အိမ်ပေါ်ကနေ ရွှေတိဂုံဘုရားကိုမြင်ရပါတယ်။ သိပ်လှပါတယ်။
ပျဉ်းကတိုးရှာထိုးတွေခင်းထားတဲ့အတွက် အေးတယ်။ မြန်မာတွေက ကျွန်းကိုမကြိုက်ကြဘူးကျွန်းကပူတယ် လို့ ကျနော်အဖိုးပြောတယ်။ ပျဉ်းကတိုးကအေးတယ်။
ဒီအိမ်ကြီးကိုဖျက်တော့ အိမ်မှာအရွယ်ရောက်ယောက်ကျားလေးတွေမရှိတော့ဘူး။ ကျနော်ကတောထဲမှာ ကျန် ညီအကိုများက နိင်ငံခြားကိုရောက်ကုန်ပြီ။
ဒီတော့အဖေနဲ့  အမတွေ ကိုယ်အိမ်ကိုကိုယ်ဖျက်ကြတယ်။ အဖေတော်တော်ပင်ပန်းသွားတယ်လို့ ပြောတယ်။ ဒီလအကြာမှ ဆုံးသွားတယ်။
ဒီအိမ်တလုံးဝယ်နိင်ဖို့ အတွက်သူ စစ်တပ်ထဲမှာ ၂၅ နှစ်အမှုထမ်းခဲ့ရတယ်။
၁၉ ၆၇ ခုနစ်လောက်မှာ မြေကွက်ကို ၃ထောက်ကျပ်နဲ့ဝယ်ခဲ့တာ။ ပင်စင်ရောင်းပြီးဝယ်လိုက်တာလို့ ဆိုတယ်။ သူဝင်ခဲ့တဲ့တပ်က သူမြေကိုသိမ်းခဲ့ပြီလေ။

ဒီမြေကွက်လပ်ကို အလွမ်းပြေသွားကြည့်ဖို့ ကျနော်ရဲဘော်တွေနဲ့  ညနေစောင်းမှာထွက်လာခဲ့တယ်။ သူတို့ ကားလေးနဲ့ကျနော်တို့ ထွက်လာတယ်။ နေရာကိုကျနော်မမှတ်မိတော့ဘူး။ ကားတစီးနဲ့  တ၀ဲလည်လည်ဖြစ်နေတယ်။
နောက်ကလိုက်လာတဲ့ထောက်လှမ်းရေးရဲဘော်တွေက မနေနိင်တော့ဘူးထင်ပါတယ်။
အကိုကြီး ဘယ်သွားမလို့ လဲ လို့ မေးလာတော့မှ ကျနော်တို့ ရပ်ကွက်ကိုရှာနေတာလို့ ပြောတော့ သူတို့ နောက်ကလိုက်ခဲ့တယ်။
သူတို့ လိုက်ပြတယ်။ ကျနော်တို့  နေရာကို မနည်းရှာယူတယ်။ ကျနော်မမှတ်မိတော့ဘူး။ ၂၄ နှစ်အတွင်းမှာအတော်ပြောင်းလဲသွားတယ်။ ကျနော်စားခဲ့တဲ့ ခါတော်မှီ မုန့် ဟင်းခါးဆိုင်၊
မအုန်းဘိန်းမုန့် ဆိုင် ၊ ကိုကျော်မြ လဘက်ရည်ဆိုင်၊ ဦးရခိုင်ကြီး ဆံပင်ညပ်ဆိုင်မရှိတော့ဘူး။
ကျနော်တို့ ကျော်စိုးတို့ ဘောကန်ခဲ့တဲ့ကွင်းလေးက ဘယ်နေရာရောက်မှန်းမသိတော့ဘူး။

ကျနော်အိမ်မြေကွက်က ဝေဇန္တယာလမ်းမကြီးနဲ့ပြည်သာယာလမ်းမထောင့်က အိမ်ဆိုတော့ကျနော် မှန်းလို့ ရလာတယ် ။ သေချာသွားတာကတော့ ကျနော်တူးခဲ့တဲ့ရေတွင်းလေးကို တွေ့ ရတာပါပဲ။
ကျနော်မိတ်ဆွေတွေမရှိတော့ပဲ ကျနော်တူးခဲ့တဲ့ရေတွင်းလေးကိုပဲ ကွက်လပ်ထဲမှာတွေ့ ရတယ်။

ပတ်ပတ်လည်က စိုက်ခင်းတွေလုပ်ထားတယ်။ စိုက်ခင်းဆိုတာကလဲ ဖြစ်ဖြစ်မြောက်မြောက်လောက်ထားတဲ့စိုက်ခင်းမျိုးမဟုတ်ဘူး။
တယောက်ယောက်က စိုက်ထားပုံပါ။ စိုက်ခင်း အတွက် ကျနော်တူးထားတဲ့ရေတွင်းလေးကရေ ကို သုံးနေတာကို တွေ့ ရတယ်။

ကျနော်ရဲဘော်က ဒီနေရာလား လို့ ကျနော့်ကိုမေးတယ်။ ကျနော်ကဟုတ်တယ်လို့ ပြောတယ် ။ အားလုံးက စိုက်ခင်းဖြစ်နေတယ်။ ဦးပြုံးဟုတ်အိမ်၊ ဒေါ်အေးမိတို့ အိမ်တွေဖက် ကိုလှမ်းကြည့်မိနေတယ်။ ဖုန်းဆိုတောကြီးမျှသာဖြစ်နေတယ်။ ကျနော်တို့ မြေကွက်လို့ မှတ်မိ
စေတာကတော့ ဒီနေရာမှာရေတွင်းဆိုလိုတတွင်းပဲရှိတာကိုး။ အားလုံးက ကျနော်တို့ ရေတွင်းကိုသောက်ရေအတွက်လာခပ်ကြတာမှတ်မိတယ်။
ပါလာတဲ့ရဲဘော်တွေကို ကျနော်က ဒါကိုယ် အမေအတွက်တူးပေးခဲ့တဲ့ရေတွင်းပဲလို့ ပြောပြမိတယ်။

ဒီတွင်းကို ကျနော် ၁၈နှစ်လောက်မှာတူးတာ။ ကျနော်တို့ အိမ်ခေါင်းရင်းမှာ တူးတာ။ အိမ်ခေါင်းရင်းက တောင်ကုန်းကြီး။ ကြာခတ်ဝါးရုံပင်ကြီးတွေရှိတယ်။ တယောက်ထဲတူးပြစ်လိုက်တာ ၅ ရက်လောက်ပဲကြာတယ်။ ရေတွေထွက်လာတော့ ကျနော် ပင်ပန်းသမျှပျောက်သွားတယ် ။
ရေတွေက စိမ့် ပေါက်လေးတွေက ထွက်လာကြတယ်။ အေးနေတယ်။ကြည်လင်နေတယ်။
အားပါးတရ ကျနော်ဆက်တူးတယ်။ ရေထွက်အားကသိပ်ကောင်းတော့ ပက်မနိင်တော့ရပ်လိုက်ရတယ်။ ၁၀ ပေလောက်ရှိမယ်။
အမေကရေတွင်း တတွင်းထပ်ရတော့ သိပ်ဝမ်းသာနေတယ်။

ကျနော့် ဘ၀တလျောက်လုံးမှာ အမေအတွက် ကျနော်ပေးနိင်ခဲ့တဲ့လက်ဆောင်ဟာ ဒီရေတွင်းပဲရှိခဲ့တယ်။
အမေက မနက်စောစောထတယ်။ သိမ်းကြီးဈေးမှာဆိုင်မထွက်ခင်ဘုရားရှိခိုးတယ်။ ဘုရားပန်းကပ်တယ်။ ဒါကို မနက်တိုင်းသူလုပ်လေ့ရှိတယ်။
အိပ်ရာထရင် ဘုရားပန်းလဲရင်းဓမ္မစကြာ ကိုသူ သီချင်းလို ဆိုလေ့ရှိတယ်။

ဘိက္ခနံ၊ ပဉ္စ ၀ဂီနံ၊ ကုသိပတနေနနာမကေ ။ မိဂရရေ ၊စမ္မ၀ံရံ ….
သူ ဓမ္မတေးသားကိုသီဆိုနေတဲ့အသံကိုပြန်ကြားယောင်လာတယ်။
ဓမ္မစကြာထဲက ဓမ္မပါရ တွေ တပိုင်းတစစီကျနော် အာရုံထဲကို ပြန်ဝင်လာတယ်။

မြတ်သောဗြမာမင်းသည်။
သားတို့ အားဘေးမဲ့ပေးရာ
မိဂရ၀ိန် တော နှိုက်ရှိခြင်းကြောင့် …
အာလလောကော …

ဓမ္မစကြာင်္ကိုဆိုရင် .. လူလေးမောင်ဒိန် ထတော့ ကျောင်းသွားတော့လို့ နိုးတာကို ပြန်အမှတ်ရတော့ ကြည်နူးမိလာတယ်။ ပြုံးမိတယ်။

ကျနော်တူးခဲ့တဲ့ရေတွင်းမှာ စိုက်ခင်းလုပ်သားတွေ ရေချိုးနေကြတာကိုတွေ့ ရတော့
ပိတီဖြစ်မိတယ်။ ဒီရေတွင်းလေးက အခုထိ အသုံးဝင်နေသေးပါလား။

ဒီရေတွင်းဘောင်ပေါ်မှာကျနော်ဂစ်တာတီးခဲ့တဲ့ညတွေ၊

မကြင်နာနိင်ရင်လဲ အရင်ဆို မစိမ်းနဲ့ ပြုံး ပြပါလား မိငယ်..
မနက်မိုးလင်းလို့ ဒီကမ္ဘာဒီလောက ကို …. ဖြတ်သန်းသွားခဲ့ဘူးတဲ့မောင်လိုလူသားတယောက်ဟာ …
ဆိုတဲ့တေးသားဟာ ဆယ်စုနှစ်ထဲက တိတ်တဆိတ်လွင့်ပျုံ လာတယ်။
ဒီသီချင်းက ဘယ်သူအတွက်လဲ .ငါဆိုခဲ့သလဲ…။
အသားညိုညို၊ ပိန်ပိန်၊မြင်မြင် ၊ ပြူးကျယ်စွာကြည့်နေတဲ့မျက်လုံးများ က တေးသားကြိုကြားမှာစီးမျော်ခဲ့တဲ့ညလေးတွေ။

နွေရာသီမှာတရပ်ကွက်လုံးကရေတွင်းတွေရေခန်းသွားလေ့ရှိတယ်။ ဒီအချိန်မှာသူနဲ့သူညီမတွေ ကျနော်တို့ တွင်းမှာရေလာချိုးတယ်။ သောက်ရေခတ်ကြတယ်။အိမ်ကအမတွေနဲ့  သူ ဆူညံစွာပြောဆိုရီမောသံတွေ၊ အနားတိုးရေအိုးပင့်ပေးစဉ်က သူကျ မှ ဆူးဆူးရှရှရှိလှတဲ့ တရော် နဲ့ ကင်ပွန်းသီးနှံ လျိုလ်ဝှက်ထားသောအလှများ။ ရေတွင်းလေးက ဒါတွေကို ကောင်းကောင်းသိမ်းဆည်းထားဆဲ ပါလား။

ပြန်ခါနီးမှာရေတွင်းထဲကို ကျနော်ငုံကြည့်မိတယ်။
ကျနော်အရိပ်တွေကို ပြန်တွေ့ မိကြတယ်။
ရေထဲက နုပျိုနေတဲ့ အတိက အရိပ်၊ တွင်းပေါ်က ရင်ရော်သွားတဲ့ ပစ္စုပန်၊ ပြုံးပြီးနှုတ်ဆက်မိကြတယ်။ မနေ့ တုန်းကလိုပါပဲ။

++

ကိုမိုးသီး လာဗျ၊ ခင်ဗျားရပ်ကွက်ကလူတွေက ခင်ဗျားကို စောင့်နေကြတယ်။ ရဲလင်းက သတိပေးလိုက်တော့မှာ ကျနော် ပြန်သတိဝင်လာတယ်။
သူတို့ မြေကွက်တွေအတွက် ပြန်တောင်းကြဖို့  လက်မှတ်တွေကောက်နေတယ်။ ခင်ဗျား သဘောတူရင် လက်မှတ်ထိုးပေးဖို့  ကျနော်တို့ ကို မေးထားတယ်။ ရဲလင်း ကပြောလာတယ်။
ကျနော်တို့  ဒဂုံတောင်ဖက်ကို ကားဆက်မောင်းလာကြတယ်။

ကျနော်တို့ ရပ်ကွက်က လူတွေက ၈ လေးလုံးအရေးတော်ပုံကြီးမှာ အတက်ကြွဆုံးပါဝင်ခဲ့ကြတယ်။ သူတို့ အခုမြောက်ဒဂုံကိုအရွေ့ ခံရတယ်။ ပွက်တွေထနေတဲ့ ကွင်းကြီးထဲမှာ မြေတကွက် တွေကို ပြန်ဝယ်ယူခဲ့ကြရတယ်လို့ ဆိုတယ်။ သူတို့  ဆီကို ကျနော်တို့ ထွက်လာခဲ့ကြတယ်။ ဒဂုံတောင်ကိုရောက်တော့ ရပ်ကွက်ထဲကသူတွေစောင့်နေတယ်။ကျနော်လက်မှတ်ထိုးလိုက်တော့ လက်ခုတ်တွေညံသွားတယ်။ ကျနော်အတွေးကတော့ရေတွင်းလေးဆီ မှာပျံဝဲနေခြင်သေးသပေါ့။

မိုးသီး

ဦးအောင်ဆန်း


သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။
... ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။

ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။

အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။
တော်တော်ရှင်းပါတယ်။
ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။
ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။

လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။

(မင်းကိုနိုင်)
ဘသောင်း ဟိန်း
သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ 
ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။



လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း 
သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။



ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ 
စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ 
ဗိုလ်ချုပ်မဟုတ်ဘူး။

ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။



ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ 
ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို
 ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။



အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ 
အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။

တော်တော်ရှင်းပါတယ်။

ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။

ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။



ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ 
ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ 
ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။



လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို 
တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး 
ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။



(မင်းကိုနိုင်)

ဘသောင်း ဟိန်း

Saturday, December 22, 2012

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ





ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော
 ခေါင်းဆောင်များကို လေ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် 
ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို  
လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု 
ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် 
တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ 
ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊   
အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော 
တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရာနှင့် 
လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော 
ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ 
မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် 
နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး 
သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော 
အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား 
ရေးခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။



ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ  မိမိကိုယ်ကိုဆွဲခန့်ပြီး 
လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရအရေခြုံ ဦးသိန်စိန်အစိုး 
ရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်းဆောင်းပြီး 
ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင်အရေးကိစ္စတွင် 
ရဟန်းရှင်လူများအား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။ 
အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ 
လုပ်လေ့ရှိသော မြန်မာခေါင်းဆောင်များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ
 အမြတ်ထုတ် လိုသူများကြောင့်ဆိုပြီး အတို့က်အခံပါတီများဖက်သို 
လေသံပစ်နေပါသည်။



အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သောအကူအညီများကို 
ထောက်ပံ့ပေးနေကြသည်ကို တွေ့ရှိရပါသည်။ မြန် မာ့နိုင်ငံရေးသည် 
အကွေ့အကောက်များသောကြောင့် ခေတ်အဆက်ဆက် တက်လာကြသော အစိုးရများသည်လည်း 
နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက်ဝါဒီတွေသာဖြစ်သည်ကို ပြည်သူများ 
အသိပင်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး ဘာဖြစ်ဖြစ်  လူတွေ ဘယ် 
လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာဆုပ်ကိုင်ပြီး နိုင်ငံကို 
ခရိုနီစီပွါးရေးသမားများနင့် ပုလင်းတူဗူးဆိုလုပ်ပြီး ရောင်းစားနေကြတုန်း 
ပင် ဖြစ်သည်။



ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော 
နီရိုးဘုရင်လို လူစားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာအစိုးရသည်  
ယခင်လမ်းဟောင်းအတိုင်းသာ ဆက်လက်လျှေက်လှမ်းနေပါက မကြာမီနှစ်အတောအတွင်း 
တရုတ်ပြည်မကြီးရဲ့ လက်အောက်သို သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။ 
ယခုလည်းဘဲ မြန်မာတစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ 
ရင်းနီးမြှုပ်နှံမှုဟူသမျှတို့သည် တရုတ်ကုမ္ပဏီကြီးများ၏ 
မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။
 လယ်ယာမြေ မတ ရားသိမ်းပိုက်မှု၊ ရွာတွေအခကြေးငွေမရဘဲ ပြောင်းရွေခံရမှု၊ 
သဘာဝပတ်ဝန်းကျင် ထိခိုက်ဖျက်စီးမှု၊ သမိုင်းဝင်အဆောက်အဦးများ ဖြိုဖျက် 
ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက နေစဉ်နှင့်အမျှ 
ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြရပါသည်။ ပြည်သူများ မျှော်လင့်တဲ့ပန်းတိုင်က 
စစ်ပွဲကြီးတွေမရှိ။ ပကတိငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုစနစ်၊ အားကြီးသူက 
အားငယ်သူကို အနိုင်ကျင့်မှုတွေကင်းစင်ပြီး ချမ်းသာတဲ့ လူတွေက 
ဆင်းရဲသားတွေအပေါ် သွေးစုပ်ချယ်လှယ်မှုကင်းပြီး 
အဓမ္မတရားမှန်သမျှချူပ်ငြိမ်းပြီး စစ်မှန်သောတရားပေါ်ပေါက်ရေး။တရားဥပဒေရဲ့ 
ကာကွယ်စေင့်ရှောက်မှုကို လူသားတိုင်းအညီအမျှခံစားခွင့်ရရေး ဥပဒေရဲ့အထက်မှာ 
ဘယ်သူမှမရှိတဲ့ အခွင့်အရေးမှန်သမျှကို လူသားတိုင်း အယုတ်အလတ်အမြတ်မရွေး 
လွတ်လပ်စွာခံစားနိုင်တဲ့ လူသားတိုင်း အမွန်အမြတ်ထားကြတဲ့ 
လူတန်းဖိုးများကို လူသား တိုင်းစောင့်စည်းရိုသေ ထိန်းသိမ်းတဲ့ 
လူ့အဖွဲအစည်းများမှာ အေးချမ်းစွာနေထိုင်ရေးတို့ဖြစ်ပါတယ်။



မြန်မာနိုင်ငံဟာ အံသြစရာကောင်းလောက်အောင် ကမ္ဘာပေါ်မှာ 
နေချင်စရာကောင်းတဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထ၀ီအနေအထားအရ လူတွေသေလောက်အောင်
 အပူလွန်ကဲမှု၊ အအေးလွန်ကဲမှုဆိုတာလည်း မရှိသလောက်ပါ။



ဂျပန်လို၊ အင်ဒိုနီရှားလို လစဉ်မပြတ်ငလျှင်လုပ်တယ်ဆိုတာ မရှိပါ။ 
ဘင်္ဂလာဒေ့ရှ်နင့် အိန္ဒိယလို နှစ်စဉ် မုန်းတိုင်းကြီးတွေတိုက်တာလည်း မရှိပါ။ 
နာဂစ်လို ဂီရိလို တစ်ခါတစ်လေမှာ ခြွင်းချက်အားဖြင့် ကျရောက်တာပဲရှိပါတယ်။ 
သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း နိုင်ငံ အုပ်ချုပ်သောခေါင်းဆောင်များ 
အရည်အသွေးညံဖျင်းသောကြောင့် အိမ်နီးရှင် တရုတ်ကုလား ယိုဒယားနိုင်ငံများက 
မြန်မာအဖိုးတန် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံနင့် ဂက်စ်တို့ကို 
ဈေးပေါပေါနင့် အလကားရသလို ဖြစ်နေကြသည်မှာ မြန်မာပြည်ကြီးအတွက် ရင်နာ 
စရာကောင်းလှပါသည်။ ပြည်သူတွေကတော့ ကိုယ်အိမ်ခြံတွင်းကထွက်နေတဲ့ ရွှေတွင်းကို
 ဓားတစ်မိုး လှံတစ်မိုးမိုနှင့် စောင့်နေတဲ့လူတွေကို ကြောက်ပြီး 
လက်မှိုင်ချကာ ကြည့်နေရပါတယ်။ အာဖရိကဒေသကနိုင်ငံတွေလို သဘာဝကျိန်စာ မမိဖို့
 လက်ရှိအစိုးရမှ အထူးသတိထားပြီး  လုပ်ရမည်ဖြစ်သည်။



မြန်မာပြည်အပြောင်းအလဲကာလတွင် တရုတ်၏နောက်ကွယ်မှ အန္တရာယ်များဆီကြိုနေသည်ကို
 လေ့လာသူပညာရှင်များက ဝေဖန်ထောက် ပြကြသည်ကိုတွေရပါသည်။ တရုတ်နိုင်ငံတွင် 
စီမံကိန်းမှန်သမျှ၊ ကုမ္ပဏီမှန်သမျှသည် အာဏာပိုင်အစိုးရအဖွဲနှင့် 
အဆက်အသွယ်ကောင်း ရှိရေးပင်ဖြစ်သည်။ ဒေသခံများ လူထုအခြေပြုအဖွဲ့အစည်းများ၊ 
အခြားပါဝင်ပက်သက်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးထား ရန်မလိုအပ်ပေ။ 
ထိုမှုဝါဒများကိုပင် တရုတ်ကုမ္ပဏီများက နိုင်ငံတကာတွင် 
ကျင့်သုံးလာကြခြင်းဖြစ်သည်။ အာဖရိကဒေသ တရုတ်တို့၏ ရင်းနီးမြုပ်နံမှုများကို 
လေ့လာကြည့်က သိရှိနိုင်ပေသည်။ သယံဇာတပေါ်တွင်ထိုင်ကာ ဆင်းရဲမွေးတည်းနေကြသော
 ကျွန်တော်တို့ မြန်မာ ပြည်သူများသည် အာဖရိကဒေသ ဒါဖာ၊ ဆူဒန်တို့လို 
အဖြစ်မခံထိုက်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနင့် မတရားအမြတ်ထုတ် 
ဂုတ်သွေးစုပ် မှုတို့ကို တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ထိုတိုင်းပြည်များတွင် 
အစိုးရနင့်ပြည်သူ မသင့်တင့်၊ အုပ်ချူပ်သူတွေက စီမံခန်ခွဲမှု ညံ့ဖျင်း၊ 
တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် မလုပ်တတ်။ ရှိသမျှသံယံဇာတများကို 
မတန်းဈေးဖြင့်ချရောင်း စသည်ဖြင့် သယံဇာတရှိပါလျှက် ဆင်းရဲတွင်းက 
မတက်နိုင်သည့်နိုင်ငံများကို သယံဇာတကျိန်စာမိသောနိုင်ငံများလူများဟု 
သိရှိလေ့လာရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သား အားလုံး 
အမိနိုင်ငံ၏အန္တရာယ်ကို ကာကွယ်သောအားဖြင့် မတရားသော 
အမိန်။ရင်းနီးမြုပ်နံမှု။တို့ကို အောင်ပွဲရအောင် ဆက်လက်တိုက် ပွဲဝင်ကြပါဟု 
တိုက်တွန်းရေးသားအပ်ပါသည်။



● ကိုးကား         

၁။ သယံဇာတကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)

၂။ လူထုရနံစာစုများ (လူထုစိန်ဝင်း)



Credit: Moemaka 

သန်းတင်/ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော ခေါင်းဆောင်များကိုေ...လ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊ အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရာနှင့် လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား ရေးခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ မိမိကိုယ်ကိုဆွဲခန့်ပြီး လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရအရေခြုံ ဦးသိန်စိန်အစိုး ရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်းဆောင်းပြီး ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင်အရေးကိစ္စတွင် ရဟန်းရှင်လူများအား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။ အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ လုပ်လေ့ရှိသော မြန်မာခေါင်းဆောင်များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ အမြတ်ထုတ် လိုသူများကြောင့်ဆိုပြီး အတို့က်အခံပါတီများဖက်သို လေသံပစ်နေပါသည်။

အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သောအကူအညီများကို ထောက်ပံ့ပေးနေကြသည်ကို တွေ့ရှိရပါသည်။ မြန် မာ့နိုင်ငံရေးသည် အကွေ့အကောက်များသောကြောင့် ခေတ်အဆက်ဆက် တက်လာကြသော အစိုးရများသည်လည်း နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက်ဝါဒီတွေသာဖြစ်သည်ကို ပြည်သူများ အသိပင်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး ဘာဖြစ်ဖြစ် လူတွေ ဘယ် လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာဆုပ်ကိုင်ပြီး နိုင်ငံကို ခရိုနီစီပွါးရေးသမားများနင့် ပုလင်းတူဗူးဆိုလုပ်ပြီး ရောင်းစားနေကြတုန်း ပင် ဖြစ်သည်။

ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော နီရိုးဘုရင်လို လူစားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာအစိုးရသည် ယခင်လမ်းဟောင်းအတိုင်းသာ ဆက်လက်လျှေက်လှမ်းနေပါက မကြာမီနှစ်အတောအတွင်း တရုတ်ပြည်မကြီးရဲ့ လက်အောက်သို သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။ ယခုလည်းဘဲ မြန်မာတစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ ရင်းနီးမြှုပ်နှံမှုဟူသမျှတို့သည် တရုတ်ကုမ္ပဏီကြီးများ၏ မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။ လယ်ယာမြေ မတ ရားသိမ်းပိုက်မှု၊ ရွာတွေအခကြေးငွေမရဘဲ ပြောင်းရွေခံရမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဖျက်စီးမှု၊ သမိုင်းဝင်အဆောက်အဦးများ ဖြိုဖျက် ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက နေစဉ်နှင့်အမျှ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြရပါသည်။ ပြည်သူများ မျှော်လင့်တဲ့ပန်းတိုင်က စစ်ပွဲကြီးတွေမရှိ။ ပကတိငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုစနစ်၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေကင်းစင်ပြီး ချမ်းသာတဲ့ လူတွေက ဆင်းရဲသားတွေအပေါ် သွေးစုပ်ချယ်လှယ်မှုကင်းပြီး အဓမ္မတရားမှန်သမျှချူပ်ငြိမ်းပြီး စစ်မှန်သောတရားပေါ်ပေါက်ရေး။တရားဥပဒေရဲ့ ကာကွယ်စေင့်ရှောက်မှုကို လူသားတိုင်းအညီအမျှခံစားခွင့်ရရေး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိတဲ့ အခွင့်အရေးမှန်သမျှကို လူသားတိုင်း အယုတ်အလတ်အမြတ်မရွေး လွတ်လပ်စွာခံစားနိုင်တဲ့ လူသားတိုင်း အမွန်အမြတ်ထားကြတဲ့ လူတန်းဖိုးများကို လူသား တိုင်းစောင့်စည်းရိုသေ ထိန်းသိမ်းတဲ့ လူ့အဖွဲအစည်းများမှာ အေးချမ်းစွာနေထိုင်ရေးတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အံသြစရာကောင်းလောက်အောင် ကမ္ဘာပေါ်မှာ နေချင်စရာကောင်းတဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထ၀ီအနေအထားအရ လူတွေသေလောက်အောင် အပူလွန်ကဲမှု၊ အအေးလွန်ကဲမှုဆိုတာလည်း မရှိသလောက်ပါ။

ဂျပန်လို၊ အင်ဒိုနီရှားလို လစဉ်မပြတ်ငလျှင်လုပ်တယ်ဆိုတာ မရှိပါ။ ဘင်္ဂလာဒေ့ရှ်နင့် အိန္ဒိယလို နှစ်စဉ် မုန်းတိုင်းကြီးတွေတိုက်တာလည်း မရှိပါ။ နာဂစ်လို ဂီရိလို တစ်ခါတစ်လေမှာ ခြွင်းချက်အားဖြင့် ကျရောက်တာပဲရှိပါတယ်။ သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း နိုင်ငံ အုပ်ချုပ်သောခေါင်းဆောင်များ အရည်အသွေးညံဖျင်းသောကြောင့် အိမ်နီးရှင် တရုတ်ကုလား ယိုဒယားနိုင်ငံများက မြန်မာအဖိုးတန် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံနင့် ဂက်စ်တို့ကို ဈေးပေါပေါနင့် အလကားရသလို ဖြစ်နေကြသည်မှာ မြန်မာပြည်ကြီးအတွက် ရင်နာ စရာကောင်းလှပါသည်။ ပြည်သူတွေကတော့ ကိုယ်အိမ်ခြံတွင်းကထွက်နေတဲ့ ရွှေတွင်းကို ဓားတစ်မိုး လှံတစ်မိုးမိုနှင့် စောင့်နေတဲ့လူတွေကို ကြောက်ပြီး လက်မှိုင်ချကာ ကြည့်နေရပါတယ်။ အာဖရိကဒေသကနိုင်ငံတွေလို သဘာဝကျိန်စာ မမိဖို့ လက်ရှိအစိုးရမှ အထူးသတိထားပြီး လုပ်ရမည်ဖြစ်သည်။

မြန်မာပြည်အပြောင်းအလဲကာလတွင် တရုတ်၏နောက်ကွယ်မှ အန္တရာယ်များဆီကြိုနေသည်ကို လေ့လာသူပညာရှင်များက ဝေဖန်ထောက် ပြကြသည်ကိုတွေရပါသည်။ တရုတ်နိုင်ငံတွင် စီမံကိန်းမှန်သမျှ၊ ကုမ္ပဏီမှန်သမျှသည် အာဏာပိုင်အစိုးရအဖွဲနှင့် အဆက်အသွယ်ကောင်း ရှိရေးပင်ဖြစ်သည်။ ဒေသခံများ လူထုအခြေပြုအဖွဲ့အစည်းများ၊ အခြားပါဝင်ပက်သက်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးထား ရန်မလိုအပ်ပေ။ ထိုမှုဝါဒများကိုပင် တရုတ်ကုမ္ပဏီများက နိုင်ငံတကာတွင် ကျင့်သုံးလာကြခြင်းဖြစ်သည်။ အာဖရိကဒေသ တရုတ်တို့၏ ရင်းနီးမြုပ်နံမှုများကို လေ့လာကြည့်က သိရှိနိုင်ပေသည်။ သယံဇာတပေါ်တွင်ထိုင်ကာ ဆင်းရဲမွေးတည်းနေကြသော ကျွန်တော်တို့ မြန်မာ ပြည်သူများသည် အာဖရိကဒေသ ဒါဖာ၊ ဆူဒန်တို့လို အဖြစ်မခံထိုက်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနင့် မတရားအမြတ်ထုတ် ဂုတ်သွေးစုပ် မှုတို့ကို တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ထိုတိုင်းပြည်များတွင် အစိုးရနင့်ပြည်သူ မသင့်တင့်၊ အုပ်ချူပ်သူတွေက စီမံခန်ခွဲမှု ညံ့ဖျင်း၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် မလုပ်တတ်။ ရှိသမျှသံယံဇာတများကို မတန်းဈေးဖြင့်ချရောင်း စသည်ဖြင့် သယံဇာတရှိပါလျှက် ဆင်းရဲတွင်းက မတက်နိုင်သည့်နိုင်ငံများကို သယံဇာတကျိန်စာမိသောနိုင်ငံများလူများဟု သိရှိလေ့လာရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သား အားလုံး အမိနိုင်ငံ၏အန္တရာယ်ကို ကာကွယ်သောအားဖြင့် မတရားသော အမိန်။ရင်းနီးမြုပ်နံမှု။တို့ကို အောင်ပွဲရအောင် ဆက်လက်တိုက် ပွဲဝင်ကြပါဟု တိုက်တွန်းရေးသားအပ်ပါသည်။

● ကိုးကား
၁။ သယံဇာတကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
၂။ လူထုရနံစာစုများ (လူထုစိန်ဝင်း)

Credit: Moemaka
သန်းတင်/ ဒီဇင်ဘာ ၁၄၊ ၂၀၁၂