Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, December 16, 2013

“ ဦးဆောင်မှု ၀ါးတားတားတွေကြောင့် ဆရာတော် ဦးဝီရသူ ရှေ့ထွက်လာတယ် ”
















“ ဦးဆောင်မှု ၀ါးတားတားတွေကြောင့် ဆရာတော် ဦးဝီရသူ ရှေ့ထွက်လာတယ် ”

= = = = = = = = = = = = = = = = = = = = = = = = = = = = = =
မီဒီယာသမားကလည်း မီဒီယာသမားအလုပ်ပေါ့ဗျာ။ လူမှုကွန်ယက်ဟစ်တိုင် ဆိုတဲ့ ဂျာနယ်က နေ ဖော်ပြလိုက်တဲ့ “မြန်မာတွေ အတုယူတတ်ဖို့ လိုတယ်” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး သူရေး တာကို ပြန်လည်တုန့်ပြန်ရေးသားရမယ့် အခြေအနေမျိုးလို့ ထင်မြင်ယူဆတဲ့အတွက် ပြန်လည်ရေး သားတင်ပြခြင်းပါ။ ကျွန်တော် ဂျာနယ်တိုက်မှာ အလုပ်လုပ်နေတုံးကလည်း ကျွန်တော်ရေးတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး တချို့တုန့်ပြန်ရေးသားကြတာမျိုး ကြုံတွေ့ရဖူးပါတယ်။ ဆရာတော် ဦးဝီရသူကို မီဒီယာတွေက အကောင်းတစ်မျိုး ၊ အဆိုးတစ်မျိုး ဖော်ပြတာမျိုးတွေ တွေ့ရတော့ မီဒီယာ မှာမှ သတိထားရမယ့် မီဒီယာ ၊ ကြောက်စရာ ကောင်းတဲ့ မီဒီယာ၊ ပြည်သူအားကိုးရတဲ့ မီဒီယာ ဆိုပြီး ဖြစ်လာပါတယ်။ မီဒီယာလောကသားတွေကိုယ်တိုင်လည်း အ၀ါရောင် မီဒီယာတွေပေါ်လာတယ်ဆို တာကိုတောင် လက်ခံထားကြတာပါ။ ဂျာနယ်တစ်ခု ထူထောင်ဖို့ သိန်းပေါင်းများစွာ အရင်းတည်ရ သလို ပြည်သူကြားမှာ ရေပန်းစားဖို့ဆိုတာလည်း အတော်လေး ကြိုးစားကြတာပါ။ ကိုယ်တိုင်လည်း ထိုက်သင့်သလောက် သိထားတဲ့အတွက် မီဒီယာတွေ ပေါက်ပေါက်မြောက်မြောက် ဖြစ်စေချင်တဲ့ ဆန္ဒကတော့ ရှိရင်းစွဲဆန္ဒပါ။ ခက်တာက ကျွန်တော်တို့ ပြည်သူလူထုမှာကလည်း ဂျာနယ်တွေကို မျက်စိဒေါက်ထောက် ဖတ်ရှုနေနိုင်တဲ့ အဆင့်အတန်းမျိုး မဟုတ်သေးသည့်အတွက် ဂျာနယ်တွေ အတော်လေး ရုန်းကန်ကြရပါတယ်။ ရှိစေတော့နော်။


ရေးသားတင်ပြထားတာကတော့ အကောင်းဘက်ကို ဦးတည်ပြီး ရေးသားတင်ပြထားတာ ဖြစ်တဲ့အတွက် ကလောင်ရှင် ဘိုကေတစ်ထောင် ထောက်ပြတဲ့အတိုင်း အတုယူတတ်ကြမယ်ဆိုရင် တော့ တိုင်းပြည်အတွက် အလားအလာကောင်းပါလို့ ထောက်ခံပေးရမှာပေါ့ဗျာ။ နောက်တစ်ခုကတော့ ဦးဝီရသူကို အရှေ့အလယ်ပိုင်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ ခိုင်းနှိုင်းတင်ပြခြင်းအပေါ် လုပ်ရပ် ပေခြင်းလို့ သြချ ရတော့မှာပါပဲ။


ဦးဝီရသူလို ဆရာတော် တစ်ပါးအနေနဲ့ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခတွေ ၊ ဖြစ်ပေါ်လတ္တံ့သော ပြဿ နာတွေကို အခြေခံပြီးတော့မှ မီဒီယာမျက်နှာစာတွေမှာ သူမပါမပြီး ပုံစံမျိုးဖြစ်လာပါတယ်။ ဒီလိုဘာ ကြောင့်ဖြစ်လာသလဲလို့ ပြန်စဉ်းစားရင် ပြဿနာတွေ၊ ပဋိပက္ခတွေအပေါ်မှာ လူပုဂ္ဂိုလ်များဖြစ်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ မပြတ်သားတဲ့ လုပ်ကိုင်ဆောင်ရွက်မှု ၊ အတိုက်အခံလို့ ဆိုအပ်တဲ့ အတိုက်အခံ ခေါင်းဆောင်တွေရဲ့ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေအပေါ်မှာ ပြတ်သားစွာ ရပ်တည်မှု မရှိခြင်း စတဲ့ အချက်တွေကြောင့် ရှေးယခင်က ဆရာတော် ဦးဥတ္တမ ဆိုတဲ့ နိုင်ငံဂုဏ် ဆောင်ဆရာတော်တစ်ပါးက မြန်မာတွေ သူ့ကျွန်ဘ၀က လွတ်ဖို့ အမျိုးသားရေးစိတ်ဓာတ်ပြန်လည် နှိုးဆော်ပေးခဲ့သလိုမျိုးပါပဲ။ သိပ်ပြီး အမွှန်းတင်လွန်တယ်လို့တော့ မထင်ပါနဲ့။ ပြဿနာတွေကို မကြည့်ဘဲ အမွှန်းတင်လွန်တယ်လို့ ထင်ရင် ခင်ဗျားနှမ ၊ ကျွန်တော့်နှမတွေ မလျှော်တဲ့ဇာတ် အသွင်းခံလိုက်ရပြီးကာမှ ဦးဝီရသူပြောတာတွေက မှန်ပါလားလို့ လက်ခံမိကြမှာပါ။ ပြဿနာတွေမှာမှ ကျွန်တော်တို့ သိတာတွေရှိတယ်။ မီဒီယာက ဖော်ပြပေးလို့။ ကျွန်တော်တို့မသိလိုက်ရတာတွေ ရှိတယ်။ သိပ်ပြီး လက်ကွက်စိပ်တယ်။ အစိုးရကလည်း မဖြစ်သင့်တာမဖြစ်အောင်ဆိုပြီး ဖုံးဖိပေးတာ မျိုးတွေ ရှိနေတော့ တစ်စတစ်စနဲ့ ၀ါးမြိုလာလိုက်တာ ဗမာရော ၊ ရှမ်းရော ၊ ရခိုင်ရော ၊ အားလုံးပဲ ဆိုပါတော့ဗျာ။


ကျွန်တော်ပြောချင်တာက လူတစ်ဦးတစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ရာ ကနေ သူ့သဘောဆန္ဒအလျှောက် စိတ်အလိုမကျလို့သော်လည်းကောင်း ၊ တခြားဘာသာတစ်ခုကို လေ့လာပြီးတဲ့အခါမှာ နှစ်သက်လက်ခံလို့သော်လည်းကောင်း ဘာသာကူးပြောင်းသွားတာမျိုးကို မိစ္ဆာ ဒိဌိကို ကူးပြောင်းရုံမကလို့ လူသတ်ဝါဒ ကျင့်သုံးတဲ့ ဘာသာကိုပဲ ကူးပြောင်းသွားသည်ဖြစ်စေ သူ့ အလိုဆန္ဒအရ ဖြစ်တဲ့အတွက် ကျေကျေနပ်နပ်ကြီးလက်ခံခွင့်ပြုပေးရမှာပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ပြောသင့်တဲ့စကားကိုလည်း မပြောပဲနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ အများပြောတဲ့ လူ့အခွင့်အရေး စံနှုန်းအရပေါ့။ မြန်မာပြည်တွင်းမှာဖြစ်နေတာတွေက အဲဒီလိုမဟုတ်ဘူးဗျ။ ဗုဒ္ဓ ဘာသာဆိုပေသည့် ဘာသာရေးအသိဥာဏ်နည်းတယ်။ တခြားဘာသာအကြောင်းလည်း ဘာမှ သိတာမဟုတ်။ အဲဒီလို လူမျိုးတွေကို အတင်းအဓမ္မ အုံလိုက်ကျင်းလိုက်ဝိုင်းပြီး သွတ်သွင်းတာမျိုးတွေ မဖြစ်ရအောင် ၊ အသွတ်သွင်းမခံရအောင် ဆရာတော်သံဃာတော်တွေက လူမိုက်လုပ်ပြီး ရှင်းပြ၊ ပြောဆိုနေကြရတာမဟုတ်ဘူးလား။ ဒီအထဲမှာမှ တခြားဆရာတော်တွေထက် ဦးဝီရသူက တစိုက် မတ်မတ် လုပ်နေတယ်ဆိုတော့ကာ သူ့ကိုဦးချိုးလိုက်နိုင်ရင် ကျန်တဲ့သူတွေ ငြိမ်ကျသွားမယ် ဆိုတဲ့ သဘောမျိုးနဲ့ ကမ္ဘာ့ထိပ်တန်း မီဒီယာကြီးကတောင် အကြမ်းဖက်ဂုဏ်ပုဒ်ကို တပ်သေးတာပဲဗျာ။ သူတို့ပြောတိုင်းသာ လက်ခံရရင် ကျုပ်တို့မြန်မာပြည်ဆိုတာတောင် ရှိမှာ မဟုတ်လောက်တော့ဘူး။


ဦးဝီရသူက ဒေါ်စုကို ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ကြပါအုံး။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး အစီရင်ခံစာတင်တဲ့အခါမှာ ဒေသခံတွေဘက်က ဆန့်ကျင်ကန့်ကွက်မယ်ဆိုတော့ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပေးတဲ့။ ဒေါ်စုရဲ့အကြံပြုချက်ကို လက်ခံကြရမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်လိုက်ကြတာကို မှတ်မိကြအုံးမှာပါ။ တိုင်းပြည်မှာ အများပြည်သူ ယုံကြည်ကိုး စားတဲ့သူက ရှားတယ်။ အဲဒီအတွက် ယုံကြည်ကိုးစားလောက်တဲ့သူရဲ့ စီရင်ဆောင်ရွက်မှုကို လက်ခံ ကြရမှာပဲလေဗျာ။ အဲဒီအတွက် ဆရာတော်က ရပ်တည်ပေးခဲ့တာပါ။ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံတွေက လက်မခံလို့ အခုထိ လျော်ကြေးမယူကြသေးတဲ့သူတွေတောင်ရှိတယ်မဟုတ်လား။ ဒီ့အနောက်က အကြောင်းတွေကို ထားလိုက်ပါတော့။ ကျွန်တော်တို့က မကောင်းဘူးလို့ ထောက်ပြရင် အစိုးရအဖွဲ့အစည်းကလည်း သံဃာကို မီးလောင်ဗုံးနဲ့ပစ်တဲ့အထိ ယုတ်မာတယ်ဗျာ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အစီရင်ခံစာကလည်း ဒေသခံတွေအကျိုး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးဗျာ။


ဦးဝီရသူကို လူငယ်တစ်ဦးက ရခိုင်ပြည်နယ်မှာ အခုချိန်ထိ ကလေးငယ်လေးတွေပါမချန် မုဒိန်းကျင့်ခံရ ၊ သတ်ဖြတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းဘယ်လောက်အထိ ဖြစ်ရ တယ် ဆိုတာကို လျှောက်တယ်ဗျ။ ဆရာတော်က “မင်းက အဲဒီလောက်ပဲခံစားရတာ” ဆိုပြီး ဆရာတော် စကားမဆက်တော့ဘူး။ ခင်ဗျားတို့ ကျုပ်တို့ တွေးရမှာက “ဦးသောဘိတ”ဆိုတဲ့ သံဃာ တစ်ပါးကို ရက်ရက်စက်စက် သတ်သွားတာလေဗျာ။ ကျုပ်တို့အတွက် ကိုးကွယ်ရာ။ ဆရာတော်တို့ အတွက် ညီတော် ၊ နောင်တော် ဒါမျိုးရှိတယ်ဗျ။ ပဋိပက္ခတွေကို ပြန်ပြီး ခြေရာမခံချင်တော့ပါဘူး။ အဲဒီလိုလျှောက်ထားရင်း ဆရာတော်က အမျိုးသားရေးဘက်ကို ဦးတည်ပေးနိုင်မယ့် ခေါင်းဆေင်မျိုး ကိုတော့ ရှာကြရမယ်။ ဒေါ်စုကိုလည်း အမျိုးသားရေးဘက် ပြန်ကြည့်စေချင်တယ်လို့ မိန့်တယ်။


ဆရာတော် ဦးဝီရသူအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး ဟောခဲ့ပြောခဲ့တာ တွေရှိပါတယ်။ သူ့ကို ဒကာတစ်ဦးက လျှောက်တဲ့ မွတ်ဒေါင်း ဆိုတာကို တရားပွဲမှာ စပြီးချပြကတည်း က NLD ပါတီခေါင်းဆောင်ပိုင်းတွေရဲ့ အမြင်စောင်းမှုကို ခံရတော့တာပါပဲ။ ဒါပေသည့်နော် အောက်ခြေ ပါတီဝင်လေးတွေက အဲဒီအခြေအနေတွေကို သိတယ်။ အဲဒီအတွက်လည်း ပါတီက ခေါင်းမခံတဲ့ အမျိုးသားရေးကိစ္စတွေမှာ သူတို့အသိနဲ့သူတို့ လိုက်ပါဆောင်ရွက်ကြတာမျိုးတွေ ကိုယ်တွေတောင် လိုက်မမှီပါဘူးဗျာ။ တကယ်ကို လုပ်နိုင်ကြတဲ့သူတွေပါ။ အဲဒီလိုလုပ်တဲ့သူတွေကို တောင် ပါတီခေါင်းဆောင်ပိုင်းက အပြစ်မြင်ချင်တဲ့သဘောလေးတွေ ပြန်လည်ကြားသိရတော့ စိတ်မ ကောင်းမိတာအမှန်ပါပဲ။

ဆရာတော်အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ပြောဆိုလာတဲ့အခါမှာ အစွန်းတစ်ခုကို ရောက်လာပြီလို့ သုံးသပ်ကြတယ်။ ကျွန်တော်ကတော့ လက်မခံတာမှန်ပါပဲ။ အစွန်းရောက်တယ်လို့ ယူဆသူတွေဟာ ပုဂ္ဂိုလ်စွဲ အရမ်းထားကြတယ်။ ဘယ်လောက်အထိ ပုဂ္ဂိုလ်စွဲသန်သလဲဆိုရင် ပါတီမှာ ဘယ်သူမှ မရှိ တော့ရင်တောင် ဒေါ်စုမှဒေါ်စုလို့ ပြောကြတာပါ။ ချစ်ကြတာပေါ့ဗျာ။ ခင်ဗျားတို့မှ အမေတပ်ပြီး ချစ်ချင် ကြတာမဟုတ်ဘူး။ ပြည်သူက ချစ်တဲ့ NLD လို့ ကင်ပွန်းတပ်ထားကြတာ မဟုတ်ဘူးလား။ အဲဒီအတွက် တကယ်ချစ်ထိုက် မချစ်ထိုက်ဆိုတာကို ဆရာတော်က ဖော်ကောင်လုပ်ပေးရတာ။ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေမှာ ဒေါ်ဆောင်ဆန်းစုကြည်အနေနဲ့ ရပ်တည်တဲ့ပုံစံကို အမျိုးသားရေး ၀ါဒီ တွေက သဘောမကျကြဘူးလေ။ ဒါပေသည့် အဲဒီလူတွေအားလုံးက ပြည်သူကိုကြောက်တယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ဝေဖန်ရင် သူတို့ကိုပါ သေဒဏ်ခတ်မှာကြောက်ကြတယ်။ ဘယ်သူကမှ ပြတ်ပြတ်သားသား မရှိတဲ့အခါမှာ ဆရာတော်က လမ်းခင်းပေးလိုက်တော့ ဆရာတော် ခင်းပေးတဲ့လမ်းကို လိုက်လျှောက်ကြပြီး ဒေါ်စုမို့လို့ မဝေဖန်ရဘူးလားဆိုပြီး ဝေဖန်မှုတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်လာတော့ တစ်ဖက်အသိုင်းအ၀ိုင်းက ဆရာတော့်အပေါ်ကို အမြင်စောင်းလာကြတာပါ။


ဒီဒဏ်ကိုလည်း ဆရာတော်က ကြံ့ကြံ့ခံပြီး ရင်ဆိုင်မှာပါ။ ဘာလို့လဲဆိုတော့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဒေါ်စုကို အမျိုးသားရေးဘက် ပြန်လည်ဦးတည့်စေချင်တဲ့ ရည်ရွယ်ချက်ဖြစ်နေ လို့ပါပဲ။ မီဒီယာတွေမှာ ဆရာတော်ပြောတဲ့အခါမှာ အဲဒီအကြောင်း ကျန်ခဲ့ကောင်း ကျန်ခဲ့လိမ့်မယ်။ ဒါပေသည့် အမျိုးသားရေးအစွဲသန်သူတွေ ၊ တက်ကြွသူတွေကို ဆရာတော် မိန့်ကြားတဲ့အခါတိုင်းမှာ ဒေါ်စုကိုလည်း အမျိုးသားရေးဘက် ပြန်ပါလာစေချင်တယ်ဆိုတာကို အမြဲမိန့်ကြားတယ်ဆိုတာတော့ ကိုယ်တိုင်လည်း ကြားနာခဲ့ရသလို တစ်ဆင့်စကားလည်း ပြန်လည်ကြာသိရပါတယ်။


တစ်ခုခက်တာက ကျုပ်တို့တွေပေါ့ဗျာ။ ခေါင်းဆောင်အသစ်ကိုလည်း မရှာကြဘူးဗျ။ ဒေါ်စု လောက်တော်တဲ့သူ ဘယ်သူရှိမှာလဲလို့ တွင်တွင်ပြောဆိုနေကြတာမျိုးတွေရှိတယ်။ အဲဒီလိုဆို ဒေါ်စုက သေတမ်းစာတောင် ရေးပြီးနေပြီ။ ကဗျာလိုလိုပါပဲ။(ဖတ်ချင်သူများ တောင်းခံပါ။ ကျွန်တော့်ဆီမှာ စာရိုက်ပြီးသားရှိပါတယ်။)သူမရှိတော့တဲ့နောက် တခြားသော ၊ တခြားသော သူတွေတက် လာကြရမှာပဲ မဟုတ်ဘူးလား။ ဒေါ်စုလောက်အရည်အချင်းမရှိသည့်တိုင် ခေါင်းဆောင် ဆိုတာကိုလည်း မွေးမြူကြရမယ်ဆိုတဲ့အသိ မ၀င်ကြသေးဘူး။


ဆရာတော် ဦးဝီရသူကို ခိုင်းနှိုင်းကြတဲ့အခါမှာ အလွန်အကျွံ ခိုင်းနှိုင်းပြောဆိုကြတာမျိုးတွေ တွေ့ရတော့ ဆရာတော်လည်း ၀ဋ်ကြွေးတွေခံနေရတာပဲလားလို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်နေနဲ့ စဉ်းစားမိတာပါဗျာ။ အခုဆရာတော် မွတ်စလင်ဘာသာဝင်တွေနဲ့တွဲပြီးတော့ ဘာသာပေါင်းစုံချစ်ကြည် ငြိမ်းချမ်းရေးဆိုပြီးတော့ လုပ်နေတယ်ဗျာ။ ကြာပါပြီ။ အရှေ့အလယ်ပိုင်း ဘာသာရေး ခေါင်းဆောင် တွေနဲ့ ခိုင်းနှိုင်းရလောက်အောင်အထိတော့ မဖြစ်သင့်ဘူးထင်လို့ပါ။ အခုရေးသားတင်ပြမှုဟာ ဆောင်းပါးရှင် ဘိုကေတစ်ထောင်ရဲ့ အကြံပြုချက်ကို လက်မခံလို့မဟုတ်ပါဘူး။ ဒေါ်ယဉ်လတ် လုပ်ကိုင်ဆောင်ရွက်ပြသွားတာလေးကိုလည်း လက်ခံပါတယ်။ ကျုပ်တို့နိုင်ငံက လက်ရှိခေါင်းဆောင်တွေရော ၊ နောက် လာမယ့် ခေါင်းဆောင်တွေရော အဲဒီလောက်အထိတော့ ပြည်သူကို လေးစားမှုမရှိဘူးဆိုတာ ပြောနိုင်ပါတယ်။


အရှေ့အလယ်ပိုင်း ဘာသာရေးခေါင်းဆောင်တွေက သူတို့တိုင်းပြည်တွေမှာ တခြားဘာသာ ဆိုရင် လုံးဝလက်မခံချင်ကြတဲ့ အစွဲဗျ။ အဲဒီအစွဲနဲ့အတူ လက်တွေ့ကျကျ အကြမ်းဖက်မှုတွေလုပ်တာ လဲ သတင်းမီဒီယာတွေကပဲ ဖော်ပြပေးနေလို့ ကျွန်တော်တို့တွေ သိကြရတာပါ။ ဦးဝီရသူက အဲဒီလူတွေလောက် အတ္တစွဲနဲ့ ဗုဒ္ဓဘာသာဝင်မှ အပ ကျန်တဲ့သူကို မဟားတရားလုပ်ဖို့အထိတော့ မတိုက်တွန်းပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ၀ါးတားတားလုပ်ရင်တော့ တို့လူမျိုး တို့ဘာသာ အနေနဲ့ အခက်တွေ့ရချည်ရဲ့ဆိုတဲ့အတွေးကို အားလုံးရဲ့ခေါင်းထဲကို ရိုက်သွင်းပေးသူပါ။



တစ်ဆက်တည်းမှာပဲ အမျိုးသားရေး လှုံဆော်မှုတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ပိုင်း အမျိုးသားနိုင်ငံများ ရှင်သန်အားကောင်းခဲ့ကြပါတယ် ဆိုတာလေး ပြောချင်ပါတယ်။ အမျိုးသားရေး ဆိုတာကို “အီတလီ ပြည်၌ ထင်ရှားကျော်ကြားခဲ့သော မက်ဇီးနီ အမည်ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးက အမျိုးသားစုဆိုသည်မှာ အတိတ်ရာဇ၀င်ချင်း တူညီပြီး တစ်မျိုးတည်းသော ဥပဒေဖြင့် အုပ်ချုပ်ခံရသည့် လူတစ်စု ဖြစ်သည်”ဟု ဖော်ပြထားတာရှိပါတယ်။ နောက်တစ်ခုက “စပင်ဂလာ အမည်ရှိ ပုဂ္ဂိုလ်ကြီးကမူ ဘာသာစကားချင်း မတူစေကာမူ အုပ်ချုပ်ပုံ တစ်မျိုးတစ်စား တည်း မဟုတ်စေကာမူ စိတ်ဓာတ်ချင်းတူသော လူတစ်စုဖြစ်က အမျိုးသားစု ဖြစ်သည်”ဟု ရှင်းပြခဲ့ပါတယ်။ အတိုင်းတိုင်းအပြည်ပြည်က အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေ ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ အမျိုးသားရေး သွေးအေးလွန် ကြတာကို ပေါ်ပေါ်ထင်ထင်ပြောဆိုနေတာအတွက် ဆရာတော်ကို တလွဲကင်ပွန်းမတပ်ကြပါနဲ့လို့ တောင်းပန် တင်ပြခြင်း ဖြစ်ကြောင်းပါဗျာ။

နောင်တော်လေး (ဘိုကလေး)

Saturday, December 7, 2013

အသေထွက် ကျော်သူ



https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/960205_10152004896426698_1268719034_n.jpg


“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊ ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏ နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်းဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီအတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့် ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

“ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။ ယင်း “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ် ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင် ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။

ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမားတစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊ ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။ ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့်
ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။ ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။


အသေထွက်

လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ

အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …

ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ

နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။


နိုင်မြန်မာ
၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ် တို့ လူ ကြီး “ ကို ကျော် သူ ” ၅ ၄ နှစ် ပြည့် မွေး နေ့ အ မှတ် တ ရ)

ပွဲစား




အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများ သည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ်သလို ယခု ခေတ်ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစ...ား ဟူ၍ ပေါ်ပေါက်လာပြန်သည်။ အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များလည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။ ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက်သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက်ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။ လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပွဲစားလောကတွင်လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပါက ကုသိုလ် ကြံဖန်၍ရမည့် ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ်ထုတ်လိုသော လောဘစိတ်ဖြင့် ဆောင်ရွက် မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက်တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှလည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။

အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ်မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာလမ်းစဉ်အား ကျင့် သုံးလိုက်နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။

သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေရသောကြောင့် ပွဲစားတည်းဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ်ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်းသည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသော သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီးသည်။

လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက် လာခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ်ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။ လူသားတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူတို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူသည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှုတည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြသည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီသမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ပင် ဖြစ်တော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူတစ်ယောက် သေဆုံးသွားသည့်အခါ နာရေးရှင် မိသားစုတို့ဘက်မှ သက်ဆိုင်ရာဆရာဝန်၏ အမှန်တကယ်သေဆုံးကြောင်း ထောက်ခံစာ၊ ထို ရပ်ကွက်မှာ နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ၊ မြို့နယ်ဒေသန္တရဆေးခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက်အထားများပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်းသူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန်သူ၏ရုပ်ခန္ဓာအား နိဗ္ဗာန်ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူမိသားစု၏ ဆန္ဒအရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှုတို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။ အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာအဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ်အားလည်း အကူငွေအဖြစ် ပေးဆောင်ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက်တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား ကူညီ ဖေးမအားပေးမှုများကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွားကာ ဆောင်ရွက်ပေးနေသော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။

ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်းအသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အမြတ်ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။ ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်းများအား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင်ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသားအလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခကြေးငွေတို့အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်းပင် ဖြစ်တော့ သည်။ ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြားမှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသောနည်းလမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများအား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း စည်ပင်သာယာအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာကာ အပူသည်နာရေးရှင်တို့အား လုပ်အားပေး လူမှုရေးသမားမောင်မယ်များမှ အသင်း၏ ပေးဆပ်မှုများ၊ တာဝန်ယူမှုများအား သိရှိစေရန် ရှင်းလင်း ပြောကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်ပေးမှုများအား ငွေကြေးတစုံတရာပေးဆောင်ရခြင်း မရှိပါကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။ သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေးတစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည်ဟူ၍ ထင်ယောင်ထင် မှား ဖြစ်စေရန်၎င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုအတွက်၎င်း၊ ငွေကြေးချွေတာမှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ထည့်သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ်ရန် သွေးဆောင်ဖြားယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယကံရှင်တို့မှ အခေါင်းဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။ ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေး လုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစားများဖြင့်ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများလည်းရှိပါသည်။ ထိုကဲ့သို့သော အသင်းအဖွဲ့များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြားလည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။ ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော်လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့် အခေါင်းဝယ်စရိတ်၊ ပန်းပြင်ဆင်စရိတ်၊ လူစီးကားငှားစရိတ်၊ ဘုန်းကြီးပင့် ဝတ္ထုငွေစရိတ်တို့အား ညှိနှိုင်းဈေးများဖြင့် အနည်းဆုံး(သုံးသောင်း) မှ (တစ်သိန်း)ခန့် ကုန်ကျတော့မည် ဖြစ်ပေသည်။ နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီသည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။ ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူအညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်းရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။ အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ်မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတအမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထားဖို့ အချိန်တန်ပြီဖြစ်တော့သည်။

ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန်ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထားသည်။ ယင်းဆောင်ပုဒ်မှာ


ရဲ ဘော် တို့

‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့
‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။
‘ ဂွ င် ဖန်’ ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။

ဒါဘဲ
ကျော်သူ

ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။


“မ သာ ပွဲ စား မ လာ ရ”
ပုံ / ကျော်သူ


ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလသို့ ရောက်ရှိလာခဲ့သည်နှင့်အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ၏ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေးသမားများ၏ အနု နည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရန် သတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူတို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူတို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။


ပရဟိတ သစ္စာဆိုရဲသည့်
(ကျော်သူ)

သေခါနီးလေ . . . ပျော်စရာကောင်းလေ

 
 
 
 
 
 
 
 
 
 
 
ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ အပိုင်းပိုင်း ရိုက်ချိုးခံရသကဲ့သို့ ခံစားမ...ှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်း အား ဖိညှစ်ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ ဖောက်ထုတ်စုတ်ယူ ခံရသကဲ့သို့ ခံစားမှု စသည့် အနိဠာရုံခံစားမှုများသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ (ကာယကံ) ခံစားမှုများတည်း။ အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေကယ်ပါ … အဖေကယ်ပါ ဟူ၍ ညည်းညူ အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ်အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တစ်ပြက် အော် ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ်ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေညှင်းစွာလေသံပျော့ဖြင့် ညည်းတွား လိုက်သံ ......စသည့် နှုတ်ဝဇီမှ ထွက်ပေါ်လာသော ခံစားမှုများသည် ဝဇီတည်းဟူသော မိမိ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ (ဝဇီကံ) ခံစားမှုများပင် ဖြစ်သည်။ လူတို့၏ စိတ်အလျင်တို့သည် ကာယကံ၊ ဝဇီကံတို့အပေါ်တွင် အမှီသဟဲပြုသည်။ စိတ်ကြောင့် ခန္ဓာကိုယ်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို စိတ်ကြောင့်ပင် ဝဇီကံဖြစ်သော နှုတ်မှပြောစကားများ ထွက်ပေါ် လာသည်။ ထိုကဲ့သို့ပင် ကာယတည်းဟူသော ခန္ဓာကိုယ်၏ ဖြစ်ပျက်ခံစားမှုတို့ကြောင့် ဝဇီတည်းဟူသော နှုတ်မှလည်း အသံမျိုးစုံ ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကား စိတ်(မနောကံ)၏ ခံစားမှုများပင်ဖြစ်သည်။ လူတို့သည် ကျန်းမာနေစဉ်အချိန်ကာလများ၌ စိတ်ဦးဆောင်မှုဖြင့် ခန္ဓာကိုယ်မှ လှုပ်ရှားခြင်း၊ နှုတ် ခမ်းများ၊ ပါးစပ်များမှပြောဆိုခြင်း အမှုများကို ပြုလုပ်တတ်ကြသည်။ ဝေဒနာခံစားနေရသော အချိန်ဖြစ် သည့် ကျန်းမာရေးချို့ယွင်းပြီး သေအံ့ဆဲဆဲဖြစ်နေသည့်အချိန်တွင် ခန္ဓာကိုယ်၏ ခံစားမှုအသီးသီးတို့ အပေါ်မှုတည်၍ နာကျင်မှု ခံစားရမှုများအပေါ် ဝဇီ(နှုတ်)မှ ညည်းညူးအော်ဟစ် ညည်းတွားသံများ ဖြစ်ပေါ် လာခဲ့ရသည်။ ထိုအခါ မနောတည်းဟူသော စိတ်အလျင်တို့သည် မိမိတို့၏သံယောဇဉ်များ၊ ကိလေသာ တဏှာများ၊ ပစ္စည်းဥစ္စာများ၊ သား-သမီး-မြေး-မြစ်များ၊ ဆွေမျိုးမိတ်ဆွေများ၊ တိုက်တာအိုးအိမ်များ၊ ရွှေငွေ လက်ဝတ်ရတနာများနှင့် မိမိတို့စွဲလမ်း တပ်မက်ခဲ့မှုများအပေါ် တောင်းတမှုများ ဖြစ်ပေါ်လာခဲ့သည်။ **ထို ကဲ့သို့ သေအံ့ဆဲဆဲလူတို့တွင် ထိုသံယောဇဉ် အမျှင်အတန်းများ ဖြစ်ပေါ်လာခဲ့ပါက ဘဝကူးကောင်းမည် မဟုတ်ချေ။ မည်မျှပင်လူ့လောကကောင်းကျိုးကို လုပ်ဆောင်ပေးခဲ့စေကာမူ ဘဝကူးခါနီး အချိန်စက္ကန့် လေးအတွင်း အကုသိုလ်ကိစ္စရပ်ဖြစ်စေ၊ သံယောဇဉ် အမျှင်အတန်းလေး တစ်ခုဖြစ်စေ သမုဒယသစ္စာ ပေါ် ပေါက်လာပါက ဘဝကူးပြောင်းမှုသည် ရှောရှောရှူရှူ ဖြစ်မည်မဟုတ်။ ဤအချိန်အပိုင်းအခြားလေးသည် အလွန်အရေးကြီးလှပေသည်။ ** **မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့သော အရက်သမားတစ်ဦးသည် ဘဝကူးပြောင်းခါ နီး အချိန်လေးတွင် သရဏဂုံကြောင့် တည်ခွင့်ရခဲ့သည့်အတွက် နတ်ပြည်သို့ရောက်ရှိခဲ့ကြောင်း ဘုရား ဟောထဲတွင် ပါရှိခဲ့သည်။** ထိုကဲ့သို့ ဘဝကူးကောင်းရန်အတွက် ကျွန်ုပ်တို့သည်ကောင်းမှု ကုသိုလ်ရေး ကိစ္စရပ်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေပါမှ ထိုကောင်းမှုအရှိန်ကြောင့် ဘဝကူးကောင်းဖို့ လွယ်ကူ မည်။ သို့တည်းမဟုတ် အကုသိုလ်ကိစ္စများနှင့် ကျင်လည်နေမည်ဆိုပါက အသေလှမည်မဟုတ်၊ ဘဝကူး ကောင်းမည်မဟုတ်ချေ။ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှု၊ ကြေကွဲမှု စသည့် ခံစားမှုမျိုးစုံတို့အတွက် ကျွန်တော်တို့ ကိုယ် ချင်းစာစိတ်ဖြင့် ကြိုးစားဖေးမလိုစိတ် ဖြစ်ပေါ်လာသည်။ လူ့ဘဝသက်တမ်း၏ နောက်ဆုံးအချိန်လေး အတွင်း ရောက်နေချိန်တွင် ဆင်းရဲသောမိသားစုဝင်များသာ ယခုကဲ့သို့ သံယောဇဉ်အမျှင်တန်းခြင်းမျိုးကို ခံစားရသည်မဟုတ်။ ချမ်းသာသော အသိုင်းအဝိုင်းက ပို၍သာ သံယောဇဉ်အမျှင်တန်းမှုမျိုး ဖြစ်ပေါ်စေ သည်။ ပိုင်ဆိုင်မှုများကြောင့်ပင် မဟုတ်ပါလား။ “ဘာမှမလိုချင်ရင် … ဘာမှ ကြောက်စရာမရှိဘူး” ဟူ သော ကျွန်တော်၏ဇနီး ရွှေဇီးကွက်၏ ဖခင်ပြောစကားကား မှန်ကန်လှပေသည်။ စဉ်ဆက်မပြတ် ကုသိုလ်ရေးများ လုပ်ကိုင်နေကာမှ သေခါနီးတွင် ဘဝကူးကောင်းရန် အမှတ်သညာ ရရှိမည်ဖြစ်သည်။ အကြောင်းတရားကြောင့် အကျိုးတရားခံစားရမည် ဖြစ်တော့သည်။ သို့ရာတွင် ယခုကဲ့သို့ ဆုတ်ကပ်ကြီး ထဲ ရောက်ရှိနေစဉ် လူသားအများစုတို့သည် ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကြောင့် ထိုအကုသိုလ်ဇောများ ကပ်တွယ်ညှိနေမှုတို့ကြောင့် ဘဝကူးကောင်းရန် ခက်ခဲလှတော့သည်။ ထိုသို့သော ဘဝကူးခါနီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကျွန်တော်တို့ လျစ်လျူရှု ထား၍မရတော့ချေ။ ထိုသူတို့အားသွားရောက်၍ ဆေးသွင်းပေးခြင်း၊ အားပေးစကား ပြောကြားခြင်းတို့နှင့် မလုံလောက်။ ရှောင်လွဲ၍မရသည့်အရာဖြစ်သော သေချင်းတရားသည် တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေ ရာတွင် ကြုံတွေ့ရမည်။ ထိုအခါ သေအံ့ဆဲဆဲ၊ သေအံ့မူးမူး၊ သေလုမျောပါး ဝေဒနာခံစားနေရသော လူများကို တွေ့ရှိရသောအခါ ဘယ်လိုများ လုပ်ပေးရမလဲဆိုသည့် အတွေးမျိုးတွေးမိသည်။ (တစ်ချိန်က ရောဂါဝေဒနာ ခံစားနေရသော လူမမာတစ်ဦးမှ ငွေလှူဒါန်းမှုပြုလုပ်လိုကြောင်း အကြောင်းကြားခဲ့၍ သွား ရောက်အလှူခံခဲ့ပြီး သာဓု … သာဓု … သာဓု ခေါ်ဆိုနိုင်ခဲ့သောဖြစ်ရပ်တွင် ထိုလူနာသည် နောက်ပိုင်း ကျန်းမာသန်စွမ်းလာပြီး နှစ်ရှည်နေထိုင်သွားနိုင်ခဲ့ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ဘူးသည်။ နောက်တစ်ဦးမှာ လည်း မဆုံးခင်စပ်ကြား လှူဒါန်းမှုပြုလိုသောဆန္ဒကြောင့် ကျွန်တော်တို့အား အကြောင်းကြားခဲ့၍ ထိုလူနာ ရှိရာ နေအိမ်သို့သွားရောက်ခဲ့ရာ ကားလမ်းပိတ်ဆို့မှုများကြောင့် အတန်ငယ် နောက်ကျသွားခဲ့သည်။ ထိုအချိန် လူနာ၏ အိမ်သို့ဝင်ရောက်သည်နှင့် မိသားစုများ၏ မျက်လုံးများသည် ကြေကွဲမျက်ရည်စများနှင့် ဆီးကြိုကြသည်။ လှူဒါန်းမည့်လူနာထံသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားခဲ့ရာ လူနာသည် လက်ထဲ တွင် လှူဒါန်းမည့်ငွေအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အသက်ကားမရှိတော့ချေ။ ထိုဖြစ်ရပ်အား ကျွန်တော်တို့၏ လူမှုရေးသက်တမ်းတစ်လျှောက် ရင်နာဖွယ်ရာ ဖြစ်ရပ်ဖြစ်ခဲ့ရသည်။) ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေဆုံးသွားသော ဆင်းရဲချမ်း သာ၊ လူမျိုးဘာသာမရွေးတို့အတွက် (အခမဲ့) သင်္ဂြိဟ်ပေးရုံဖြင့် တာဝန်ကျေပွန်ပြီဟု သတ်မှတ်၍မရချေ။ ဘဝကူးပြောင်းခါနီး သေဆုံးအံ့ဆဲဆဲ လူသားများအတွက် ဘဝကူးကောင်းရန် တာဝန်ကိုပါ ထမ်းဆောင် ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဝေဒနာခံစားနေရသော ကျန်းမာရေးချို့တဲ့နေကြသော ကာယကံရှင် တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ မိသားစုဝင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ ဆရာတော် သံဃာတော်တို့၏ မေတ္တာပို့သသံ၊ သရဏဂုံ ဆောက်တည်မှုပေးသော တရားသံ၊ မသေခင်စိတ်ချရသော တရားထူးတို့အား လိုလားတောင်းတခဲ့ပါလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဆရာတော် သံဃာတော်တို့အားပင့် လျှောက်ကာ ကာယကံရှင်ရှိရာ ဆေးရုံ (သို့) နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးသော ကောင်းမှုကုသိုလ် တော်ကြီးတစ်ရပ်အား လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ရပါတော့သည်။ ဘဝကူးမည့်သူများအတွက် ဘဝ ကူးကောင်းရန် လမ်းစတစ်ခုကို ကျွန်တော်တို့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ စတင်လမ်းဖောက် ပေးခဲ့ပြီ ဖြစ်တော့သည်။ မြန်မာပြည်အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့များသည်လည်း ဤကောင်းမှုတော် ကြီးအား လုပ်ဆောင်ကြရန် ဝန်လေးမည်မဟုတ်ဟု ယုံကြည်မိပါသည်။ ထို့ကြောင့် သေခါနီးသောသူတို့အတွက် ရဲရဲကြီး သေရဲပြီး အရာအားလုံးအား သံယောဇဉ်ဖြတ်နိုင် ကြကာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြားထားသကဲ့သို့ “သေခါနီးလေ ပျော်စရာကောင်းလေ” ဟူသော စကားရပ်အတိုင်း ဘဝ ဘဝတို့သည် ကူးပြောင်းခြင်း လှပစေတော့မည့် ကုသိုလ်ကောင်းမှုတော်ကြီးတစ်ရပ်အား ၂ဝ၁၃ ဇူလိုင် (၁၉) ရက် (အာဇာနည်နေ့) မှစတင်၍ ပေးဆပ် တော့မည်ဖြစ်ပါသည်။
 
 ကျော်သူ

Thursday, December 5, 2013

"အစွန်းရောက် မရောက်"









"အစွန်းရောက် မရောက်"

အမျိုးသားရေးလုပ်နေတဲ့သူတွေကို
အစွန်းရောက်တွေလို့ တိုက်ခိုက်ပြော
ဆိုနေတာတွေကို တွေ့တွေ့နေရတယ်။...
ငါတို့တစ်ကယ်များအစွန်းရောက်နေ
လား? ကိုယ့်ကို ပြန်သုံးသတ်မိတယ်။

ဘာသာတူရာအိမ်ထောင်ဖက်ရွေးချင်း။

မိမိနဲ့ဘာသာတူရာကိုသာ အိမ်ထောင်
ဖက်ရွေးတာဟာ အစွန်းရောက်တယ်
ဆိုရင် ငါတို့မိဘ ဘိုးဘွားတွေကအစ
အစွန်းရောက်တွေဖြစ်သွားမှာပေါ့။

သူတို့တွေ ဘာသာတူရာရွေးချယ်ခဲ့
လို့သာ ငါတို့တွေဗုဒ္ဓဘာသာကို ကိုး
ကွယ်ခွင့်ရခဲ့တာပါ။သူတို့တွေတာမ
စောင့်ထိန်းခဲ့ရင် ငါတို့တွေခုဆို ဘယ်
ဘာသာကိုးကွယ်လို့ ဘယ်လိုလူမျိုး
တွေဖြစ်နေမလည်း မသိနိုင်ဘူး။ဒီ
တော့ ဘာသာတူနဲ့အိမ်ထောင်ပြုတာ
ဟာအစွန်းရောက်တာမဟုတ်ဘူးလို့
ခံယူတယ်။

ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ချင်း။

ငါတို့ဘာသာတူရာဆိုင်မှာဈေးဝယ်တာ
ဟာ ငါတို့ဘာသာအတွက်တစ်ဖက်တစ်
လမ်းက အထောက်အပံ့ဖြစ်တယ်လို့
ထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့
ဘယ်လောက် ဆင်းရဲတဲ့ဗုဒ္ဓဘာသာဖြစ်
်ဖြစ်ဘဝမှာအနည်းဆုံးအလှုတစ်ခုတော့
လုပ်ဖူးပါတယ်။နည်းတာများတာကတော့သူတို့အနေအထားနဲ့ဆိုင်တာပေါ့။

ဒီတော့ဘယ်လိုရောင်းဝယ်ဖောက်ကား
သူဖြစ်ဖြစ် ကိုယ်ရတဲ့အမြတ်ထဲက တစ်
စိတ်တစ်ဒေသတော့အလှုလုပ်ကြတာပါ။
ဒါဟာ ငါတို့ဘာသာနဲ့လူမျိုးအတွက် တစ်
ဖက်တစ်လမ်းကအထောက်အကူဖြစ်နိုင်
မယ်လို့ယုံကြည်ပါတယ်။မိမိငွေတစ်ကျပ်
ကိုဘာသာနဲ့လူမျိုးအတွက် အသုံးပြုမယ့်
ဘာသာတူရာဆိုင်မှာဝယ်ယူတာဟာ
အစွန်းမရောက်ဘူးလို့ယုံကြည်တယ်။

၉၆၉ ကိုလိုက်နာသူတွေဟာအစွန်း
ရောက်တယ် အကြမ်းဖက်တယ် လို့ပြော
ဆိုသူတွေကိုမေးကြည့်ချင်ပါတယ်။

ငါတို့ဟာကုလားတွေမြင်တိုင်း ဒါးနဲ့ခုတ် တုတ်နဲ့ရိုက်ပြီးတိုက်ခိုက်နေတာလား?ငါ
တို့က ကုလားတွေကိုစစော်ကားနေလို့
လား?ငါတို့မွေးဖွါးရာနိုင်ငံ၊ငါတို့ချစ်ခင်တဲ့
လူမျိုးနဲ့ငါတို့ကိုးကွယ်ရာဘာသာသာကို ငါတို့တတ်နိုင်သလောက်ကာကွယ်ခွင့်မ
ရှိတော့ဘူးလား?

အကြမ်းဖက်တယ်ဆိုတာ နှစ်ဦးနှစ်ဖက်
လုံးနဲ့ဆိုင်ပါတယ်။ငါတို့ကစော်ကားခံရ
လို့ဒေါသအလျှောက်တုံ့ ပြန်မိတာအပြစ်
ဆိုရင် စစော်ကားတဲ့သူတွေကအပြစ်မရှိ
ဘူးလား။တကယ်လို့ခေါင်းငုံ့ခံနေကြရင် ငါတို့ရဟန်းတွေဘယ်လောက်တောင်အ
သတ်ခံရအုံးမလည်း?ငါတို့တိုင်းရင်းသူ
တွေဘယ်လောက်တောင် မုဒိန်းကျင့်ခံရ
အုံးမလည်း?

ကိုက်ဖို့လာတဲ့ခွေးကိုတော့ ရိုက်သင့်ရိုက်
ရမှာပဲ။ငြိမ်ပြီးအကိုက်ခံရလောက်အောင်
တော့ ငါတို့ပါရမီမပြည့်သေးဘူး။ဒီလိုပဲငါ
တို့မိသားစုကိုစော်ကားဖျက်ဆီးသူတွေ
ကိုငုတ်တုတ်ထိုင်ကြည့်ပြီးနေရလောက်
်အောင်ငါတို့မှာသည်းခံချင်းတရားမပြည့်ဝသေးဘူး။ငါတို့မိသားစုနဲ့ငါတို့ အမျိုးကို
တော့ ငါတို့တတ်နိုင်သလောက်ကာ
ကွယ်ရမှာပဲ။

သူတို့နဲ့ကင်းကင်းနေတာဟာ ငါတို့အန္တ
ရာယ်ငါတို့ကာကွယ်တာပဲ။ကိုယ့်ကို
ကိုက်မယ်မှန်းသိရက်နဲ့တော့အားရှိလာ
အောင်အစာကျွေး မွေးမြူနေရလောက်
အောင်တော့ ငါတို့မမိုက်ဘူး။ဒီလောက်
ကင်းအောင်နေတာတောင်စော်ကားခံ
နေရတာ ရောရောနှောနှောနေလို့က
တော့ဒါးသွေးပေးပြီးလည်ပင်းဆေးထား
ရမယ့်အဖြစ်မျိုးရောက်လိမ့်မယ်။

"လူကိုခွေးသတ်လေချင်း "ဆိုတဲ့အဖြစ်
မျိုးရောက်လိမ့်မယ်။

လင်းလုလင်

အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက်သွားရခြင်းအကြောင်း

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
                                      ************************* 
အစ္စလာမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ ဗုဒ္စဘာသာဖြစ်...သည် ။ အာဖဂန် နိုင်ငံ ဟင် ဒုကတ် ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည် ။ ကမ္ဘာ. ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ဟုခေါ်ကြသည်။ သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင် ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။ ထိုသို. စောစီးစွာ အခြေတည်ခဲ.သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင် စတင်မှေးမှိန်လာခဲ.ပြီး ၊ အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ.လေသည် ။ ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ.ပါသည်။ မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို.တောင်ဘက်) တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။ ဗုဒ္စ သာသနိက အဆောက်အအုံများကို လည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည် ။ လော်ဂျာပြည်နယ် ၌ ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။ ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ် တစ်ပါးနှင့်တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ်ကူးပြောင်း ရောက် ရှိခဲကြောင်းသိရပါသည်။ မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို့ ဖြစ်သော ဘာသ်မြို့ တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည်။ ( ရွှေတိဂုံ စေတီတော်မြတ် ရာဇဝင်လာ နာမည်များနှင့် ဆင် တူနေသည်မှာ စဉ်းစားဖွယ်ရာ ပင်။ ဘာသာပြန်သူ၏ စကားချပ် ) ဘာမီယန်တောင်တန်းသည် လိုဏ်ဂူ များပေါများလှသောတောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိလိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င် နိပါတ်တော်များ ကိုကျောက်ဂူနံရံ များတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည်။ ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသော ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည်။ ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်. အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည် ။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်. တာလီဘန်တို.သည် ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။ ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။ ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်ကပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က “ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည်.ကြားမှ ၂၀၀၁ ခု မတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.စင့် နောက်စင့် ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည် ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ ၊ ဂျပန် တို.မှ ကိုယ်စားလှယ်အဖွဲ.များလွှတ်ကာ ထိုသို.မလုပ်ဖို. စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ “အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “ ဟု ပြောခဲ.သည် ။ အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန် အဖတ်ဆယ်၍မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျော ကောင်းနှမျော တသနေပါလိမ်.မည်။ ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍ ထိုစဉ်ပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမှရှောင်လွဲကောင်းရှောင်လွဲနိုင်ပါလိမ်.မည် ။ တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍ ၂၀၀၁ ခုမတ်လတွင် ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည် ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော( ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ.ကြပါသည် ။ ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ ၊ကိုးကွယ်ခဲ.ကြဖူးပါသည်။ သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလ ဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည် နောင်သောအခါဤ၀ါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။ ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။ တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ ) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ ( Balka )သို.ပါ ရောက်ရှိလာခဲ.သည် ။ ၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကို လူခွန်စတင်ကောက်ခံခဲ.သည် ။ ဘုရားကျောင်းကန်စေတီ ပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များ ကောက်ခံခဲ.သည် ကဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျည်းဖွယ်အနိုင်ကျင်.ခံရမှု့သည် ဤမှာပင် စသည် ။ ကဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားးနည်းလာပြီး နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော.သည် ။ အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို.ရောက်ရှိခဲ.သည် ။ ၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။ စကားချပ် ) အာရပ် တို.အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို. စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ အာ ဖဂန်ဒေသခံတောင်ပေါ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ.ကြ ပေသည် ။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ တော်လှန်မှုကြောင်.မအောင်မြင်ခဲ.ပေ။ အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည် ။အတင်းအကျပ်ဘာသာပြောင်းခံရသူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။ အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန် ၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ အစ္စလာမ် ဘာသာသို. သွတ်သွင်းခြင်းခံကြရသည် အေဒီ (၉၉၈ နှင်. ၁၀၃၀ ) ကြားတွင်အုပ်ချုပ်ခဲ.သော တူရကီမင်းဆက်စူလတန်မိုဟာမက်သည် အိန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်. ၀င်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ နှင်. အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို. အတင်း အဓမ္မပြောင်းလဲဝင်ရောက်စေခဲ.သည် ။ တောင်ကုန်.တောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော. အစ္စလမ်ဘာသာသို.မ၀င်ပဲ နေခဲ.ကြသည် ။ ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။ လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန် မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက် ရာမြောက်သော ဗုဒ္စရုပ်တုများကို သူတို. လျှို.၀ှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။ သူတို.သည် ဗုဒ္စရုပ်ပွားတော် အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.၀ှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။ ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှု့ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊ အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။ ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ.ကြပါ ။ ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည်။ ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင်.ဆင် တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည် ။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို. အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ့သည့်  ဒေါက်တာ ၀ဲဓမ္မဆေလာ ကပြောပါသည် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏ လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊ လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ ) တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။ ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌သူ၏ခြေရာကို တစ်ချိန်က ချထားခဲ.သည် ဆို၏ ။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်. ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။ ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော် ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။ သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော. မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။ သင်္ဂါယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ ဗုဒ္စဘုရားသခင်သည် သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း တင်ထားပါသည် ။ ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။ အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင် ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင် ငံ တောင်ပိုင်းဖြစ်ပါသည်။ ပါရဂူဘွဲ.အတွက်ကျမ်းပြုရန် ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရ၀ါဒ ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို တွေ.ခဲ.ရသည်ဟုပြောပါသည်။ ယခုအခါ ဗုဒ္စဘာသာနှင်. ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာပါ ရောထွေးနေပေသည် ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊ ဗုဒ္စဘာသာ ဘုရားပုထိုးများမှာ လည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည် ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍ သုံးသပ်ကြည်.စေလိုပါသည် ။ ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍ သုံး ရလျှင် “ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြှောက်စားလျက် အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည်။ ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ။ မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို ပိတ်ပင် နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့် အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင် ကျဉ် ရ ပေမည်။ စာရေးသူ....…………………… 
 
သရဝဏ်- ပြည်