Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, July 22, 2012

ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား

စနေနေ့၊ ဂျူလိုင်လ ၂၁၊ ၂၀၁၂


ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်းတွေ့ရတယ်။


ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့ လေ့လာသူအချို့က သုံးသပ်ကြတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့ ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။

ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို သတိထားမိတယ်။

နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။

ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ် ဆိုတာမျိုးတော့ ပြောတာရှိတယ်။

ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။

ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင် အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက်သားသမီးအယောက်၂၀ဆိုတဲ့ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။

လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။

မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။

ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။

တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။

သူတို့ရဲ့အစီစဉ်ကကိုဆိုဗိုမှာလိုအစ္စလာမ်ဘာသာဝင်အယ်ဘေးနီးယားတွေကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။

မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။

(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)

ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။

ဒီလိုနဲ့ နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။

အဲဒီကိုဆိုဗိုစစ်မှာမွတ်ဆလင်ညီအကိုဆိုတဲ့အမြင်နဲ့ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့ မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။


တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။

အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့ကမြန်မာကိုအရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။

၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။

အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။

တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။

ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။

ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။

ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။

တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။

အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။

အထူးသဖြင့်အစ္စလာမ်ဘာသာဝင်တွေကဘာမှမဆိုင်ပဲငါတို့မွတ်လဆင်တွေဆိုပြီးရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။

တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။

တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။

ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။

ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Aung Zin Latt

Friday, July 20, 2012

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့်

 

 (မင်းကိုနိုင်)





by ပြည်သူ့ခေတ် on Saturday, July 14, 2012 at 7:59pm ·



ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။ 



ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
          ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
          ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
          ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
          မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
          ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
          ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
          ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
          ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
          စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
          စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
          စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
          ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
          နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
          ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
          သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
          စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
          အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
          “တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
          ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
          တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
          မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
          တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
          တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး  ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
          သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
          စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
          သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
          တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
          မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
          စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
          အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
          နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
          ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊

မင်းကိုနိုင်
 ၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

Wednesday, July 18, 2012

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ ရှိခဲ့ရင်

ဂါမဏိ
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီးသဘောထားတွေကို အခုလို တွေ့မိပါ တယ်။
၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ရပ်တည်ချက်ကိုသိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံအခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီအုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိကအတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့် ကျင်ရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေ ဟာ ဟုမ်းရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန် တို့သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်နိုင်ငံလွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းက "အင်္ဂလန်သွားဒယ်လီကိတ် ဘွဲ့" မဟာကဗျာလေးချိုးကြီးရေးပြီး ထောက်ခံဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသား ရေးသင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည်အုပ်ချုပ်ရေး တဆင့်တိုးရေးအတွက် အရေးဆိုနေချိန်မှာ အင်္ဂလိပ်အလိုတော်ရိ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက်စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ က ရက်ဒေါက် တိုက်ရိုက်အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ်ဝန်ကြီးချုပ်ဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရဆီကို ကြေးနန်းထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်ဝိုင်အမ်ဘီအေတွေရဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေးလှုပ်ရှားမှု သို့မဟုတ် ဝံသာနုလှုပ်ရှားမှုကို အဆင့်မြှင့်လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆိုတိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အစိုးရအရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမားရခဲ့ပါတယ်။ ဒါကို သခင်ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုးမြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက်မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ခေါင်းဆောင်တဲ့အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက်ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင်ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီ ကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေရေးပြီး ၂၁ ဦးအဖွဲ့ ကိုတိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသ နာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထားအဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါ တယ်။

မြန်မာဝံသာနုအကြောင်းဘွဲ့ လေးချိုးစာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက်ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ်လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကိုပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာမေးချင်လှ၊ ကြောက်သွေးဖိုကာတုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီအစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေးသမားတွေ ကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန်ရှုတ်ချတိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲအမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနုဂျီစီဘီအေ တွေဟာ (မတရားသင်းကြေညာခံရတဲ့ ဦးစိုးသိန်းဂျီစီဘီအေ အနည်းစုလေးကလွဲရင်) နှာစေးနေကြတဲ့အချိန်မှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမားအရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ်ဆိုသူတွေ နှာစေးကြတာကိုမြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လိုလေးချိုးတွေစပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်းပါတီတွက် မဲဆွယ်စည်းရုံးဟောပြောပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ်ကိုလိုနီသမားတွေဟာ နိုင်ငံရေးပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ် မထားတော့ အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်းဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက်ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သွားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကလည်း အခြေခံဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေးမယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့် သုံးခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစားလူမိုက်တွေက (အခု ခေတ်စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီး အကျယ်လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်းတွေ့ရသလို ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ဆရာကြီး သ ခင်ကိုယ်တော်မှိုင်းပတ်သက်ခဲ့တာကိုလည်း လူထုဒေါ်အမာရဲ့မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေတပ်တွေ မော်လမြိုင်သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင်မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက်ရောက်သွားပြီး ဂျပန်စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံးခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်ကလူတွေလိုပဲ မဲဆောက်လာ တွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ပါဝင်တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် တွေနဲ့ ဂျပန်ဒိုနာစစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ်အစိုးရဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်းမကျေမလည်ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ်အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကိုသင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ်ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာဖော်ပြမထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ (ဗမာပြည်ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာသေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီးဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ 

ဗိုလ်ချုပ်အောင်ဆန်း 

( ဟိန်း)

ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။

ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊

ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။

''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊
 အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊
 ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။

သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။


သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး 
 ပြုံးချင်စရာကြီး /
 သဘောကျချင်စရာကြီး / 
အားနာချင်စရာကြီး / 
အူယားချင်စရာကြီး ။

နောက်တော့
မဲ့ချင်စရာကြီး 
 လေးစားချင်စရာကြီး 
ငိုချင်စရာကြီး 
 ကြည်ညိုချင်စရာကြီး /
ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ 
ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊
 သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ 
ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် 
 ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ 
( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။
 ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။

ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။

မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..................။

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ

တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်

သတိတရား နဲ့ ပြည့်စုံကြကုန် ။



ဟိန်း (17.7.2012)

သွေးမအေးကြနဲ့ 

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သည့်အကြောင်းအရာများ


From : ဦးသိန်းဇံ

၁။ မြန်မာသီပေါဘုရင်မင်းမြတ်ကို အင်္ဂလိပ်များဖမ်းသည့်အခါ ကုလားအမတ်ကရှေ့ဆုံးမှပါဝင်သည်။ သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် အင်္ဂလိပ်တို့က ရန်ကုန်တွင် ရောဘဇာဈေးကို ဖွင့်ခွင့်ပြုခဲ့သည်။ ယင်းနောက်မှ သိမ်ကြီးဈေးဖြစ်လာသည်။

၂။ တာမွေဗလီကို အပေါ်မှခေါင်မိုးကိုမျိုမိုးထားပြီး အတွင်းတွင် ကြီးကြီးကျယ်ကျယ်ပြင်ဆင်နေသည်။ ခေါင်မိုး ကိုဖွင့်လိုက်သည်နှင့်မဟာဗလီဖြစ်သွားမည်။ ရန်ကုန်တိုင်း ဒလမြို့တွင် ဗလီ(၃)လုံးဆောက်နေသည်။ စစ်ဌာနချုပ်(၃)ခုတည်ဆောက်အောင်မြင်တော့မည်ဟု ကုလားများကြိမ်းဝါးနေကြသည်။

၃။ ပုဇွန်တောင်စာတိုက်ဗလီကို အပြင်ကစုတ်ပြတ်နေအောင်လုပ်ပြထားသည်။ အတွင်းတွင်အပ်ကျလျှင်ပင် ပြန်ကောက်ယူလို့တောင်ရသည်။ အစိုးရငတုံးများကို ကစားနေသည်။ ပြီးလျှင် မဟာဗလီဖြစ်လာလိမ့်မည်။

၎။ ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီကုလားများကို တရားမရှိသောနေရာတွင် ငါတို့မနေ။ ရန်ကုန်မြို့ ကြီးသို့ ငါတို့လူမျိုးအားလုံးရောက်ရမည် ဟုကြွေးကြော်လျက်၊ ငွေမရှိသူများကို ဗလီမှငွေထုတ်ပေးကာ ရန်ကုန်မြို့သို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့်ခေါ်ယူလျှက်ရှိသည်။ သွားလာရေးကို အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မောင်တော)(ဒီနေရာမှ တစ်ခုပြောစရာက သူ့မိဘကုလားလူမျိုးတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ပြားတောင်မရှိဘူး။ မိဘတောင်နိုင်ငံသားမဟုတ်တာကို သားက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….ကုလားကို တိုင်းရင်းသားမဟုတ်ဘဲ လွှတ်တော်ဝင်ခွင့်ပေးထားသေးတယ်)က စီစဉ်ပေးလျှက်ရှိသည်။ ရန်ကုန်လေဆိပ်တွင် ကုလားများအ၀င်မစဲပါ။ (ရောဂါလက္ခဏာတစ်ခုခုဖြစ်နေတဲ့ပုံစံမျိုးတွေ၊ နည်းပရိယာယ်တွေသုံးပြီး…သွားနေကြပါတယ်)

၅။ ဗလီရှေ့တွင်းဈေးရောင်းခြင်း၊ ငှားရမ်းခြင်းကို မူဆလင်များကိုသာဝင်ခွင့်ပြုသည်။ မြန်မာငှားရမ်းလုပ်ကိုင်ခွင့်လုံးဝမရကြ။ ယခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီး နှစ်(၂၆၀၀)ပြည့်ပွဲတော်မှစ၍ ကြက်၊ ဘဲ၊ ဆိတ်စသည်တို့ကို လည်လှီးလျှက် ဘုရားဈေးပွဲတော်ကိုတက်လာကြလေပြီ။ မော်လ၀ီများ၏ မဟာစီမံကိန်းအရ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ မြန်မာများကြည့်ကြပါ။ မြင်ကြပါ။

၆။ သာကေတဈေးကွေ့အောက် ဗလီ(၁)လုံးကို အကြီးအကျယ်ဆောက်လုပ်နေသည်။ တာလီဘန်သင်တန်းများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ မြန်မာအစိုးရက သဘောတူသည်ဖြစ်စေ-မတူသည်ဖြစ်စေ အာရဗီကျောင်းများကို တက္ကသိုလ်အဆင့်အထိ မှိုလိုပေါက်အောင်ဖွင့်နေကြသည်။ စာသင်ဖို့မဟုတ်။ စစ်သင်တန်း၊ အကြမ်းဖက်သင်တန်းများကိုသာ သင်ကြားနေခြင်းဖြစ်သည်။ မည်သူမှစိစစ်မှုမရှိကြချေ။ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁)ခုကို (၁၀)သိန်းကျပ်ဖြင့် အလွယ်တကူရနိုင်သဖြင့် ကုလားနိုင်ငံသားကဒ်သိန်းပေါင်းများစွာ ထွက်ပေါ်လာနေပြီ။ တိုင်းပြည်အတွက် ရင်နာစရာကောင်းလေစွ။

၇။ အခုတလော ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဘင်္ဂါလီမအများအပြား မီးဖွားလာကြသည်။ လူမျိုးဘာသာကိုမေးလျှင် ရခိုင်လူမျိုး၊ မူဆလင်ဘာသာဟုပြောရန် ဗလီကသင်ထားသည်။ (ရခိုင်လူမျိုးစစ်စစ်တွေဟာ ရှေးခေတ်အဆက်ဆက်ကတည်းကပင်….ဗုဒ္ဓဘာသာဝင်စင်စစ်များဖြစ်သည်။ မည်သူမျှ မူဆလင်ဘာသာဝင်မရှိပါ။) နောင်အခါ ရွှေမြန်မာတာလီဘန်ဟု ခေါ်ခိုင်းလာပါလိမ့်ဦးမည်။

၈။ ဒီမိုကရေစီနိုင်ငံတော်တွင် နိုင်ငံ၏စီးပွားရေးကို နိုင်ငံသားများက ပိုင်ဆိုင်ကြသည်။ မိမိနိုင်ငံသားတို့သာ အုပ်စိုးခွင့်ရကြသည်။ မြန်မာနိုင်ငံတွင်မူ ဤသို့မဟုတ်ပါ။ လူက ဒီမိုကရေစီဆိုသည်။ စီးပွားရေးက ကုလားနှင့် တရုတ်လက်ထဲတွင်သာရှိသည်။ စစ်အစိုးရလက်ထက်ကပင် လုပ်လာသည့်ကွင်းဆက်များ၊ သံယောဇဉ်များမှာ ယင်းအတိုင်းဆက်သွားနေကြသည်။ ယင်းအတိုင်းပင် အကျိုးခံစားနေကြဆဲဖြစ်သည်ကိုတွေ့ရသည်။ လက်တို့ပြီးပေးသည့် ပေါ်လစီ၊ ဒေါ်လာပေါ်လစီ၊ ဆက်ကြေးပေါ်လစီများ ယခုအချိန်ထိဖြစ်နေသေးသည်။

၉။ မြန်မာမများ ခေါင်းမြီးခြုံချင်လျှင် ဒံပေါက်ကိုကြိုက်သလောက်စားကြပါ (ပြင်သစ်နိုင်ငံတွင် အစိုးရကမည်သည့်အမျိုးသမီးမှ ခေါင်းမြီးခြုံ ပြီးသွားလာခွင့်မပြုပါ။ သွားလျှင်ဖမ်းဆီးအရေးယူသည်။) ကြက်လျှာစွန်း၊ နီလာ၊ ကောင်းကြိုက်၊ ကေအက်စ်အက်စ်နတ်သုဒ္ဓါ၊ ရွှေညောင်ပင်၊ ယုဇန၊ စားနေကျ၊ မင်္ဂလာ၊ စေတနာ၊ မလေးရှားစသည်စသည့်ရှိပါသည်။ ဇိမ်ကျကျစားကြပါ။ ရွှေတိဂုံစေတီကိုတက်လာပြီ။ ပုဂံမှာကုလား ဟိုတယ်ဆောက်နေပြီ။ နောင် နှစ်(၁၀)မကြာတော့ပါ။ စေတီပုထိုး၊ ကျောင်းကန်ဇရပ်များကို ဘူဒိုဇာဖြင့် တူးယူဖယ်ရှားလာကြတော့မည့်…အခြေအနေတွင်ရှိနေပါသည်။
ကိုယ်အမျိုး၊ ဘာသာ၊ သာသနာကိုချစ်ကြပါ။ အားလုံး ကုလားလက်အောက်ကိုမရောက်အောင် ယခုအချိန်မှစ၍ ပိုမိုကြိုးစားဖို့လိုအပ်နေပါပြီ။

Myanmar Express

မဖြစ်နိုင်ပါဘူးလို့ တော့ ဖင်ပိတ်မငြင်းနဲ့ ၊ အခု မြန်မာတွေ ကျွန်သွားခံနေတဲ့ မလေးရှားဟာ အရင်ကBuddha ဘာသာနိုင်ငံစစ်စစ်ဆိုတာ သမိုင်းကို နဲနဲပါးပါး တီးမိခေါက်မိတဲ့ ထမင်းစားတဲ့ လူတိုင်းသိတယ်။  ဒါမျိုးဆို ၀ရမ်းပြေး မီဒီယာနဲ့ ဘလော့တွေက ဘယ်တော့မှ မဖော်ပြပါဘူး။ ကုလားမယားနောက်လိုက်တွေလေ...အဟတ်...။

Saturday, July 7, 2012

သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း (သို့) ကံ့ကော်ဝမ်းနည်းမှတ်တမ်း



သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း
(သို့)
ကံ့ကော်ဝမ်းနည်းမှတ်တမ်း
စံညိမ်းဦး


( ၁ )

မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့
သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။

( ၂ )

တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ
ငါတူးကြည့်တယ်
တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။

( ၃ )

တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘ၀တွေ အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။

အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့်ဈာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံ တဲ့
. . . . . . . . . . . . . .တဲ့
. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ
၇ ဇူလိုင်အရေးတော်ပုံဟာ
အထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ
မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။

( ၄ )
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ

ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။

အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘ၀ဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။
အမျှဝေရမယ်။

( ၅ )

၇ - ၇ - ၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။

အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. . ကံ့ကော်။

ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။

အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။

( ၆ )

ဇူလိုင် ၇ ရက် × × ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း × × ထာဝစဉ်နီ . . .
ငါတို့ဆိုတယ်။

၁ “မျက်စိမ်းသွေးပေ
ကံ့ကော်ကြွေသည်
ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်။

၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွတကား” တဲ့
ငါတို့ဆိုတယ်။

၃ “ပင်ပျိုဆက်လက်
အညွှန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်။
ငါတို့ဆိုခဲ့ပါတယ်။

( ၇ )


အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်သူတို့
ယဇ်ပလ္လင်ထက်
သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .
ဟုတ်ကဲ့ . . .
၁။ “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။ “ စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
( ဘယ်သမိုင်း ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ ( ငါတို့ )
ရင်နဲ့လက်ဖျံမှာကပ်လို့။

သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား . . .
ဒေါင်းအသံ ဒေါင်းမာန်နဲ့
ဒေါင်းတမန်တို့ အိုးဝေတေးကိုသီလို့။

သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဆိုတာ
အမှန်တရားဘက် ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ အဆန်ကိုပျံနေမယ့် သစ္စာဌက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ် . . . . ။

စံ ညိ မ်း ဦး
  • အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
  • ၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ

  • ( ဗကသ ) နှင့်အတူ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ အာဏာရှင် ကိုလှရွှေမှသည် ဟယ်ရီတန်၊ ကိုသက်၊ ကိုဗဆွေလေး၊ ဆလိုင်းတင်မောင်ဦးတို့အလယ်

  • ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား ယခုကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။
စံညိမ်းဦး