Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, February 8, 2012

ဒုတိယ....ဖခင်

(၁၉၁၅ ခုနှစ် - ဖေဖော်ဝါရီ ၁၃ ရက်)

ငါဒို့ အားလုံးရဲ့ ပျော်ရွှင်မှုနဲ့

ငါဒို့ အားလုံးရဲ့ လွတ်လပ်မှု

ငါတို့ အားလုံးရဲ့ အပြုံးမျက်နှာတွေ ဖန်တီးပေးဖို့

ကြယ်ပွင့် တစ်ပွင့် ဖြစ်ပေါ်လာခဲ့တယ်………

ကြယ်တစ်ပွင့် ရဲ့ သွေး

ကြယ်တစ်ပွင့် ရဲ့ ချွေး

ကြယ်တစ်ပွင့် ရဲ့ အင်အားတွေနဲ့

ပြောပြလို့မကုန်နိုင်တဲ့ ကြိုးစားမှုတွေ………

ငါဒို့ရဲ့ နိုင်ငံကို အလင်းရောင်တွေနဲ့ တောက်ပ

ကြည်နူးမှုတွေနဲ့ ပြည့်ဝဖို့

ကြယ်တစ်ပွင့်ထက်ပိုလွန်းတဲ့ထွန်းလင်းမှုတွေ

ကိုယ်တိုင် ကိုယ်ပိုင် အရောင်ပျောက်စေတဲ့အထိ……….



(၁၉၄၈ ခုနှစ် - ဇန်န၀ါရီ ၄ ရက်)

ငါဒို့ မြန်မာနိုင်ငံသား အားလုံးလိုလားတောင်းတ

မြန်မာပြည်သူ ပြည်သားတိုင်း မရရှိလိုက်မှာ ကြောင့်ကြနေတဲ့

ငါဒို့အားလုံးရဲ့ “လွတ်လပ်ရေး “

ကြယ်တစ်ပွင့် ရဲ့ ကြိုးစားမှု

ကြယ်တစ်ပွင့် ရဲ့ နိုးကြားမှု

ကြယ်တစ်ပွင့် ရဲ့ သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့

ငါဒို့အားလုံးအတွက် “လွတ်လပ်ရေး “……..

ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝ

ကြယ်တစ်ပွင့် ကို အစဉ်ဦးချ

ဒို့နိုင်ငံသားတွေ ရင်ကော့ခေါင်းမော့နေနိုင်ပြီပေါ့……..



(၁၉၄၇ ခုနှစ် - ဇူလိုင်လ ၁၉ ရက်)

လောကကြီးတစ်ခုလုံး မဲမှောင်သွား

ငါဒို့ရဲ့ အနာဂတ်တွေလည်းေ၀၀ါး

ငါ့နားထဲကြားနေတာတွေပဲ မှားနေတာလားပေါ့

ငါဒို့အားလုံးအတွက် လင်းလက်ပေးခဲ့တဲ့ ကြယ်တစ်ပွင့်

ငါဒို့ ရဲ့ လမ်းပျောက်မှုကို လမ်းပြပေးခဲ့တဲ့ ကြယ်တစ်ပွင့်

ငါဒို့အားလုံးအတွက် အတွေးသစ်တွေကိုရဖို့

ကြယ်တစ်ပွင့် ရဲ့ သွေးအစစ်တွေနဲ့ ရင်းနှီးခဲ့ရပြီ

ငါဒို့ရဲ့ ကြယ်တစ်ပွင့် မြေခကြွေကျခဲ့ပြီပေါ့………..

ကြယ်တစ်ပွင့် ကြွေခဲ့ရပေမယ့်…………

သူထွန်းတောက်ပေးခဲ့တဲ့ အလင်းရောင်နဲ့

ငါဒို့

နိုင်ငံကြီး ထွန်းလင်းနေဆဲပါ

ကြယ်တစ်ပွင့်ရဲ့ သွေးနဲ့ ရင်းခဲ့တဲ့

ငါဒို့တွေရဲ့ လွတ်လပ်ရေးအတွက်

အစဉ်အမြဲ လေးစားနေလျက်ပါ

အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ကြယ်တစ်ပွင့်

(သို့မဟုတ်)

အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ဒုတိယဖခင်

(သို့မဟုတ်)

အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း

အမြဲတမ်း သတိရမပေးနိုင်ရင်တောင်

ဖေဖော်ဝါရီ ၁၃ ကိုတော့ မမေ့သင့်ဘူးထင်ပါတယ်………..

No comments:

Post a Comment