Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, July 18, 2012

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ ရှိခဲ့ရင်

ဂါမဏိ
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီးသဘောထားတွေကို အခုလို တွေ့မိပါ တယ်။
၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ရပ်တည်ချက်ကိုသိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံအခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီအုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိကအတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့် ကျင်ရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေ ဟာ ဟုမ်းရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန် တို့သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်နိုင်ငံလွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းက "အင်္ဂလန်သွားဒယ်လီကိတ် ဘွဲ့" မဟာကဗျာလေးချိုးကြီးရေးပြီး ထောက်ခံဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသား ရေးသင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည်အုပ်ချုပ်ရေး တဆင့်တိုးရေးအတွက် အရေးဆိုနေချိန်မှာ အင်္ဂလိပ်အလိုတော်ရိ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက်စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ က ရက်ဒေါက် တိုက်ရိုက်အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ်ဝန်ကြီးချုပ်ဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရဆီကို ကြေးနန်းထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်ဝိုင်အမ်ဘီအေတွေရဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေးလှုပ်ရှားမှု သို့မဟုတ် ဝံသာနုလှုပ်ရှားမှုကို အဆင့်မြှင့်လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆိုတိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အစိုးရအရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမားရခဲ့ပါတယ်။ ဒါကို သခင်ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုးမြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက်မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ခေါင်းဆောင်တဲ့အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက်ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင်ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီ ကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေရေးပြီး ၂၁ ဦးအဖွဲ့ ကိုတိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသ နာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထားအဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါ တယ်။

မြန်မာဝံသာနုအကြောင်းဘွဲ့ လေးချိုးစာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက်ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ်လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကိုပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာမေးချင်လှ၊ ကြောက်သွေးဖိုကာတုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီအစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေးသမားတွေ ကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန်ရှုတ်ချတိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲအမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနုဂျီစီဘီအေ တွေဟာ (မတရားသင်းကြေညာခံရတဲ့ ဦးစိုးသိန်းဂျီစီဘီအေ အနည်းစုလေးကလွဲရင်) နှာစေးနေကြတဲ့အချိန်မှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမားအရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ်ဆိုသူတွေ နှာစေးကြတာကိုမြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လိုလေးချိုးတွေစပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်းပါတီတွက် မဲဆွယ်စည်းရုံးဟောပြောပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ်ကိုလိုနီသမားတွေဟာ နိုင်ငံရေးပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ် မထားတော့ အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်းဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက်ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သွားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကလည်း အခြေခံဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေးမယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့် သုံးခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစားလူမိုက်တွေက (အခု ခေတ်စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီး အကျယ်လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်းတွေ့ရသလို ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ဆရာကြီး သ ခင်ကိုယ်တော်မှိုင်းပတ်သက်ခဲ့တာကိုလည်း လူထုဒေါ်အမာရဲ့မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေတပ်တွေ မော်လမြိုင်သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင်မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက်ရောက်သွားပြီး ဂျပန်စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံးခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်ကလူတွေလိုပဲ မဲဆောက်လာ တွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ပါဝင်တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် တွေနဲ့ ဂျပန်ဒိုနာစစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ်အစိုးရဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်းမကျေမလည်ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ်အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကိုသင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ်ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာဖော်ပြမထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ (ဗမာပြည်ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာသေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီးဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ 

ဗိုလ်ချုပ်အောင်ဆန်း 

( ဟိန်း)

ခဏခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး ။

ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊

ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။

''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊
 အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊
 ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။

သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။


သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး 
 ပြုံးချင်စရာကြီး /
 သဘောကျချင်စရာကြီး / 
အားနာချင်စရာကြီး / 
အူယားချင်စရာကြီး ။

နောက်တော့
မဲ့ချင်စရာကြီး 
 လေးစားချင်စရာကြီး 
ငိုချင်စရာကြီး 
 ကြည်ညိုချင်စရာကြီး /
ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ 
ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊
 သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ 
ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် 
 ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ 
( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။
 ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။

ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။

မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..................။

အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ

တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်

သတိတရား နဲ့ ပြည့်စုံကြကုန် ။



ဟိန်း (17.7.2012)

သွေးမအေးကြနဲ့ 

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သည့်အကြောင်းအရာများ


From : ဦးသိန်းဇံ

၁။ မြန်မာသီပေါဘုရင်မင်းမြတ်ကို အင်္ဂလိပ်များဖမ်းသည့်အခါ ကုလားအမတ်ကရှေ့ဆုံးမှပါဝင်သည်။ သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် အင်္ဂလိပ်တို့က ရန်ကုန်တွင် ရောဘဇာဈေးကို ဖွင့်ခွင့်ပြုခဲ့သည်။ ယင်းနောက်မှ သိမ်ကြီးဈေးဖြစ်လာသည်။

၂။ တာမွေဗလီကို အပေါ်မှခေါင်မိုးကိုမျိုမိုးထားပြီး အတွင်းတွင် ကြီးကြီးကျယ်ကျယ်ပြင်ဆင်နေသည်။ ခေါင်မိုး ကိုဖွင့်လိုက်သည်နှင့်မဟာဗလီဖြစ်သွားမည်။ ရန်ကုန်တိုင်း ဒလမြို့တွင် ဗလီ(၃)လုံးဆောက်နေသည်။ စစ်ဌာနချုပ်(၃)ခုတည်ဆောက်အောင်မြင်တော့မည်ဟု ကုလားများကြိမ်းဝါးနေကြသည်။

၃။ ပုဇွန်တောင်စာတိုက်ဗလီကို အပြင်ကစုတ်ပြတ်နေအောင်လုပ်ပြထားသည်။ အတွင်းတွင်အပ်ကျလျှင်ပင် ပြန်ကောက်ယူလို့တောင်ရသည်။ အစိုးရငတုံးများကို ကစားနေသည်။ ပြီးလျှင် မဟာဗလီဖြစ်လာလိမ့်မည်။

၎။ ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီကုလားများကို တရားမရှိသောနေရာတွင် ငါတို့မနေ။ ရန်ကုန်မြို့ ကြီးသို့ ငါတို့လူမျိုးအားလုံးရောက်ရမည် ဟုကြွေးကြော်လျက်၊ ငွေမရှိသူများကို ဗလီမှငွေထုတ်ပေးကာ ရန်ကုန်မြို့သို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့်ခေါ်ယူလျှက်ရှိသည်။ သွားလာရေးကို အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မောင်တော)(ဒီနေရာမှ တစ်ခုပြောစရာက သူ့မိဘကုလားလူမျိုးတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ပြားတောင်မရှိဘူး။ မိဘတောင်နိုင်ငံသားမဟုတ်တာကို သားက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….ကုလားကို တိုင်းရင်းသားမဟုတ်ဘဲ လွှတ်တော်ဝင်ခွင့်ပေးထားသေးတယ်)က စီစဉ်ပေးလျှက်ရှိသည်။ ရန်ကုန်လေဆိပ်တွင် ကုလားများအ၀င်မစဲပါ။ (ရောဂါလက္ခဏာတစ်ခုခုဖြစ်နေတဲ့ပုံစံမျိုးတွေ၊ နည်းပရိယာယ်တွေသုံးပြီး…သွားနေကြပါတယ်)

၅။ ဗလီရှေ့တွင်းဈေးရောင်းခြင်း၊ ငှားရမ်းခြင်းကို မူဆလင်များကိုသာဝင်ခွင့်ပြုသည်။ မြန်မာငှားရမ်းလုပ်ကိုင်ခွင့်လုံးဝမရကြ။ ယခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီး နှစ်(၂၆၀၀)ပြည့်ပွဲတော်မှစ၍ ကြက်၊ ဘဲ၊ ဆိတ်စသည်တို့ကို လည်လှီးလျှက် ဘုရားဈေးပွဲတော်ကိုတက်လာကြလေပြီ။ မော်လ၀ီများ၏ မဟာစီမံကိန်းအရ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ မြန်မာများကြည့်ကြပါ။ မြင်ကြပါ။

၆။ သာကေတဈေးကွေ့အောက် ဗလီ(၁)လုံးကို အကြီးအကျယ်ဆောက်လုပ်နေသည်။ တာလီဘန်သင်တန်းများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ မြန်မာအစိုးရက သဘောတူသည်ဖြစ်စေ-မတူသည်ဖြစ်စေ အာရဗီကျောင်းများကို တက္ကသိုလ်အဆင့်အထိ မှိုလိုပေါက်အောင်ဖွင့်နေကြသည်။ စာသင်ဖို့မဟုတ်။ စစ်သင်တန်း၊ အကြမ်းဖက်သင်တန်းများကိုသာ သင်ကြားနေခြင်းဖြစ်သည်။ မည်သူမှစိစစ်မှုမရှိကြချေ။ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁)ခုကို (၁၀)သိန်းကျပ်ဖြင့် အလွယ်တကူရနိုင်သဖြင့် ကုလားနိုင်ငံသားကဒ်သိန်းပေါင်းများစွာ ထွက်ပေါ်လာနေပြီ။ တိုင်းပြည်အတွက် ရင်နာစရာကောင်းလေစွ။

၇။ အခုတလော ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဘင်္ဂါလီမအများအပြား မီးဖွားလာကြသည်။ လူမျိုးဘာသာကိုမေးလျှင် ရခိုင်လူမျိုး၊ မူဆလင်ဘာသာဟုပြောရန် ဗလီကသင်ထားသည်။ (ရခိုင်လူမျိုးစစ်စစ်တွေဟာ ရှေးခေတ်အဆက်ဆက်ကတည်းကပင်….ဗုဒ္ဓဘာသာဝင်စင်စစ်များဖြစ်သည်။ မည်သူမျှ မူဆလင်ဘာသာဝင်မရှိပါ။) နောင်အခါ ရွှေမြန်မာတာလီဘန်ဟု ခေါ်ခိုင်းလာပါလိမ့်ဦးမည်။

၈။ ဒီမိုကရေစီနိုင်ငံတော်တွင် နိုင်ငံ၏စီးပွားရေးကို နိုင်ငံသားများက ပိုင်ဆိုင်ကြသည်။ မိမိနိုင်ငံသားတို့သာ အုပ်စိုးခွင့်ရကြသည်။ မြန်မာနိုင်ငံတွင်မူ ဤသို့မဟုတ်ပါ။ လူက ဒီမိုကရေစီဆိုသည်။ စီးပွားရေးက ကုလားနှင့် တရုတ်လက်ထဲတွင်သာရှိသည်။ စစ်အစိုးရလက်ထက်ကပင် လုပ်လာသည့်ကွင်းဆက်များ၊ သံယောဇဉ်များမှာ ယင်းအတိုင်းဆက်သွားနေကြသည်။ ယင်းအတိုင်းပင် အကျိုးခံစားနေကြဆဲဖြစ်သည်ကိုတွေ့ရသည်။ လက်တို့ပြီးပေးသည့် ပေါ်လစီ၊ ဒေါ်လာပေါ်လစီ၊ ဆက်ကြေးပေါ်လစီများ ယခုအချိန်ထိဖြစ်နေသေးသည်။

၉။ မြန်မာမများ ခေါင်းမြီးခြုံချင်လျှင် ဒံပေါက်ကိုကြိုက်သလောက်စားကြပါ (ပြင်သစ်နိုင်ငံတွင် အစိုးရကမည်သည့်အမျိုးသမီးမှ ခေါင်းမြီးခြုံ ပြီးသွားလာခွင့်မပြုပါ။ သွားလျှင်ဖမ်းဆီးအရေးယူသည်။) ကြက်လျှာစွန်း၊ နီလာ၊ ကောင်းကြိုက်၊ ကေအက်စ်အက်စ်နတ်သုဒ္ဓါ၊ ရွှေညောင်ပင်၊ ယုဇန၊ စားနေကျ၊ မင်္ဂလာ၊ စေတနာ၊ မလေးရှားစသည်စသည့်ရှိပါသည်။ ဇိမ်ကျကျစားကြပါ။ ရွှေတိဂုံစေတီကိုတက်လာပြီ။ ပုဂံမှာကုလား ဟိုတယ်ဆောက်နေပြီ။ နောင် နှစ်(၁၀)မကြာတော့ပါ။ စေတီပုထိုး၊ ကျောင်းကန်ဇရပ်များကို ဘူဒိုဇာဖြင့် တူးယူဖယ်ရှားလာကြတော့မည့်…အခြေအနေတွင်ရှိနေပါသည်။
ကိုယ်အမျိုး၊ ဘာသာ၊ သာသနာကိုချစ်ကြပါ။ အားလုံး ကုလားလက်အောက်ကိုမရောက်အောင် ယခုအချိန်မှစ၍ ပိုမိုကြိုးစားဖို့လိုအပ်နေပါပြီ။

Myanmar Express

မဖြစ်နိုင်ပါဘူးလို့ တော့ ဖင်ပိတ်မငြင်းနဲ့ ၊ အခု မြန်မာတွေ ကျွန်သွားခံနေတဲ့ မလေးရှားဟာ အရင်ကBuddha ဘာသာနိုင်ငံစစ်စစ်ဆိုတာ သမိုင်းကို နဲနဲပါးပါး တီးမိခေါက်မိတဲ့ ထမင်းစားတဲ့ လူတိုင်းသိတယ်။  ဒါမျိုးဆို ၀ရမ်းပြေး မီဒီယာနဲ့ ဘလော့တွေက ဘယ်တော့မှ မဖော်ပြပါဘူး။ ကုလားမယားနောက်လိုက်တွေလေ...အဟတ်...။

Saturday, July 7, 2012

သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း (သို့) ကံ့ကော်ဝမ်းနည်းမှတ်တမ်း



သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း
(သို့)
ကံ့ကော်ဝမ်းနည်းမှတ်တမ်း
စံညိမ်းဦး


( ၁ )

မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့
သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။

( ၂ )

တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ
ငါတူးကြည့်တယ်
တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။

( ၃ )

တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘ၀တွေ အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။

အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့်ဈာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံ တဲ့
. . . . . . . . . . . . . .တဲ့
. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ
၇ ဇူလိုင်အရေးတော်ပုံဟာ
အထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ
မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။

( ၄ )
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ

ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။

အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘ၀ဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။
အမျှဝေရမယ်။

( ၅ )

၇ - ၇ - ၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။

အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. . ကံ့ကော်။

ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။

အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။

( ၆ )

ဇူလိုင် ၇ ရက် × × ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း × × ထာဝစဉ်နီ . . .
ငါတို့ဆိုတယ်။

၁ “မျက်စိမ်းသွေးပေ
ကံ့ကော်ကြွေသည်
ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်။

၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွတကား” တဲ့
ငါတို့ဆိုတယ်။

၃ “ပင်ပျိုဆက်လက်
အညွှန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်။
ငါတို့ဆိုခဲ့ပါတယ်။

( ၇ )


အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်သူတို့
ယဇ်ပလ္လင်ထက်
သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .
ဟုတ်ကဲ့ . . .
၁။ “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။ “ စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
( ဘယ်သမိုင်း ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ ( ငါတို့ )
ရင်နဲ့လက်ဖျံမှာကပ်လို့။

သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား . . .
ဒေါင်းအသံ ဒေါင်းမာန်နဲ့
ဒေါင်းတမန်တို့ အိုးဝေတေးကိုသီလို့။

သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဆိုတာ
အမှန်တရားဘက် ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ အဆန်ကိုပျံနေမယ့် သစ္စာဌက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ် . . . . ။

စံ ညိ မ်း ဦး
  • အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
  • ၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ

  • ( ဗကသ ) နှင့်အတူ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ အာဏာရှင် ကိုလှရွှေမှသည် ဟယ်ရီတန်၊ ကိုသက်၊ ကိုဗဆွေလေး၊ ဆလိုင်းတင်မောင်ဦးတို့အလယ်

  • ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား ယခုကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။
စံညိမ်းဦး

Thursday, June 21, 2012

ချစ်ခြင်းကိုမခွဲပါနဲ့(အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)


  ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက် အရည်အသွေးတစ်ခုကတော့ " ကုန်းမတိုက်ခြင်း၊ သို့မဟုတ် အချစ်ခွဲစကား မပြာဆိုခြင်း " ဆိုတဲ့ အရည်အသွေးပါပဲ။
          ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ " ကုန်းစကား " ဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူအချင်းချင်း အချစ်ပျက်၊ အခင်ပျက်၊ အမြတ်နိုးပျက်အောင် မလိုတမာ ကြားဝင်ပြီး အပိုရှာစကားဆင်တာကို ကုန်းတိုက်တယ်လို့ ခေါ်ပါတယ်။ (ကုန်းတိုက်စကား = ပိသုဏ၀ါစာ = ပိယ + သုည + ၀ါစာ = ချစ်ခြင်းကို + ခွဲသော + စကား။)
          တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေ ထသတ်အောင် လုပ်လိုက်မှ ကုန်းတိုက်တာမဟုတ်ပါဘူး။ ကုန်းတိုက်တဲ့ ကိစ္စမှာ ရန်ဖြစ်တာ၊ မဖြစ်တာ၊ ပြဿနာတက်တာ၊ မတက်တာဟာ အဓိကမဟုတ်ပါဘူး။ ရန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ ပြဿနာ တက်တက်၊ မတက်တက် တစ်ယောက်နဲ့ တစ်ယောက် မချစ်ခင်တော့ဘူး၊ မပေါင်းသင်းတော့ဘူးဆိုရင် အဲဒီလိုဖြစ်အောင် လုပ်တဲ့လူဟာ ကုန်းတိုက်တဲ့လူပါပဲ။
          ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောနဲ့ နှစ်ဖက်လုံးမှာ ပြေးလွှားလှုပ်ရှားပြီး သွေးခွဲစကားပြောဆိုမှ ကုန်းတိုက်တာ မဟုတ်ပါဘူး။ တစ်ဖက်ဖက်မှာ သွေးခွဲစကားပြောလို့ နှစ်ဖက်လုံး အဆက်အဆံ မရှိတော့ဘူးဆိုရင် ကုန်းတိုက်တာပါပဲ။ သူ့စေတနာကိုက နှစ်ဖက်အချစ်ပြယ်စေချင်တာကိုး။
          တချို့ မိဘတွေက ကိုယ့်သားသမီးတွေကို ကိုယ်သဘောမတူသူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ၊ လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့  ချစ်ခြင်းကို မရရတဲ့နည်းနဲ့ ခွဲကြပါတယ်။ တကယ့်ကို မသင့်တော်တဲ့သူ၊ တကယ့်ကို အကျိုးပျက်စီးစေမယ့်သူမို့ ချစ်ခြင်းကို ခွဲတာဆိုရင်တော့ " မကောင်းမြစ်တာ " ဆိုတဲ့ မိဘ၀တ္တရားအရ အပြစ်မရှိပေမယ့် ကိုယ့်ရဲ့  အတ္တ၊ မာနလွန်ကဲမှု၊ ဂုဏ်ရှိန်မောက်မာမှုနဲ့ ကိုယ့်ဘက်သူ့ဘက် ရန်ငြိုးဖွဲ့၊ ကလဲ့စားချေမှုတွေကြောင့် သားသမီးတွေရဲ့  ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့ မိဘတွေအနေနဲ့ ကုန်းတိုက်ခြင်းအမှုကို ကျူးလွန်ရာ ရောက်သွားပါပြီ။
          စကားတွေ၊ စာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက် သားသမီးတွေရဲ့  ဘ၀ ပျက်စီးသွားရပြီဆိုရင်တော့ အပါယ်ကျကြောင်း ၀စီဒုစရိုက်အကုသိုလ်အထုပ်ကြီးကို မိဘတွေ ရင်မှာ ပိုက်မိသွားပါပြီ။ " ကောင်းစေချင်လို့ပါ " လို့ စကားလှလှလေးတွေနဲ့ ကာကွယ်မနေပါနဲ့တော့၊ အပိုပါပဲ။
          ကိုယ်ကြည်ညိုတဲ့ ဘုန်းကြီးဆီကို တခြားလူ ၀င်ထွက်သွားလာနေတာ မကြိုက်တဲ့အတွက် ဘုန်းကြီးနဲ့ တခြားလူအကြား အထင်အမြင်လွဲမှားပြီး အဆက်အဆံပျက်သွားအောင် ပြောဆိုတာဟာလည်း ကုန်းတိုက်တာပါပဲ။
          ဘုန်းကြီးနဲ့ ဒကာကြား၊ ဒကာအချင်းချင်းကြား၊ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ချစ်ခြင်းခွဲတာမျိုး သာသနာကြည်ညိုသူတိုင်း လုံးဝ မပြုလုပ်သင့်ပါဘူး။ အပြင်လောကမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်နေကြပါစေ၊ သာသနာ့နယ်မြေရောက်ရင်၊ သာသနာ့အလုပ်လုပ်ရင်တော့ အဲဒီအခိုက်အတန့်မှာ မေတ္တာစိတ်မွေးပြီး ဆက်ဆံသင့်ပါတယ်။ ဒါမှလည်း ကုသိုလ်စိတ်ဖြစ်မှာပါ။
          သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ အပါယ်လေးပါး လားရောက်ရတဲ့အပြင် ဖြစ်လေရာဘ၀တိုင်းမှာ သူတစ်ပါးရဲ့  အကဲ့ရဲ့  ၊ အစွပ်စွဲ ခံရတတ်ပါတယ်။ သူများလုပ်သမျှ အပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက် သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။
          ကိုယ်ချစ်တဲ့သူတွေနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက် ချစ်သူကွဲဆင်းရဲ (ပိယေဟိ ၀ိပ္ပယောဂဒုက္ခ) ကို အမြဲခံစားရတတ်ပါတယ်။ လူဆင်းရဲပဲဖြစ်ဖြစ်၊ လူချမ်းသာပဲဖြစ်ဖြစ် ၊ ဖြစ်လေရာဘ၀မှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့ မရှိဘဲ အမြဲ စိတ်ဆင်းရဲနေရတတ်ပါတယ်။ ကိုယ်ဘယ်လောက် ကောင်းကောင်း၊ လူတိုင်းက ကိုယ့်ကို အလကားနေရင်း မုန်းတီးနေတတ်ပါတယ်။
          မြတ်စွာဘုရား လက်ထက်တုန်းက အရှင်ဓာနလို့ ခေါ်တဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သူရဟန်းပြုတဲ့နေ့ကစပြီး သူ့နောက်ပါးမှာ အမျိုးသမီးတစ်ယောက် ထက်ကြပ်မကွာ လိုက်ပါနေခဲ့ပါတယ်။ သွားလည်း သူ့အပါးက၊ ရပ်လည်း သူ့အပါးက၊ ထိုင်လည်း သူ့အပါးက၊ လျောင်းလည်း (အိပ်လည်း) သူ့အပါးက၊ အဲဒီအမျိုးသမီးဟာ သူ့အပါးက တစ်ဖ၀ါးမကွာ ၊ သူနဲ့ တပူးတွဲတွဲ အမြဲရှိနေခဲ့ပါတယ်။
          ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင် အရှင်ဓာန မြို့ ထဲရွာထဲ ဆွမ်းခံကြွရင်တောင် နောက်ပါးက အရိပ်ပမာ လိုက်ပါလာတဲ့အထိပါပဲ။ ဆွမ်းလောင်းတဲ့ အမျိုးသမီးတွေက " ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ ဒါက အရှင်ဘုရားအမျိုးသမီးအတွက် တစ်ဇွန်း " လို့ ပြက်ရယ်ပြောင်လှောင်ပြီး ဆွမ်းနှစ်ဇွန်း  နှစ်ဇွန်း လောင်းလေ့ရှိပါတယ်။
          မြို့ ထဲရွာထဲသွားရင် မြို့ သူရွာသားတွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရသလို ကိုယ့်ကျောင်းမှာ နေရင်လည်း ရဟန်းငယ်၊ ကိုယ်ရင်တွေရဲ့  ပြက်ရယ်ပြောင်လှောင်ခံရပါတယ်။  ရဟန်းငယ်တွေ၊ ကိုရင်တွေက အရှင်ဓာနကို ၀န်းရံပြီး " အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား (အရှင်ဓာန-မိန်းမကြူး၊ မိန်းမကြူး- အရှင်ဓာန) " လို့ အမြဲစကြနောက်ကြပါတယ်။
          " အရှင်ဓာနဟာ မိန်းမကြူးတဲ့သူကြီးပါလား " ဆိုတဲ့ နောက်ပြောင်စကားကို အစွဲပြုလို့ အရှင်ဓာနဆိုတဲ့ မူရင်းနာမည်ပျောက်ပြီး အားလုံးက အရှင်ကုဏ္ဍဓာန လို့ ခေါ်ဝေါ် ကြပါတော့တယ်။ (ကုဏ္ဍောဓာနော=မိန်းမကြူးတဲ့ အရှင်ဓာန)
          အရှင်ကုဏ္ဍဓာနရဲ့  နောက်တော်ပါးက တစ်ဖ၀ါးမကွာ လိုက်ပါနေတဲ့ အဲဒီအမျိုးသမီးဟာ တကယ်တော့ လူသားစစ်စစ် တကယ့်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမှုအကုသိုလ်ကံ တစ်ခုကြောင့် အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ၀ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိုးသမီးအရုပ်ဖြစ်လို့ အမျိုးသမီးဝဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပေါ့။
          သူ့အပါးမှာ အမြဲရှိနေတဲ့ အဲဒီအမျိုးသမီး ၀ဋ်ကြွေးရုပ်ကို အရှင်ကုဏ္ဍဓာနက လုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီးတစ်ယောက်အနေနဲ့ မြင်တွေ့ကြရတာပါ။ တကယ့်အမျိုးသမီး အစစ်လို့ပဲ ထင်ပြီး စကြ၊ နောက်ကြ၊ ပြောင်လှောင်ကြတာမို့ အရှင်ကုဏ္ဍဓာနမှာ မြို့ ထဲရွာထဲသွားရင်လည်း စိတ်ဆင်းရဲရ၊ ကျောင်းထဲကန်ထဲမှာ နေလည်း စိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရရှာပါတယ်။
          တစ်ဖက်သား အထင်အမြင်လွဲမှားစရာ အဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့  အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ဘ၀ရောက်အောင် တွန်းပို့လိုက်တဲ့ သူ့ရဲ့  အတိတ်ကံကတော့ သူတစ်ပါးရဲ့  ချစ်ခြင်းကို ခွဲခဲ့တဲ့ အကုသိုလ်ကံပါပဲ။
          ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အရှင်ကုဏ္ဍဓာနလောင်းလျာဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းတော် နှစ်ပါး ရှိပါတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊ တရားအားထုတ်တော့လည်း အတူတူ၊ တစ်ပါးနဲ့တစ်ပါး၊ သိပ်ချစ်ခင်ရင်းနှီးကြပါတယ်။ " တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ " ရယ်လို့ ထင်ရှားကျေ ရယ်လို့ ထင်ရှားကျော်ကြားလောက်အောင် သိပ်ချစ်ကြပါတယ်။
          တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက် ကဿပမြတ်စွာဘုရားရှင်ရှိရာအရပ်ကို နှစ်ပါးအတူ သွားကြပါတယ်။ အရှင်ကုဏ္ဍဓာနလောင်းလျာ ဘုမ္မဇိုဝ်းနတ်လည်း သူတို့နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။
          " ဒီ ကိုယ်တော်နှစ်ပါး တစ်ပါးနဲ့ တစ်ပါး သိပ်ချစ်ကြတယ်၊ သူတို့ ရဲ့  ချစ်ခြင်းမေတ္တာက သိပ်ခိုင်မြဲတယ်၊ တကယ်လို့များ တစ်စုံတစ်ယောက်က သူတို့ ရဲ့  ချစ်ခြင်းမေတ္တာကို ခွဲခဲ့ရင် ကွဲသွားကြလေမလား၊ ဘယ်သူ သွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား၊ သူတို့ နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာ ဘယ်လောက်ထိအောင် ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ "
          လို့တွေးပြီး ဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင် လုပ်လို့ရမယ့် အခြေအနေ၊ အခွင့်အလမ်းကို ချောင်းမြောင်းရှာကြံပြီး ရဟန်းတော်နှစ်ပါးရဲ့  မနီးမဝေးကနေ လိုက်ပါလာခဲ့ပါတယ်။
          ရေမိုးအဆင်ပြေတဲ့ နေရာတစ်နေရာ (စမ်းချောင်းလေးတစ်ခုအနား) အရောက်မှာတော့ ရဟန်းတော်တစ်ပါးက တခြားရဟန်းတော်တစ်ပါးရဲ့ လက်ထဲမှာ သပိတ်၊ သင်္ကန်းအပ်နှံထားပြီး ကိုယ်လက်သုတ်သင်မှု၊ အညစ်အကြေးစွန့်မှု ပြုလုပ်ပါတယ်။
          ကိစ္စပြီးလို့ လက်ခြေတွေ ဆေးကြောသန့်စင်ပြီး ချုံဖုတ်တစ်ခုရဲ့ အနီးကနေ ထွက်လာတဲ့ အခါမှာတော့ ရဟန်းတော်ရဲ့ နောက်နားမှာ အမျိုးသမီးတစ်ယောက် ကပ်ပါလာပါတယ်။ ချစ်ခြင်းကိုခွဲဖို့ အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်က အမျိုးသမီးအသွင် ဖန်ဆင်းပြီး ရဟန်းတော်ရဲ့  နောက်နားကနေ ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါလာတာပါ။
          အမျိုးသမီးက ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေကို ခါခါပြီး ပြင်ဆင်ထုံးဖွဲ့လို့၊ တွန့်ကြေနေတဲ့ ထဘီကို ရမ်းရမ်းပြီး ပြင်ဝတ်လို့၊ ရမ္မခိုးမွှန်ပြုံးရွှင်နေတဲ့ မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကို ပွတ်သပ်ချလို့၊ အို … တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီး ထလာတဲ့ ပုံစံမျိုးနဲ့ပါပဲ။
          ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖော်ရဟန်းတော်က ကာယကံရှင် ရဟန်းတော်ကို အကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလို မိုက်ရိုင်းယုတ်မာတဲ့သူနဲ့ ငါဘယ်တော့မှ မပတ်သက်တော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ ကာယကံရှင် ရဟန်းတော်က ဘယ်လိုပဲ ရှင်းပြ၊ ရှင်းပြ လုံးဝ မယုံကြည်တော့ပါဘူး။
          " ရော … မင်းရဲ့  သပိတ်နဲ့ သင်္ကန်း၊ မင်းလို ယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်း ဘယ်တော့မှ အတူမသွားဘူး၊ နောက်ကိုလည်း ငါနဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့ " လို့ မိတ်ဖြတ်စကားပြောပြီး တခြားတစ်လမ်းကနေ ခွဲထွက်ကြွသွားပါတယ်။
          ဥပုသ်သိမ်ရောက်လို့ ဥပုသ်ပြုချိန်မှာလည်း ရဟန်းယုတ်နဲ့ အတူတူ ဥပုတ်မပြုနိုင်ပါဘူးလို့ ငြင်းခံနေတဲ့အတွက် ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ၀င်ရှင်းပြတော့မှ ဥပုသ်ပြုကြပါတော့တယ်။
          ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကို သိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးက အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။ အရင်လို နေရာ တစ်နေရာတည်းမှာလည်း အတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါး မမြင်တွေ့အောင် ရှောင်နေကြ ပါတယ်။ တစ်ပါးနဲ့ တစ်ပါးသူစိမ်း(တစိမ်း)တွေလို ဖြစ်ကုန်ကြပါတယ်။ သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်းပဲ နေလိုက်ကြပါတယ်။ (ဘယ်မှာလဲ … ထာဝရအချစ်၊ ဘယ်မှာလဲ … အစမ်းသပ်ခံမေတ္တာ)
          ရဟန်းတော်နှစ်ပါးရဲ့  ချစ်ခြင်းမေတ္တာကို ကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီကုသိုလ်ကံကြောင့် ဘုမ္မဇိုဝ်းနတ်ဟာ ကဿပမြတ်စွာဘုရားရှင်နဲ့ ဂေါတမ မြတ်စွာဘုရားရှင်၊  ဘုရားရှင်နှစ်ဆူတို့ရဲ့  ကြားကာလ တစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရ ပါတယ်။
          တစ်ရံတစ်ခါ လူလာဖြစ်ပြန်တော့လည်း သူများပြုသမျှ အပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။ သူတစ်ပါးရဲ့  အထင်အမြင်လွဲမှားမှု၊ မုန်းတီးမှုတွေကိုလဲ တနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူ မရှိတဲ့ အပယ်ခံဘ၀နဲ့ သံသရာခရီးကို ခြောက်သွေ့ ကြေကွဲစွာ ကျင်လည် ဖြတ်သန်းခဲ့ ရပါတယ်။
          နောက်ဆုံး အရှင်ကုဏ္ဍဓာနဘ၀ ရောက်ပြန်တော့လည်း ရဟန်းဖြစ်တာတောင် အေးအေးဆေးဆေးမနေရဘဲ " အမျိုးသမီး ၀ဋ်ကြွေးရုပ် " ရဲ့  နှောက်ယှက်နှိပ်စက်မှု ဒဏ်ကို အလူးအလဲ ခံစားရပါတယ်။ သတိပဋ္ဌာန်တရား (၀ိပဿနာတရား) ပွားများ အားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲ အမျိုးသမီးဝဋ်ကြွေးရုပ် အပြီးတိုင် အလိုအလျောက် ကွယ်ပျောက်သွားပါတော့တယ်။
          ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှ ချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ)မဟုတ်ဘူး၊ တစ်နည်းနည်းနဲ့ ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင် ချစ်ခြင်းကိုခွဲတာပဲ (ကုန်းတိုက်တာပဲ) ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတယ်။
          ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ဘူး။ တစ်ယောက်အပေါ် တစ်ယောက် အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကို ကိုယ်နဲ့ ဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကို ခွဲရာရောက်တယ်၊ ပိသုဏ၀ါစာ ဒုစရိုက်အကုသိုလ် ဖြစ်တယ်ဆိုတာလည်း ဒီအဖြစ်အပျက်ကနေ ကောက်ချက်ချနိုင်ပါတယ်။
          တစ်ယောက်နဲ့တစ်ယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်ဘဲ မေတ္တာခိုင်မြဲမှု ရှိ မရှိ စိမ်းသပ်ကြည့်ချင်တဲ့စိတ်နဲ့ လုပ်လိုက်မိတဲ့ အကုသိုလ်ကံတောင်မှ ဒီလောက် အပြစ်ကြီးသေးတယ်ဆိုရင် …
          တစ်ယောက်ယောက်အပေါ်၊ ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလို မုန်းတီးပြီး တကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊ တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကို ခါးစီး ခံစားရမှာ သေချာပါတယ်။
          တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြတယ်ဆိုတာ စိတ်ထားတတ်သူတွေအတွက် ၀မ်းမြောက်ဖွယ် မြင်ကွင်းပါ။ ကြည်နူးဖွယ်ရှုခင်းပါ။ ချစ်သူ၊ ခင်သူ၊ ကြင်နာသူတွေကြောင့်လည်း လောကကြီးက လှပနေတာပါ။
          မလိုတမာ အမုန်းထားပြီး အပိုရှာ ကုန်းစကားတွေနဲ့ သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့  အလှအပကို ဖျက်ဆီးနေတဲ့ သူပါပဲ။ လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။
          လောကကြီးကို အလှဖျက်ရင် ကိုယ့်ဘ၀ အလှပျက်တတ်ပါတယ်။ လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်ရင် ကိုယ့်ဘ၀ အရုပ်ဆိုး အကျည်းတန်တတ်ပါတယ်။
          မုဒိတာ တရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊ မနာလိုမှု ၊ မုန်းတီးမှုတွေကို သတိပဋ္ဌာန် နည်းကျ ၀ိပဿနာ ရှုပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့် သူတစ်ပါးရဲ့  ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ ကိုယ့်နှလုံးသားလည်း လှပလာ၊ ကိုယ့်ဘ၀လည်း စိုပြေလာတဲ့အတွက် ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ်ပါပြီ။

ပုဂံမင်းဆက် ၄၅ ဆက်မြောက်မင်း (သို့ မဟုတ်) အလောင်းစည်သူ

အရိမဒ္ဒနပူရပုဂံပြည်တွင် အနော်ရထာမင်းကြီး၏ မြစ်တော်၊ ကျန်စစ်သားမင်းနှင့် စောလူးမင်း၏ မြေးတော် အလောင်းစည်သူမင်းသည် (၄၇၄-၅၂၉) နန်းသက် ၅၅ နှစ်ကြာအုပ်စိုးခဲ့သည်။
ခမည်းတော်မှာ စောလူးမင်း၏သား စောယွန်းဖြစ်ပြီး၊ မယ်တော်မှာ ကျန်စစ်သားမင်းကြီး၏သမီး ရွှေအိမ်သည် ဖြစ်သည်။အေဒီ ၁၀၈၉ တွင် ဖွားမြင်သော အလောင်းစည်သူအား ဘိုးတော် ကျန်စစ်သားမင်းကြီးက "သီရိဇေယျသူ" ဆိုသည့် ဘွဲ့ အမည်ဖြင့် နန်းလျာထားသည်။ ကျန်စစ်သားမင်းကြီး ကွယ်လွန်ပြီးနောက် ၁၁၁၃ တွင် ထီးနန်းအမွေကို ဆက်ခံသည်။
မင်းကြီး၏ဘွဲ့ အမည်ကား " သီရိတြိဘ၀နာ ဒိတျာပ၀ရ ပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိနရပတိစည်သူ " ဟူ၏။ ရွှေဂူဒါယကာဟူ၍လည်း နောင်တွင်ခေါ်ဆိုကြသည်။
အလောင်းစည်သူမင်းလက်ထက်တွင် နိုင်ငံတော်နယ်နိမိတ်မှာ တောင်ပိုင်းတွင် တနင်္သာရီ၊ အနောက်ဘက် တွင် ရခိုင်၊ အရှေ့ နှင့် မြောက်ဘက်တွင် လူသူမရောက်သော တောင်တန်းဒေသများထိကျယ်ဝန်းသည်။ မင်းကြီးသည် တိုင်းခန်းလှည့်လည်သည်ကများ၍ သာသနာအတွက် ကောင်းမှုကုသိုလ်များစွာကို ပြုခဲ့သည်။ ဦးကုလားရေး မဟာ ရာဇ၀င်ကြီးတွင် သမုဒ္ဒရာသို့ ထွက်၍ သိန်းခို(သီရိလင်္ကာ)နှင့် မလ္လာယုသို့ ပင်ရောက်ကြောင်း၊ လက်ညှိုးညွှန်ရာ ရေဖြစ်စေ၍ ဖောင်စကြာပင်ရသောမင်း၊ တူရိယာကိုင် ကျောက်ရုပ်များသည်ပင် အသက်ဝင်ကာ ကြိုဆိုရသော ဘုန်းတန်ခိုးကြီးလှသည့်မင်း စသည်ဖြင့် ထူးဆန်းအံ့ဖွယ်ရာသော ဆိုရိုးစကားများလည်းရှိခဲ့သည်။
မည်သို့ ပင်ဆိုစေ အလောင်းစည်သူမင်းကြီးကား အနယ်နယ်အရပ်ရပ်တွင် စေတီပုထိုးပေါင်းများစွာ တည် ထားကိုးကွယ်ခဲ့သည်မှာ မှန်ပေ၏။ အထူးသဖြင့် ပုဂံတွင် ဥာဏ်တော် ပေ ၂၁၀ ကျော်မြင့်မားသော သဗ္ဗညုစေတီ၊ ကြေးစင်တစ်သောင်းရှိ ခေါင်းလောင်းတော်၊ ရွှေဂူကြီးဘုရားစသည့် ကုသိုလ်ကောင်းမှုများကို ထင်ရှားစွာပြုခဲ့သည်။ သဗ္ဗညုဘုရားသည် ပုဂံရှိ စေတီပုထိုးပေါင်းများစွာတို့ အထဲမှ မြင့်မား၍ ထူးခြားလှသည့် ပုဂံ ဗိသုကာများ ဖော်ပြလျက် ရှိသည်။အထပ်အားဖြင့် ၄ ထပ်ရှိသည်။
အထက်ထပ်သို့ တက်ရန် လှေကားမုခ်ဝ၊ တစ်ဘက်စီတွင် အာနန္ဒာစေတီတော်ကြီးမှာ ကဲ့သို့ ပင် ပုရိသရုပ်ကြီး များရှိ၏။ မုခ်ကပ် တံကဲပုံမှာလည်း လက်ရာမြောက်သည်။ ပထမထပ်နှင့် ဒုတိယထပ်တို့ တွင် စင်္ကြလမ်းနှင့် ထောင့် စေတီများပါရှိသည်။ တတိယထပ်မှ အထက်ဆုံးရှိ ဂန္ဓကုဋိသို့ တက်ရန် လှေကားပါရှိသည်။ သဗ္ဗညုအတွင်းလှေကား ခေါင်လွှာအဆင့်ဆင့်မှာ လက်ရာမြောက်လှပေသည်။
ရွှေဂူကြီးဘုရားကမူ ကောဇာ ၄၉၃ ခု၊ ကဆုန်လဆုတ် ၄ ရက်၊ တနင်္ဂနွေနေ့ တွင် စတင်တည်ထောင်ပြီး နတ်တော်လဆုတ် ၁၁ ရက် ဗုဒ္ဓဟူးနေ့ တွင် တည်ထားပြီးရာ တည်ဆောက်ချိန် ၈ လနီးပါးမျှ ကြာလေသည်။ ရွှေဂူကြီး ဘုရားသည် သဗ္ဗညုဘုရားအနီး ပိဋကတ်တိုက်၏ အနောက်ဘက်တွင်ရှိသည်။ ဥာဏ်တော်အမြင့်မှာ၆၈ ပေဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် ရွှေဂူကြီးစေတီတော်ကို မြေမှပေါက်လာသော သဏ္ဍာန်နှင့်တူစွာ တည်ဆောက်ထား သည်ဟု ရွှေဂူကြီးကျောက်စာတွင် ဖော်ပြထားသည်။ ရွှေဂူကြီးသည် ၁၈ ပေခန့် မြင့်သော အုတ်ခုံကြီးပေါ်တွင် တည် ဆောက်ထားခဲ့သည်။ ရွှေဂူကြီးဘုရား၏ တောင်ဘက် အုတ်ခုံကြီးနံရံတွင် ပန်းတော့နတ်ရုပ်များ တွေ့ နိုင်သည်။ ဤ နတ်ရုပ်များသည် ရှိခိုးဟန်ဖြစ်သည်။ ရွှေဂူကြီးဘုရားအတွင်း ၀င်ပေါက်၏ ၀ဲယာနံရံတွင် ကပ်ထားသော ရွှေဂူကြီး ဘုရားကျော်စာနှစ်ချပ်ကို တွေ့ နိုင်သည်။
ပုဂံတွင် စာပေပညာထွန်းကားခဲ့ကြောင်း ရွှေဂူကြီးဘုရားကျောက်စာကိုကြည့်၍ သိနိုင်သည်။ ပါဠိဘာသာဖြင့် ရေးသားထားသော ရွှေဂူကြီးဘုရားကျောက်စာက အလောင်းစည်သူမင်းလက်ထက် ပါဠိစာပေထွန်းကားနေခြင်းကို သက်သေခံလျက်ရှိသည်။ ထို သို့ သော ကောင်းမှုတော်များကြောင့် နောင်တွင် ရွှေဂူဒါယကာ ဟူ၍လည်း ခေါ်ဆိုကြ ခြင်းဖြစ်ပေမည်။
အလောင်းစည်သူမင်းကြီးသည် ကိုယ်တိုင်က သူရဲကောင်းတစ်ဦးဖြစ်သည်နှင့်အညီ ပညာရှိများကို မြှောက်စား သည်။ အစွမ်းအစရှိသူများကို နေရာပေးသည်။ သွေးရင်းသားရင်းဖြစ်သော်လည်း မညှာမတာ အပြစ်ပေးတတ်သူ နေလို မီးလိုကျင့်တတ်သူဖြစ်သည်။
အလောင်းစည်သူမင်းကြီး၏ ပြတ်သားသောသဘောထားကို သားတော် မင်းရှင်စောအား အပြစ်ပေးပုံကိုကြည့် လျှင် သိနိုင်သည်။ မင်းရှင်စောမှာအလောင်းစည်သူမင်းကြီးနှင့် ရတနာပုံမိဖုရားကြီးတို့ မှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ အလောင်းစည်သူမင်းကြီးသည် တိုင်းတစ်ပါးမှ ဆက်သသော ပဘာဝတီ မိဖုရား (ပဋိက္ကရား မင်းသမီး) သလွန်တော်ထက်တွင် စံနေစဉ် သားတော်များခစားရန်ရောက်လာသည်။ မင်းရှင်စောက မိဖုရားငယ် သလွန်တော်မှ မဆင်းဘဲနေသည်ကို မကျေနပ်။ ခမည်းတော်ကို မခစားဘဲ မျက်နှာလွဲ၍ အတန်ကြာအောင်နေပြီး ကိုယ်လက်မအီ မသာဖြစ်နေသည်ဟု အကြောင်းပြကာ ထွက်ခွာသွားသည်။ မင်းကြီးက သူချစ်ခင်သော မိဖုရားငယ်အပေါ် သားတော် ကြီး မကျေနပ်ကြောင်းသိပုံရသည်။ သို့ သော် ထိုအကြောင်းအရာကြောင့် သားတော်ကို အပြစ်ယူခဲ့ခြင်းမရှိ။
မင်းရှင်စောမှာ စိတ်ထက်သော မင်းပျိုမင်းလွင် တစ်ပါးဖြစ်သဖြင့် စိတ်နှင့်မတွေ့ လျှင် မတွေ့ သလို မဆင်မခြင် လုပ်တတ်သည်။ အလောင်းစည်သူမင်းကြီးသည် အနန္တသူရိယအမတ်ကြီးအား လုပ်ရည်ကိုင်ရည်ကိုလည်း နှစ်ခြိုက် တော်မူ၍လည်းကောင်း၊ အစောင့်အရှောက်အထိန်းအသိမ်းကောင်း၍လည်းကောင်း၊ မင်းသားတို့ သာ ၀တ်ထိုက်သော တုရင်အခြေတပ် ၀တ်လုံကို ပေးတော်မူခဲ့သည်။ တရံရောအခါ သဘင်ပွဲတော်တွင် ထိုတုရင်အခြေတပ်ဝတ်လုံကို အနန္တသူရိယအမတ်ကြီးက ဆင်မြန်းကာ ဘုရင့်ပွဲတော်တက်ခဲ့သည်။ သားတော်မင်းရှင်စောမြင်လေလျှင်-
" ဤဖျင်ကား- မင်းထိန်း မင်းယတို့  ၀တ်ထိုက်သော အ၀တ်မဟုတ်၊ မင်းညီမင်းသားတို့ သာ ၀တ်ထိုက်သော အ၀တ် ဖြစ်သည်။ သည်ကဲ့သို့  အရောရောအနှောနှော မ၀တ်စေနှင့် " ဟုဆိုကာ ၀တ်လုံကို ချွတ်လဲစေသည်။
ထိုအကြောင်းကို မင်းကြီးကြားသိလေသော်"ငါပေးတော်မူ၍ ၀တ်သည်ကို ငါမသေခင်က ဤကဲ့သို့ ကျင့်သည်။ ငါမရှိ၍ မင်းဖြစ်တပြီကား- ငါ့သားတော်၊ ငါ့သမီးတော်၊ မှူးတော်၊ မတ်တော်တို့ ကို ညှဉ်းပန်းနှိပ်စက်လတ္တံ့ ။" ဟု မိန့်  တော်မူ၍ စားကျေးစားလတ်နှင့်တကွ အခြွေအရံ၊ ရွှေငွေ ဥစ္စာပစ္စည်းတို့ ကို ရုပ်သိမ်းတော်မူသည်။ မင်းရှင်စောကို လည်း နှောင်အိမ်တွင်း သွင်းထားတော်မူသည်။
မင်းရှင်စော အကျဉ်းကျခံရစဉ် မယ်တော် ရတနာပုံမိဖုရားက မှူးမတ်များကို ချဉ်းကပ်ပြီး မင်းကြီးအား အသနားခံပေးရန် တောင်းပန်သည်။ မှူးမတ်များ လျှောက်တင်ဖန်များသော် အလောင်းစည်သူမင်းကြီးက မာန်မာန ကြီးပြီး ခက်ထန်သောမင်းရှင်စောကို ဆင်၊ မြင်း၊ ဥစ္စာပစ္စည်းအလုံးအရင်းတို့ ကို ပေးပြီးလျှင်" င့ါကို မျက်နှာသုန်၍ သွားဖူးလေပြီဖြစ်သောကြောင့် ငါ့မြို့ တွင် မနေနှင့်" ဟု နှင်ထုတ်တော်မူလေသည်။
မင်းရှင်စောမရှိသည့်နောက် တိုင်းရေးပြည်ရာကိစ္စများကို ဆောင်ရွက်ရန် မိဖုရားငယ်တစ်ပါးမှ ဖွားမြင်သော သားတော် နရသူအား တာဝန်ပေးသည်။ နရသူသည် ခမည်းတော်နာမကျန်းဖြစ်စဉ် ရွှေဂူကြီးဘုရားသို့ ရွှေ့ ပြောင်းယူ ဆောင်သွား၏။ အလောင်းစည်သူမင်းကြီး သက်သာလာသည့်အခါ နရသူက ခမည်းတော်ကွယ်လွန်လျှင် နန်းသိမ်း မည်ဟုကြံထားသော သူ့ အကြံအစည်ပျက်မည်စိုးသဖြင့် မင်းကြီး၏မျက်နှာကို အ၀တ်တို့ ဖြင့် ဖိအုပ်ကာ လုပ်ကြံလိုက် လေသည်။
ဘုန်းကြီးသော မင်းတစ်ပါးဟု ထင်ရှားသည့် အလောင်းစည်သူမင်းကြီးမှာ သားတော်အငယ် နရသူလက်ချက် ဖြင့် ၁၁၆၂ တွင် နတ်ရွာစံလေသည်။
မင်းကြီးကား သာသနာတော်ကို ဦးထိပ်ပန်၏။ ရတနာသုံးပါးကို ကိုင်းရှိုင်း၏။ သူတော်ကောင်း တရားနာကြား ၏။ တရားသဖြင့် မင်းပြု၏။ အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော်များအတွက် သာဓုခေါ်ရပေသည်။ ကျန်ရစ် နေသော တင့်တယ်လှသော ပုဂံအနုပညာလက်ရာများအတွက်လည်း ဂုဏ်ယူလိုက်ရပါသည်။

Monday, June 18, 2012

၂၃ နှစ် … အတွေးများ၊ လူများနှင့် မင်းကိုနိုင်ကို ရှက်ပါ

ကမာပုလဲ

အတွေးများ၊ လူများ

၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။

ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။

ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။

“၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”
ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။

“ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”
စကားဝိုင်းက တိတ်သွားသည်။ ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။

ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။ တရုတ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။ ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။

ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။ ၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..
“ ဒေါ်အောင်ဆန်းစုကြည်”

ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။ ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။

ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။ မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။

ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။ ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။ ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဋ္ဌ နေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဋ္ဌ နေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။ သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။ စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။

သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။ သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။ ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။

လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။ ဘယ် အထိလွဲသွားနိုင်ပါသနည်း။ ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။ ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။ ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။ ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။ သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။

မင်းကိုနိုင်ကို ရှက်ပါ

အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။ သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။ ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။ သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။