Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, December 24, 2012

ဦးအောင်ဆန်း


သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။
... ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။

ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။

အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။
တော်တော်ရှင်းပါတယ်။
ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။
ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။

လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။

(မင်းကိုနိုင်)
ဘသောင်း ဟိန်း
သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ 
ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။



လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း 
သမိုင်းအမှန်ကို သိကြဖို့လိုပါတယ်။



ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ 
စာချုပ်ချုပ်တယ်လို့ ပြောတယ်ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ 
ဗိုလ်ချုပ်မဟုတ်ဘူး။

ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။



ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ 
ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို
 ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင်ချွတ်လိုက်ပါတယ်။



အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲဆန္ဒနယ်ကနေပြီးတော့ 
အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။

တော်တော်ရှင်းပါတယ်။

ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။

ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်းအက်တလီပါ။



ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ 
ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။ 
ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။



လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို 
တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး 
ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။



(မင်းကိုနိုင်)

ဘသောင်း ဟိန်း

Saturday, December 22, 2012

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ

နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ





ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော
 ခေါင်းဆောင်များကို လေ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် 
ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို  
လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု 
ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် 
တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ 
ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊   
အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော 
တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရာနှင့် 
လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော 
ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ 
မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် 
နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး 
သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော 
အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား 
ရေးခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။



ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ  မိမိကိုယ်ကိုဆွဲခန့်ပြီး 
လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရအရေခြုံ ဦးသိန်စိန်အစိုး 
ရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်းဆောင်းပြီး 
ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင်အရေးကိစ္စတွင် 
ရဟန်းရှင်လူများအား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။ 
အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ 
လုပ်လေ့ရှိသော မြန်မာခေါင်းဆောင်များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ
 အမြတ်ထုတ် လိုသူများကြောင့်ဆိုပြီး အတို့က်အခံပါတီများဖက်သို 
လေသံပစ်နေပါသည်။



အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သောအကူအညီများကို 
ထောက်ပံ့ပေးနေကြသည်ကို တွေ့ရှိရပါသည်။ မြန် မာ့နိုင်ငံရေးသည် 
အကွေ့အကောက်များသောကြောင့် ခေတ်အဆက်ဆက် တက်လာကြသော အစိုးရများသည်လည်း 
နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက်ဝါဒီတွေသာဖြစ်သည်ကို ပြည်သူများ 
အသိပင်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး ဘာဖြစ်ဖြစ်  လူတွေ ဘယ် 
လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာဆုပ်ကိုင်ပြီး နိုင်ငံကို 
ခရိုနီစီပွါးရေးသမားများနင့် ပုလင်းတူဗူးဆိုလုပ်ပြီး ရောင်းစားနေကြတုန်း 
ပင် ဖြစ်သည်။



ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော 
နီရိုးဘုရင်လို လူစားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာအစိုးရသည်  
ယခင်လမ်းဟောင်းအတိုင်းသာ ဆက်လက်လျှေက်လှမ်းနေပါက မကြာမီနှစ်အတောအတွင်း 
တရုတ်ပြည်မကြီးရဲ့ လက်အောက်သို သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။ 
ယခုလည်းဘဲ မြန်မာတစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ 
ရင်းနီးမြှုပ်နှံမှုဟူသမျှတို့သည် တရုတ်ကုမ္ပဏီကြီးများ၏ 
မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။
 လယ်ယာမြေ မတ ရားသိမ်းပိုက်မှု၊ ရွာတွေအခကြေးငွေမရဘဲ ပြောင်းရွေခံရမှု၊ 
သဘာဝပတ်ဝန်းကျင် ထိခိုက်ဖျက်စီးမှု၊ သမိုင်းဝင်အဆောက်အဦးများ ဖြိုဖျက် 
ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက နေစဉ်နှင့်အမျှ 
ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြရပါသည်။ ပြည်သူများ မျှော်လင့်တဲ့ပန်းတိုင်က 
စစ်ပွဲကြီးတွေမရှိ။ ပကတိငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုစနစ်၊ အားကြီးသူက 
အားငယ်သူကို အနိုင်ကျင့်မှုတွေကင်းစင်ပြီး ချမ်းသာတဲ့ လူတွေက 
ဆင်းရဲသားတွေအပေါ် သွေးစုပ်ချယ်လှယ်မှုကင်းပြီး 
အဓမ္မတရားမှန်သမျှချူပ်ငြိမ်းပြီး စစ်မှန်သောတရားပေါ်ပေါက်ရေး။တရားဥပဒေရဲ့ 
ကာကွယ်စေင့်ရှောက်မှုကို လူသားတိုင်းအညီအမျှခံစားခွင့်ရရေး ဥပဒေရဲ့အထက်မှာ 
ဘယ်သူမှမရှိတဲ့ အခွင့်အရေးမှန်သမျှကို လူသားတိုင်း အယုတ်အလတ်အမြတ်မရွေး 
လွတ်လပ်စွာခံစားနိုင်တဲ့ လူသားတိုင်း အမွန်အမြတ်ထားကြတဲ့ 
လူတန်းဖိုးများကို လူသား တိုင်းစောင့်စည်းရိုသေ ထိန်းသိမ်းတဲ့ 
လူ့အဖွဲအစည်းများမှာ အေးချမ်းစွာနေထိုင်ရေးတို့ဖြစ်ပါတယ်။



မြန်မာနိုင်ငံဟာ အံသြစရာကောင်းလောက်အောင် ကမ္ဘာပေါ်မှာ 
နေချင်စရာကောင်းတဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထ၀ီအနေအထားအရ လူတွေသေလောက်အောင်
 အပူလွန်ကဲမှု၊ အအေးလွန်ကဲမှုဆိုတာလည်း မရှိသလောက်ပါ။



ဂျပန်လို၊ အင်ဒိုနီရှားလို လစဉ်မပြတ်ငလျှင်လုပ်တယ်ဆိုတာ မရှိပါ။ 
ဘင်္ဂလာဒေ့ရှ်နင့် အိန္ဒိယလို နှစ်စဉ် မုန်းတိုင်းကြီးတွေတိုက်တာလည်း မရှိပါ။ 
နာဂစ်လို ဂီရိလို တစ်ခါတစ်လေမှာ ခြွင်းချက်အားဖြင့် ကျရောက်တာပဲရှိပါတယ်။ 
သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း နိုင်ငံ အုပ်ချုပ်သောခေါင်းဆောင်များ 
အရည်အသွေးညံဖျင်းသောကြောင့် အိမ်နီးရှင် တရုတ်ကုလား ယိုဒယားနိုင်ငံများက 
မြန်မာအဖိုးတန် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံနင့် ဂက်စ်တို့ကို 
ဈေးပေါပေါနင့် အလကားရသလို ဖြစ်နေကြသည်မှာ မြန်မာပြည်ကြီးအတွက် ရင်နာ 
စရာကောင်းလှပါသည်။ ပြည်သူတွေကတော့ ကိုယ်အိမ်ခြံတွင်းကထွက်နေတဲ့ ရွှေတွင်းကို
 ဓားတစ်မိုး လှံတစ်မိုးမိုနှင့် စောင့်နေတဲ့လူတွေကို ကြောက်ပြီး 
လက်မှိုင်ချကာ ကြည့်နေရပါတယ်။ အာဖရိကဒေသကနိုင်ငံတွေလို သဘာဝကျိန်စာ မမိဖို့
 လက်ရှိအစိုးရမှ အထူးသတိထားပြီး  လုပ်ရမည်ဖြစ်သည်။



မြန်မာပြည်အပြောင်းအလဲကာလတွင် တရုတ်၏နောက်ကွယ်မှ အန္တရာယ်များဆီကြိုနေသည်ကို
 လေ့လာသူပညာရှင်များက ဝေဖန်ထောက် ပြကြသည်ကိုတွေရပါသည်။ တရုတ်နိုင်ငံတွင် 
စီမံကိန်းမှန်သမျှ၊ ကုမ္ပဏီမှန်သမျှသည် အာဏာပိုင်အစိုးရအဖွဲနှင့် 
အဆက်အသွယ်ကောင်း ရှိရေးပင်ဖြစ်သည်။ ဒေသခံများ လူထုအခြေပြုအဖွဲ့အစည်းများ၊ 
အခြားပါဝင်ပက်သက်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးထား ရန်မလိုအပ်ပေ။ 
ထိုမှုဝါဒများကိုပင် တရုတ်ကုမ္ပဏီများက နိုင်ငံတကာတွင် 
ကျင့်သုံးလာကြခြင်းဖြစ်သည်။ အာဖရိကဒေသ တရုတ်တို့၏ ရင်းနီးမြုပ်နံမှုများကို 
လေ့လာကြည့်က သိရှိနိုင်ပေသည်။ သယံဇာတပေါ်တွင်ထိုင်ကာ ဆင်းရဲမွေးတည်းနေကြသော
 ကျွန်တော်တို့ မြန်မာ ပြည်သူများသည် အာဖရိကဒေသ ဒါဖာ၊ ဆူဒန်တို့လို 
အဖြစ်မခံထိုက်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနင့် မတရားအမြတ်ထုတ် 
ဂုတ်သွေးစုပ် မှုတို့ကို တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ထိုတိုင်းပြည်များတွင် 
အစိုးရနင့်ပြည်သူ မသင့်တင့်၊ အုပ်ချူပ်သူတွေက စီမံခန်ခွဲမှု ညံ့ဖျင်း၊ 
တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် မလုပ်တတ်။ ရှိသမျှသံယံဇာတများကို 
မတန်းဈေးဖြင့်ချရောင်း စသည်ဖြင့် သယံဇာတရှိပါလျှက် ဆင်းရဲတွင်းက 
မတက်နိုင်သည့်နိုင်ငံများကို သယံဇာတကျိန်စာမိသောနိုင်ငံများလူများဟု 
သိရှိလေ့လာရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သား အားလုံး 
အမိနိုင်ငံ၏အန္တရာယ်ကို ကာကွယ်သောအားဖြင့် မတရားသော 
အမိန်။ရင်းနီးမြုပ်နံမှု။တို့ကို အောင်ပွဲရအောင် ဆက်လက်တိုက် ပွဲဝင်ကြပါဟု 
တိုက်တွန်းရေးသားအပ်ပါသည်။



● ကိုးကား         

၁။ သယံဇာတကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)

၂။ လူထုရနံစာစုများ (လူထုစိန်ဝင်း)



Credit: Moemaka 

သန်းတင်/ ဒီဇင်ဘာ ၁၄၊ ၂၀၁၂
နိုင်ငံကို တရုတ်လက်ထဲရောင်းစားထားကြသော မြန်မာစစ်ခေါင်းဆောင်များ


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကိုအုပ်ချူပ်ခဲ့ကြသော ခေါင်းဆောင်များကိုေ...လ့လာကြည့်လျှင် ဓားတစ်ပြက် ဒုတ်တစ်ပြက်ဖြင့် ပြည်သူများကို ရိုင်းစိုင်းမောက်မာစွာ အုပ်ချူပ်ခဲ့ကြသည်ကို လေ့လာတွေရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်းဟု ပြဿနာ၏ရင်းမြစ်ကို လေ့လာကြည့်လျှင် ထိုသူတို့တွင် တိုင်းပြည်နင့်လူမျိုးအပေါ်တွင် အမှန်တကယ်စစ်မှန်သော မေတ္တာစေတနာမရှိမှု။ ပညာအမျော်အမြင်အားနည်းမှု၊ အာဏာကို အလွန်အကျွံမက်မောမှု၊ အများပြည်သူကောင်းစားရေးထက် မိမိမိသား စုကောင်းစားရေ စသော တစ်ကိုယ်တော်အတ္တဆန်မှုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အမှန်တရာနှင့် လုံးဝကင်းကွာပြီး လက်တွေ့မကျသော ပေါ်လစီများ။မှုဝါဒများကို ကျင့်သုံးခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတွင် လူတော်လူကောင်းများ။တတ်သိပညာရှင်များ မ၇ှိသည်မဟုတ်ပါ။ ထိုလူတော်လူကောင်းများ တတ်သိပညာရှင်များအတွက် နေရာမရှိခြင်းသာဖြစ်သည်။ အထက်ဖားအောက်ဖိများ၊ ခရိုနီတရုတ်စီးပွါးရေး သမားများ၊ အာဏာရှင်အကြိုက် ပုံဖေါ်ထောက်ခံပေးကြသော အာဏာရှင်လက်သစ်လူတစ်စုအတွက်သာလျှင် နေရာမြဲ၊ အာဏါမြဲ၊ စီးပွား ရေးခိုင်မာတောင့်တင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူလူထုထောက်ခံမှုလုံးဝမရဘဲ မိမိကိုယ်ကိုဆွဲခန့်ပြီး လူကြီးတက်လုပ်နေကြသော စစ်အစိုးရနင့် စစ်အစိုးရအရေခြုံ ဦးသိန်စိန်အစိုး ရသည် ဒီမိုကရေစီလမ်းစဉ်ကို ဖေါ်ဆောင်နေပါတယ်လို့ မင်းသားခေါင်းဆောင်းပြီး ကမ္ဘာကိုလိမ်ညာပြောနေခြင်းသည် လက်ပံတောင်း တောင်အရေးကိစ္စတွင် ရဟန်းရှင်လူများအား အကြမ်းဖက်မှုက ဘီးလူးရုပ်ကို ထင်ပေါ်စေပါသည်။ အရေးအခင်းကြုံတိုင်း ပြည်ပအဖွဲ့ အစည်းများ ကိုလက်ညှိုးထိုးခေါင်းလွဲ လုပ်လေ့ရှိသော မြန်မာခေါင်းဆောင်များသည် ယခုတစ်ကြိမ်တွင်လည်း နိုင်ငံရေးအရ အမြတ်ထုတ် လိုသူများကြောင့်ဆိုပြီး အတို့က်အခံပါတီများဖက်သို လေသံပစ်နေပါသည်။

အတို့က်အခံပါတီများကတော့ ငြိမ်ချက်သားကောင်းပြီး လိုအပ်သောအကူအညီများကို ထောက်ပံ့ပေးနေကြသည်ကို တွေ့ရှိရပါသည်။ မြန် မာ့နိုင်ငံရေးသည် အကွေ့အကောက်များသောကြောင့် ခေတ်အဆက်ဆက် တက်လာကြသော အစိုးရများသည်လည်း နာမည်သာပြောင်းပြီး အာဏာရှင် အကွေ့အကောက်ဝါဒီတွေသာဖြစ်သည်ကို ပြည်သူများ အသိပင်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး ဘာဖြစ်ဖြစ် လူတွေ ဘယ် လောက်ဒုက္ခရောက်ရောက် အာဏာကို စွဲမြဲစွာဆုပ်ကိုင်ပြီး နိုင်ငံကို ခရိုနီစီပွါးရေးသမားများနင့် ပုလင်းတူဗူးဆိုလုပ်ပြီး ရောင်းစားနေကြတုန်း ပင် ဖြစ်သည်။

ရောမပြည်ကြီး မီးလောင်ပျက်စီးနေသည်ကို အလေးမထားဘဲ တယောထိုးမပျက်သော နီရိုးဘုရင်လို လူစားမျိုးတွေသာ ၀ိုင်းရံနေသော လက်ရှိမြန်မာအစိုးရသည် ယခင်လမ်းဟောင်းအတိုင်းသာ ဆက်လက်လျှေက်လှမ်းနေပါက မကြာမီနှစ်အတောအတွင်း တရုတ်ပြည်မကြီးရဲ့ လက်အောက်သို သိသာထင်ရှားစွာ ကျရောက်နိုင်ပါသည်။ ယခုလည်းဘဲ မြန်မာတစ်နိုင်ငံလုံးတွင် မြင်မြင်သမျှ ရင်းနီးမြှုပ်နှံမှုဟူသမျှတို့သည် တရုတ်ကုမ္ပဏီကြီးများ၏ မတရားအမြတ်ထုတ်ဂုတ်သွေးစုပ်မှုတို့ကို ပြည်သူအများက ခါးသည်းစွာခံနေကြရပါသည်။ လယ်ယာမြေ မတ ရားသိမ်းပိုက်မှု၊ ရွာတွေအခကြေးငွေမရဘဲ ပြောင်းရွေခံရမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဖျက်စီးမှု၊ သမိုင်းဝင်အဆောက်အဦးများ ဖြိုဖျက် ခံရမှုတို့ကို နိုင်ငံနှင့်အ၀န်းတွင် ပြည်သူများက နေစဉ်နှင့်အမျှ ဆန္ဒထုတ်ဖော် တိုက်ပွဲဝင်နေကြရပါသည်။ ပြည်သူများ မျှော်လင့်တဲ့ပန်းတိုင်က စစ်ပွဲကြီးတွေမရှိ။ ပကတိငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုစနစ်၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေကင်းစင်ပြီး ချမ်းသာတဲ့ လူတွေက ဆင်းရဲသားတွေအပေါ် သွေးစုပ်ချယ်လှယ်မှုကင်းပြီး အဓမ္မတရားမှန်သမျှချူပ်ငြိမ်းပြီး စစ်မှန်သောတရားပေါ်ပေါက်ရေး။တရားဥပဒေရဲ့ ကာကွယ်စေင့်ရှောက်မှုကို လူသားတိုင်းအညီအမျှခံစားခွင့်ရရေး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိတဲ့ အခွင့်အရေးမှန်သမျှကို လူသားတိုင်း အယုတ်အလတ်အမြတ်မရွေး လွတ်လပ်စွာခံစားနိုင်တဲ့ လူသားတိုင်း အမွန်အမြတ်ထားကြတဲ့ လူတန်းဖိုးများကို လူသား တိုင်းစောင့်စည်းရိုသေ ထိန်းသိမ်းတဲ့ လူ့အဖွဲအစည်းများမှာ အေးချမ်းစွာနေထိုင်ရေးတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အံသြစရာကောင်းလောက်အောင် ကမ္ဘာပေါ်မှာ နေချင်စရာကောင်းတဲနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထ၀ီအနေအထားအရ လူတွေသေလောက်အောင် အပူလွန်ကဲမှု၊ အအေးလွန်ကဲမှုဆိုတာလည်း မရှိသလောက်ပါ။

ဂျပန်လို၊ အင်ဒိုနီရှားလို လစဉ်မပြတ်ငလျှင်လုပ်တယ်ဆိုတာ မရှိပါ။ ဘင်္ဂလာဒေ့ရှ်နင့် အိန္ဒိယလို နှစ်စဉ် မုန်းတိုင်းကြီးတွေတိုက်တာလည်း မရှိပါ။ နာဂစ်လို ဂီရိလို တစ်ခါတစ်လေမှာ ခြွင်းချက်အားဖြင့် ကျရောက်တာပဲရှိပါတယ်။ သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း နိုင်ငံ အုပ်ချုပ်သောခေါင်းဆောင်များ အရည်အသွေးညံဖျင်းသောကြောင့် အိမ်နီးရှင် တရုတ်ကုလား ယိုဒယားနိုင်ငံများက မြန်မာအဖိုးတန် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံနင့် ဂက်စ်တို့ကို ဈေးပေါပေါနင့် အလကားရသလို ဖြစ်နေကြသည်မှာ မြန်မာပြည်ကြီးအတွက် ရင်နာ စရာကောင်းလှပါသည်။ ပြည်သူတွေကတော့ ကိုယ်အိမ်ခြံတွင်းကထွက်နေတဲ့ ရွှေတွင်းကို ဓားတစ်မိုး လှံတစ်မိုးမိုနှင့် စောင့်နေတဲ့လူတွေကို ကြောက်ပြီး လက်မှိုင်ချကာ ကြည့်နေရပါတယ်။ အာဖရိကဒေသကနိုင်ငံတွေလို သဘာဝကျိန်စာ မမိဖို့ လက်ရှိအစိုးရမှ အထူးသတိထားပြီး လုပ်ရမည်ဖြစ်သည်။

မြန်မာပြည်အပြောင်းအလဲကာလတွင် တရုတ်၏နောက်ကွယ်မှ အန္တရာယ်များဆီကြိုနေသည်ကို လေ့လာသူပညာရှင်များက ဝေဖန်ထောက် ပြကြသည်ကိုတွေရပါသည်။ တရုတ်နိုင်ငံတွင် စီမံကိန်းမှန်သမျှ၊ ကုမ္ပဏီမှန်သမျှသည် အာဏာပိုင်အစိုးရအဖွဲနှင့် အဆက်အသွယ်ကောင်း ရှိရေးပင်ဖြစ်သည်။ ဒေသခံများ လူထုအခြေပြုအဖွဲ့အစည်းများ၊ အခြားပါဝင်ပက်သက်သူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးထား ရန်မလိုအပ်ပေ။ ထိုမှုဝါဒများကိုပင် တရုတ်ကုမ္ပဏီများက နိုင်ငံတကာတွင် ကျင့်သုံးလာကြခြင်းဖြစ်သည်။ အာဖရိကဒေသ တရုတ်တို့၏ ရင်းနီးမြုပ်နံမှုများကို လေ့လာကြည့်က သိရှိနိုင်ပေသည်။ သယံဇာတပေါ်တွင်ထိုင်ကာ ဆင်းရဲမွေးတည်းနေကြသော ကျွန်တော်တို့ မြန်မာ ပြည်သူများသည် အာဖရိကဒေသ ဒါဖာ၊ ဆူဒန်တို့လို အဖြစ်မခံထိုက်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနင့် မတရားအမြတ်ထုတ် ဂုတ်သွေးစုပ် မှုတို့ကို တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ထိုတိုင်းပြည်များတွင် အစိုးရနင့်ပြည်သူ မသင့်တင့်၊ အုပ်ချူပ်သူတွေက စီမံခန်ခွဲမှု ညံ့ဖျင်း၊ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် မလုပ်တတ်။ ရှိသမျှသံယံဇာတများကို မတန်းဈေးဖြင့်ချရောင်း စသည်ဖြင့် သယံဇာတရှိပါလျှက် ဆင်းရဲတွင်းက မတက်နိုင်သည့်နိုင်ငံများကို သယံဇာတကျိန်စာမိသောနိုင်ငံများလူများဟု သိရှိလေ့လာရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သား အားလုံး အမိနိုင်ငံ၏အန္တရာယ်ကို ကာကွယ်သောအားဖြင့် မတရားသော အမိန်။ရင်းနီးမြုပ်နံမှု။တို့ကို အောင်ပွဲရအောင် ဆက်လက်တိုက် ပွဲဝင်ကြပါဟု တိုက်တွန်းရေးသားအပ်ပါသည်။

● ကိုးကား
၁။ သယံဇာတကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
၂။ လူထုရနံစာစုများ (လူထုစိန်ဝင်း)

Credit: Moemaka
သန်းတင်/ ဒီဇင်ဘာ ၁၄၊ ၂၀၁၂

Sunday, December 16, 2012

ကြေးနီတိုက်ပွဲက မွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး

သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။ သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာလာက်ပဲ တတ်ပေမယ့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ လုပ်ငန်းခွဲတစ်ခုတို့ကို အံတုရင်းကနေ တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေကတော့ သူတို့နှစ်ဦးကို မိမိထက် အဆမတန် အင်အားကြီးမားသူများနဲ့ ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင် မိန်းမနှစ်ဦးအနေနဲ့ ရေးသားဖော်ပြကြပါတယ်။

“သူတို့ဘယ်လိုပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်းလုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်”လို့ကြေးနီမိုင်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ
ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီးဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ဆီကို “နောက်ကြောင်း ပြန်မလှည့်စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့လည်း သိသာထင်ရှားတဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေထိုင်ကြတဲ့ ကျေးလက် ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြားသလောက် ကွာဝေးနေတုန်းပါပဲ။ အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်လုပ်နေကျ ဖြစ် တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို ကျင့်သုံးနေတုန်းပါပဲ။
 
ဝက်မှေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာဒေသခံ အာဏာပိုင်တွေက အဲဒီမှာရှိတဲ့ ဘုန်းကြီး ကျောင်းကို ၀င်ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင် ကျောင်းတစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ဒေသခံရွာသားတွေ နေရာရွှေ့ပေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ ကြောင့် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာ ခဲ့ပြီး ရဲနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။
 ဒါပေမယ့် ရဲတွေဘက်ကလည်းခပ် မာမာပါပဲ။ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့တဲ့ မုံရွာရဲစခန်းရဲ့ စခန်းမှူး ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီးနှစ်ယောက် ကို စောင့်ကြည့်နေရတာလဲ လို့ တယ်လီဖုန်း ဆက်ပြီးမေးရာမှာတော့ သူက ပြန်ပြီးအော် ငေါက်ပစ်ခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေဟာ ဒီကိစ္စကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာကိုလည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက်တစ်ယောက် အဲဒီကိုနှစ်ရက် လောက်သွားတော့ သူ့ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေက တောက်လျှောက်လိုက် တာခံရသလို လ၀ကအရာရှိရဲ့တစ်နာရီ လောက်ထိန်းသိမ်းပြီးနောက်ကို ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်းခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့ ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို အဓိကဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ် ဓာတုပစ္စည်းတွေ စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား လယ်တွေအသိမ်း ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျယ်ကျယ်အငြင်းပွားမှုတွေဟာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ အရေးကြောင့် သူတို့နှစ်ဦး သံမဏိမိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေ ရေး ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။

ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့ လည်း ဦးအံ့ မောင်က ပြောပါတယ်။ ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။ အစိုးရအာဏာပိုင်တွေက ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာ အသစ်ဆောက်လုပ် ပေးတယ်၊ သူတို့ရဲ့သုံးလစာဝင်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး သူတို့လယ်တွေကို ဆုံးရှုံးရရင် ဘာမှလုပ်ကိုင်စားစရာ မရှိတော့ဘူးလို့ တချို့ကကန့်ကွက်ခဲ့ပါတယ်။ ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး ခေါ်ပြီး တော့ ရွာသား အားလုံးကို ရွှေ့ပြောင်းပေးဖို့ ပြောပါတယ်။

“သူတို့က ကျွန်မတို့ကို အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ သူတို့က အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ်မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။
“ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်းမဟုတ်ဘူး။ ဒီလို အစည်း အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ပြောလိုက်တယ်” အဲဒီတုန်းက
ရပ်ရွာအုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို မရနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဒီလုပ် ငန်းကိုလုပ်ကိုင်နေတဲ့ ကနေဒါအိုင်ဗင်ဟိုး ကုမ္ပဏီနုတ်ထွက်သွားတဲ့နောက် တရုတ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ “နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက လက်လွှဲယူခဲ့ပါ တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက ကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့ အမူအရာတွေလုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။ မအေးနက်တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက် ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဒီကိုလာပြီး သူတို့ကို လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး ခဲ့ပါတယ်။ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့ သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း စိုင်းစိုင်း အမူအယာတွေလုပ်ခဲ့တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။
““ဒီမိုင်းတွင်းဟာ အလုပ်အကိုင် ထောင်နဲ့ချီဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးကိုလည်း အများကြီး အထောက်အကူပြုမှ ဖြစ်ပါတယ်။

ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀ လောက်ရှိပြီး မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင်တယ်”လို့ သူကပြောပါ တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ရွှေ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူးရှိဟန်မတူပါဘူး။ ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမªး ဦးဇော်မိုး အောင်က အဲဒီလိုလုပ်ဖို့အစီအစဉ် အခု မရှိပါဘူးလို့ ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့ တဲ့နောက်မှာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး လယ်ယာ မြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စအတွက် ရှေ့နေ တွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ နောက်ထပ် အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်းတင်ရအောင် ဗီဒီယိုကင်မရာ တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။

မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အာဏာပိုင် တွေက တစ်ချက်လွှတ်အမိန့်ကို သုံးခဲ့တယ် လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့ စည်းနဲ့ကမ်းနဲ့ဖြစ်လာ ပြီဆိုတာ ကျွန်မတို့သိပါတယ်””လို့ သူက ပြောပါတယ်။

- သောမတ်စ်ဖူလာ
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။)

Monday, November 26, 2012

ဘာသာစကား အသီးသီးဖြင့် ဖော်ပြနေသော အိုဘားမားနဲ့ လွှတ်တော် အမတ် တို့၏ အနမ်း

နိုဘယ်ဆုနှင့်တကွ များပြားလှစွာသော ဆုတံဆိပ်များကို ကျွန်တော် ဂရုမစိုက်။ ကျွန်တော် သိသည် က သူမ သည် မြန်မာနိုင်ငံ ၏ လွှတ်တော် အမတ် တစ်ဦးဖြစ်သည်။ မြန်မာ ၀တ်စုံကို လေဒီ ရှုးရောင်စုံဖြင့် တင့်တယ် စွာ ၀တ်ဆင်ပြီး ကမ္ဘာ ပတ်ခဲ့သည့် သူမကို မြန်မာ ၀တ်စုံ ၀တ်ပြီး မြန်မာဖိနပ် ဘာကြောင့် မစီးလဲ ဆိုပြီး ကျွန်တော် တို့ အပြစ် မတင်ခဲ့ကြ။ (ဤတွင် ခြေထောက်ဖုံး လိုသည့် အကြောင်းပြချက် ဆိုပါက ယနေ့ မြန် မာ ခေါင်းဆောင်ကြီး များ တိုက်ပုံ၊ ပုဆိုးနှင့် ရှုးဝတ်ဆင်သည့် ပုံ မတွေ့ရ သည် ကို ပြော လိုပါသည်။)
နိုင်ငံခြား တွင် အနေကြာခဲ့၍လား။ နေအိမ် အတွင်း အနေများသည့် အချိန်တွင် မြန်မာ့ ယဉ်ကျေးမှု အကြောင်း ဖတ် ရန် မေ့လျော့ ခဲ့သည်လား မပြောတတ်။ သူမ သည် တိုင်းတစ်ပါး သားကို ဆုံးဖြတ် ချက် မြန်စွာဖြင့် လက်ထပ်ခဲ့ပြီး သည့်နောက် တိုင်းတစ်ပါးသား အနမ်းကို လူမြင်ကွင်း တွင် ပြုံး ရွှင်စွာ ခံယူ ခဲ့လေ၏။ သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံ ကို ရောက်ခဲ့စဉ် ထိုင်းဝန်ကြီး ချုပ်ကို ပွေ့ဖက် နမ်းရှုပ်ခြင်း မပြုခဲ့ဘဲ မြန်မာနိုင်ငံ ရောက်မှ နမ်းဖို့ စိတ်ကူးပေါ်ခဲ့သည် မှာ မြန်မာနိုင်ငံမလာ ခင် မြန်မာ့ယဉ်ကျေးမှု အကြောင်း အရင်ဖတ်ခဲ့ မည် ထင်သော ကမ္ဘာ့ ထိပ်သီး သမ္မတ၏ စိတ်ကူးသက်သက်မှ ဟုတ်ပါလေစ။
နောင်တစ်ချိန် ကမ္ဘာပတ်မည့် မြန်မာခေါင်းဆောင်များက ထိုသို့လုပ်လာသည်ကို ငြင်းဆန်ပါက ဆုတံဆိပ် များ ရှင် သူမကို ပြ၍ သူမတောင် ပြုံးပြီး နားလည်တတ်တာ၊ နင်တို့က ဘာမို့လို့လဲ ဆိုရင် မခက်ကုန် ပါလား။ ဖိလစ်ပိုင် သမ္မတ ဟောင်း အာရိုယိုသည် အမျိုးသမီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည်မှ စ၍ သူမကို ပွေ့ဖက်နမ်း၍ နှုတ်ဆက်ခြင်းအား မလုပ်ရန် တောင်းပန်ခဲ့ သည်။ ပွေ့ဖက်နမ်း ကာ နှုတ်ဆက်ခြင်းသည် မြန်မာ့ ယဉ်ကျေးမှု မဟုတ်သည်ကို သူမ သိမှ သိပါလေစ။
အခုတော့ မြန်မာကသာမက ကမ္ဘာကပါ ထိုဓာတ်ပုံများအတွက် စိတ် ပျက်ကြလေ သည်။ တွေ့ မရှောင် အကုန် နမ်းသော အိုဘားမား ဓာတ်ပုံများကို ကြည့်ချင်လျှင် ဒီမှာ သွားကြည့်ပါ။
 အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော် အနမ်း
 ကိုရီးယားဘာသာဖြင့် ဖော်ပြထားသော အနမ်း
 ရုရှားဘာသာဖြင့် ဖော်ပြထားသော အနမ်း
 ဂျပန်ဘာသာဖြင့် ဖော်ပြကြသော အနမ်းပုံရိပ်
 ထိုင်းဘာသာဖြင့် ပက်ပက်စက်စက်ဝေဖန်ထားသော အနမ်း

 
အနမ်းတံဆိပ် ခတ်နှိပ်လိုက်သည်။
ပုံတွေကြည့်တာ အားမရဘူး၊ ဗီဒီယိုလေးပါ ကြည့်လိုက်မယ်ဆိုရင်တော့ ဖျတ်ဖျတ်လူးသွားတဲ့ အပျိုမလေး အလား တက်ကြွနေသူလေးကို တွေ့ရပါအုံးမယ်။

မတောင်းပန်ပါက ဒေါင်းအလံရုပ်ရတော့မည့် ဘားမား စုကြည် နှင့် ပတ်သက် သမျှ....

အချို့ကတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကြီး အဖြစ် သတ်မှတ်ကြ၏။ အချို့ ကတော့ နိုင်ငံ တကာနှင့် ရင်ပေါင် တန်းနိုင်သော မြန်မာနိုင်ငံ၏ တစ်ခေတ်မှာ တစ်ခါေ ပ်ါသော အမျိုးသ မီး ခေါင်းေ ဆာင် တစ်ဦး အဖြစ် သတ် မှတ်ကြ ၏။ မည်သို့ပင် ဖြစ်စေ၊ သမိုင်းတစ်ခုကို ရေး မည့်  ခေါင်း ဆောင်တစ် ဦး အတွက် သမိုင်းတွင် သည့် သူရဲကောင်း တစ်ယောက်ဖြစ်ရန် မှာ ကောင်းသော လုပ်ဆောင်ချက် များကို လုပ်ဆောင် ပြရ မည် သာ ဖြစ်ပေသည်။
မြန်မာ့လွတ် လပ်ရေးခေါင်းဆောင် တစ်ဦး၏ သမီးအဖြစ် မွေးဖွားလာသည့်အတွက် သူမ၏ ငယ် ဘ၀ သည် ရွှေလင် ဗန်းနှ င့် အချင်းဆေးသည်သာ ဖြစ်သည်။ ဗိုလ်ချုပ် ကျဆုံးပြီးနောက် တပ်မတော်က ထိန်း ကွပ်နေ ရသည့် တိုင်းပြည် အခြေအနေတွင် သံအမတ်ကြီး သမီးအဖြစ်နှင့် နိုင်ငံခြားတွင် အကျော်ကြား ဆုံး ခေါင်းဆောင် များ၏ သားသမီးများနှင့်အတူ ပညာသင်ကြားခဲ့ရခြင်းသည်လည်း သူမအတွက် တန်ဖိုး မဖြတ်နိုင်သော ထိုအချိန် ခေါင်းဆောင်များ၏ ကျေးဇူးတရားကြောင့်ပင်။ ထို့နောက်တွင် ကမ္ဘာပတ်၍ ပညာ ဆည်း ပူးခွင့် ရခဲ့ခြင်း၊ တိဗက် တောင်တန်းများ အကြား၊ ဗိုလ်ချုပ်သမိုင်း ပြုစုခြင်းများဖြင့် တိုင်း တစ်ပါး တွင် နေခဲ့ခြင်း က သူမ၏ ဆန္ဒအရပင် ဖြစ်သည်။
အမျိုးကို စောင့်သိခြင်းသည် ကာလံ၊ဒေသံနှင့် ရာနှုန်းပြည့်သက်ဆိုင်ခြင်းတော့ မရှိ။ ထိန်းသိမ်းတတ်လျှင် မွန်မြတ်သည်သာ ဖြစ်သည်။ မြန်မာရာဇ၀င် တွင် ကျန်စစ်သား မင်း၏ သမီးတော် ရွှေအိမ်စည်သည်လည်း ကုလားနှ င့်ဖောက်ပြန်၊ သီပေါမင်း သမီးတော် များသည်လည်း ကုလားနှင့် အတူနေခဲ့ကြသည်။ ထိုသမိုင်းကို ဗိုလ်ချုပ် သမီး သည်လည်း ဆက်လက်ကျင့်သုံးကာ တိုင်းတစ်ပါးသားများနှင့် ဖောက်ပြန်၍ အဆုံးတွင် အင်္ဂလိပ် ဇနီးမယား တစ်ယောက်သာ ဖြစ်ခဲ့လေသည်။
မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း မိခင်နေ မကောင်း၍ ပြန်လာသည်မှ စကာ နိုင်ငံရေးနှင့် စတင် မြည်း စမ်း ခဲ့ရ၏။ ပေစုတ်စုတ် ဘ၀တွင် စိတ်လွတ်လပ်စွာနေထိုင်၍ စိတ်ဆန္ဒကို အသားပေးသော သူမ အတွက် ဟေး လား ၀ါးလား လက်ခုပ်သံများအကြား ပျော်ရွှင် သာယာခြင်းဖြင့် ဒီမိုကရေစီကို ဦးဆောင် ခဲ့ပြန် သည်။ တာဝန် ရှိ သူ များ၏ သတိပေးခြင်းအကြိမ်ကြိမ်ကို မျက်ကွယ်ပြုကာ လုပ်ချင်ရာ ဇွတ်လုပ် ခဲ့သည့် သူမ အတွက် ထိန်းသိမ်း ထားရန်မှ တစ်ပါး အခြားရွေးချယ်ရန်မရှိ။ ထိုအချိန်တွင် နိုင်ငံကို ဖိ အားပေး လိုသော အနောက် အုပ်စု မှ ဘွဲ့တံဆိပ်များ တပ်ကာ သူမကို ငြိမ်း ချမ်းရေး နိုဘယ် ဆုရှင် တစ်ယောက် အဖြစ် ရပ်တည်စေခဲ့၏။
အိမ်အတွင်း ထိန်းသိမ်းစဉ်တွင် အကြမ်းဖက် ဗုံးခွဲသူများအား လက်ခံပေး၏။ ဆုတံဆိပ်များ၊ ၀င်ငွေများကို မည်သည့် အခါမှ မကြေငြာခဲ့သလို အမျိုးသားခေါင်းဆောင်ကြီး၏ သမီးအဖြစ် ဥပဒေအထက် မှာ နေထိုင်ခဲ့ သည်မှာလည်း ယနေ့တိုင်အောင် ပင်ဖြစ်သည်။ ပညာတွေ မည်မျှပင် သင်ကြားခဲ့စေကာမူ အနောက်တိုင်း ယဉ်ကျေး မှုကို မြတ်နိုးသော သူမမှာတော့ အကျယ်ချုပ်ကျစဉ် အိမ်အတွင်း ပျော်ပျော်ပါးပါး Sex ခေါင်းစဉ် များတပ်ကာ ဆွေးနွေးခဲ့ကြကြောင်း သတင်းများက ဖော်ပြကြ၏။ ဖောက်ပြန်မှုများကို သိသူများက ဖော် ထုတ် ခဲ့ကြ၏။ မှန်သည် မှားသည် မရှင်းလင်းခဲ့သလို ငြင်းခဲ့ခြင်းလည်းမရှိ။
နိုင်ငံခြားက လာသမျှ သူများ သူမလက်ခံတွေ့ဆုံ၏။ အစိုးရကို တိုက်ခိုက် ပုတ်ခတ်သော စကားများဖြင့် သူမ ယဉ်ကျေးသိမ်မွေ့ကြောင်း ဖော်ပြ၏။ ကုလ ကိုယ်စားလှယ်လာသော်လည်း ထွက်မတွေ့သည့်သူမက ဂျွန်ယက်တောကို အိမ်တွင်း ခိုးသွင်းသဖြင့် အရှက်ရခဲ့ရတော့သည်။ 
သူမသည် ခေါင်းဆောင်မှုကို သင်ကြားခဲ့ဖူးခြင်းမရှိ။ ခောတ်နှင့် အဆက်ပြတ်သည်သာမက သူမသည် တစ်ဇွတ် ထိုး ဆန်ကာ ဆန္ဒကို လွန်စွာဦးစားပေးလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဟု ဆိုကာ ရွေးေ ကာက် ပွဲကို ဆန့်ကျင်၏။ အကျယ်ချုပ်မှ လွတ်မြောက်သော် လူမှုကွန်ယက်များ အသုံးပြု၏။ အိုက်တင် အမျိုးမျိုးပေး ကာ ရုပ်ပြဓာတ်ပုံရိုက်သော ကမ္ဘာ့ခေါင်းဆောင်များတွင် သူမသည် ထိပ်ဆုံးအဆင့် ၀င်၏ ။ ပြည် သူ ချစ်အောင် မြန်မာဝတ်စုံ ၀တ်သော်လည်း လေဒီရှုးဖြင့် အနောက်တိုင်းကို ချစ်ကြောင်း ဖော်ပြ၏။ အနမ်း များဖြင့် နှုတ်ဆက်၏။ ကုလားနှင့် ပါးချင်းအပ်ရမှာ မရှက်သလို အင်္ဂလိပ်၊အမေရိကနှင့် နမ်းရန် လည်း ရှက်ရွံ့ခြင်း အလျင်းမရှိ။
ဖိလစ်ပိုင်သမ္မတ အာရိုယိုသည် လူကြားတွင် သူမကို ဖက်၍ နှုတ်ဆက်သည် ကိုလည်း လက်မခံ။ သူမ လက် ကို သူမပြည်သူ ယောက်ျားလေး များ ကိုင်သည် ကိုလည်း တရား ၀င် ပြောကာ ငြင်းဆန် ခဲ့ ဖူး၏။ သူမ ကတော့ ရောက်လေ ရာတွင် လက်ချင်း ချိတ်ကာ ပါးချင်းအပ်၏။ ဗိုလ်ချုပ်အောင်ဆန်း ၏ သွေး ဆိုပေမယ့် သူမ ၏ တစ်ကိုယ်လုံး တွင် အနောက်တိုင်း အမူအကျင့် များသာ ပြည့်နှက်ေ နတော့ သည်။ ပြင်ပ ကမ္ဘာနှင့် အဆက် အသွယ် ပြတ်ရာမှ သူမသည် အသက်အရွယ် ကိုပင် မေ့လျော့နေလေေ တာ့ သည်။
လူငယ်လေးများ ၊ယောက်ျားလေး များ၏ အသွေး အသားနှင့် ထိတွေ့ ရသည်ကို သာယာ တတ်သည့် စိတ်ရောဂါ တစ် မျိုး ၀င်နေသည် ဟုပင် သုံးသပ် ရပေသည်။ သူမတွင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည် မရှိ။ မြန် မာ ဆိုသည် မည်သည့်သွေးနှင့်ရောရော မြန်မာဖြစ်နေသေးသည် ဟုပင် သူမလက်ရှိအနေ အ ထား အရ ယုံကြည် လျှက် ရှိပေသည်။

သူမ လွှတ်တော်အတွင်း ရောက်သဖြင့် ပြည်သူအများ မျှော်လင့်ချက်တွေ ရင့်သန်လာ၏။ သို့သော် သူမ၏ လုပ်ဆောင် ချက်သည် ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန်ဆေးရုံကြီးသာ ဖြစ်သည်။ ယခုလည်း လက်ပံေ တာင်း သွား၍ ဆူပူမှု ဖြစ်အောင် ထပ်မံ ဖန်တီးလေအုံးမလား မပြောတတ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို မြတ်နိုြး ခင်း အရင်ဖျောက် မှသာ သူမ သည် မြန် မာနိုင်ငံကို ဦးဆောင်ခွင့် ရမည်ဖြစ်သည်။ မဟုတ် ပါက သူမ လက်ထက် တွင် ညစ် ညမ်းမြန်မာ ဇာတ်ကားများ၊ မြန်မာ အမျိုး သမီးများ အရှက်မဲ့ခြင်း တို့ ဖောေ ဖာ သီသီ ဖြစ် လာပေ လိမ့်မည်။
တစ်ဇွတ်ထိုး လုပ်တတ်သော၊ ခေါင်းဆောင်မှု မသိသော သူမသည် မြန်မာကို ဘားမားလုပ်ခြင်းဖြင့် အ တိုက် အခံ စစ်မျက်နှာ အသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားလေ၏။ မြန်မာထက် ဘားမားကို ပြည်သူ အများက လက် ခံ ကြောင်း ပြောလေ၏။ အမေရိ ကန်နှင့် ဥရောပသည် မြန်မာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့် တင် ချိန် တွင် သူမ သည် အရေးမပါတော့။ သူမ မပါလဲ မြန် မာ့နိုင်ငံရေး သည် ပြောင်းလဲေ နပြီ ဖြစ် သည်။ အမေရိကန်သမ္မတက မြန်မာကို မြန်မာလို့ သုံးနှုံးခဲ့သလို ဟီလာရီ ကလင်တန် သည် လည်း မြန် မာကို ဘားမားဟု မသုံးနှုံးရဲ။ နှုတ်ကျိုး၍ သုံးနှုံး မိသော အမေရိကန် ကာကွယ်ရေး ၀န်ကြီးသည် လည်း မြန်မာ ၀န်ကြီးက ထောက်ပြ သည်တွင် ပြန်တောင်း ပန် ခဲ့၏။ အနောက်မျှော် သူမ၏ ဘားမား သမိုင်း တွင် သူမ နာ မည် ထပ်တိုး၍ ပျက်ချေတော့မည်။
အနမ်းခံ ဘားမားစုကြည်အတွက် လုပ်ဆောင်စရာ များများ မရှိတော့။ သူမကို လက်ခံခဲ့သူများပင် သူ မကြောင့် စိတ် ပျက် ရချေပြီ။ ယနေ့အမျိုးသမီးများ၏ စိတ်ပျက်စကားသံများကို မကြားချင် အဆုံး နေရာ အနှံ့ ထွက်ပေါ်နေ ပေသည်။ သူမအမှားများ အတွက် တောင်းပန်သင့်လေပြီ။ သို့မဟုတ်ပါက….

ဘားမားလို့ နှုတ်ကျိုးပြီးပြောမိသဖြင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တောင်းပန်


အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာတို့ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးရာတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ အာဆီယံဒေသသည် ပိုမိုအရေးပါ လာကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးသည် အရေးကြီးကြောင်း၊ မလက္ကာ ရေလက်ကြား လုံခြုံရေးသည် ပင်လယ်ရေကြောင်း သွားလာရေးအတွက် အရေးကြီးကြောင်း၊ အမေရိကန်အနေဖြင့်...
အာဆီယံ နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေး လေ့ကျင့်ခန်းများလည်း တိုးတက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို ကြိုဆို ထောက်ခံကြောင်း၊ အနာဂတ်တွင် ပိုမိုရင်းနှီးစွာ ဆက်ဆံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအား ဘားမားဟု သုံးနှုန်းခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့ရကြောင်း၊ သို့သော် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ထောက်ခံအားပေးမှုသည် အင်အားတစ်ခု ဖြစ်စေပြီး ရှေ့သို့တိုးတက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းပြလိုကြောင်း မြန်မာနိုင်ငံတွင် လူမျိုးစုများစွာ နေထိုင်လျှက်ရှိပြီး ဗမာလူမျိုးသည် လူမျိုးစု ၁ ခု ဖြစ်ကြောင်း ဘားမားဆိုသည်မှာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုကြောင်း၊ မြန်မာဆိုသည်မှာ တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုအားလုံးကို ကိုယ်စားပြုသည့် မြန်မာဆိုသည့် အသုံးအနှုန်းသာ အသုံးပြုစေလိုကြောင်း ပြောကြားခဲ့ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်သူများမှ လက်ခုပ်တီး၍ ချီးကျူးသြဘာ ပေးခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် ပြောနေကျ နှုတ်ကျိုးနေ၍ ယခုလို ပြောကြား ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ် ချက်မရှိပါကြောင်း၊ မိမိအား မြန်မာနိုင်ငံမှ လူမျိုးစုများအကြောင်း ရှင်းလင်းပြပြီး မိမိအမှားကို ထောက်ပြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း နောင်တွင် မြန်မာဟု သုံးနှုန်းသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားရာ အစည်းအဝေး တက်ရောက် လာသူများမှ ဝိုင်းဝန်းသြဘာ ပေးခဲ့ကြပါသည်။

Monday, November 5, 2012

ဒို့  အဘွား ကုလားဖက် ခပ်ပါပါ

အစကထဲက မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် မရှိလို့  ကုလားဖြူကိုလင်တော်ပြီး အင်္ဂလိပ်အလိုတော်ရိလုပ်နေတာ အဖြေကရှင်းလို့ ။ အောက်ပါပုံတွေကလဲ သက်သေခံနေတာပဲ။ ဒါပေမယ့် လူလိမ်မီဒီယာတွေနဲ့  လုပ်စား နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက်ပြီး တိုင်းပြည်ကို ကုလားလက်ထဲ ထိုးအပ်ချင်နေတာ ရှင်းနေတာပါပဲ။ ဗိုလ်ချုပ်သမီးလုပ်ပြီး စောက်ရှက်မရှိတာများ။ ခုချိန်ထိပြတ်သားမှု ဘာမှမရှိပဲ မောဟစရိုက်အားကြီးပုံများ အံ့ရော...အံ့ရော....။ တိုင်းရင်းသားတွေနဲ့  ဘေးသူစိမ်း ပြဿနာတက်တာ ကိုယ့်လူမျိုးတိုင်းရင်းသားဖက်မှာနေရမယ်ဆိုတာ ဘာဘွဲ့ တွေမှမရထားတဲ့ လူပြိန်းတောင် နားလည်တယ်။ နားမလည်တာက ဒို့ အဖွါး ကုလားဖြူမယားတယောက်ပဲ ရှားပါးပစ္စည်းအဖြစ် ရှိနေတာ.. အံ့ရော...အံ့ရော...။
ဒို့ အဖွါး ကုးလားဘက် ခပ်ပါပါ ကိုး...အဟတ်...။

.
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေး ခြေခြေမြစ်မြစ် မသိသေးတဲ့အတွက် ကြားကျတဲ့ အမြင်ကိုပဲ ဘီဘီစီသတင်းထောက်ကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာကိစ္စကို မြှင့်တင်မပြောနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒီကြားကျတဲ့အမြင် ပြောဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံကြပါ့မလား၊ တခုခု ပြောရင်လည်း ပြည်တွင်းနိုင်ငံရေးမှာ ထောက်ခံမှု လျော့သွားနိုင်မလား။ ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ အခုလို သုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် BBC အား ရိုဟင်ဂျာ အကြောင်းပြောကြား