Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, September 22, 2012

ထို့ကြောင့် မြန်မာဟုခေါ်ပါသည်

အများသိကြတဲ့အတိုင်း အခုတလော မြန်မာ (Myanmar) နဲ့ ဗမာ(Burma) ကိစ္စက ဟိုးလေးတကျော်ဖြစ်နေတာ မို့
ကိုယ်တွေးမိထားတာလေးတွေ ရေးမယ်လို့ စဉ်းစားမိပါတယ်။ အမှန်တော့ ခေါ်ချင်သလိုခေါ်အတူတူနဲ့အနူနူပဲ မို့ အာရုံထဲ
သိပ်မရောက်မိပါ။ သို့ပေမယ့် Burma လို့ပြောတဲ့သူကလည်း ကမ္ဘာသိအောင်ပြော ၊ မြန်မာလို့ခေါ်စေချင်သူများကလည်း
အများသိအောင် ကန့်ကွက်ကြနဲ့မို့ ဗမာ နဲ့ မြန်မာတို့ရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေပါလိမ့်လို့ အတွေးနယ်ချဲ့မိပါတယ်။
တချို့ကလည်း သမိုင်းနဲ့ချီပြီး မြန်မာ၊ဗမာကိစ္စကို ရေးကြတယ်။ တချို့ကျပြန်တော့လည်း ပုဂွှိုလ်ရေးအားကိုးယုံကြည်မှု
နဲ့ Burma ကိုလက်ခံကြတာတွေ့ရတယ်။ ဘုံဘေကို အခုမွန်ဘိုင်း၊ပီကင်းကို အခုဘေဂျင်း၊ Rangoon ကို အခု Yangon
အမျိုးမျိုးပြောင်း ခေါ်ခဲ့ကြပေမယ့် ဘယ်သူမှ နာမည်ဟောင်းကို တခုတ်တရ ပြန်မသုံးကြတော့ပဲ အခု Myanmar နဲ့
Burma ကျတော့မှ ဟိုးလေး တကျော် ဖြစ်ရလေတယ်လို့ တွေးမိပါတယ်။
ကိုယ်စီကိုယ်ငှမှာ ကိုယ်သန်ရာခေါ်ခွင့်ရှိကြတာမို့ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်တိုင်းပြည်ကိုယ် ဘယ်လိုခေါ်ချင်လဲလို့
စဉ်းစားကြည့်မိတယ်။ မြန်မာ(Myanmar) ဆိုတဲ့ နာမည်ကပိုမကောင်းဘူးလားလို့။Burma ကျတော့ သိပ်ရိုးနေပြီ။
ပြီးတော့ အဲဒီနာမည်ကြီး ကြားရင် အင်္ဂလိပ်လက်အောက်ကို ပြန်ရောက်သွားသလိုခံစားရတယ်။ ကျွန်တော့်အထင်
လူငယ်အများစုကတော့ Myanmar ဆိုတဲ့အမည်ကပိုနားစွဲနေကြမလားလို့။ လူမှန်းသိစကတည်းက အဲဒီနာမည်နဲ့
ကြီးပြင်းလာရတာကိုး။
သွားလေသူ သူတကာမျက်မုန်းကျိုးကြီးကပဲ အမည်ပေးခဲ့၊ပေးခဲ့ Myanmar လို့အခေါ်ခံရတာ ပိုသဘောကျတယ်။
တိုင်းရင်းသားတွေကို ဦးစားပေးတဲ့ သဘောလည်းရောက်တယ် လို့ ထင်မိတာ။ စင်္ကာပူက အသက်ကြီးကြီးလူနာတွေ
ထဲမှာ မြန်မာ့သမိုင်းကို သင်ဖူးတဲ့ သူတွေရှိတယ်။ သူတို့ကို မြန်မာပြည်က ဆရာဝန်ပါလို့ပြောလိုက်ရင် အင်္ဂလိပ်က
မြန်မာပြည်ကို ကျူးကျော်စစ်သုံးခါပြုတယ် ဆိုတာလောက်ကတော့ အနည်းဆုံး ပြောနိုင်ကြတယ်။ စကာၤပူမွာ Myanmar
လို့ပြောလိုက်ရင် လူတိုင်းသိပါတယ်။ Burma လို့ပြောဖို့ မလိုပါ။
ရွှေမြန်မာမှာက အခုတလော အပြောင်းအလဲတွေ သိပ်များလွန်းနေတော့ စင်္ကာပူသားတွေကလည်း စောင့်ကြည့်နေကြ
ပါတယ်။ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေထဲမှာလည်း မြန်မာပြည်ကို လာလည်ချင်လို့ ဘယ်နေရာကိုသွားရင်ကောင်း
မလည်း လာလာမေးကြတဲ့သူတွေ အများကြီးပဲ။ Myanmar နဲ့ Burma ကိစ္စကိုလည်း သူတို့သိကြပါတယ်။ ဒီကလူငယ်
ပိုင်းတွေကတော့ Burma ဆိုတာကို သိပ်မသိကြပါ။ နောက်ပိုင်း ဒီမှာလည်း Myanmar လို့ပဲ သတင်းစာတွေထဲမှာ ရေး
ကြတာကိုး။ Myanmar လို့အမည်ပြောင်းရခြင်းဟာ တိုင်းရင်းသားအများကို ကိုယ်စားပြုစေချင်လို့ ဖြစ်တယ်ဆိုတာ
လောက်တော့ စင်္ကာပူသားတွေတောင် သိပါတယ်။ Burma ဆိုတာက တိုင်းရင်းသားတစ်မျိုးဖြစ်တဲ့ ဗမာ လူမျိုးကို
ကိုယ်စားပြုသလိုဖြစ်နေတယ် မဟုတ်လား။
ဒီတော့ ပိုကျယ်ပြန့်ပြီးလေးနက်တဲ့ Myanmar လို့ ခေါ်တာ ပိုကောင်းမယ်လို့ ထင်မိတာ။ ဘာရယ်မဟုတ်ပါဘူး။
အသက်၃၀ကျော် အရွယ် မြန်မာနိုင်ငံသား ဗမာလူမျိုးတစ်ယောက်ရဲ့ ခံစားချက်လေးပါ။ အဖေ ဗမာ၊အမေ ဗမာ၊ က
မွေးတဲ့ ဗမာလူမျိုးဖြစ်ပေမယ့် ကိုယ်မွေးတဲ့သမီးလေးကျပြန်တော့ ဗမာ-ရခိုင်လေးဖြစ်သွားပြီ။ ဇနီးသည်က ရခိုင်သွေး
တစ်ဝက်ပါတာကိုး။ တကယ်တော့လည်း ငါ့လူမျိုးမှ င့ါလူမျိုးဆိုတာကလည်း သိပ်ကျဉ်းမြောင်းလွန်းပါတယ်။ သို့ပေမယ့်
ကိုယ့်ဇာတိ၊မွေးရပ်မြေကို စောင့်ရှောက်ခြင်းဆိုတာလည်း မင်္ဂလာတစ်ပါးမဟုတ်လား။
Caucasion လို့ခေါ်တဲ့ မျက်နှာဖြူ၊လူဖြူတွေက Myanmar လို့မခေါ်တတ်လို့ Burma လို့ ကိုယ်ကလိုက်ပြောင်းခေါ်
ပေးဖို့လိုပါ့မလား။ နယ်ချဲ့တတ်လို့၊ကမ္ဘာကို ပိုင်စိုးနိုင်ခဲ့ဖူးကြလို့အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးဖြစ်နေတယ်ဆိုပေမယ့်
သူတို့မြို့တွေကို ကိုယ်ကခေါ်ရင် မပီမှာစိုးလို့ နာမည်လိုက်ပြောင်းပေးတာမှ မ၇ှိတာနော်။ Myanmar ကို Myanmar
လို့ ခေါ်ချင်ရင် Myanmar လို့ပဲ ပီသစွာခေါ်နိုင်အောင် ကြိုးစားပါ။
ကပ္ပလီကြီးကပဲခေါ်ခေါ်၊ ခေါ်တောကြီးကပဲခေါ်ခေါ် ၊ပေါက်ဖော်ကြီးကပဲ ခေါ်ခေါ် Myanmar ဟာ Myanmar ပါပဲ။
ပီသစွာခေါ်နိုင်ဖို့ ကြိုးစားကြပေါ့ဗျာ။ မျက်နှာဖြူမို့လို့လည်း အထင်ပိုကြီးစရာမရှိပါ။ စင်္ကာပူဆေးရုံကြီးမှာ ထူးထူးခြားခြား
ကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်။ ဒီမှာက မျက်နှာဖြူတွေ ကိုယ်ကာယကုသကျွမ်းကျင်
(Physiotherapist) လိုဟာမျိုးတွေ ရှိကြတာကိုး။
အဖြူမြင်တိုင်း ဆရာဝန်ဖြစ်လိမ့်မယ် မထင်ပါနဲ့။ ဓာတ်မှန်ရိုက်တဲ့ လူဖြူ၊ သူနာပြု လူဖြူလည်း၇ှိတာပဲ။ တစ်ခါတော့
စင်္ကာပူ လူနာတရုတ်ကြီးတစ်ယောက်က သူ့ကိုမျက်နှာဖြူ Physiotherapist နဲ့ လေ့ကျင့်ခန်းမလုပ်ချင်ဘူးလို့ ကန့်
ကွက်လို့ တရုတ် တစ်ယောက်နဲ့လဲပေးလိုက်ရတာ ကြုံဖူးပါတယ်။ ဒီတော့ရွှေမြန်မာတွေလည်း အနေစုတ်ပေမယ့်
ရွှေထုတ်တဲ့ မြပ၀ါ ဘ၀င်မြင့်မြင့်နေကြရအောင်ဗျာ။ တို့မှာက အတွင်းပစ္စည်းမရှိလို့မဟုတ်ဘူး၊ အမွေက တို့အလှည့်
မရောက်သေးလို့၊ဘာညာနဲ့ မျက်နှာမော်၊့ ရင်ကော့ပြီး ကမ္ဘာ့အလည်မှာ ခပ်ကြွားကြွားလေးနေကြရအောင်။
မဟုတ်ဘူးလား။
(၆/၇/၂၀၁၂)
 ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Friday, July 6, 2012 at 9:22pm ·

No comments:

Post a Comment