Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, October 1, 2013

'' ဥပါသကာ ပျက်စီးကြောင်း နှင့် ကြီးပွါးကြောင်း ''

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEybgEQRH9-dX-pR_4hyVP1BBx6Ls88y0xvt7AaWi2BDlFrS3yvQmuQcMJ-2XPhGePL3NgW8lEAsNViISWRn6Tr4uRqOxwsI8932hxgRv-nLFwcau4UzqnpnVEZjJeeARZaTmLfATUOWk5/s400/Triple+Gem.jpg

 

'' ဥပါသကာ ပျက်စီးကြောင်း နှင့် ကြီးပွါးကြောင်း ''(၁)

  ဒီကနေ့ခေတ် မြန်မာနိုင်ငံက  ဗုဒ္ဓဘာသာဝင် အများစုဟာ
ဘာသာတရားအဆုံးအမ ဘာသာတရားယဉ်ကျေးမှုတွေနဲ့
အတော်ဝေးတာကို  တွေ့ရပါတယ်။ဒီလိုဖြစ်ရတဲ့  အနီးကပ်
ဆုံး အကြောင်းကတော့  '' ဘုန်းတော်ကြီးကျောင်းတွေမှာ
ပညာမသင်ဘူးတာရယ်။လောကီဘက်ဆိုင်ရာ  ဖွံ့ဖြိုးတိုး
တက်မှု  မြင့်မားတာတွေကြောင့်ရယ်'' ဖြစ်ပါတယ်။
လောကီ အတန်းကျောင်းကထွက် ဖတ်ကြတဲ့ စာပေစါအုပ်
တွေကလဲ  အချစ်ရေး  စီးပွါးရေး  လူမှုရေးတွေသာ များကြ
ပြီး ဘာသာရေးစာအုပ်တွေ ဖတ်သူ အလွန်နဲပါတယ်။ဖတ်
ကြပြန်တော့လဲ  စကားလုံးလှလှ  ဝေါဟာရဆန်းန်းတွေနဲ့
ရေးတဲ့ ဘာသာရေးစာအုပ်တွေ ဖြစ်နေကြပြန်တော့ အတွင်း နှလုံးအိမ်ရောက်အောင် ဘာသာရေးအဆုံးအမ
တွေ  ရတနာသုံးပါးဂုဏ်တွေ က  မရောက်နိုင်ကြပြန်ပါဘူး
ဗုဒ္ဓဘာသာမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့  ငါးပါးသီလနဲ့
မင်္ဂလာတရားတွေကိုတောင် မသိကြမှတော့ ဘာသာ
သာသနာအပေါ်  နက်နက်ရှိုင်းရှိုင်း ယုံကြည်ဖို့ဆိုတာ
မဖြစ်နိင်တဲ့ အဆင့်ပါပဲ။
   ဒါကြောင့်မို့  မေတ္တာပို့တဲ့  ရဟန်းသံဃာတွေကို  စစ်တပ်နဲ့ ရဲတွေက ခြေနဲ့ကန် သေနတ်နဲ့  ပစ်သတ်ရဲတာ
တို့  ဆားလင်းကြီး လက်ပတောင်းတောင်မှာ အိပ်မောကျ
နေကြတဲ့ သံဃာတွေကို မီးလောင်စေတဲ့  မီးခိုးဗုံးနဲ့  ရဲတွေ
က ပစ်ခတ်တာတို့။ကျေးရွာများစွာကို  အတင်းပြောင်းရွှေ့
ခိုင်း လယ်မြေယာမြေတွေ သိမ်းတာတို့။ '' ၉၆၉'' နဲ့ '' အ
မျိုးစောင့်ဥပဒေ'' ကိစ္စမှာ  သံဃာတော်တွေကို  ဗုဒ္ဓဘာသာ
ဝင်တွေက အမျိုးမျိုး ဆဲရေးပုတ်ခတ်တာတို့   ဖြစ်ပေါ်လာရ
တာပါပဲ။တကယ်လို့သာ အစိုးရဝန်ကြီးတွေ စစ်ဗိုလ်တွေ ရဲမှူး တွေနိုင်ငံရေးသမားတွေသာ ဘုန်းကြီးကျောင်းသားတွေ ဖြစ်ခဲ့ဘူးရင်  ဒီလို ရိုင်းစိုင်းမှာ
မဟုတ်ကြဘူးဆိုတာ  ပြောရဲပါတယ်။လူသားစား ပေါရိ
သာဒတောင် တရားတပုဒ်နဲ့ လူမသတ်တော့တဲ့ လူယဉ်
ကျေး ဖြစ်သွားသေးတယ် မဟုတ်ပါလား။(ဆက်ပို့မည်)
                                         vanavasi

 

'' ဥပါသကာ ပျက်စီးကြောင်း နှင့် ကြီးပွါးကြောင်း ''()



ဗုဒ္ဓဘာသာဝင် မှန်ရင် သီလ လုံတာ မလုံတာကို ထားဦး
ငါးပါးသီလနဲ့  မင်္ဂလာတရား  ၃၈-ပါးကိုတော့ သိနေဖို့
ကောင်းပါတယ်။ဒီလို သိမှ အကြောင်းအားလျော်စွာ ဘုရား
သွား ကျောင်းတက်များပြီး  တပုဒ်စ နှစ်ပုဒ်စ တရားနာယူ
ရာက ဘာသာတရားပြည့်ဝသူ ဖြစ်လာနိုင်တာမို့ပါပဲ။
အစိုးရက သာသနာတော်  ထွန်းကားပြန့်ပွါးရေးအတွက်
ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ ကျင်းပပေးတာတို့။ဓမ္မဒူတ
ဆရာတော်တို့ရဲ့ ယဉ်ကျေးလိမ်မာသင်တန်းတို့  ယခုအခါ
တော်တော်များများ  ဖွင့်လှစ်သင်ကြားနေကြပြီ ဖြစ်တဲ့ ဓမ္မ
စကူးလ်ကျောင်းသင်တန်းတို့ ဟာ  အနာဂတ်ဘာသာ
ယဉ်ကျေးမှု အတွက် များစွာ အထောက်အကူ ဖြစ်ပါတယ်။
     ဒါကြောင့်မို့ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ရတနာ သုံးပါးကိုးကွယ်ဆည်းကပ်သူ ဗုဒ္ဓဘာသာဝင် ဥပါ
သကာတို့ရဲ့ ပျက်စီးကြောင်း   ကြီးပွါးကြောင်းတရားတို့ကို
သတ္တင်္ဂုတ္တရပါဠိတော်မှ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။
ရဟန်းတို့
(ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ) ဥပါသကာ
ဒါယကာ၏ ပျက်စီးကြောင်းတရား (၇)ပါး ရှိကုန်၏။
   ၁။ရဟန်းသံဃာ ဆည်းကပ်ဖူးမြင်ခြင်းကို ယုတ်စေ၏
   ၂။တရားနာယူမှု မေ့လျော့၏
   ၃။အဓိသီလကို မဖြည့်ကျင့်
   ၄။(သိက္ခာဝါ ၁၀-ကျော်)မထေရ်ကြီးများ။(သိက္ခာဝါ 
      ၅-ဝါကျော်) ရဟန်းလတ်မထေရ်များ။(သိက္ခာဝါ
      ၅-ဝါအောက် )ရဟန်းငယ်များတို့ကို အပြစ်မြင်ပို
      မကြည်ညိုမှု များခြင်း
   ၅။ချုပ်ချယ်လိုစိတ်ဖြင့် အပြစ်အပေါက်ရှာ၍တရားနာခြင်း
   ၆။သါသနာတော်ပြင်ပ၌ မြတ်သေါအလှူခံ ပုဂ္ဂိုလ်ကို
      ရှာမှီးခြင်း
   ၇။ထိုသာသနာပ၌ အလှူဦးကို ပြုလုပ်ခြင်း
ဤ တရား(၇)ပါးသည် ဥပါသကာ ဒါယကာ၏ ပျက်စီး
ကြောင်းတရားများ ဖြစ်ကုန်၏-ဟု ဟောကြားတော်
မူပါသည်။(ဆက်ပို့မည်)
                                  vanavasi




'' ဥပါသကာ ပျက်စီးကြောင်း နှင့် ကြီးပွါးကြောင်း ''()


   မြတ်စွာဘုရားတရားတော်တွေဟာ အလွန်သိမ်မွေ့နက်နဲ
ပါတယ်။လေးသင်္ချေနှင့်  ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ
တရားတွေကို အားထုတ် ဖြည့်ကျင့်ပြီးမှ ရရှိလာတဲ့ သဗ္ဗညု
တ ဉာဏ်တော်နဲ့ ဟောကြားထားတာမို့ အလွန် အဆင့်မြင့်
ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်း သိရှိနားလယ်ဖို့ မလွယ်ပါဘူး။
သိပြန်တော့လဲ လိုက်နာကျင့်ကြံနိုင်ဖို့  အလွန်ခဲယဉ်းပါ
တယ်။ရတနာမြတ်သုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရား အါး
ကောင်းမှသာ  ဖြစ်နိုင်တာပါ။ဒါကြောင့်မို့  ဥပါသကာ(ဒါယ
ကာ)ရဲ့ ကြီးပွါးကြောင်းတရားကို ဆက်လက် တင်ပြလိုက်
ပါတယ်။    
ရဟန်းတို့-
(ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ) ဥပါသကာ၏
ကြီးပွါးကြောင်းတရား (၇)ပါးရှိကုန်၏။
၁။ရဟန်းသံဃာ ဖူးမြင်ခြင်းကို ယုတ်လျှော့ခြင်းမရှိ
၂။တရားနာယူခြင်းကို မေ့လျော့ခြင်းမရှိ
၃။အဓိသီလကို ကျင့်ကြံ အားထုတ်၏
၎။ထေရ်ကြီး  ထေရ်လတ်  ထေရ်ငယ် ရဟန်းတော်တို့ကို
   များစွာကြည်ညို၏
၅။ချုပ်ချယ်ကဲ့ရဲ့ လိုစိတ်  အပေါက်ရှာပြစ်တင်လိုစိတ်ဖြင့်
   တရားမနာ
၆။သာသနာတော်၏ ပြင်ပ၌ မြတ်သောအလှူခံ ပုဂ္ဂိုလ်ကို
   ရှာဖွေခြင်းမပြု
၇။ဤသာသနာတော်၌သာ အလှူဦးကို လှူဒါန်း၏
ဤတရား(၇)ပါးသည် သာသနာတော်ကို  ကိုးကွယ်ဆည်း
ကပ်သူ  ဥပါသကာ(ဒါယကာ)၏  ကြီးပွါးကြောင်းတည်း
ဟူ၍ မြတ်စွာဘုရားဟောကြားတော်မူတဲ့  အတိုင်း မြန်မာ
နိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက်  မေတ္တာ စေတနာဖြင့်  
တင်ပြလိုက်ပါ၏။
                               vanavasi
                            1 '  10  '  2013  

No comments:

Post a Comment