'' မပြစ်မှားထို က်သူကို ပြစ်မှားအြ ပစ် ၁၀-ပါး
''(1)
ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်မြတ်သည် နှစ်ပေါင်း ၂၅၀၀ ကျော်လာသည်တိုင်အောင် မြန်မာနိုင်ငံ
အတွင်း၌ ထွန်းတောက်ပြန့်နေတုံး ဖြစ်ပါ၏။ဝိနည်း သုတ္တန်
အဘိဓမ္မာ သုံးဌာနလုံး၌ ကျွမ်းကျင်တတ်မြောက်တော်မူကြ
သော စာချဆရာတော် ကျမ်းပြုအကျော်တွေ ရှိသလို သမထ ဝိပဿနာ ကျင့်ကြံနည်း၌ ပါရဂူမြောက် ပေါက်
ရောက်တော်မူကြသော ဆရာတော်တွေလည်း အများ
အပြားပင် ရှိပါသည်။ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ် မှန်မှန်
သည် မြန်မာတစ်နိုင်ငံ၌သာ ရှိတော့သည် ဟု ဆိုနိင်ပါ၏။
သို့ရာတွင် စစ်အုပ်ချုပ်ရေးကာလ၌ သံဃာတော်များကို
၂ စု ၂ ပက္ခ ဖြစ်အောင် ဖန်တီးသည့်သဘွယ် မိမိတို့
အလိုသို့ လိုက်သည့် သံဃာတော်များကို လိုလေသေးမရှိ
ချီးမြှောက်ပြီး။ အလိုမလိုက် အကြိုက်မတူ ပြည်သူအတွက်
ဆောင်ရွက်ကြသော သံဃာတော်တို့ကိုမူ ပုဒ်မ အမျိုးမျိုးဖြင့်
ဖမ်းဆီး ထောင်ချကာ အပြစ်ဒဏ်များပေးလေသည်။သီလရှိ
မရှိ စာတတ် မတတ် အလေးမထားပဲ ရဟန်းတုတွေဟု
စွပ်စွဲ၍ ရိုက်နှက် ကန်ကျောက် သေနပ်နှင့်ပစ်ခတ် သတ်ဖြတ်ခြင်းကိုပင် အခြားမြင်သူများ လန့်ထိတ်သွား
အောင် ဖိနှိပ်ပြခဲ့ကြပါ၏။
ပြည်သူပြည်သား အများစုကိုလည်း ဤသို့ပင် ဖိနှိပ် ညှင်း
ပန်း ဖမ်းဆီး ထောင်ချ သတ်ဖြတ်ပြုခဲ့ပါသည်။အုပ်ချုပ်သူ
စစ်အစိုးရတို့ သည် မြို့သိမ်းစစ်တပ်ကဲ့သို့ ပြည်သူဘဏ္ဍာ
နိုင်ငံဘဏ္ဍာတို့ကို တံခါးမရှိ ဒါးမရှိ ဆိုသကဲ့သို့ ရနိုင်သမျှ
သိမ်းယူခဲကြရုံမက။တရုတ် ကုလားတွေကိုပင် ငွေယူ၍ ပြည်တွင်းသို့ ခေါ်သွင်းခဲ့ကြပါ၏။ပြည်သူတို့သည် စားဝတ်
နေရေးအတွက် အူမ မတောင့်သဖြင့် သီလ မစောင့်နိင်ဖြစ်
ကြပြီး စာရိတ္တပိုင်း၌ သံသရာပြစ်ဆိုတာ ချိုနဲ့လား မေးရ
မလောက်ပျက်စီးကြသည်က အလွနင်္်များပြားခဲ့ပါ၏။
(ဆက်လက်ပို့ပါမည်)
'' မပြစ်မှားထို က်သူကို ပြစ်မှားအြ ပစ် ၁၀-ပါး
''(2)
ပြည်သူအများစုသည် '' ကိုယ်ကောင်း ခေါင်းဘယ်
မရွေ့'' စကားပုံအတိုင်း နေလို့ မရအောင် အဖြစ်ဆ်းိုနှင့်
တွေ့ကြရသည်။ကျေးရွာရုံးကစလို့ နိုင်ငံတော်ရုံးတွေအထိ
ငွေကို လမ်းခင်းမသွားလျှင် ဘယ်ကိစ္စမှမပြီး ဘယ်အရာမှ
မအောင်မြင် ။ဥပဒေဆိုတာကလည်း ငွေနှင့် အာဏာ
အေါက် ရောက်ရှိနေရာ''ရေနစ်ရာ၌ ဆွဲကိုင်စရာ မြက်ပင်
လေးပင် မရှိ'' ဖြစ်ခဲ့ကြရသည်။ထိုအခါ ကိုကျင့်သီလတို့
စာရိတ္တတို့ကို ချောင်းထဲ မြောင်းထဲ ပစ်ချကြပြီး စားဝတ်
နေရေး ကြီးပွါးရေးတွေ အဆင်ပြေအောင် ကြိုးစားကြရ
ပါ၏။ယခုလို ပြည်တွင်းမှာ ရေစီးကြောင်းအတိုင်း မလိုက်
နိုင်သူတို့က တိုင်းတပါးသို့ ထွက်ပြေးကြပြီး ဝမ်းရေး စီးပွါး
ရေးအတွက် အနှိမ်ခံ အနှိပ်စက်ခံ ကျွန်ပုံစံဖြင့် သူတို့
နိုင်ငံတွေ၏ တိုးတက်ရေးကို တည်ဆောက်ပေးကြရသည်
ထိုနိုင်ငံတို့သည် မြန်မာတို့ထံမှ ဈေးပေါပေါဖြင့် ရသော
လုပ်အားဖြင့် အလျှင်အမြန်ပင် တိုးတက်ခဲ့ကြသည်။
ပြည်တွင်းမှာတော့ စစ်ခေါင်းဆောင်တွေနဲ့ မိသားစုတွေ
ူသူတို့နှင့် အဆင်ပြေသူတွေသာ သူဋ္ဌေးဖြစ်သွားကြသည်။
ရတနာသုံးပါးနှင့်ဆိုင်သော မဆိုင်သော။သာသနာနှင့် ဆိုင်
သော မဆိုင်သော ရွေးချယ်မနေကြပဲ။မတရားနည်းဖြင့် ဘဝ ရပ်တည်ရေး ဆောင်ရွက်ကြသောအခါ။ဝိသမလေါဘ
ပဒုဋ္ဌစေတနာတွေသာ လူတိုင်းလိုလိုမှာ ဖြစ်နေကြသည်ဟု
ဆိုနိုင်သည်။ခေါင်ကစ၍ မိုးယိုခဲ့သည်ဖြစ်ရာ ချမ်းသာနေကြ
သေါ အုပ်ချုပ်သူတို့မှာလည်း ပစ္စည်းပေါများသည်က လွဲ၍
ချမ်းချမ်းသာသာမနေရ မစားရ မအိပ်ရနှင့် ပြည်ပမှ တရုတ်
တို့ထံ သယံဇာတတွေ အပ်နှံကာ မိမိတို့ ဘဝရှင်သန်ရေး
ကို ကျားကန်ကါ ပြည်သူမိဘနဖူး၌ သိုက်တူးကြတေါ့
သည် မပြစ်မှားထိုက်သော ပြည်သူနှင့် သာသနာကိုပြစ်မှါး
ကြလေတော့သည်။(ဆက်ပို့ပါမည်)
Vanavasi
'' မပြစ်မှားထို က်သူကို ပြစ်မှားအြ ပစ် ၁၀-ပါး
''(3)
ကုသိုလ်တရား အကုသိုလ်တရား နှစ်ပါးမှာ ကုသိုလ်
တရားက အပြစ်ကင်းပြီး ကောင်းမြတ်တဲ့ အကျိုးကို ပေး
တယ်။အကုသိုလ်တရားက အပြစ်ရှိပြီး ဆင်းရဲတဲ့ အကျိုး
ကို ပေးတယ် ဆိုဒါ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိကြတာပါ
ဒီခေတ်မှာတော့ တိုင်ပင်ပြီးလုပ်တာမဟုတ်ပေမဲ့ (ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ်)အစု
အဖွဲ့နဲ့ ပြုလုပ်ကြတာများပါတယ်။ဒါကြောင့် မို့ ဖြစ်လါရင်
မိုးပြို အများ ပါပဲ။
ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံတွေ့ ခံစားနေကြရတာဟာ ပုံစံတူပါတယ်။အများစုကြီးပါ။တော
မကယ်နိုင်ဆိုတဲ့ ပုံစံမျိုးနဲ့ ခံ့နေကြရတာပါ။တိုင်းပြည်လဲ
ဆင်းရဲ။လူအများစုလဲ ဆင်းရဲ။တိုင်းပြည်ရဲ့ အဖိုးတန်ရတနာ
တွေဆိုလဲ ပြည်တွင်း ပြည်ပ တကိုယ်ကောင်းသမားတွေ
ယုတ်မာကောက်ကျစ်သူတွေရဲ့ လက်ထဲမှာ အများအါးဖြင့်
ရောက်နေပါတယ်။ဒါတွေဟာ မပြစ်မှားထိုက်တဲ့ ရတနာသုံး
ပါး။သူတော်ကောင်းများကို ပြစ်မှားကြတဲ့ အကျိုးဆက်တွေ
လို့ မိမိကတော့ ယူဆပါတယ်။အပြန်အလှန် ပြစ်မှားကြဒါ
တွေရဲ့ အကျိုးဆက်တွေလို့ ထင်ပါတယ်။မပြစ်မှားထိုက်သူ
တွေကို ပြစ်မှားရာမှာ အပြစ်ဒဏ် ၁၀-မျိုး ခံကြရနိုင်တယ်
လို မြတ်စွာဘုရားက-
" ယော အပဒုဋ္ဌဿ နရဿ ဒုဿတိ " စသည်ဖြင့်
ဟောကြားထားတော်မူပါတယ်။(ဆက်လက်
Vanavasi
'' မပြစ်မှားထို က်သူကို ပြစ်မှားအြ ပစ် ၁၀-ပါး ''(4)
မပြစ်မှားထိုက်သူကို ပြစ်မှားသူဟာ လေညာကို မြူမှုံပစ်ကျဲသူလို (မြူမှုံတွေဟာ ပစ်ကျဲသူထံ ပြန်လာသလို)
ပြစ်မှားသူထံ အပြစ်တွေပြန်လာတယ်လို့ ဥပမာပေးပြီး
ဟောကြားထားပါတယ်။ပြစ်မှားတယ် ဆိုတဲ့နေရာမှာ ကိုယ်
နဲ့ နှုတ်နဲ့ စိတ်နဲ့တင်မက ရတနာသုံးပါးနဲ့ သက်ဆိုင်တဲ့
ဗုဒ္ဓသန္တက(ဘုရားပစ္စည်း) ဓမ္မသန္တက(တရားပစ္စည်း)သံဃ
သန္တက(သံဃာပစ္စည်း)တွေကို မိမိကိုယ်ကျိုး မိမိ မ်သားစု
ကိုယ်ကျိုးအသုံးပြုကြတာဟာလဲ ပြစ်မှားတာပါပဲ။မပြောပဲ
နေကြလို့သာ ဒီအလွဲသုံးစားမှုဟာ လူတွေရဲ့ ပတ်ဝန်း
ကျင်မှာ အသံတိတ်နေတာပါ။သာဓကပြမယ်ဆိုရင် တန်ခိုး
ကြီး စေတီတော်တွေပါ။ဗုဒ္ဓဘာသာဝင်တွေဟာ ပင်ကိုယ်
သဘာဝကပဲ အလှူဒါနပြုရာမှာ အလွန်အားကောင်းလေ့
ရှိတဲ့အတိုင်း ရက်ရက်ရောရော လှူကြဒါပါ။တန်ခိုးကြီးစေတီ
တစ်ဆူရဲ့ နေ့စဉ် အလှူငွေ ရ ရှိမှု ကျပ်သိန်း ထောင်ဂဏန်
ရှိနိုင်ပါတယ်။
စေတီတွင်မကပါဘူး။ကျောင်းတိုက်
တွေ နာမည်ကြီးဆရာတော်တွေကို ဗန်းပြပြီး ဖွဲ့ထားကြတဲ့
ဘာသာရေးအဖွဲ့ လူမှုရေးအဖွဲ့တွေ ။ဒါတွေမှာ သံဃာတွေ
က အမည်ခံ ဟန်သာရှိပြီး လူတွေက ချယ်လှယ်သုံးစွဲနေ
ကြတာပါ။ဒီ စေတီဂေါပကတွေ ကျောင်းဂေါပကတွေ ဘါသါရေးအဖွဲ့တွေသာ သာသနာပြုစိတ် ဘာသာရေးလူ
မှုဝန်ထမ်းစိတ်တွေသာ ရှိကြမယ်ဆိုရင်။ဗဒ္ဓဘာသာဝင် လူ
ငယ်ထုအတွင်းမှာ ကျောင်းမနေနိုင်သူ လေလွင့်နေသူ
ဘာသာရေး ယဉ်ကျေးခြင်းနဲ့ ဝေးနေသူတွေကို တွေ့ရမှာ
မဟုတ်ပါဘူး။တကယ်လို့ တွေ့ရတယ်ဆိုဦး အနည်း
အကျဉ်းသာ တွေ့ရမှာပါ။သူ့အဖွဲ့ သူ့ဝန်းကျင် သူ့ဒေသမှာ
သူ့အါး သူ့အင်တွေနဲ့မို့ ဒီလိုပဲ သာသနာတည်သရွေ့ ဆက်သွားနေမဲ့ပုံပါပဲ။ဒီလို ကိုယ်ကျိုး မိသားစုကျိုး သုံးခြင်း
ဟာလဲ ရတနာသုံးပါးကို ပြစ်မှားတာပါပဲ။(ဆက်လက်ပို့ပါမည်)
Vanavasi
'' မပြစ်မှားထို က်သူကို
ပြစ်မှားအြ ပစ် ၁၀-ပါး ''(5)
ရတနာမြတ်သုံးပါး အပါအဝင် လေးစားပူဇော်ထိုက်သူ
ကို (ကိုယ် နှုတ် စိတ်ကြံ မကောင်းကံနဲ့) ပြစ်မှားသူဟာ
မပြစ်မှားထိုက်သူကို ပြစ်မှားသူဖြစ်ပါတယ်။အဲဒီသူဟာ ဒဏ် ဆယ်ပါးမှာ တပါးပါးနဲ့ ကြုံတွေ့ရတတ် တယ်လို့ မြတ်
စွာဘုရားက ဟောထားတော်မူပါတယ်။
၁။ကြမ်းထန်းခက်ထန်လှတဲ့ ဝေဒနာဆိုးတွေနဲ့ ကြုံရမယ်
၂။ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးရမယ်
၃။ကိုယ်လက်အင်္ဂါ ပြတ်တေါက်ယိုယွင်း ပျက်စီးရမယ်
၎။ မျက်စိကွယ် လေဖြတ် ဆွံ့အ စတဲ့ကြီးလေးတဲ့ရောဂါ
တွေ ရမယ်
၅။နဂိုစိတ်ပျောက် ဖေါက်ပြားချွတ်ယွင်း ရူးသွပ်မယ်
၆။မင်းပြစ်မင်းဒဏ်(ရာထူးပြုတ် နှင်ထုတ်)ခံရမယ်
၇။မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရမယ်
၈။ကိုးစားအါးထါးလေါက်သူ ဆွေမျိုးတွေ ပျက်စီး
ဆုံးရှုံးမယ်
၉။ရွှေငွေရတနာ လယ်ယာစပါး ကျွဲနွားဆင်မြင်းစတဲ့
ပစ္စည်း ဥစ္စာတွေ ပျက်စီး ဆုံးရှုံးမယ်။
၁၀။အိုးအိမ်တိုက်တာ ရိုးရိုးမီး လေါင်မီးကျ မီးလောင်ပျက်
စီးရမယ်-လို့ ဟောတော်မူထားပါတယ်။
သုံးပုံလှေခါးဆရာတော်ကလဲ ကဗျာလေးနဲ့ သတိပေး
ဆုံးမထားပါတယ်။ဖတ်ရှုကြည့်ကြပါ။
'' မပြစ်မှားအပ် ပြစ်မှားတတ်စွာ အပြစ်မှာကား-
ကျင်နာပြင်းပြ ဒုက္ခဝေဒနာ အင်္ဂါဆုံးပါး ကြီးမားအနာ
လေးလံစွာနှင့် စိတ်မှာမတည် ရူးသည်တချက်
စက်ဆုပ်ရွံရှာ စွပ်စွဲလှာသား ဆွေညာပျက်စီး ပြုံးတီး
ဥစ္စာ မင်းဘေးလာ၍ အိမ်ရာမီးလောင် ထို့နောင်ငရဲ
ဖေါက်လဲကာလ ကျလေရသည် တွေ့ရမမှား ပြစ်ဆယ်ပါး။''
Vanavasi
လိပ်စာ=
အရှင်တိက္ခာနန္ဒ ။ ကန်တောရကျောင်းတိုက်
ကန်ရွာ။ ဂန့်ဂေါမြို့နယ်။ မကွေးတိုင်းဒေသကြီး
No comments:
Post a Comment