ဝီရသူ(မစိုးရိမ်)
ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Tuesday, June 12, 2012
သွေးမအေးကြနဲ့  “ရိုဟင်ဂျာအရေးမှာ သွေးအေးနှေးကွေး နေသူများအတွက်”
ဝီရသူ(မစိုးရိမ်)
Wednesday, February 8, 2012
ဒုတိယ....ဖခင်
(၁၉၁၅ ခုနှစ် - ဖေဖော်ဝါရီ ၁၃ ရက်)
ငါဒို့ အားလုံးရဲ့ ပျော်ရွှင်မှုနဲ့
ငါဒို့ အားလုံးရဲ့ လွတ်လပ်မှု
ငါတို့ အားလုံးရဲ့ အပြုံးမျက်နှာတွေ ဖန်တီးပေးဖို့
ကြယ်ပွင့် တစ်ပွင့် ဖြစ်ပေါ်လာခဲ့တယ်………
ကြယ်တစ်ပွင့် ရဲ့ သွေး
ကြယ်တစ်ပွင့် ရဲ့ ချွေး
ကြယ်တစ်ပွင့် ရဲ့ အင်အားတွေနဲ့
ပြောပြလို့မကုန်နိုင်တဲ့ ကြိုးစားမှုတွေ………
ငါဒို့ရဲ့ နိုင်ငံကို အလင်းရောင်တွေနဲ့ တောက်ပ
ကြည်နူးမှုတွေနဲ့ ပြည့်ဝဖို့
ကြယ်တစ်ပွင့်ထက်ပိုလွန်းတဲ့ထွန်းလင်းမှုတွေ
ကိုယ်တိုင် ကိုယ်ပိုင် အရောင်ပျောက်စေတဲ့အထိ……….
(၁၉၄၈ ခုနှစ် - ဇန်န၀ါရီ ၄ ရက်)
ငါဒို့ မြန်မာနိုင်ငံသား အားလုံးလိုလားတောင်းတ
မြန်မာပြည်သူ ပြည်သားတိုင်း မရရှိလိုက်မှာ ကြောင့်ကြနေတဲ့
ငါဒို့အားလုံးရဲ့ “လွတ်လပ်ရေး “
ကြယ်တစ်ပွင့် ရဲ့ ကြိုးစားမှု
ကြယ်တစ်ပွင့် ရဲ့ နိုးကြားမှု
ကြယ်တစ်ပွင့် ရဲ့ သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့
ငါဒို့အားလုံးအတွက် “လွတ်လပ်ရေး “……..
ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝ
ကြယ်တစ်ပွင့် ကို အစဉ်ဦးချ
ဒို့နိုင်ငံသားတွေ ရင်ကော့ခေါင်းမော့နေနိုင်ပြီပေါ့……..
(၁၉၄၇ ခုနှစ် - ဇူလိုင်လ ၁၉ ရက်)
လောကကြီးတစ်ခုလုံး မဲမှောင်သွား
ငါဒို့ရဲ့ အနာဂတ်တွေလည်းေ၀၀ါး
ငါ့နားထဲကြားနေတာတွေပဲ မှားနေတာလားပေါ့
ငါဒို့အားလုံးအတွက် လင်းလက်ပေးခဲ့တဲ့ ကြယ်တစ်ပွင့်
ငါဒို့ ရဲ့ လမ်းပျောက်မှုကို လမ်းပြပေးခဲ့တဲ့ ကြယ်တစ်ပွင့်
ငါဒို့အားလုံးအတွက် အတွေးသစ်တွေကိုရဖို့
ကြယ်တစ်ပွင့် ရဲ့ သွေးအစစ်တွေနဲ့ ရင်းနှီးခဲ့ရပြီ
ငါဒို့ရဲ့ ကြယ်တစ်ပွင့် မြေခကြွေကျခဲ့ပြီပေါ့………..
ကြယ်တစ်ပွင့် ကြွေခဲ့ရပေမယ့်…………
သူထွန်းတောက်ပေးခဲ့တဲ့ အလင်းရောင်နဲ့
ငါဒို့
နိုင်ငံကြီး ထွန်းလင်းနေဆဲပါ
ကြယ်တစ်ပွင့်ရဲ့ သွေးနဲ့ ရင်းခဲ့တဲ့
ငါဒို့တွေရဲ့ လွတ်လပ်ရေးအတွက်
အစဉ်အမြဲ လေးစားနေလျက်ပါ
အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ကြယ်တစ်ပွင့်
(သို့မဟုတ်)
အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ဒုတိယဖခင်
(သို့မဟုတ်)
အကြွေစောခဲ့ရတဲ့ ငါဒို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း
အမြဲတမ်း သတိရမပေးနိုင်ရင်တောင်
ဖေဖော်ဝါရီ ၁၃ ကိုတော့ မမေ့သင့်ဘူးထင်ပါတယ်………..

Wednesday, February 1, 2012
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ

*ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။*
*ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။*
*တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျွန်မ သေဆုံးပါလိမ့်မယ်။
ကျွန်မ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*
*ကျွန်မ ကိုယ် ကျွန်မ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။*
*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျွန်မ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။*
*ကျွန်မ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျွန်မ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျွန်မ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*
*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*
*ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*
*နောင်လာနောက်သားများအတွက်
ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျွန်မ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျွန်မ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။*
*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျွန်မ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*
ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*
*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။*
*ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*
*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျွန်မအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*
*ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။*
*ပြည်တွင်းပြည်ပ..
ကျွန်မကို ချစ်ခင်ကြသော
ကျွန်မကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။*
*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျွန်မ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*
*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။*
*ဖေဖေ့မျက်နှာနဲ့ 
ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*
*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။*
*ကျွန်မ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျွန်မ လက်ထက်မှာ မရသေးခင်
ကျွန်မ သေလွန်ခဲ့ပါလျှင်
ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။*
*မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)*

Monday, January 9, 2012
ဓမ္မဗွီဒီယိုများ
ဓမ္မဗွီဒီယိုများ
|
ဓမ္မဗွီဒီယိုများအပိုင်းတွင် ဆရာတော်များ၏တရားတော်များ၊ ထေရုပတ္တိများ၊ ရှားပါးသော ရုပ်သံဖိုင်များကို စုဆောင်းတင်ဆက်ထားပါသည်။ တရားများကိုမျှဝေလိုပါလျှင် အီးမေးပေးပို့ပြီးဆက်သွယ်နိုင်ပါသည်။ | |
ကမ္ဘာမြေအတွက် ငါ... ဘာလုပ်ပေးနိုင်မလဲ











မိဘကျေးဇူးမေတ္တာဘွဲ့ တရားတော်များ
အထင်ကရဆရာတော်များ ဟောကြားထားသော မိဘမေတ္တာဘွဲ့တရားတော်များကို စုစည်းကာတင်ဆက်ထားပါသည်။ မိဘကျေးဇူးကို မြတ်စွာဘုရားရှင်၏ ဓမ္မတရားတော် များဖြင့် အကျေဆပ်နိုင်ကြပါစေ။
မိဘတိုထုံး သားသမ္မီ မုန်းရိုးထုံးစံမရှိပါဘူး။ မိဘတို့အပေါ် အစစအရာရာသည်းခံကြပါ။
စေတနာနှင့်ဆုံးမစကားကို နားမဝင်မဖြစ်ကြသင့်ပါ။တရားတော်တွေ နာကြည့်ပါ ကိုယ်မသိ့သေးတာတွေ အများကြီ
ရှိသေးတာ သိ့ပါလိမ်မည်။ တပ်နိုင်သမျှ ဒေါင်းယူ၍ နာကြည့်စေလိုပါသည်။
၁။ မိဘများကသားသမီးအပေါ်မျှော်လင့်ချက် - သီတဂူဆရာတော် Download
၂။ မိဘကျေဇူးဆပ်နန္ဒိယမျောက်မင်းဇာတ်တော် - အရှင်ကုသလ Download
၃။ ကိသာဂေါတမီ(၁) - မြစင်္ကြာဆရာတော် Download
၎။ ကိသာဂေါတမီ(၂) - မြစင်္ကြာဆရာတော် Download
၅။ မိဘကျေးဇူးအသက်ပေး၍ဆပ်သူ - ဖြူးဆရာတော် Download
၆။ မိဘကျေးဇူးဆပ်ပြီးပြီလား - တွံတေးဆရာတော် Download
၇။ သပ္ပူရိသသုတ္တန်(၁) - မြစင်္ကြာဆရာတော် Download
၈။ သပ္ပူရိသသုတ္တန်(၂) - မြစင်္ကြာဆရာတော်Download
၉။ အမေ့ကျေးဇူးမကြေငါမသေ(၁) - ဖြူးဆရာတော် Download
၁၀။ အမေ့ကျေးဇူးမကြေငါမသေ(၂) - ဖြူးဆရာတော် Download
၁၁။ မိဘကျေးဇူးတရားတော် - တောင်တန်းသာသနာပြုဦးဥတ္တမသာရ Download
၁၂။ မိဘထံမှအကြွေး အရင်ပေးဖို့ကြိုးစားပါ - ပဲခူးဆရာတော် Download
၁၃။ သီတာရေလားဆန်ရေလား - ပဲခူးဆရာတော် Download
၁၄။ အမေများအတွက်တရားတစ်ပုဒ် - မေတ္တာအေးဆရာတော် Download
၁၅။ မိဘမေတ္တာသားလိမ္မာ - မေတ္တာအေးဆရာတော် Download
၁၆။ မိဘပြတ်မှားအပ္ပါယ်သွား - ဦဇ၀န(မိုးကုတ်) Download
၁၇။ မိဘကျေးဇူးအထူးသိတတ်သားကောင်းသမီးမြတ်- ဦးဇ၀န(မိုးကုတ်) Download
၁၈။ ကျေးဇူးဆပ်ကျမိနှင့်ဖ - ဦးဇ၀န(မိုးကုတ်) Download
၁၉။ အမေ့အပြုံး - အရှင်ဆေကိန္ဒ Download
၂၀။ မိဘပြစ်မှားငရဲလား - အရှင်အာစရာလင်္ကာရ Download
၂၁။ အမေ့မေတ္တာသားလိမ္မာ- အရှင်အာစရာလင်္ကာရ Download
၂၂။ မိဘကျေးဇူးဆပ်ကျစို့(၁) - အရှင်အာစရာလင်္ကာရ Download
၂၃။ မိဘကျေးဇူးဆပ်ကျစို့(၂) - အရှင်အာစရာလင်္ကာရ Download
၂၄။ နှလုံးသားဝယ်ဘုရားတည်(၁) - အရှင်အာစရာလင်္ကာရ Download
၂၅။ နှလုံးသားဝယ်ဘုရားတည်(၂) - အရှင်အာစရာလင်္ကာရ Download
၂၆။ အသက်ပေးပြီးချစ်တဲ့မေမေ(၁) - အရှင်အာစရာလင်္ကာရ Download
၂၇။ အသက်ပေးပြီးချစ်တဲ့မေမေ(၂) - အရှင်အာစရာလင်္ကာရ Download
၂၈။ အသက်ပေးပြီးချစ်တဲ့မေမေ(၃) - အရှင်အာစရာလင်္ကာရ Download
၂၉။ အသက်ပေးပြီးချစ်တဲ့မေမေ(၄) - အရှင်အာစရာလင်္ကာရ Download
၃၀။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၁) - အရှင်အာစရာလင်္ကာရ Download
၃၁။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၂) - အရှင်အာစရာလင်္ကာရ Download
၃၂။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၃) - အရှင်အာစရာလင်္ကာရ Download
http://www.dhammaransi.com/index.php?option=com_content&view=ar...
မိဘဆိုတာဘုရားနှင့် တစ်ဂိုင်းထဲထားကာ ပူဇော်ကိုးကွယ်ခံထိုက်သူတွေပါ။
ကျေးဇူးကြီးလှ မိ နှင့် ဖ ကိုပြုစုယုရလုပ်ကျွေးသမှူ ပြုသူဟာ ဘယ်တော့မှ မဆင်းရဲးပါဘူး။
ရင်ထဲကတကယ်နှစ်နှစ်ကာကာ ချစ်ပြီး ချမ်းသာစေလိုသော စေတနာ အပြည့်သာထားကာ
ပြုစုယုရလုပ်ကျွေး သူတိုင်အပေါ်သို့ ကောင်းကျိုးချမ်းသာများသည် မခေါ်ပဲး ရောက်ရှိလာ
မှာ ဧကန်မုချပေတည်း။ မိဘကိုချစ်တတ် သားကောင်းသမီးမြတ်များဖြစ်ကာ မိဘကျေးဇူး
ဆပ်နိုင်သူများ ဖြစ်ကြပါစေ...။
လွတ်လပ်ရေးကြေညာစာတမ်း
.
လွတ်လပ်ရေးကြေညာစာတမ်း
................
......
ပထမဆုံး လွတ်လပ်ရေးအလံတော်လွှင့်ထူခြင်းအခမ်းအနား
.....
......................
ပထမဆုံး နိုင်ငံတော် တံဆိပ်တုံး
-------------------------------------
ပထမဆုံး လွတ်လပ်ရေး ကြေငြာစာတမ်း
အောင်စေသတည်း
.....
....................
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ - ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။
၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာပေါင်းတို့နှင့် ပြည့်စုံသဖြင့်သတ္တ၀ါ
အပေါင်းတို့ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝ ပြည့်စုံသောမြေလည်းဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာစသည့်ဖြင့်တသွေးတသား တမိဘွား ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာသင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီညွတ်တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ်တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာတန်ဆာ ကာလအသင်္ချေတည်နေအပ်သော နေမင်းသူရိယ လစန္ဒာတို့ပင် ဆီနှင့်မြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏ လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒနှင့် မရှောင်မကွင်းသာ ကြုံကြိုက် ဆုံတွေ့မိ၍ ပထမအင်္ဂလိပ် မြန်မာစစ်၌ ရခိုင်၊ တနသာင်္ရီ၊ ဒုတိယ အင်္ဂလိပ်မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ်မြန်မာစစ်၌မန္တလေးရတနာပုံသုံးကြိမ် သုံးတန်ချအပ်ရခြင်းဖြင့် ဤမြေထူးပေမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝကျရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယ လစန္ဒာတို့ကို ဆီနှင်းမြူတိမ်တို့သည် မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေလတို့၏အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်လေးမှာပင် အလိုအလျှောက် ကွယ်ပျောက်သွားသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။
၃။ ယခုငါတို့ရရှိသော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်၊ ငါတို့အားလွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်းပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူးခေါင်းဆောင်ကြီးတို့၏ အဆုတ်မနစ်သော လုံ့လ မလျော့သော ၀ီရိယဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ ၀ဇီရ စိန်သွားကဲ့သို့ စူးရှသော သတ္တတို့ကြောင့် အဟံမမ သံပကြိုးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျော့မလို ထိုထိုသို့သော တန်းခိုးရှိန်ဝါတေဇောအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအမြတ် ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။
၎။ ငါတို့သည်တမျိုးဘာသာတစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသားရင်းသား သူကားငါကားခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာဓမ္မတာသဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေနေထိုင် မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။
၅။ ငါတို့နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလ၌ ၄င်း၊ ယခုမျက်မှောက်က၄င်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌၄င်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုး ခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်းဥပဒေသေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာ လျှင်အဓိကဖြစ်ငော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။
၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့်ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သာ နိုင်အပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကိုစောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်၊ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့်လိုလားသူများနှင့် အတူ လက်တွဲ၍ ကမ္ဘာငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။
ဤငါတို့ကျေညာချက်ကို တကမ္ဘာလုံးတယောက်မကျန်ကြားသိစေသတည်း။






