Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, April 5, 2013

“ငါသည်သာလျှင် ငါ့ဘဝ၏ ပဲ့ကိုင်ရှင်”(သို့) ဆရာတော်ဦးဝီရသူ၏ ခံယူချက်


    


++++++++++++++++++++++++++++++++++

ဦးပဉ္စင်း ဝီရသူသည် ၁၉၉၉-(၁၃၆၁)-ခုနှစ်တွင်ထေရဝါဒတိုက်ပွဲ (ထေရဝါဒ ဒို့တိုင်းပြည်) စာအုပ်ကို ရေးခဲ့ပါသည်။ ကမ္ဘာအေး သာသနာရေးဌာနမှခွင့်ပြုမိန့်ကို ချမပေးခဲ့ပါ။ သို့သော် ခွင့်ပြုချက်မရဘဲ ထုတ်ဝေ ခဲ့ပါသည်။ ထိုစာအုပ်ရေးဖို့တစ်စုံတရာ၏ တွန်းအားမပါသလို၊ ထိုစာအုပ်မထုတ်ဝေဖို့ တားမြစ်မှုများကိုလည်းမလိုက်...နာခဲ့ပါ။

ဤသို့ဖြင့် ၂၀၀၀-ခုနှစ်တွင် ဦးဝိစိတ္တဟူသောရဟန်းဘွဲ့အမည်မှ ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည် ထင်ရှားလာခဲ့ခြင်း ဖြစ်ပါသည်။

၂၀၀၀-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ရေးသားပြီး၊ ၂၀၀၁-ခုနှစ်တွင် စာမူတင်ပါသည်။တစ်နှစ် ကျော်ကြာ သည်အထိ စာမူချမပေးသည့်အခါ ၂၀၀၂-ခုနှစ်တွင် “ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ကို ခွင့်ပြုချက်မပါဘဲ ထပ်မံထုတ်ဝေ လိုက်ပြန်ပါသည်။

ဤသို့ဖြင့် ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်ပိုမို ထင်ရှားလာခဲ့ပါသည်။

နှစ်အုပ်စလုံး တန့်ကြည့်တောင်ဝိပဿနာ အမှားတော်ပုံအကြောင်းသာ ဖြစ်ပါသည်။

၂၀၀၁-ခုနှစ်တွင် အမျိုးသားရေးတရားတော်များစတ င်ဟောကြားပါသည်။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းတိုက်၊ ဓမ္မာစရိယသင်တန်းကျောင်းဆောင်မှာစတင်ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကြံခင်းမြို့တွင် မွတ်ဆလင်မ် ဦးစူလ်တန်နှင့်အိမ်ထောင်ကျ သူ မြန်မာအမျိုးသမီး ဒေါ်သန်းသန်းချစ် သည် သူ၏ဖခင် ကျောင်းဒကာကြီး၏ အသုဘသို့လိုက်ပို့ခွင့် မရခဲ့ပါ။ သုဿာန်ရောက်လျှင် သရဏဂုံတင် အခမ်းအနားမှာ သူများနည်းတူ သရဏဂုံယူ-သီလဆောက်တည်လျှင်အီမန်ပျက်သွားမည် စိုးသောကြောင့် ဖြစ်ပါသည်။ “မွတ်ဆလင်မ်နှင့်ညားလျှင် ကိုယ့်အဖေ၏ အသုဘကိုပင် ကိုယ်ချခွင့် မရတော့ပါလား”-ဟူသော အတွေးဖြင့် အမျိုးဘာသာသာသနာ ကာကွယ်ထိန်းသိမ်းချင်သောကြောင့် စတင်ဟောကြားမိသွားခြင်း ဖြစ်ပါ သည်။

ဤသို့ ဟောကြားသည်ကို စိုးရိမ်၍ သတိပေး တားမြစ်သူများသာများပြီး၊ဆက်လက်ဟောကြားဖို့ တိုက်တွန်းနှိုးဆော်သူ တစ်ယောက်မျှ မရှိပါ။

ဤသည်ကို မသိသူ သတင်းဌာနများနှင့် နိုင်ငံရေးသမားများကထောက်လှ မ်းရေး ခိုင်းစေမှုနှင့် ဟောကြားနေသယောင် ထုတ်လွှင့်ကာ အစိုးရနှင့် ပေးစားကြသည်ကိုပင်ခံယူခဲ့ရ ဖူးပါသည်။

၂၀၀၃-ခုနှစ်တွင် ဦးပဉ္စင်း ဝီရသူ- ထောင်ကျပါသည်။ထောက်လှမ်းရေး ဖမ်းဆီးစဉ်က ကျောက်ဆည် အဓိကရုဏ်း မသင်္ကာသောကြောင့်ဟု ဆိုပါသည်။ အဆိုပါအဓိကရုဏ်းတွင် ပါဝင်ပတ်သက်မှု မရှိသောအခါ “ထေရဝါဒတိုက်ပွဲ”၊“ပရိယတ္တိရွှေချိန်ခွင်”စာအုပ်ထုတ်ဝေခြင်း၊ “ဘဝအလင်းရောင် စာကြည့်တိုက်” တည်ထောင်ခြင်း၊ “ပါရမီပျိုးခင်း သွေးလှူအသင်း”တည်ထောင်ခြင်း၊အမျိုးသားရေး တရားဟောခြင်း၊ အမျိုးသားရေး တရား တိပ်ခွေများ ဖြန့်ချီခြင်းတို့ဖြင့်ပြစ်ဒဏ်(၂၅)နှစ် အပေးခံခဲ့ရပါသည်။

ပုဒ်မနှင့် ပြစ်ဒဏ်များမှာ ၅(ည)-(၇)နှစ်၊၁၇/ ၂ဝ-(၁၄)နှစ်၊ ၂၉၅(က)-(၂)နှစ်၊ ၈(၁)-(၂)နှစ်တို့ ဖြစ်သည်။

ထောင်ထဲတွင်နေရစဉ် နိုင်ငံရေးသမားတို့၏ ခွဲခြားဆက်ဆံမှုကိုခံရခြင်း၊ သတင်းဌာနတို့၏ လျစ်လျူရှုမှုကို ခံရခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အင်အားစုများ၏ထောက်ပံ့မှုကို မခံရခြင်း၊ ထောင်ဝန်ထမ်းတို့၏ ရိုင်းစိုင်းယုတ်မာမှုကို ခံခဲ့ရခြင်းတို့ကြောင့်ဘုန်းတန်ခိုး ညှိုးမှိန်စွာ နေခဲ့ရပါသည်။

၂၀၁၁-ခုနှုစ်တွင် အကျဉ်းကျနေသော စစ်ထောက်လှမ်းရေးများကအပြစ် မဲ့ကြိုးသမားလေး (၃)ယောက် ကို အုပ်စုဖွဲ့၍ အနိုင်ကျင့်မှု ပေါ်ပေါက်လာရာ ထောင်အာဏာပိုင်များပါပါဝင်နေသဖြင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သောကြောင့်မြစ်ကြီးနားသို့ အပို့ခံခဲ့ရပါသည်။

ဤသည်မှာလည်း တစ်စုံတရာ၏ ဖိအားကြောင့် လုပ်ခဲ့ရခြင်းမဟုတ်ပါ။ အနိုင်ကျင့်ဝါဒကို စက်ဆုပ် ရွံမုန်းသောကြောင့် ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ၊ (၁၃)ရက်နေ့တွင်ထောင်မှလွတ်ပါသည်။ ထောင်ထဲတွင် ရှစ်နှစ်ကျော် နေခဲ့ရပြီ ဖြစ်သောကြောင့် အမျိုးသားရေးတရားဟောပြောခြင်းတာဝန် ကျေပွန်ခဲ့ပြီဟု ယူဆခဲ့ပါသည်။ အမျိုး ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအတွက်လက်တွေ့ကျသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်တော့ မည်ဟု ယူဆခဲ့ပါသည်။ ထိုယူဆချက်ကြောင့်ယဉ်ကျေးမှုသင်တန်းများ ဦးစီးဆောင်ရွက်ခြင်း၊ မွတ်ဆလင်မ် မြန်မာ ပြဿနာများကို ဥပဒေဘောင်အတွင်းမှဖြေရှင်းခြင်းများသာ ပြုလုပ်ခဲ့ပါသည်။

၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမြို့၊အစ္စလင်မ်ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများကျင်းပဖို့ စီစဉ်ပါသည်။ မန္တလေး၊ ဈေးချိုဟိုတယ်တွင် ကျင်းပဖို့ ခွင့်ပြုမိန့် ချပြီးမှမြို့တော်ဝန် ဖုန်းဇော်ဟန်၏ ဖုန်းဆက်တားမြစ်မှုကြောင့် ပျက်ခဲ့ရပါသည်။ သို့သော် ဟိုတယ်အခမ်းအနားသာ အပျက်ခံပြီး၊ ပွဲအပျက်မခံနိုင်သောကြောင့် ဈေးချိုဟိုတယ်ရှေ့- ညဈေးတန်းလမ်းမကြီးပေါ် တွင် ဖြစ်မြောက်အောင် ကျင်းပနိုင်ခဲ့ပါသည်။

ထိုသို့ မွတ်ဆလင်မ်များနှင့် ငြိမ်းချမ်းရေးယူသည်ကိုသံဃာ အများစုက မကြည်ဖြူကြပါ။ အွန်လိုင်း ပေါ်မှာ ကီးဘုတ်သူရဲကောင်းများ၏ လှောင်ပြောင်ရှုပ်ချမှုကိုပင်ခံခဲ့ရပါသည်။ သို့သော် ယုံကြည်ချက်နှင့် အသက်ရှင်သန်နေသူ ဖြစ်ရကား အမျိုးသားအကျိုးစီးပွားအတွက်ဆိုလျှင်မွတ်ဆလင်များနှင့်လည်း လက်တွဲ မည် ဟူသော အမျိုးသားသန္နိဋ္ဌာန်ကို အပျက်မခံနိုင်ခဲ့ပါ။

၂၀၁၂-ခုနှစ်၊ မတ်လတွင် နိုင်/ ကျဉ်း လွတ်မြောက်ရေးဆုတောင်းပွဲကျင်းပဖို့ စီစဉ်ပါသည်။ တိုင်းသာသနာရေးက ချမပေးပါ။ မဟာမုနိ သြဝါဒါစရိယဆရာတော်ကြီးများကခွင့်မပြုပါ။ သံဃနာယကမှ လည်း တားမြစ်ပါသည်။ သို့သော် ထိုပွဲလည်း အပျက်မခံပါ။ ထိုပွဲတွင်မွတ်ဆလင်မ်အကျဉ်းသားများ၏ မိသားစုများလည်း တက်ရောက်ခဲ့ပါသည်။

၂၀၁၂-ခုနှစ်၊ ဇွန်လတွင် ရခိုင်ပြည်သူများအကြမ်းဖက်ခံရပါသည်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်း ဖက်သမားများ၏ လူအုပ်အင်အားဖြင့် အနိုင်ကျင့်မှုကြောင့်အပြစ်မဲ့ရခိုင်ပြည်သူများ အတုံးအရုံး သေဆုံး ခဲ့ရပါသည်။ အပြစ်မဲ့ရဟန်းတော်များ အသတ်ခံခဲ့ရပါသည်။ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ဘုန်းတော်ကြီးကျောင်းများမီးရှို့ခံရခြင်း၊ဘုရားရုပ်ပွားတော်များ ခေါင်းဖြတ်၊ ဓားခုတ်ခံရခြင်းများကို မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရပါသည်။

ထိုအခါကျမှသာ လုံးဝမဟောတော့ဘူး-ဟု ဆုံးဖြတ်ထားခဲ့သောအမျိုးသား ရေး တရားတော်များ ပြန်လည်ဟောကြားမိခြင်း ဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးအတွက်ခေတ်အဆက်ဆက်သော အစိုးရများက မကာကွယ် ခဲ့သောကြောင့် ရခိုင်ပြည်မလုံခြုံခြင်း ဖြစ်ရကားအဆိုပါအကြမ်းဖက်ဗိုင်းရပ်စ် ပြည်မကြီးသို့ မကူးစက်စေလို သောကြောင့် ဖြစ်ပါသည်။

၂၀၁၂-ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံတော်သမ္မတထောက်ခံပွဲကျင်းပခဲ့ပါသည်။ ရခိုင်ပြည်အရေးတွင် ဒေါ်စုနှာစေးနေခြင်း၊ (၈၈)အဖွဲ့ အားမကိုးရခြင်းတို့ကြောင့်သံဃာ့ဆန္ဒနှင့် ပြည်သူ့အင်အားတို့ပေါင်းကာ “ရိုဟင်ဂျာသည်တိုင်းရင်းသားမဟုတ်” “တတိယနိုင်ငံများက ယူလိုက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ပို့ပေးမည်” “ယူမည့်သူမရှိလျှင် UN-အထောက်အပံ့ဖြင့် ဒုက္ခသည်စခန်းမှာ ထားပေးမည်”ဟူသော သမ္မတဦးသိန်းစိန်၏စကားကြီးသုံးခွန်းကို အပြည့်အဝ ထောက်ခံသည့်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့ပါသည်။

ထိုအခါ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုကျင့်သုံးနေကျဖြစ်ေ သာနိုင်ငံရေးလောကသားတို့၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြန်ပါသည်။

၂၀၁၂-ခုနှစ်၊ စက်တင်ဘာလတွင် ပုသိမ်ကြီးမြို့နယ်၊ကံကြီးကုန်း၊ ဇီးအုပ်ရွာအရေးအခင်း ပေါ်ပေါက် လာသည့်အခါ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများလက်ရှောင်နေကြပြန်ပါသည်။ ပြည်သူမှား သောကြောင့်-ဟု အကြောင်းပြပါသည်။ ဦးပဉ္စင်းဝင်ရောက်ကိုင်တွယ်ခဲ့ပါသည်။ယခု အချိန်ထိ ကံကြီးကုန်း၊ ဇီးအုပ်ပြည်သူများ အိုးနှင့် အိမ်နှင့် အတူနေထိုင်ခွင့်ရနေပါသေးသည်။

၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်း သပိတ်စခန်းများ ဖြိုခွင်းခံရပါသည်။ အပြစ်မဲ့သံဃာလေးများ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ရွာသူရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အစိုးရအပေါ် မကြေနပ်ပါ။ ပြန်တောင်းပန်ရေးနှင့်တရားခံဖော်ထုတ်အရေးယူရေးတို့ကို တောင်းဆိုခဲ့ပါသည်။

သို့သော် လက်ပံတောင်းတောင် သံဃာလေးများကိုအသုံးချကာ (၁၂-၁၂-၁၂)-ဟု တိုင်ပင်လုပ်ပြီး ရဟန်းရှင်လူ ပြည်သူများကို လမ်းပေါ်ဆွဲခေါ်နေသောနိုင်ငံေ ရးသမားအချို့ကြောင့် တိုင်းပြည်ခြောက်ထဲ ပြန်ကျတော့မည့်အရေးကို ထင်ရှားစွာမြင်လာရပါသည်။ ထိုအခါ သံဃာ့ဆန္ဒနှင့် ပြည့်သူ့သောကတို့ ထိပ်တိုက်တွေ့မည်ကို မလိုလားသောကြောင့်‘ရပ်တန်းမှ ရပ်ဖို့’ အမုန်းခံ အမိုက်စကားပြောကြားခဲ့ပါသည်။

၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်ပံတောင်းတောင်အစီရင်ခံစာ ပေါ်ထွက်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို ကန့်ကွက်၊ ရှုတ်ချ ဆန္ဒပြပြန်ပါသည်။အစီရင်ခံစာမျှတပါလျက်၊ လူထုခေါင်းဆောင်က အားကိုးရပါလျက် ဝမ်ပေါင်အပြုတ်တိုက်ရေးမူတစ်ခုတည်းနှင့်ဒေါ်အောင်ဆန်းစုကြည်ကို ကြမ်းတမ်းရိုင်းပျစွာ စော်ကားကြသူများအား မောင်းနှင်နေ သူများကိုသဘောမကျနိုင်တော့ပါ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာကို အပြည့်အဝ ထောက်ခံလိုက်ပါသည်။

၂၀၁၃-ခုနှစ်၊ မတ်လတွင် Oriental House-မှာကျင်းပသည့်ဘာသာပေါ င်းစုံ ချစ်ကြည်ရေးပွဲ တက်ရောက်ခဲ့ပါသည်။ မတက်စေလိုသူက များပါသည်။ တက်လာသူများတွင်လည်းသံသယသမားက များပါသည်။

မိမိသည် အစ္စလာမ်သာသနာကို ဆန့်ကျင်နေသူ မဟုတ်သလို၊မွတ်ဆလင်မ်တွေကို မလိုလားသူလည်း မဟုတ်ပါ။ စိတ်ချမ်းသာစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုကျင့်သုံးပြီးငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသူများအတွက် အနှောင့်အယှက်ဖြစ်ရသော မွတ်ဆလင်မ်တစ်စု၏စရိုက်ဆိုး၊ အကျင့်ဆိုး၊ ညဉ်ဆိုများကိုသာ မလိုလားသူ ဖြစ်ပါသည်။

မိမိသည် အမျိုးသားရေးတရားနှင့် နိုင်ငံရေးတရားတွင်နိုင်ငံေ ရးတရားကိုသာ ဟောကြားလိုပြီး မြန်မာ့နိုင်ငံရေးတွင် မိမိ၏အခန်းကဏ္ဍတစ်ခု ဖွင့်လှစ်ချင်သည့်ဆန္ဒသာ ရှိခဲ့ပါသည်။ သို့သော် ရခိုင်ပြည် နှစ်ကြိမ်အကြမ်းဖက်ခံရမှု ဖြစ်ရပ်များက မိမိအားအမျိုးသားရေးတရားဘက်သာ ဦးလှည့်စေခဲ့ပါသည်။ သွေးက စကားပြောသည်ဆိုလျှင် မှန်မည်ထင်ပါသည်။

မိမိသည် နိုင်ငံရေးလောကသားတို့လို တစ်ယူမသန်ပါ။နိုင်ငံရေးလောက သားတို့လို အကျိုးအမြတ် မတွက်တတ်ပါ။ နိုင်ငံရေးလောကသားတို့လို သူရဲဘောမကြောင်ပါ။

မိမိတွင် ချစ်သူ၏ ပျော့ကွက်ကို ထောက်ပြရဲသည့်သတ္တိရှိသလို၊ မုန်းသူ၏သာကွက်ကို ထောက်ခံရဲသည့် သတ္တိရှိပါသည်။ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုရွံမုန်းပါသည်။ အမျိုးသားအကျိုးစီးပွား အတွက်ဆိုလျှင် မွတ်ဆလင်မ်များ နှင့်လည်း လက်တွဲနိုင်သူဖြစ်ပြီးအမျိုးသားအကျိုးစီးပွားထိခိုက်စေမည့် မည်သူ့ကိုမဆို ရင်ဆိုင်ရဲသူ ဖြစ်ပါသည်။

အစိုးရနှင့်တွဲသည်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးနှင့်တွဲသည်ြ ဖစ်စေ၊မွတ်ဆလင်မ်နှင့်တွဲသည်ဖြစ်စေ ပြည်သူအပေါ် သစ္စာဖောက်သော “အမျိုးသားသစ္စာဖောက်” အဖြစ်မခံနိုင်ပါ။ အစိုးရပေးသော ဘွဲ့တံဆိပ်နှင့် ပြည်သူကပေးသောလက်ထိပ်တို့တွင် ပြည်သူကပေးသော လက်ထိပ်ကိုသာ ရွေးချယ်လိုသူဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးနှင့်မွတ်ဆလင်မ်တို့က ပေးသော ငွေကြေးလဘ်လာဘထက် ပြည်သူကပေးသော မရဏလက်ဆောင်ကိုသာ မက်မောသူတစ်ယောက်ဖြစ်ပါသည်။

မိမိကို မောင်းနှင်နေသူများသည် မိမိ၏ယုံကြည်ချက်၊ခံယူချက်၊ ရပ်တည်ချက်၊ ရည်မှန်းချက်တို့သာ ဖြစ်ပါသည်။ ရဲမင်းဦးမဟုတ်ပါ။ ရခိုင်တွေမဟုတ်ပါ။ဦးသိန်းစိန်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါ။ အခြား မည်သူတစ်ဦး တစ်ယောက်မျှ မဟုတ်ပါ။အဖွဲ့အစည်းများလည်း မဟုတ်ပါ။ အမှန်အားဖြင့် “ငါသည်သာလျှင်ငါ့ဘဝ၏ ပဲ့ကိုင်ရှင်”အစစ် ဖြစ်ပါသတည်း။

ဤသည်ကို ရဲမင်းဦးအား စစ်ဆေးမေးမြန်းသော အဖွဲ့အစည်းများကို အထူးသိစေချင်ပါသည်။ 





ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

5.4.2013pm 3:05

Thursday, April 4, 2013

ပြည်သူကြားက ပြည်သူ.အသံ




မြန်မာနိုင်ငံ အရေးသည် မြန်မာနိုင်ငံသား အားလုံးနှင့်သက်ဆိုင်သလို ထိုမြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အရေးသည်လည်း မြန်မာ နိုင်ငံသား အားလုံး နှင့် သက်ဆိုင်ပါသဖြင့် ကျမ simple views မှ တွေ.မြင် ကြားသိ ရသမျှကို ဖောက်သည် ချသွားပေးမှာ ဖြစ်ပါတယ်.



နာမည်ကြီး သတင်းဌာနတခု ရဲ့ အမှား က အစပြုပြီး လူ.အခွင့်အရေး ဟစ်ကြွေးပြီး မဏ္ဍပ်တိုင်တက်ကာ မြန်မာတိုင်းရင်းသား ဖြစ်ချင်နေရှာသော ရိုဟင်ဂျာ များရဲ့ ခြေလှမ်းများ ကို အများပြည်သူ သိခွင့်ရလိုက်တာဟာ အင်မတန်ကံကောင်းတယ် အချိန်မီသွားတယ်လို. အကောင်းဖက်က မြင်မိပါတယ်...

ဘာကြောင့်လဲ ဆိုတော့ ဒီ ရိုဟင်ဂျာအမည်ခံတွေဟာ ဆန္ဒပြပွဲတွေ ရှိတယ်ဆိုရင် နိုင်ငံရေးအဖွဲ.အစည်းတွေနဲ.ရောပြီး မြင်တွေ.နေရပါတယ် ၊ ပွဲတခုခုလုပ်ရင်လည်း လူဝံဆန်.အောင် အများဂရုထားမိအောင် အကျွေးအမွေးနဲ. ထောက်ပံ့ပြီး နေရာယူနေကြတာ နိုင်ငံရေး သမားများက လွဲလို. မြန်မာပြည်သူပြည်သားများ မသိကြပါဘူး... အဲ့လိုနဲ. နိုင်ငံရေးသမားများနဲ.ရောနှောကာ တဆင့်ပြီးတဆင့်တက်လို. ရိုဟင်ဂျာ အခွင့်အရေးဆိုတာတွေကို ဥရောပင်္နဲ. အမေရိက တခွင်မှာ မတရားတောင်းဆိုပါတော့တယ်... ( ဒီနေရာမှာ နား နဲ. မနာ ဖဝါးနဲ. နာပါ.. အသက်သာကြီးသော်ငြား အချိန်မစီး ကျပ်မပြည့်ရှာသည့် နိုင်ငံရေးသမား အဖိုးအို တို. က ရိုဟင်ဂျာ အမည်ခံများရဲ့ နွားများပါပဲ )


RFA နဲ. အင်တာဗျူးခဲ့တဲ့ ဝါကာအူတင် ရဲ့ အဆိုအရ
၁ ။ သူတို.သည်အာရပ်က လာခဲ့ကြတယ်လို. ဆိုပါတယ်
( အာရပ်က လာမှန်းသိရင် အာရပ်ကို ပြန်ပါ . မြန်မာပြည်မှာ သင့်အတွက် နေရာမရှိပါ )


၂ ။ ဖဆပလ က မဲလိုချင်လို. ဘင်္ဂါလီတွေကို အခွင့်အရေးပေးခဲ့တယ်
( ဒါဟာ ယနေ.ထက်တိုင် ကျင့်သုံးဆဲ အမှန်တရား တခု.. ရွေးကောက်ပွဲမှာ အနိုင်လိုချင်တဲ့ လူကြီးမင်းများ သတိကြီးစွာနဲ. သင်ခန်းစာယူရမယ့် အချက် )

၃ ။ အမှန်တရား ပြောခြင်းသည် ဒီမိုကရက်တစ်မဖြစ်ဘူးဆိုပဲ

၎ ။ ဦးတင်ဦး ကို စော်ကားမိတဲ့အတွက် ဝါကာအူတင် မှ မှားကြောင်း တောင်းပန်ရပါမယ်

၅ ။ အာရပ် ကုန်သည်တွေက မလေး နဲ . အင်ဒိုနီးရှားကို အသွား မုန်တိုင်းမိလို. တချို.က ရခိုင်ကို ရောက်လာပြီး ဒေသခံ ရခိုင်လူမျိုးတွေနဲ. ရောနှောနေထိုင် ပါတယ်တဲ့... အဲ့တော့ မလေး နဲ. အင်ဒိုနီးရှား ဖက်ကို ရောက် သွားတဲ့ ကျန်တဲ့ ကုန်သည်တွေက အခုဆို မလေးရှား နဲ. အင်ဒို နီးရှား လူမျိုးတွေပေါ့နော်...
( ဒီနေရာမှာတင် ရှင်းနေပါတယ်.. ရခိုင်လူမျိုးတို.သည် ရိုဟင်ဂျာခေါ် ပေါက်လွှတ်ပဲစား များ ရောက်မလာခင်ကတည်း က နေထိုင်နေသော တိုင်းရင်းသားများ ဖြစ်ပြီး လေလွှင့် ကုန်သည်များကတော့ နိုင်ငံခြားသားများပါ ဖြစ်ပါတယ် )

၆ ။ ဝါကာအူတင် ရဲ့ အဆိုအရ ရိုဟင်ဂျာနဲ. ဘင်္ဂါလီ တို.ရဲ့ ကွာခြားချက်များကတော့ ပုဆိုး ထမီ ဝတ်ခြင်း ၊ ဗမာ နာမည်ပေးခြင်းပါတဲ့
( အမေရိကန်က ပရော်ဖက်ဆာ တဦးဖြစ်တဲ့ ဝါကာအူတင် အမေရိကန်မှာ အပြင်ကော ထွက်ရဲ့လား မသိပါဘူး..
အင်္ဂလန်ရောက်နေတဲ့ မြန်မာတွေ လည်း ဘောင်းဘီတွေ စကတ်တွေ ဝတ်ပါတယ် အင်္ဂလိပ်နာမည် ပြောင်းပေးထားကြပါတယ်...David , Steven , Susan , John ..စသည်ဖြင့်ပေါ့ မြန်မာတွေတင်မကပါ ကုလားပေါင်းစုံလဲ အပေါ်က ဘယ်လို ခြုံထားထား အောက်ကတော့ ဘောင်းဘီတွေနဲ.ရှင့်.. ရောက်ရာဒေသ နဲ. လိုက်လျောညီထွေ ဝတ်ဆင်ခြင်းဟာ သူ.တိုင်းရင်းသား ဖြစ်တယ်လို. ဘယ်နိုင်ငံ ဘယ်ဥပဒေမှာ မှ မတွေ.မိပါဘူးရှင်
ခေတ်စနစ်ဆိုးရဲ့ အမွေကြောင့် ရှင်တို.လို နယ်စပ်မပြောနဲ. ရန်ကုန်မှာတင် မောင်သိန်း ၊ ကိုသိန်း ၊ ဦးသိန်း တို.နဲ. မြန်မာ မှတ်ပုံတင် ကိုင်ထားကြတဲ့ ကုလားစစ်စစ်တွေ တပုံကြီးပါ.... တရုတ်တွေလဲ ထိုနည်းလည်းကောင်း ရှိပါတယ်... လဝက မှ ကိုငွေခင် မငွေခင်တို. သတိပြု ဆင်ခြင်နိုင်ကြပါစေ )

ရ ။ ဦးနေဝင်း လက်ထက်မှာ နေရပ်ပြန်ပို.တယ်ဆိုလို. တသက်လုံး မုန်းခဲ့တဲ့ ဦးနေဝင်းကို ထိုင်ရှိခိုးရမတတ် ကျေးဇူးတင်ရှိမိပါတယ်

၈ ။ ဒီလူမျိုးတွေ နဲ. ပါတ်သက်ပြီး အစိုးရက ကန်.သတ်ချက်များကို မြန်မာနိုင်ငံသား တယောက်အနေနဲ. သဘောတူညီပါ၏
( ဒီမိုကရေစီ ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာလည်း ဥပမာ သူတို.ဥပဒေ နဲ. တခုခု ငြိနေတယ်ဆိုရင် အပါတ်စဉ် ရဲစခန်းမှာ လက်မှတ်ထိုးရတာတို. ဘယ်မှ သွားခွင့် မရိှတာတို. ရှိပါတယ်.. ဆိုပါတော့ asylum တင်ထားလို. မအောင်ခဲ့ရင် အမြဲတမ်း လက်မှတ်အချိန်မှန် သွားထိုးရပါတယ်...(သို.) တရားဝင် ဗီဇာရပေမယ့် သူတို.စိတ်ကျေနပ်မှု.မရှိရင် ကျောင်းသားအနေနဲ နေသူတွေလည်း လုပ်ရပါတယ်....ဒါဟာ မလွန်ပါ )
၉ ။ မြန်မာပါလီမန်အနေနဲ. မဟုတ်တရုတ် ဇါတ်ခင်းထားတဲ့ ဝါကာအူတင်တို.နဲ. အချိန်ဖြုန်းစရာကို မလိုတာပါ..
မြန်မာပါလီမန် ကိုယ်စား ကျမတို. ပြည်သူတွေက ပဲ ပြောလိုက်ပါရစေ
( Go back to Arab )

၁၀ ။ ဝါကာအူတင်ကို ထပ်လောင်းသတိပေးလိုတာကတော့ human rights ဆိုတဲ့ လူ.အခွင့်အရေးသည် အသုံးပြုဖို.ပါ အသုံးချဖို. မဟုတ်ပါလို. ( အခုဆိုရင် human rights ကို အကြောင်းပြလို. ရာဇဝတ်သားတွေ လွတ်နေတာကြောင့် ဒီိမိုကရေစီ နိုင်ငံတွေမှာ ခေါင်းခဲနေရတယ်ဆိုတာကိုတော့ ဝါကာအူတင် သတိထားမိမှာပါနော့)

ဝါကာအူတင် တယောက်က ဒီလိုပြောပေမယ့် ထိုင်းနိုင်ငံ မဲဆောက်က ဦးအေနာယတ်အုလ္လာ က တော့ ဧရာဝတီ နဲ. တွေ.ဆုံမေးမြန်းခမ်းမှာ သူတို.ဟာ မြန်မာနိုင်ငံသား မဟုတ်ပါဘူးလို. ပြောသွားခဲ့ပါတယ်...အာရကန်သားပါတဲ့ ( ကြည့်ရတာ ဝါကာအူတင် နဲ. ညှိမထားမိဘူးထင်ပါရဲ့ )

မြန်မာ့အသံကနေ ရိုဟင်ဂျာ ဘာသာစကားနဲ. အသံလွှင့်သွားခဲ့ပြီးပါပြီတဲ့.... ရော ခက်ပြီ
( မြန်မာ့အသံကနေ ရိုဟင်ဂျာ ဘာသာစကားကို ဘာအနေနဲ.လွှင့်ပေးခဲ့တယ်ဆိုတာ နည်းနည်းပါးပါး မလေ့လာခဲ့ဘူးထင်ပါ့... ရိုဟင်ဂျာ ဘာသာစကားကို ဦးနုရဲ့ မိုက်မဲ မှု.ကြောင် နိုင်ငံခြားသား ဘာသာစကား အနေနဲ. အင်္ဂလိပ် ၊ ဟိန္ဒူဘာသာ စကား များနဲ. အတူတူ ထုတ်လွှင့်ပေးခဲ့ဖူးတာပါတဲ့...ဒါဆို အင်္ဂလိပ် နဲ. ဟိန္ဒူလဲ မြန်မာ တိုင်းရင်းသားဖြစ်ရောလား... သမိုင်းသိသူတွေကတော့ ငြိမ်မခံဘူးနော့ )

သူ.အဆိုအရ ပူးပေါင်းဆောင်ရွက်ခြင်းကို လက်မခံခဲ့တဲ့ အသိအမှတ်မပြုခဲ့တဲ့ ထိုင်းတဝိုက် နိုင်ငံရေး လှုပ်ရှားသူများကို ကျေးဇူးတင်ရှိပါ၏ ( လုပ်စား နိုင်ငံရေးသမား အများစုထဲမှာ မပါတဲ့သူတွေလို.ဆိုနိုင်ပါတယ် )
အင်္ဂလန်မှာကတော့ ရိုဟင်ဂျာ ဆိုပြီး ဆိုင်းဘုတ်ထောင်ပြီး နိုင်ငံရေးသမားတွေနဲ. အတူတူ လုံးနေတာပါပဲ.... နိုင်ငံရေးသမားတွေကလဲ မပြောရဲကြဘူးလေ.. ဝေနှင်းပွင့်သုန် အလုပ်လုပ်နေတဲ့ BCUK ဆိုတဲ့ ဘားမားကမ်းပိန်း အဖွဲ.ကြီး နဲ. ဆက်သွယ် လုပ်ကိုင်နေကြရလေတော့ သူ.အမျိုးတွေကို မထိရဲတဲ့ သဘောပေါ့လေ...

တိုင်းပြည်တပြည်အတွင်းမှာ နေထိုင်ခြင်း နဲ. တိုင်းရင်းသားဖြစ်ခြင်း ဆိုတာ သီးခြားဏ္ဍ တွေပါ..... ဥပမာ.. အင်္ဂလန်မှာ နေတဲ့ ဗမာတယောက် နေထိုင်ခွင့်ရချင်ရမယ်.. ဒါပေမယ့် သူဟာ အင်္ဂလိပ်ပါ ၊ စကော့တလန် လူမျိုးပါ ၊ အိုင်ယာလန်လူမျိုးပါ ၊ ဝေးလ် လူမျိုးပါလို. ပြောလို.မရဘူး.. ဘယ်သူ.မှလဲ လက်ခံမှာ မဟုတ်ဘူး.. ဗမာ ဟာ ဗမာပါပဲ.... အင်္ဂလန်က နေထိုင်ခွင့်ရထားတဲ့ လူတွေကို သိရင် လှမ်းမေးလိုက်ပါ... သူတို. စာအုပ်ထဲမှာ အင်္ဂလိပ်လူမျိုးအဖြစ် ရေးပေးလားလို. ..

အခုလောက်ဆိုရင်လဲ အားလုံး အခြေအနေအမှန်ကို သဘောပေါက် ရိပ်စားမိလောက်ကြပါပြီ.. ဘီဘီစီ ဝေါ ပေါ်မှာ သမိုင်းအထောက်အထားအနေနဲ. ဖြတ်၊ ဆက်၊ ကပ် လုပ်ပြီး လာတင်ထားတဲ့ အမျိုးပျောက် ရိုဟင်ဂျာ ကြီးလဲ ရှက်နေလောက်ပါပြီ.... ရိုဟင်ဂျာတွေ ဖက်က ဟစ်ကြွေးပေးခဲ့တဲ့ ဒေါက်တာ ဇာနည်လဲ ရှက်တတ်ရင် လဲသေ သင့်ပါပြီ... တခြားသော ဗမာ လူမျိုးတွေက လူမျိုးခွဲခြားတယ် ထင်နေသော တိုင်းရင်းသားများလည်း အမြင်မှန်သင့်ပါပြီ.. ကိုယ့်လူမျိုးစု မထိတိုင်း စွတ်ရမ်း မပြောပါနဲ... ကျမ ဗမာ အစိုးရမဟုတ်ပါ... တိုင်းရင်းသားများကို ချစ်သော ဗမာလူမျိုးတယောက် ....မြန်မာပြည်မှာ အေးအတူပူအမျှ တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသားများကို ချစ်မြတ်နိုးသူ တယောက်သက်သက်သာဖြစ်ပါသည် ... ဒါဟာ ဘာသာရေး မဟုတ်ပါ.. လူတိုင်း ယုံကြည်ရာ ရွေးချယ်ကိုးကွယ်ခွင့် ရှိပါတယ်.... တိုင်းရင်းသား အစစ်သာ ဖြစ်ပါစေ ဘယ်ဘာသာမဆို လက်ခံပါ့မယ်... ရိုဟင်ဂျာ အရေးနဲ. ဘာသာရေးဟာ တခြားစီပါ... ဒီရိုဟင်ဂျာ ဆိုတဲ့ လူ.အခွင့်အရေး အလွဲသုံးစားမှု.ကြီး ပပျောက်သွားတဲ့အထိ ကျန်တဲ့ မျိုးချစ်စိတ်ဓါတ် ရှိသူများနဲ. လက်တွဲ ရပ်တည်သွားမယ်လို.. ခိုင်ခိုင်မာမာ ပြောကြားလိုပါတယ်..

အခုအချိန်က စပြီး ဒီပို.စ်အောက်မှာ ရိုဟင်ဂျာ နဲ. ပါတ်သက်သော အချက်အလက်များ ၊ ဘီဘီစီ အပေါ် မကျေနပ်မှု.များကို ညစ်ညမ်းသော အသုံးမနှုန်းမပါပဲ လာရေးပါ... ပြည်သူကြားက ပြည်သူ.အသံ အားလုံးကို Welcome.

( ဆင်ခြင်ဖို.နဲ. ဝေဖန်အကြံပြုဖို.တင်ပေးလိုက်ပါတယ် )

လေးစားစွာဖြင့်
simple views
Ref: http://simpleviewsonmyland.blogspot.com/2011/11/blog-post.html

နိုင်ငံတော်ဦးသျှောင်တွေ / နိုင်ငံရေးပါတီတွေ ဘာတွေလုပ်နေ

အယောင်ဆောင်ရိုဟင်ဂျာနဲ့ ပါသက်လို့ BBC ရဲ့မှားယွင်းစွာဖေါ်ပြမှုအပေါ် BBC အနေနဲ့ပြန်လည် တောင်းပန်ဖြေးရှင်းဖို့အရေးကို တိုင်းရင်းသားညီအကို မောင်နှမတွေ တတ်နိုင်သလောက် ကြိုးပမ်းပြီးပါပြီ။ တကယ်တော့ ဒီကိစ္စဟာပေါ့သေးသေး ကိစ္စမဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမျိုးရေး (လူမျိုးရေးမှာတောင် တိုင်းရင်းသားအားလုံးနဲ့ ပါတ်သက်တဲ့လူမျိုးရေး)။ ဒါကြောင့်ဒီကိစ္စမှာ ရွှေမြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်နေတဲ့ အချုပ်သူတွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ ထိရောက်တဲ့ နိုင်ငံရေးသမားကြီးတွေကိုယ်တိုင် အဓိကနေရာကနေပြီး ဖြေရှင်းပေးရမှာပါ။ ရွှေမြန်မာပြည်က အတိုက်အခံပါတီတွေကကော BBC လုပ်သမျှ ထိုင်ကြည့်နေကြတာလား။ ဘာအတွက်အတိုက်အခံလုပ်နေကြတာလဲ ကိုယ်အာဏာရလာဖို့အတွက်လား၊ မြန်မာပြည်သူ ပြည်သားတွေ ကောင်းစားဖို့အတွက်လား။ NLD တို့လိုအထိကရ အတိုက်အခံပါတီတွေကော ဘာတွေလုပ်နေကြတာလဲ။ တကယ်လို့ BBC က NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီမဟုတ်ပါဘူး အလိမ်အညာ သက်သက်သာဖြစ်တယ်လို့ ကြော်ငြာရင်ကော NLD လက်ပိုက်ကြည့်နေမှာလား နိုင်ငံရေးသမားကြီးတွေကကော ငြိမ်နေမလား။ ပါတီကိုထိတာမဟုတ်လို့ ငြိမ်နေကြတာလား။ ဘာအတွက်လုပ်နေကြတာလဲ။ ဘယ်သူ့အတွက် အလုပ်လုပ်နေကြတာလဲ။ မင်းတိုအာဏာရရေးသက်သက်လား။ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခါရှိရှိ ရပ်တည်နေတဲ့ ကမ္ဘာကျော် အသံလွှင့်ဌာန BBC အနေနဲ့ မိမိတို့မှားမိတဲ့အမှားကို သိက္ခါရှိသူများပီပီ ရဲရဲကြီး ပြန်လည်တောင်းပန် ဖြေရှင်းသင့်ပါတယ် ဆိုတာကို NLD တို့၊ တခြားနိုင်ငံရေးပါတီတို့က ဘာကြောင့်များ မတောင်းဆိုကြတာလဲ။ မြန်မာ့တိုင်းရင်းသားအရေးက NLD တို့ တခြားနိုင်ငံရေးပါတီတွေနဲ့ လုံးလုံးမသက်ဆိုင်တာလား။


 
                   နိုင်ငံတနိုင်ငံရဲ့ လူမျိုးရေးနိုင်ငံရေး ကိုလူတကာသိအောင် တင်ပြတဲ့သူဟာ အဲဒီလူမျိုး/နိုင်ငံရဲ့ အကြောင်းကို နောကျေနေဖို့လိုပါလိမ့်မယ်။ အခုတော့ မြန်မာနိုင်ငံအကြောင်းကို  ဘာမှမသိနားမလည်တဲ့  BBC သတင်းထောက် Anna Joe က မြန်မာနိုင်ငံမြေပုံကို အသုံးပြုပြီးတော့ လူနည်းစုတိုင်းရင်းသားတွေအကြောင်း ငွေကိုဖောင်းအောင်စားပြီး တလွဲစီတင်ပြထားတာကို နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ လူကြီးမင်းများ၊ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေတဲ့ ဂုဏ်သရေရှိလူကြီးမင်းများ မမြင်ကြလို့လား မကြားကြလို့လား။ BBC ရဲ့လွဲမှားမှုဟာ ကုမ္ပဏီတခု လုပ်ငန်းခွင်တခုနဲ့ ပါတ်သက်ပြီးတော့မှားတဲ့ အမှားမျိုးမဟုတ်ပါဘူး။ လူမျိုးတမျိုး နိုင်ငံတနိုင်ငံလုံး နဲ့ပါသက်ဆိုင်တဲ့ အမှားတခုပါ။ အသေးအမွှား လွဲမှာသွားတာမဟုတ်ပါဘူး။ အကြီးကြီးကိုမှားယွင်းသွားတဲ့ မှားယွင်းမှုပါ။
သူတို့မှားမိတဲ့အမှားကို ရွှေမြန်မာပြည်ြကီး ကောင်းစားအောင် ကြိုးစားနေကြပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့သာ မဆိုင်သလို အသာလေးရပ်ကြည့်နေမယ်ဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အယောင်ဆောင် ရိုဟင်ဂျာ ဘင်္ဂလီတွေကို တိုင်းရင်းသားအဖြစ်  လက်ခံလိုက်တဲ့သဘောပါပဲ။
       မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုတာ ဘင်္ဂလီကုလားတွေကို တိုင်းရင်းသားအဖြစ် ပြောင်းလဲရေးလားလို့ ရွှေမြန်မာအုပ်ချုပ်သူတွေနဲ့ NLD အပါအ၀င် တခြားနိုင်ငံရေးပါတီ၊ တခြားနိုင်ငံရေးသမားကြီးတွေကို မေးလိုက်ချင်ပါတယ်။  နိုင်ငံတော် ဦးသျှောင်တွေ အိပ်မောကျနေကြတာလား နိုင်ငံရေးပါတီတွေ အာဏာအငွေ့အသက်ရလို့ မူးမေ့နေကြပြီလား။ ဘာလုပ်နေကြတာလဲ။

စာရေးဆရာကြီး အောင်သင်း ပြောတဲ့ ရိုဟင်ဂျာ


မေး ။ ။ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်ပါသလား ဆရာ၊ သူ့သမိုင်းကကော ဘယ်လို ရှိပါသလဲ၊ ဘီဘီစီကတော့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းထားတဲ့အတွက် ပြသနာတွေ ဖြစ်နေကြပါတယ်။ ဆရာ့အနေနဲ့ကော ဘယ်လိုမြင်မိပါသလဲ`လို့ ကျမက မေးပါတယ်။

ဖြေ ။ ။ `ဆရာ့အနေနဲ့က ရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါတယ်လို့တခါမှမယူဆခဲ့ဘူး။ သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သူဟာ တိုင်းရင်းသားထဲမှာမပါဘူး။ ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့တွေက နေရာယူချင်လာတယ်။ နယ်စပ်မှာဖြစ်နေတဲ့ အခါကျတော့အစိုးရကမလွှမ်းမိုးနိုင်ဘူး။ အဲဒီအခါမှာ ရိုဟင်ဂျာက ပြည်တွင်းမှာသူပုန်အနေနဲ့ ၀င်လာပြီး သောင်းကျန်းမှု့တွေတော်တော်လုပ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာစာရေးဆရာကြီးအချို့တွေကလည်း ရိုဟင်ဂျာတွေ အကြောင်းကို ၀တ္ထုတွေထဲမှာ တော်တော်လေးရေးခဲ့တယ်။ ရိုဟင်ဂျာတွေကလည်း လက်နက်ကိုင်ပြီးတော့လွှမ်းမိုးနိုင်လာချင်တယ်။ အဲဒီနေရာမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက လက်နက်မဲ့တဲ့အခါကျတော့ ခံခဲ့ရတာတွေ ရှိတယ်။ ဗမာတွေက သိပ်ကိုမုန်းတီးခဲ့တယ်။ ဆိုလိုတာက တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာကို ဘယ်တုန်းကမှတိုင်းရင်းသားလို့မသတ်မှတ်ဘူး။ သူတို့က ပြည်ထဲဝင် ဇွတ်အတင်းနေရာယူ သောင်းကျန်းသူတွေပဲဖြစ်တယ်လို့ ဆရာကတော့ အဲလိုပဲ မြင်တယ်`

ဆရာအောင်သင်းနှင့် အင်တာဗျူး ( ၂ ) မမေသင်္ကြန်ဟိန်း

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို By သီတဂူဆရာတော်

ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။
(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲဓာတ်ပုံ)
ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။
 (နာဂစ်တုန်းက လာရောက်လှူဒါန်းကြသော ခရစ်ယာန်ဘာသာဝင်များ) 
(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ်က ပါမောက္ခများနှင့်အတူ) 

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ “ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ”လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် “နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။” ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်

ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။


မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၃-၂၀၁၃

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည် By သီတဂူဆရာတော်

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည်
By သီတဂူဆရာတော်
 
 
မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။

ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မည်သည့်ထောင့် မည့်သည့်နေရာက မည်သူတို့ လှုံ့ဆော်သည်ဟု အတိအကျ မသိရနိုင်သော ဆူပူသောင်းကြမ်းမှုများ အကြမ်းဖက်မှုများ၊ ဘာသာ အယူဝါဒနှင့် လူမျိုးမတူ ထူးခြားသူများကို အခြားသော ဘာသာအယူဝါဒ မတူကြသော လူမျိုးခြင်း မတူကြသောသူတို့ဟာ အပြန်အလှန် ဆူပူသောင်းကြမ်း တိုက်ခိုက် နှောက်ယှက်နေကြပါတယ်။ အထူးသဖြင့် ရခိုင်ဒေသက စလိုက်သော လူမျိုးရေး ဘာသာရေး ဆူပူမှုတွေဟာ မန္တလေးတိုင်းထဲသို့ ကူးစက်ဝင်ရောက်လာပြီး မိတ္ထီလာမြို့မှာလဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီကနေ ကူးစက်ပြီးတော့ ပဲခူးတိုင်း အနောက်ဖက်ခြမ်းကို ကူးစက်သွားခဲ့တယ်။ အခြားတိုင်းနှင့်ပြည်နယ်တစ်ချို့မှာလဲ ထိတ်လန့်ဖွယ် ကောလာဟလတွေ ဖြစ်ပေါ်နေကြတယ်။

အဲ့ဒီ ကောလာဟလတွေဟာ ဒီနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ နေထိုင်လိုကြတဲ့ မြန်မာ့မြေဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ကို စိုးရိမ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ပူပန်စိတ်တွေ ဖြစ်ပွားစေခဲ့တယ်။ အဲ့ဒီကောလာဟလတွေဟာ နိုင်ငံသစ် စနစ်သစ် ငြိမ်းချမ်းသာယာသော လမ်းစဉ်သစ်တစ်ခု တည်ထောင်တဲ့နေရာမှာ ကြီးစွာသော အနှောက်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။ ထို့ကြောင့် ဘာသာရေးအကြမ်းဖက်မှု လူမျိုးရေးအကြမ်းဖက်မှု စီးပွားရေးအကြမ်းဖက်မှုအားလုံး မည်သည့်အကြမ်းဖက်မျိုးကို မဆို သီတဂူဆရာတော်က ပြင်းထန်စွာ ရှုတ်ချပါသည်။
(ယာစွန် ဒေါက်တာ သီတဂူအရှင်ပညာသီဟာလင်္ကာရ)
ဘုရားသခင်အားလုံးရဲ့ (Non-Violence) အဟိံသ၀ါဒ
မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ (Non-Violence)၀ါဒသာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ဝါဒဟာ အဟိံသ၀ါဒ ဖြစ်သလို ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဆိုတဲ့ အခြားဘာသာတရားတွေရဲ့ ၀ါဒများဟာလဲ Non-Violence ဆိုတဲ့ အဟိံသ၀ါဒ ဟူ၍သာ သီတဂူဆရာတော်က ယုံကြည် လက်ခံထားပါသည်။ ဘာသာတရား အားလုံးကို တည်ထောင်ခဲ့ကြတဲ့ ဘုရားသခင် အားလုံးတို့ဟာ လူသား အားလုံးတို့ကို ဆူပူသောင်းကြမ်းမှုတွေ ပြုလုပ်ကြဖို့ ဘယ်ဘုရားကမှ မဟောကြားခဲ့ကြပါဘူး။ ဘာသာအားလုံးတို့၏ တရားအမျိုးမျိုးတို့ကလည်း ငြိမ်းချမ်းရေး-သန္တိ၊ ညီညွတ်ရေး-သမဂ္ဂ၊ အတူလက်တွဲ နေထိုင်ရေး-သဟာယ Peace-Harmony-Coexistence ဆိုတဲ့ မူဝါဒများကို ဟောကြားဆုံးမတော်မူကြတယ်လို့ ယုံကြည်ပါတယ်။

ထို့ကြောင့် မိမိတို့ ယုံကြည်ရာ ဘာသာတရား အသီးသီးကို လိုက်နာကျင့်သုံးနေကြတဲ့ ကိုးကွယ်နေကြတဲ့ ဘာသာဝင် လူမျိုးအားလုံးတို့သည် ငြိမ်းချမ်းစွာ ညီညွတ်စွာဖြင့် အတူလက်တွဲ နေထိုင်ကြဘို့ အထူး မေတ္တာရပ်လိုပါတယ်။ Peace-Harmony-Coexistence ဆိုတဲ့ အခြေခံလမ်းစဉ် သုံးခုကို တည်ဆောက်တဲ့ နေရာမှာ သည်းခံခြင်း-ခန္တီ Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်က လူသားတစ်ယောက်၏ အပြစ်တို့ကို မေ့ပျောက်နိုင်ခြင်း Forgetness ဆိုတဲ့ ဒီသုံးခုဟာ အလွန်တရာမှ အရေးကြီးပါတယ်။

ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့

နောက်ပြီးတော့ “မသင့်လျှော်သော ရည်ရွယ်ချက်တစ်ခုခုနဲ့ ဆူပူသောင်းကြမ်းမှုတစ်ခုခုကို ရည်ရွယ်ပြီးတော့ ကောလာဟလနဲ့ သံသယတွေကို မဖန်တီးကြပါနဲ့”လို့ တိုက်တွန်းလိုပါတယ်။ ကောလာဟလနဲ့ သံသယတွေဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဲ့ ကြီးကျယ်တဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။ သံသယကို ဖန်တီးတဲ့ပုဂ္ဂိုလ်တွေဟာ ကြီးလေးသော ပြစ်မှုကြီးတွေကို လွန်ကျူးနေကြသလို ကောလာဟလကို ထုတ်လွင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာလဲ တည်ငြိမ်အေးချမ်းရေးရဲ့ အနှောက်အယှက်တွေပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက “မာ အနုဿဝေန ဂဏှိတ္ထ- တဆင့်စကား တဆင့်ကြားပြီး ချဲ့ထွင်ထားတဲ့ ကောလာဟလတွေကို လက်တွေ့ မျက်မြင် မပါဘဲ၊ ကိုယ်တိုင်လဲ သိမြင် နားလည်ခြင်းမရှိဘဲ အမှန်ဟု မယူဆမိကြစေ”ဘို့ အထူး မိန့်ကြားတော်မူလေ့ရှိပါတယ်။ အဲဒါကြောင့် တိုင်းသူပြည်သားတွေကလဲ ကောလာဟလတွေ ထွက်လာတိုင်း သံသယတွေဝင်ပြီးတော့ တလှုပ်လှုပ်တရွရွ မဖြစ်ကြဘို့ ကောလာဟလရဲ့ ယုတ္တိတွေကို စိစစ်ပြီးမှ စဉ်းစားပြီးမှ လုပ်ကိုင်ဆောင်ရွက်ကြဘို့ သီတဂူဆရာတော် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်

မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။ လူရိုင်းတွေ နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ နှစ်ပေါင်းထောင်ချီ၍ ကြာညောင်းခဲ့ပြီ ဖြစ်တဲ့ ဘာသာရေး ယဉ်ကျေးမှု၊ ဆရာ မိဘ၊ သူတော်ကောင်း အဆုံးအမတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့၊ နောက်ခံ သမိုင်းကြောင်း ခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမြန်မာမြေပေါ်မှာနေပြီးတော့ မြန်မာ့ရေကို အတူသောက်နေကြတဲ့ မြန်မာ့အလံအောက်က လူတွေ အားလုံး မြန်မာ့စိတ်ဓာတ်ကို တစ်ညီတစ်ညွတ်တည်းဖြင့် နေထိုင်ကြပါလို့ အထူးတိုက်တွန်းလိုက်ပါတယ်။

မြန်မာဆိုတာ ဗြဟ္မာကနေ တရွေ့ရွေ့ဆင်းသက်လာတာဖြစ်တယ်။ ဗြဟ္မာရဲ့ အဓိပ္ပါယ်က Noble မွန်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ မေတ္တာတရားထားခြင်း၊ ကရုဏာတရားထားခြင်း၊ တရားမျှတခြင်း၊ အကြောင်းအကျိုး ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာတွေဟာ မွန်မြတ်သော စိတ်ဓာတ်ကို နှလုံးသားမှာ အပြည့်ထားပြီး ဆူပူသောင်းကြမ်းမှုမှန်သမျှကို တစ်ညီတစ်ညွတ်တည်း တွန်းလှန်ကာကွယ်ဖို့နဲ့၊ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို တစ်ညီတစ်ညွတ်တည်း တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘုရားသားတော် သံဃာထုကို သီတဂူဆရာတော် တောင်းပန်လိုက်ခြင်း
မြန်မာနိုင်ငံတော်မှာ ဘုရားသားတော် သံဃာတော်ဦးရေ ငါးသိန်းနီးပါးရှိပါတယ်။ မြန်မာ့တပ်မတော်တစ်ခုလုံးရဲ့ အင်အားကြီးနဲ့ အညီအမျှလောက်ပဲ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က လက်နက်ကိုင်၍ တိုင်းပြည်ရဲ့ ရန်များကို တွန်းလှန် ကာကွယ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး တည်ဆောက်ရတာကို ကြည့်ပြီး အလွန်တရာ အင်အားကြီးမားတဲ့ ဘုရားသားတော် သံဃာ့အစည်းအရုံးကြီးကလဲ အကြမ်းမဖက်ဘဲ ဆူပူသောင်းကြမ်းခြင်းမှန်သမျှကို မေတ္တာလက်နက် ကိုင်စွဲ၍ ၀ိုင်းဝန်းနှိမ်နင်းတော်မူကြပါ။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလဲ အင်လိုက် အားလိုက် ၀ိုင်းဝန်းတည်ထောင် ပေးကြပါလို့ လျှောက်ထား တောင်းပန်လိုပါတယ်။ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ညီညွတ်ရေးကို တည်ထောင်လိုသော မည်သည့်ဘာသာရေး ခေါင်းဆောင်များနှင့်မဆို လက်တွဲ ဆောင်ရွက်တော်မူကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ မြန်မာနိုင်ငံတော်ရဲ့ စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်ပြီးတော့ သမိုင်းအသစ်တစ်ခုကို ရေးကြဖို့ နိုင်ငံ့ခေါင်းဆောင်များအားလုံး ပြင်ဆင်နေကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာရေးခေါင်းဆာင်များ (Religious Leaders) အားလုံး, လူမှုရေးခေါင်းဆောင်များ (Social Leaders)အားလုံးနှင့် စိတ်ဓာတ်ရေးရာခေါင်းဆောင် (Spiritual Leaders) အားလုံးတို့ဟာ စိတ်ထားမှန်၍ ရည်ရွယ်ချက်မှန်မှန်ဖြင့် နိုင်ငံတော်ရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်ကြမည့် နိုင်ငံ့ခေါင်းဆောင်အားလုံးတို့အား ဖေးမကူညီ စောင့်ရှောက်ပေးကြပါ။

နိဂုံးချုပ်

ဒီကနေ့ ဒီအချိန်မှာ ယခုကဲ့သို့ Peace- (သန္တိ)၊ Harmony-(သမဂ္ဂ)၊ Coexistence-(သဟာယ) ဆိုတဲ့ မွန်မြတ်သော အခြေံမူဝါဒတွေကို မတည်ဆောက်နိုင်ကြဘူးဆိုလျှင် သံသယတွေ ကောလာဟလတွေ ဆူပူသောင်းကြမ်းမှုတွေ အကြမ်းဖက်လုယက်မှုတွေရဲ့ နောက်ကွယ်မှာ မမြင်နိုင်သော စိုးရိမ်ဖွယ်ရာကောင်းသော အခြားကြီးမားသော အနှောက်အယှက် ဆန့်ကျင်ဘက်များ ဖြစ်ပေါ်လာနိုင်ပြီး ကုန်ဆုံးခါနီးဖြစ်သော ဆူးခင်းသောလမ်းကြမ်းကြီးမှ ပန်းခင်းသောလမ်းကြောင်းပေါ်သို့ ဆက် မလျှောက်နိုင်ဘဲ မီးကျီးခဲခင်းသော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားမှာကို အလွန် စိုးရိမ်ရပါတယ်။

အဲ့ဒါကြောင့် တိုင်းရင်းသားအားလုံး ဗြဟ္မာစိတ်ဓာတ်ကို မွေးထားကြတဲ့ မြန်မာအားလုံး အဟိံသ၀ါဒ (Non-Violence)ကို လက်ကိုင်ထားကြတဲ့ အခြားအခြားသော ဘာသာဝင်အားလုံးတို့ သည်းခံခြင်း Tolerance၊ ခွင့်လွတ်ခြင်း-ခမာ Forgiveness၊ လူသားတစ်ယောက်၏ မေ့ပျောက်နိုင်ခြင်း Forgetness Harmoniously Coexistence ဆိုတဲ့ လောကပါလတရားများ လက်ကိုင်ထား၍ ဆူပူသောင်းကြမ်းခြင်း အားလုံးတို့ကို ၀ိုင်းဝန်းတားဆီးကြပါ။ ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ကြပါလို့ အလေးအနက် တိုက်တွန်းလိုက်ရပါတည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာအရှင်ဥာဏိဿရ (Ph.D, D.Litt.)
အဓိပတိ-သီတဂူဆရာတော်

မှတ်ချက်။ ။ ၃၀-၃-၂၀၁၃ နေ့လည်(၂)နာရီ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေလီလမ်း မြန်မာငြိမ်းချမ်းရေးစင်တာ“Myanmar Peace Center”မှာ ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့စည်းများနဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲ” ခေါင်းစဉ်နဲ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွက် သီတဂူဆရာတော်ကြီး၏ သ၀ဏ်လွှာမိန့်ခွန်းကို သင်ကြားစီမံ ဒေါက်တာပညာသီဟာလင်္ကာရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖတ်ကြားသည်။) (ဓာတ်ပုံများကိုတော့ the voice weekly နှင့် Yangon Media Group တို့မှ ကူးယူသည်)

အထူးမေတ္တာရပ်ခံ။  ။ဤမိန့်ခွန်းကို လိုရာ ကွက်ကြား ဖြတ်တောက်ခြင်း၊ ပြင်ဆင်ခြင်းများ မပြုလုပ်ကြဘဲ အပြည့်အစုံ ကော်ပီယူပြီး ရှယ်နိုင်ကြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၃-၂၀၁၃

Wednesday, April 3, 2013





မြန်မာနိုင်ငံတော်၏ ဗုဒ္ဓသာသနာတော်သမိုင်း (ပထမပိုင်း)




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာတောင်အာရှနှင့်အရှေ့တောင်အာရှအကြားဘင်္ဂလားပင်လယ်
အော်ပေါ်တွင်တည်ရှိပါတယ်။အိမ်နီးချင်းနိုင်ငံများကတော့အရှေ့ဘက်တွင်တရုတ်နိုင်ငံ၊လောနိုင်ငံနှင့်၊
ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး၊အနောက်ဘက်တွင်ဘင်္ဂလားဒေ့ရ်နှင့်အိန္ဒိယနိုင်ငံတို့နှင့်နိုင်ငံနယ်နမိတ်ချင်းထိစပ်
လျှက်ရှိပါသည်။
တစ်နိုင်ငံလုံးအကျယ်အ၀န်းကတော့ (၂၆၁၇၈၉)စတုရန်းမိုင်း ကျယ်ဝန်းပြီး လူဦးရေ အားဖြင့်(၁၉၉၉-)အရ၄၈.၈သန်းရှိပါတယ်။ယခုအခါသန်း၆၀.၂၈သန်းရှိကြောင်းအင်တာနက်မှတ်တမ်းအရ
သိရှိရပါသည်။

လူဦးရေ၏ ၆၈%နှုန်းဟာ `ဗမာ´တိုင်းရင်းသားများဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၉%နှုန်း ကရင်တိုင်း
ရင်းသား၇%နှုန်း။ရခိုင်တိုင်းရင်းသား၃%နှုန်း၊တရုတ်၂%နှုန်းနှင့်အခြား၅%နှုန်းဖြစ်ပါတယ်။ထိုတိုင်းရင်း
သားတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှု ဘာသာစကားများလည်းရှိကြပါတယ်။

ကိုးကွယ်မှုဘာသာတရားများအရဗုဒ္ဓဘာသာဝင်၈၅%နှုန်း၊အစ္စလာမ်၁၅%နှုန်း၊ခရစ်ယာန်နှင့်အခြားရိုးရာ
ကိုးကွယ်မှု၁၀%နှုန်းရှိပါတယ်။
ရုံးစိုက်ရာမြို့တော်အနေနှင့် နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်က ရန်ကုန်မြို့တော်ပဲဖြစ်ပါတယ်။

ယခုတင်ပြပေးလိုသည့်မှာမြန်မာနိုင်ငံ၏ဗုဒ္ဓသာသာနာတော်ရောက်ရှိပြန့်ပွားလာပုံသမိုင်းအကျဉ်းဖြစ်သော
ကြောင့်ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားတိုးတက်လာပုံကို စာဖတ်ပရိသတ်များ ဗဟုသုတတိုးပွား
စေရန် အကျဉ်းမျှ ဖော်ပြလိုက်ရပါသည်။


AD.350ခန့်လောက်တွင်မြန်မာလူမျိုးတို့၏အစောဆုံးမျိုးဆက်ဖြစ်သောတိဗက် မြန်မာ အနွယ်ဝင် `ပျူ´လူမျိုးတို့သည်မြန်မာနိုင်ငံအတွင်းသို့စတင်ဝင်ရောက်အခြေချနေကြပြီဖြစ်သလိုအခြားသော
တိုင်းရင်းသားများသည်လည်းနေထိုင်နေကြပါသည်။ရှေ့ဟောင်းမြို့တော်များအနေနှင့်ဗိဿနိုး၊ဟန်လင်း၊
သရေခေတ္တရာနှင့် `တကောင်း´တို့ဖြစ်ကြပါသည်။

အနော်ရထာမင်းတရားကြီးသည်(၁၁)ရာစုအစောပိုင်းကာလများတွင်တကွဲတပြားကွဲပြားနေသည့်မြန်မာနိုင်
ငံတော်ကြီးကိုပြန်လည်၍စည်းလုံးတည်ဆောက်ခဲ့ပြီး၊မြန်မာနန်းဆက်များအဖြစ်ပုဂံ၊အင်းဝ၊တောင်ငူနှင့်´
ဟံသာဝတီ´တို့ကိုတည်ထောင်ခဲ့ပေသည်။နောက်ဆုံနန်းဆက်ကုန်းဘောင်ပြည်ကိုအလောင်းမင်းတရား
ကြီးမှတည်ထောင်တော်မူခဲ့ပါသည်။ထို့နောင်ဗြိတိသျှတို့နှင့်စစ်ပွဲသုံကြိမ်ဖြစ်ပွားခဲ့ပြီးကုန်ဘောင်၏။
နောက်ဆုံးမင်း သီပေါဘုရင်လက်ထက်-1885-ခုနှစ်တွင်လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး၊မြန်မာတိုင်းရင်းသား
တို့၏အမျိုးဘာသာ၊သာသနာချစ်စိတ်ဖြင့်စည်လုံးညီညာစွာအစဉ်တစိုက်ပြန်လည်တိုက်ထုပ်ကြိုးစားမှု
ကြောင့် 1948-ခုနှစ်တွင် လွတ်လပ်ရေးကို ပြန်လည်၍ ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံကိုကမ္ဘာကထေရ၀ါဒဗုဒ္ဓဘာသာနေလိုလလိုထွန်းကားသည့်နိုင်ငံအဖြစ်အသိများကြပါတယ်။
ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက်ဓမ္မ၀ိနယကိုသန့်ရှင်းအောင်သင်္ဂါယနာ(၆)ကြိမ်တင်ရာတွင်မြန်
မာနိုင်ငံတွင်(၂)ကြိမ်တင်တော်မူခဲ့ပါတယ်။တိပိဋကဓရများပရိယတ်၊ပဋိပတ်စွယ်စုံတတ်ကျွမ်းသည့်သံဃာ
တော်များပေါများသောနိုင်ငံအဖြစ်လည်း ကမ္ဘာကလေးစားကြပါသည်။

သို့ရာတွင် ခေတ်သစ်စာပေပညာရပ်များဖြစ်ကြသည့် အင်္ဂလိပ်နှင့်တခြားသော သိထားတတ်ထားသင့်သောဘန္တရစာပေများမတတ်မြောက်သောကြောင့်သာသီရိလင်္ကာ၊ထိုင်းစသည့်
ထေရ၀ါဒနိုင်ငံများမှသံဃာတော်များကဲ့သို့ကမ္ဘာကိုသာသနာမပြုနိုင်ကြခြင်းဖြစ်ပါသည်၊ယနေ့ခေတ်တွင်
ဗုဒ္ဓဘာသာဆိုင်ရာပြည်တွင်းတက္ကသိုလ်များနှင့်နိုင်ငံတကာရှိတက္ကသိုလ်များသိုခေတ်သစ်ပညာနှင့်ဗုဒ္ဓ
စာပေတွဲဖက်လျှက်လေ့လာသင်ကြားနေကြသောကြောင့်အနာဂါတ်သာသနာတော်အတွက်များစွာအား
တက်ဖွယ်ရာပင်ဖြစ်ပါတယ်။

ထေရ၀ါဒရဟန်းတော်များအနေနှင့်လည်းခေတ်သစ်စာပေကိုမယာယာနများလောက်မတတ်မြောက်သော
ကြောင့်ကမ္ဘာအရပ်ရပ်တွင်ထေရ၀ါဒထက်မဟာယာနကသာပိုမို၍လူသိများခြင်းဖြစ်ပါတယ်။ထို့ကြောင်မိမိ
တို့ထေရ၀ါဒရဟန်းတော်များအနေဖြင့်ခေတ်သစ်ဘာသန္တရနှင့်ဝိဇ္ဇာသိပ္ပံစသည့်စာပေတို့ကိုသင်ကြားပြီး
ကမ္ဘာကြီးကိုမြတ်ဗုဒ္ဓ၏ဘာသာရေးအရိပ်အောက်တွင်ခိုလှုံစေပြီးငြိမ်းချမ်းသာယာလှသောသောလူ့အဖွဲ့
အစည်ဖြစ်စေရန် ကြိုးစားအားထုပ်သာသနာပြုသင့်လှပါသည်။

အနောက်နိုင်ငံများမှဗုဒ္ဓဘာသာကိုဘုရားခေတ်တော်အတိုင်းလေ့လာလိုက်စားလိုကြသူများသည်မြန်မာ
နိုင်ငံသို့လာရောက်ပြီးပရိယတ်၊ပဋိပတ်နည်းများကိုလာရောက်လေ့လာသင်ကြားကြပါသည်။အနောက်
နိုင်ငံသားဗုဒ္ဓသာသနာပြုများဖြစ်ကြသောကမ္ဘာကျော်ပညာရှင်`အရှင်ဥာဏတိလောက(ဂျာမန်)၊အရှင်လော
ကနာထ´(အီတလီ)နှင့်အရှင်အာနန္ဒာမေတ္တယျ(အင်္ဂလန်)စသောပညာရှင်များမှာမြန်မာပြည်မှပရိယတ္တိ၊
ပဋိပတ္တိ များသင်ကြားလေ့လာသွားကြသူများပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သာသနာတော်စသည်ရောက်ရှိချိန်မှစ၍ ယခုအချိန်အထိ ဗုဒ္ဓလက်ထက်ကနည်းစနစ်အတိုင်းဖြစ်သည့်ထေရ၀ါဒဗုဒ္ဓတရားတော်သန့်သန့်ကိုသာလက်ခံကျင့်သုံကြ
သောကြောင်များစွာကံထူးသူများဟုဆိုရမည်ဖြစ်သည်။ထို့ကြောင့်မြန်မာနိုင်ငံကို‘‘TheGoldenLand“ရွှေ
ရောင်လွှမ်းသည့်နိုင်ငံအဖြစ်တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။သမိုင်းမှတ်တမ်းများအရမြန်မာနိုင်ငံသို့ဗုဒ္ဓ
သာသနာတော်ရောက်ရှိပြန့်ပွားလာပုံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

(၁) ရာမညတိုင်း ဥက္ကလာပ ဇနပုဒ်သားများဖြစ်ကြတဲ့ တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည်\နောက်ပါကုန်သည်များနှင့်မဇ္ဈိမဒေသသို့ကုန်သွယ်ရန်ရောက်ရှိလာကြရာ ၎င်းတို့ရောက်ရှိသည့်အချိန်တွင်ဂေါတမဗုဒ္ဓမြတ်စွာပွင့်တော်မူခါစအချိန်ဖြစ်ပြီးဗုဒ္ဓမြတ်စွာလင်းလွန်းပင်
အောက်၌သီတင်းသုံးတော်မူနေသည်ကိုဖူးတွေ့ရသောကြောင့်သဒ္ဒါတရားများတားမရအောက်ဖြစ်ပြီး
ပါလာသောမုန့်ဆွမ်းများကိုကပ်လှုကာသရဏဂုံခံယူဗုဒ္ဓဘာသာဝင်ဥပသကာများအဖြစ်သို့ရောက်ရှိကြပါ
တယ်။ထို့နောင်ဗုဒ္ဓမြတ်စွာထံတော်မှဆံတော်ရှစ်ဆူကိုရရှိခဲ့သောကြောင့်ဇာတိအရပ်သို့ပြန်ရောက်သော
အခါတွင်ဒဂုံမြို့(ယခုရန်ကုန်)တွင်ရှိသောသိဂုင်္တ္တရကုန်းပေါ်၌ဆံတော်ရှစ်ဆူကိုဌာပနာကာရွှေတိဂုံစေတီ
တော်မြတ်ကိုတည်းထားကိုးကွယ်တော်မူခဲ့ပါတယ်။ထိုမှစ၍မြန်မာနိုင်ငံဝယ်ဗုဒ္ဓသာသနာတော်စတင်၍
ရောက်ရှိဖြစ်ပါသည်။သို့ရာတွင်သာသနာတော်ကားမြန်မာနိုင်ငံအတွင်၌မတိုးတက်သေးသောကြောင့်
ဗုဒ္ဓသာသနာတော်နိဒါန်းဟုပင်ဆိုရမည်ဖြစ်ပါတယ်။

(၂)ရခိုင်သမိုင်းမှတ်တမ်းများအရဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိတော်မူစဉ်အခါကာလကရခိုင်းဒေသ
ဓည၀တီပြည်တွင်ပြည်သူ/ပြည်သားများနှင့်ဘုရင်စန္ဒသူရိယတို့အားကိုယ်တော်တိုင်ကြွရောက်ကာတရား
ဟောကြားခဲ့ပြီးဘုရင်စန္ဒသူရိယမှဗုဒ္ဓကိုယ်စားကိုးကွယ်စရာကိုလျှောက်ထားတောင်းသဖြင့်မဟာမုနိရုပ်ပွား
တော်မြတ်တစ်ဆူကိုထုလုပ်ပူဇော်ခွင့်ရရှိခဲ့ပြီးဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ရင်ငွေ့တော်ပေးတော်မူခဲ့
ကြောင်းကို မှတ်တမ်းများအရ သိရှိရပါသည်။

ဗုဒ္ဓမြတ်စွာသည် ၀ါတော်(၂၀)အရတွင် သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်မှ ကြွရောက်ကာ
သုနာပရန္တတိုင်း (ယခု-ပွင့်ဖြူမြို့နယ်)တွင် ကျောင်းဒကာ စူဠပုဏ္ဏ သူကြွယ်မှနောင်တော်မဟာပုဏ္ဏမထေရ်၏ဩ၀ါဒအရဗုဒ္ဓမြတ်စွာနှင့်နောက်ပါရဟန္တာအရှင်သူမြတ်(၅၀၀)
တို့အတွက်ဆောက်လုပ်လှုဒါန်းထားသောစန္ဒကူးကူးနံ့သာကျောင်းတော်ရာတွင်သီတင်းသုံး၍နဂါးမင်းနှင့်
ရသေ့တို့ကတောင်းပန်လျှောက်ထားသဖြင့်ကိုယ်တော်အစားကိုယ်းကွယ်ရာအဖြစ်ဖြင့်ယခုမန်းစက်တော်
ရာနေရာတွင်အောက်စက်တော်ရာနှင့် အထက်စက်တော် နှစ်ဆူကို ချထားတော်မူခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ဝံ၀င်တော်မူပြီး နှစ်ပေါင်း(၃၀၀)အကြာ အသောကမင်းမှ တတိယသင်္ဂါယနာတင်အပြီးတွင်ကိုးတိုင်းကိုးဋ္ဌာနသို့သာသနာပြုစေလွှတ်တော်မူခဲ့ရာ သုဝဏ္ဏဘူမိ(သထုံ)ဒေသသည်လည်ပါဝင်ခဲ့ပါသည်ဖေါ်ပြပါအချက်အလက်မှတ်တမ်းတို့သည်မြန်မာနိုင်ငံ
တော်အတွင်းသို့ဗုဒ္ဓသာသနာတော်ရောက်ရှိလာခြင်း၏အချက်အလက်မှတ်တမ်းများပင်ဖြစ်ပါတယ်။တချို့
သောအချက်အလက်များမှာ မူကွဲများလည်းရှိပါသည်။




(ဆက်လက်ဖော်ပြပါမည်--)

(ဓမ္မစေတီဆရာတော်၏ M.A.ဘွဲ့ယူစာတမ်းနှင့် တခြားသော ကျမ်းအဆောင်ဆောင်များအား ကိုးကားမှီညှမ်းပါသည်)


သူ့အကျိုး ကိုယ်အကျိုး သည်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်နိုင်ကြပါစေ။

ဓမ္မ၀ီရ-အရှင်တေဇနိယ (ခေတ္တ-သီရိလင်္ကာနိုင်ငံ)

University Of Kelaniya

E-mail; ashintejaniyadhammavira@gmail.com