Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, November 2, 2013

"ရင်နင့်ဖွယ် မိခင်မှ ပြန်လည်ရှိခိုးတောင်းပန်နေရသော သမီးမိုက်(အပိုင်း-၃)"

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

****************************************************

၂.၇.၂၀၁၂- မနက် ၇ နာရီတွင် သမီးပျောက်သွားကြောင်းသတင်းကို ည ၇ နာရီမှ ဆရာလေး ဒေါ်ပညာထံ ဖုန်းဆက်မေးမှ သိခဲ့ရပါသည်ဘု...ရား။ ဆရာလေး ဒေါ်ပညာမှ သမီး၏အစ်ကို ဦးပဉ္ဇင်းထံ ဖုန်းဆက် အကြောင်းကြားရာ ဖုန်းဆက်၍ မရခဲ့ကြောင်း ပြောပြခဲ့ပါသည်ဘုရား။

၇.၇.၂၀၁၂- ရက်နေ့တွင် တပည့်တော်မကိုယ်တိုင်ရန်ကုန်သို့ဆင်း၍ သွားရောက်စုံစမ်းရာ မျက်မြင်သက်သေအဖြစ် ရန်ကုန်မြို့ မဟာစည် ဘေး ရွှေနှင်းဆီလမ်းရှိ ဖုန်းဆိုင်မှ (၀၁-၆၆၂၃၁၄)ဖုန်းစောင့် မောင်ဂွါဟူးမှ ဆိုင်ပိုင်ရှင်များ ရှေ့တွင် မိစ္ဆာ၏ ပုံသဏ္ဍာန်နှင့် လာရောက်ခေါ်ဆောင်သွားပုံ အားလုံးကို ပြောပြခဲ့ပါသည်ဘုရား။ တပည့်တော်မသည် ညကားဖြင့် မန္တလေးသို့တက်ပြီး ၈.၇.၂၀၁၂- ရက်နေ့တွင် ဦးပဉ္ဇင်း ဦးတိက္ခဉာဏအား မျက်မြင်သက်သေနှင့်တကွ အားလုံးကို ပြောပြပြီး ၉.၇.၂၀၁၂- ရက်နေ့တွင် ကျောက်မဲသို့ မနက် (၁၀) နာရီပြန်ရောက်၍ နေ့လည်တွင် ကျောင်းတက်ခဲ့ပါသည်ဘုရား။
၁၃.၇.၂၀၁၂- ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက် (၁၂) ဥက္ကဋ္ဌ ဦးကျော်လှထံ ဖုန်းဆက်၍ အကြောင်း ကြားခဲ့ပါသည်ဘုရား။ တပည့်တော်မသည် ယနေ့အချိန်ထိ သမီးနှင့် ဖုန်းဆက်သွယ်မှုနှင့် မည်သည့်နေရာ ရောက်နေ ကြောင်း သတင်းလုံးဝ မရရှိသေးပါဘုရား။
အရှင်ဘုရား တပည့်တော်မမှာ ဝန်ထမ်းဖြစ်နသည်က တစ်ကြောင်း၊ သမီးငယ် ကျောင်းစရိတ်အတွက် ရှာဖွေရသည်က တစ်ကြောင်း၊ အသက် (၈၀) ကျော် မိအို၊ ဖအိုများအား ပြုစုရမည့် အကြောင်း များကြောင့် တပည့်တော်မကိုယ်တိုင် စုံစမ်းရန် ခက်ခဲလှပါသည်ဘုရား။

တပည့်တော်မမှာ သမီးအား မိစ္ဆာအယူ ကိုးကွယ်ပြီး သားစဉ်မြေးဆက် အဖြစ်မျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမည့်အရေးနှင့် တပည့်တော်မသင်ပေးသော သူနာပြု ဆေးအတတ်ပညာဖြင့် မိစ္ဆာများ၏အကျိုး ဆောင်ရွက် နေမည့်အရေးကို တွေးပူ၍ စိုးရိမ်ထိတ်လန့်မိပါသည်ဘုရား။

ဆရာတော်ကြီးများနှင့် သံဃာတော်များ၏စေတနာ၊ မိခင်၏စေတနာကို စော်ကားခဲ့သော သမီးနှင့် မိစ္ဆာတို့အား ရောက်သည့်နေရာ စုံစမ်းရှာဖွေဖမ်းဆီးပြီး အပြစ်ပေးပါရန် ဆရာတော်ဘုရားထံ အပ်ပါသည်ဘုရား။ တပည့်တော်မအား သနားသောအားဖြင့် ကူညီပေးပါဟု အသနားခံ လျှောက်ထား တောင်းပန်အပ်ပါသည်ဘုရား။ ။

မိခင်
(သတ်ပုံနှင့် စာသား မူရင်းအတိုင်းဖြစ်ပါသည်။)
အမည် မယဉ်ဝေအောင်
မှတ်ပုံတင်နံပါတ် ၁၃/ကမန(နိုင်) ၁၀၂၇၃၆
မိဘအမည် ဦးအောင်ဆန်း (ကွယ်လွန်) + ဒေါ်ယဉ်ယဉ်ဝင်း
မွေးသက္ကရာဇ် ၁၈.၉.၁၉၉၁
ပညာအရည်အချင်း Nurse (ဒီပလိုမာ)၊ တတိယနှစ် English
နေရပ်လိပ်စာ ၉/၄၄၄ ရွှေညောင် လမ်း၊ ကျောက်မဲမြို့

မောင်လွင်ထွဋ်နောင်
L.s.o- 220276
ဦးဆန်းလွင်+ ဒေါ်အေးစန်း
၃.၃.၁၉၉၁
ဆယ်တန်းမအောင်
ရပ်ကွက်(၁၂)၊ နယ်မြေ(၈)၊ လားရှိုးမြို့
စာရေးသူထံသို့ ဦးကုမာရ ရောက်ရှိလာပြီး လျှောက်ထားသည်မှာ- ၁၃.၆.၂၀၁၂- ရက်နေ့က ဖြစ်ပါသည်။ မောင်တော အရေးအခင်းကာလကြီးဖြစ်နေ၍ ခိုးပြေးရဲသော ကုလားကို အံ့ဩနေမိ၏။ သည်သတင်းပြန့်သွားလျှင် အဓိကရုဏ်းကူးစက်နိုင်သောကြောင့် တိုးတိတ်ညင်သာစွာ လျှို့ဝှက် ဆောင်ရွက်ရပေသည်။ ၃၁.၅.၂၀၁၂-ရက်နေ့ ရက်စွဲဖြင့် ချုပ်ဆိုထားသော လက်ထပ်စာချုပ်တွင် ကိုးကွယ်သည့်ဘာသာ နေရာမှာ အစ္စလာမ်ဟုရေးထားကြောင်း သိရ၏။ မိခင်အရင်း မောင်ဝမ်းကွဲ ဦးဇင်းတို့ လာရောက်ခေါ်ရာ မလိုက်သဖြင့် ရဲစခန်း၌ မိခင်က သမီးဖြစ်သူကို ထိုင်ရှိခိုးပြီး ငိုယိုတောင်းပန်သော်လည်း ကောင်မလေးကား မျက်နှာလွှဲ၍ မသိဟန်ဆောင်နေသည် ဟုလည်း ကြားသိရ၏။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment