Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, November 2, 2013

" ရင်နင့်ဖွယ် မိခင်မှ ပြန်လည်ရှိခိုးတောင်းပန်နေရသော သမီးမိုက်အကြောင်း" အပိုင်း(၁)

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

****************************************************

(ဤဖော်ပြပါ ဖြစ်ရပ်မှန်အဖြစ်အပျက်မှာ ကာယကံရှင်မိခင်မှ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျေ...ာင်း နယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (၀ီရသူ-မစိုးရိမ်) ဆရာတော်အား ရင့်ဖွင့်လျှောက်ထားသော ရင့်နှင့်ဖွယ်စာပင်ဖြစ်ပါသည်။ မိမိ၏ဘ၀မှာ ထိုကဲ့သို့သော သတင်း၊အဖြစ်အပျက်၊စာ၊စတာတွေကို လုံးဝကို မကြားချင် မတွေ့ချင် မဖတ်ချင်ပေ။ကမ္ဘာသူ/သား လူကဲ့သို့ ကိုယ်စီအသိတရားလေးနဲ့ လူအစစ်တွေလိုပဲ လူလူသူသူနေစေချင်တာပါ၊ အခုဆောင်းပါးကို မိခင်များ၊အမျိုးကောင်းသား/သ္မီးလေးများ သိရှိနားလည်သပေါက်စေချင်လို့ ဆရာတော်ဝီရသူ(မစိုးရိမ်)၏ face book စာမျက်နှာမှ ကူးယူဖော်ပြလိုက်ခြင်းပါ။
(အမျိုးသားရေးသတိ၊ ဘာသာရေးအသိ၊ ကိုယ်စီရှိနိုင်ကြပါစေ-ဓမ္မဝီရအရှင်)

ဆရာတော်ကြီးဘုရား
တပည့်တော်မ ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်မသည် သမီးအကြီး(၂)နှစ်၊ သမီးငယ် (၅) လ အရွယ်တွင် တပည့်တော်မ၏ အမျိုးသား ဆုံးပါးကွယ်လွန် သွားခဲ့ပါသည်ဘုရား တပည့်တော်မသည် အလယ်တန်းပြ ဆရာမလစာဖြင့် ချွေတာစားသုံးပြီး သမီးနှစ်ယောက် လိမ္မာယဉ်ကျေးပြီး ပညာတတ်များဖြစ်အောင် ပညာသင် ပေးခဲ့ပါသည်ဘုရား။ တပည့်တော်မသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်သည့်အပြင် အမျိုး၊ ဘာသာ၊ သာသနာကို ဦးထိပ်ပန်ဆင်ပြီး ဘုရား၊ တရား၊ သံဃာတော်မြတ်များမှတစ်ပါး အားကိုးရာမရှိပါဘုရား။ တပည့်တော်မသည် အသက်(၈၀)ကျော် မိခင်နှင့် အသက်(၈၀)ကျော် လေဖြတ်နေသော ဖခင်ကြီးတို့နှင့်အတူ နေထိုင်သူဖြစ်ပါသည်ဘုရား။

တပည့်တော်မသည် သမီးနှစ်ယောက်ပညာသင်ဆဲအရွယ်မှာပင် နွေကျောင်းပိတ်ရက်များ၌ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် သမီးများကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများသို့ပို့၍ ဗုဒ္ဓဘာသာကို ယုံကြည်အားကိုးရာအဖြစ် ဦးထိပ်ပန်ဆင်နိုင်ရန် ဆရာတော်၊ သံဃာတော်များထံ အပ်နှံပြီး ဗုဒ္ဓယဉ်ကျေးမှုစာပေများကို သင်ကြားစေခဲ့ ပါသည်ဘုရား။

သမီးနှစ်ယောက်မှာလည်း လိမ္မာယဉ်ကျေးပြီး ပညာထူးချွန်၍ ဆရာ၊ မိဘစကားကို နားထောင်သော သမီးလေးများ ဖြစ်ခဲ့ပါသည်ဘုရား။ တပည့်တော်မ စိတ်ချမ်းမြေ့ခဲ့ရပါသည်ဘုရား။ သမီးအကြီး(၁၆)နှစ်မှာ ဆယ်တန်းအောင်လို့ အင်္ဂလိပ်စာဘာသာကို အဓိကယူပြီး တက္ကသိုလ် တက်စေခဲ့ပါသည်ဘုရား။ တက္ကသိုလ် ဒုတိယနှစ်မှာပဲ စာပေး စာယူပြောင်းစေခဲ့ပြီး ဘဝမှာ ရပ်တည်နိုင်အောင် သူနာပြုသင်တန်းသို့ တက်ရောက် စေခဲ့ပါသည်ဘုရား။ ဒီအချိန် သမီးအငယ်မှာလည်း ဆယ်တန်းအောင်ပြီး တက္ကသိုလ် ပထမနှစ်ကို စတက် နေတဲ့အချိန်ဖြစ်ပါသည် ဘုရား။ တပည့်တော်မသည် မုဆိုးမဘဝဖြင့် သမီးနှစ်ယောက် ပညာတတ်ဖြစ်အောင် ဗုဒ္ဓဘာသာ၊ သာသနာအကျိုးကို စွမ်းဆောင်နိုင်အောင် အမြဲဆုံးမ သွန်သင်ပြီး စောင့်ရှောက်ခဲ့ပါသည်-ဟု မှန်သောသစ္စာဆို ပါသည်ဘုရား။

ယခုအချိန် သမီးကြီးမှာ သူနာပြုသင်တန်းပြီးပါပြီဘုရား။ စာပေးစာယူဖြင့် တက္ကသိုလ်နောက်ဆုံးနှစ် သို့ပင် ရောက်ရှိပါသည်ဘုရား။ သမီးအငယ်မှာလည်း ဘူမိဘေဒဘာသာရပ်ဖြင့် တက္ကသိုလ် နောက်ဆုံးနှစ်သို့ တက်ရောက် သင်ကြားဆဲ ဖြစ်နေပါသည်ဘုရား။ တပည့်တော်မသည် သမီးနှစ်ယောက်ကျောင်းပြီး ဘွဲ့ရမည့်အရေး မျှော်တွေးပြီး ဘဝအမောဖြေလို့ သမီးများနှင့်အတူ ဗုဒ္ဓဘာသာကိုလည်း စခန်းဝင်၊ တရားအားထုတ်ဖြင့် မိမိနောက်ပါမည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်မည်-ဟု အားခဲ့ထားပါသည်ဘုရား။ ဒီအချိန်မှာဘဲ မိစ္ဆာကောင်များ၏ နည်းပရိယာယ်ကြွယ် ဝမှု အောက်သို့ သမီးကြီးသက်ဆင်းခဲ့ရပါသည်ဘုရား။
၃.၁၁.၂၀၁၁-ရက်နေ့မှာပင် သမီးကြီးကို မိစ္ဆာကောင်မှ အလိုမတူဘဲ ခိုးယူသွားခဲ့ပါသည်ဘုရား။ ၆.၁၁.၂၀၁၁-နေ့တွင် သမီးငယ်မှ မိစ္ဆာကောင်၏မိဘများထံသွားရောက်၍ ရှိခိုးကန်တော့တောင်းပန်မှ သမီးကြီးကို သမီးငယ်နှင့် ပြန်ထည့်ပေးလိုက်ပါသည်ဘုရား။ တပည့်တော်မတို့မှာလည်း ရှက်ပြီးမတိုင်ဘဲ တိတ်တိတ်နေခဲ့ပါသည်ဘုရား။ မိစ္ဆာကောင်မှ သူ၏မိဘများနှင့် လာရောက်တောင်းရမ်းမည်ပြောသော်လည်း ဘာသာမတူ၍ မဖြစ်နိုင်ကြောင်း တပည့်တော်မ ငြင်းဆိုခဲ့ပါသည်ဘုရား။ အဲ့ဒီအချိန်မှာ တစ်လလုံးလုံး ခြိမ်းခြောက်ခံနေရပါသည်ဘုရား။

အပိုင်း-၂ ကိုဆက်လက်တင်ပေးသွားပါမည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment