Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, November 20, 2013

မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်....

 
မြန်မာနိုင်ငံဟူသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သောနိုင်ငံတစ်ခုဖြစ်သလို
မြန်မာလူမျိုးတို့သည် အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုအမွေအနှစ်များကို စောင့်ထိန်းကျင့်သုံး
လိုက်နာသောသူများဖြစ်ပါသည်။

အမျိုးဟူသည် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသော တ...ိုင်းရင်းသားအားလုံးပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြသော မြန်မာတိုင်းရင်းသားဟု အကျုံးဝင်သည့် လူမျိုး(၁၃၅)မျိုးရှိပါသည်။

ဘာသာဟူသည် မြန်မာနိုင်ငံသားအများစု အစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပါသည်။

သာသနာဟူသည် ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့သည့်
တရားတော်များဖြစ်ပါသည်။

ယဉ်ကျေးမှုဟူသည် ရှေးကလူများ တည်ထား
ကိုးကွယ်ခဲ့ကြသည့် ရှေးဟောင်းစေတီ ပုထိုးအပါအဝင် ကျင့်သုံးလိုက်နာခဲ့ကြသော
အစဉ်အလာကောင်းများပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသူနိုင်ငံသားအများစုသည်လည်း
ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်မှာ နေသားကျနေခဲ့သည်။ မြတ်ဗုဒ္ဓမရှိတော့သည့်နောက်ပိုင်း နှစ်ပေါင်း(၂၆၀၀)အတွင်းမှာ မြတ်ဗုဒ္ဓ၏တရားတော်များကို မူရင်းအတိုင်းထိန်းသိမ်းပြီး သင်္ဂါယနာခြောက်ကြိမ်
တင်ရာမှာ မြန်မာနိုင်ငံတွင် နှစ်ကြိမ်တိုင်အောင်ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ တောက်ပမှုပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ကြီးသည် တိုင်းတစ်ပါးနယ်ချဲ့တို့၏ လက်အောက်ကို ကျရောက်ပြီးသည့် နောက်ပိုင်းတွင်ကား မြန်မာနိုင်ငံအတွင်းသို့ ဗုဒ္ဓဘာသာ မဟုတ်သော
ဘာသာခြား လူမျိုးခြားတွေ ဝင်ရောက်လာပါတော့သည်။
သဘာဝသယံဇာတ ပေါကြွယ်ဝပြီး
ရိုးသားဖြူစင်၍ သူတစ်ပါးကို အားနာတတ်သော(အယုံလွယ်သော)
မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံကြီးကို သဘောကျသည့် ဘာသာခြား လူမျိုးခြားတို့သည်
မြန်မာမိန်းကလေးများကို စည်းရုံးသိမ်းသွင်းလက်ထပ်ပြီး မြန်မာနိုင်ငံမှာ
ခြေကုတ်ယူလိုက်ကြပါတော့သည်။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးတွေကိုယူပြီး သူတို့၏ ဘာသာတရားအားကောင်းအောင် ပြုလုပ်လိုက်ပါသည်။ ဆင်းရဲနွမ်းပါးပြီး အသိဉာဏ်နည်းပါးသော ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးအချို့လည်း ဘာသာခြားဖြစ်သွားပါသည်။ တစ်စပြီးတစ်စ
ချည်နှောင်ခံလိုက်ရခြင်းကြောင့် မြန်မာနိုင်ငံမှာ
ဘာသာခြားအရေအတွက် ကိန်းဂဏန်းနှစ်စဉ်
တိုးပွားလာသည်မှာ မြင်တတ်သူများ အသိပင်ဖြစ်သည်။

မြန်မာနိုင်ငံတော်ကြီးလွတ်လပ်ရေး ရခဲ့သော်လည်း
မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွေမှာ (အခြားသောမလေးရှား အီရတ်စသည်တို့ကဲ့သို့
ဘာသာရေးဥပဒေ မျိုးစောင့်ဥပဒေ)မရှိခဲ့ပဲ ဘာသာခြားများနှင့် စည်းမရှိကမ်းမရှိ လွတ်လပ်စွာ
လက်ထပ်ခွင့်ပြုထားသောကြောင့် ဘာသာခြားအန္တရာယ်ကြီးမားလှပါသည်။
[ဘာသာခြားနှင့် အိမ်ထောင်ပြုသွားသော မြန်မာတိုင်းရင်းသူ အမျိုးသမီးများသည် တစ်နေ့လျှင် ပျဉ်းမျှ(၇၀)ရှိသည်။
တစ်နှစ်လျှင်မည်မျှရှိမည်ကို တွက်ကြည့်နိုင်ပါသည်။]

မြန်မာနိုင်ငံ၏ ရုံးတစ်ချို့မှာ `မြေမျိုလို့လူမျိုးမပြုတ်
လူမျိုမှလူမျိုးပြုတ်မည်´ဟု စာတန်းကပ်ထားသော်လည်း လက်တွေ့မှာ
လိုက်နာမှု အားနည်းသောကြောင့် မြန်မာနိုင်ငံသားတိုင်း ဗုဒ္ဓဘာသာဝင်ဖြစ်မလာကြပဲ
ဗုဒ္ဓအဆုံးအမ ရိုးရာယဉ်ကျေးမှုတို့နေရာမှာ
အခြားသောရိုးရာယဉ်ကျေးမှုတွေက စီးဝင်လာခဲ့ပါသည်။

အကြောင်းအကျိုးကိုစဉ်းစားကြည့်သောအခါ..
၁။ မြတ်ဗုဒ္ဓ၏ တရားတော်များကို လိုက်နာကျင့်သုံးမှု အားနည်းခြင်း။

၂။ စီးပွားရေးနိမ့်ကျခြင်း။

၃။ လူမျိုးခြား ဘာသာခြားတို့နှင့် အိမ်ထောင်ပြုလိုက်ခြင်းအားဖြင့် ကိုယ့်အမျိုး
ကိုယ့်ဘာသာ ကိုယ့်သာသနာ ဘယ်၍ဘယ်မျှ
နစ်နာဆုံးရှုံးသွားကြောင်းကို မသိခြင်း။

၎။ မြို့နယ် ရပ်ကွက် ကျေးရွာရှိ လူကြီးမိဘ ဆရာသမား အသင်းအဖွဲ့တို့သည် ဤအရေးကိစ္စ
နှင့်ပတ်သက်၍ ဆုံးမသြဝါဒပေးရန် အသိနည်းခြင်း
ကိုယ့်အမျိုး ကိုယ့်ဘာသာ ပျောက်ဆုံးမည်ကို သတိမမူခြင်း။

၅။ လူမျိုးခြားဘာသာခြားများနှင့်ရောနှောနီးကပ်စွာ
လက်ပွန်းတစ်တီး ဆက်ဆံနေထိုင်ခြင်း။

၆။ ဘာသာရေး လူမျိုးရေးအရ လူမျိုးခြား ဘာသာခြားတို့နှင့်လက်မထပ်နိုင်ရန် တားမြစ်ထားသည့် ဥပဒေများမရှိခြင်း။

၇။ ဇာတ်သီးခြားမရှိခြင်း(မျိုးချစ်စိတ်မရှိခြင်း)။

၈။ ယခုခေတ် စားဝတ်နေရေးအရ လူမျိုးခြားဘာသာခြားတို့၏ အရောင်းဆိုင်တွေမှာ
မြန်မာသမီးပျိုလေးများ အလုပ်ဝင်ရောက် လုပ်ကိုင်နေရခြင်း(မိဘများကသဘောတူခြင်း)။

၉။ မြန်မာနိုင်ငံ၏ အရေးကြီးသောစာသင်ကျောင်းများ၌ ဘာသာခြား
များအား ဆရာ/ဆရာမအဖြစ် ခန့်ထားခြင်း။

၁၀။ အောက်ခြေလုပ်ပိုင်ခွင့်ရှိသော ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကဲ့သို့သော နေရာကအစ
ဘာသာခြားများကို ခန့်ထားမိ၍ လုပ်ပိုင်ခွင့် ရသွားခြင်း..ဟူသောအကြောင်းတရားများကြောင့်
ဘာသာခြားလက်အောက်သို့ ကျရောက်သွားခြင်းဖြစ်သည်ဟု မေဃဝတီဆရာတော် ဦးနာရဒ က ရုပ်ရှင်ဒါရိုက်တာစာရေးဆရာကြီး ရွှေဒုံးဘီအောင်
ထံကို ပေးပို့သောစာမှာ ဖော်ပြထားပါသည်။

ဤအချက်တွေအပြင် နယ်စပ်ဒေသကတိုင်းရင်းသားကျေးရွာလေးများသို့
ဗုဒ္ဓဘာသာပျံ့နှံ့အားနည်းမှုကို အခွင့်ကောင်းယူကာ ဘာသာခြားတို့၏ သာသနာပြုခြင်းတည်းဟူသော အကြောင်းတရားတွေလည်း ပါဝင်ခဲ့ပါသည်။

အကြောင်းတရားအားလုံးကို ခြုံငုံသုံးသပ်ပြီး
သူတစ်ပါး(ဘာသာခြား)များကို အပြစ်မတင်ပဲ
`ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်း၏။´
ဆိုသကဲ့သို့ မြန်မာလူမျိုးတို့အနေနှင့်မိမိတို့ ခြံစည်းရိုးကို လုံအောင်ခတ်ပါက သူတစ်ပါး အလွယ်တကူ ဝင်ရောက်၍ မရနိုင်ပါ။

တစ်ဘဝသာ တော်စပ်ခွင့်ရှိသော ဆွေမျိုးအသိုင်းအဝိုင်းအတွက်နှင့် တစ်သံသရာလုံး ဒုက္ခရောက်စေမည့် ဘာသာကို မကိုးကွယ်သင့်ပေ။
ဘဝရှိက ဆွေမျိုးရှိမည်သာ။ တစ်ခါစားဖို့ဝယ်သောသစ်သီးတောင်မှ အနာအဆာကင်းဖို့ သေချာကြည့်ပြီး ရွေးဝယ်ရသေးလျှင် တစ်သံသရာလုံး
ကိုးကွယ်ရမည့်ဘာသာဆိုပါက ပို၍ပင်
ဆန်းစစ်ရမည် မဟုတ်ပါလော။

လူမျိုးနှင့် ဘာသာ၏တန်ဖိုးကိုသိကြပါ..

(နယ်လှည့်ဓမ္မကထိက အရှင်ပညာသီရိ၏
ဆောင်းပါးမှ ကောက်နုတ်ချက်)

No comments:

Post a Comment