Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, November 2, 2013

"ရင်နင့်ဖွယ် မိခင်မှ ပြန်လည်ရှိခိုးတောင်းပန်နေရသော သမီးမိုက်(အပိုင်း-၂)"



















****************************************************

၁၈.၅.၂၀၁၂-နေ့တွင် မိစ္ဆာကောင်မှ ဒုတိယအကြိမ် လာရောက်ခိုးယူသွားခဲ့ပါသည်ဘုရား။ တပည့်တော်မသည် ညတွင်းချင်း ရဲစခန်းသို့သွာ...းရောက်၍ လူပျောက်တိုင်ခဲ့ပါသည်ဘုရား။ တစ်ဖက်မှလည်း တပည့်တော်မတို့ ကိုယ်တိုင် စုံစမ်းရာ ရပ်ကွက်(၁၂) နယ်မြေ(၈)ရှိ မိစ္ဆာကောင်၏ နေအိမ်တွင် သူ၏မိဘများနှင့် အတူရှိနေကြောင်း စုံစမ်း သိရှိခဲ့ရပါသည်ဘုရား။ တပည့်တော်မသည် သမီးကို လာအပ်ရန် မိစ္ဆာကောင်၏မိဘများထံ အကြောင်းကြားသော်လည်း အမျိုးမျိုးအကြောင်းပြ၍ အချိန်ဆွဲပါသည်ဘုရား။ တပည့်တော်မမှာလည်း သမီးလာအပ်လျှင် ခေါ်ထားမည်-ဟု သဘောဖြင့်သာ ချော့ပြီးခေါ်ခဲ့ခြင်းဖြစ်ပါသည်ဘုရား။
၁၈.၆.၂၀၁၂-ရက်နေ့မှ လာရောက်အပ်သော်လည်း ကလေးနှစ်ဦးမပါခဲ့၍ တပည့်တော်မ လက်မခံခဲ့ပါဘုရား။ ၁၅.၆.၂၀၁၂- ရက်နေ့တွင် တပည့်တော်မသည် သူငယ်ချင်းကားအကူအညီဖြင့် လားရှိုးသို့ သမီး၏ အစ်ကိုဝမ်းကွဲ ဦးပဉ္ဇင်း ဦးကုမာရ၊ ဦးကြီးတို့နှင့်အတူ လားရှိုးအမှတ် (၂) ရဲစခန်းသို့ သွားရောက်ခေါ်ဆောင်သော်လည်း မိစ္ဆာများ၏ လိမ်လည်စာချုပ်နှင့် မိခင်သဘောမတူဘဲ မိစ္ဆာဘာသာဖြင့် လက်ထပ်စာချုပ် ချုပ်ဆိုထားသည်ကို တွေ့ရှိရသည်နှင့် ရင်ထုမနာ ခံစားရင်း ငိုခဲ့ရပါသည်ဘုရား။

၁၈.၆.၂၀၁၂- ရက်နေ့တွင် ဆရာတော်ကြီး၏ ကူညီမှုဖြင့် မန္တလေးဦးပဉ္ဇင်းများနှင့် အတူ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မိဘသဘောတူညီမှုဖြင့် သမီးကို ပြန်လည် ရရှိခဲ့ပါသည်ဘုရား။ တပည့်တော်မ၏ သမီးမှာ မိစ္ဆာကောင်၏ နည်းမျိုးစုံဆွဲဆောင်မှုဖြင့် ပါသွားပြီး ဘဝပျက်ခဲ့ရပါသည်ဘုရား။ တပည့်တော်မတို့မှာ နစ်နာဆုံးရှုံးမှုတွေ များခဲ့သော်လည်း မည်သည့်ပြဿနာမှ ပြုလုပ်ခြင်း မရှိခဲ့ပါဘုရား။ဗုဒ္ဓ၏ တရားတော်ဖြင့်သာ ဝဋ်ကျွေးရှိလို့ ဆပ်ရတယ် ဘဝအဆက်ဆက် ဒီလိုအဖြစ်မျိုးမကြုံရပါစေနဲ့ဟု စိတ်ထဲမှာ ဆုတောင်းရင်း ဖြေသိမ့်ခဲ့ ရပါတယ်ဘုရား။ မိစ္ဆာကောင်ကိုလည်း ဥပဒေဖြင့် အရေးယူ တားမြစ်စေချင်ခဲ့ပါသည်ဘုရား။ တရားသူကြီးနှင့် အုပ်ချုပ်ရေးမှူးများမှလည်း အရေးယူမှု ပြုလုပ်ပေးခြင်း မရှိခဲ့ပါဘုရား။ မိန်းကလေးတွေကို စော်ကား သားမယားအဖြစ် ပြုကျင့်ပြီး အရေးယူတာမရှိခဲ့လျှင် နောက်နောင် မိန်းကလေးများ၏ ဘဝလုံခြုံရေးမှာ အန္တရာယ်အများကြီး ဖြစ်နိုင်ပါသည်ဘုရား။ အခုပြဿနာမှာ တပည့်တော်မ နားမလည်၍ ခံရသော်လည်း ဥပဒေနားလည်သော လူကြီးများမှ သမီးချင်း ကိုယ်ချင်းစာပြီး ပြုလုပ်ဆောင်ရွက်ပေးသင့်သည်ဟု ခံစားမိပါသည်ဘုရား။

သမီးကို အိမ်သို့ပြန်ခေါ်ခဲ့သော်လည်း သမီးမှာ မိစ္ဆာစိတ်လုံးလုံးဖြစ်ပြီး ဗုဒ္ဓမြတ်စွာနှင့် အဖိုး၊ အဖွား၊ မိခင်ကို ရှိခိုးခိုင်းသော်လည်း လုံးဝကို မကြည့်ဘဲ ရန်သူလို သဘောထားပြီး အပြစ်များကို ပြောဆိုနေခဲ့ပါသည်ဘုရား။ မိစ္ဆာများ၏ တိရစ္ဆာန်စိတ်သွင်းခဲ့ပုံကိုလည်း မိခင်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရ၍ ယူကြုံးမရ ရင်ကွဲပက်လက် ခံစားခဲ့ရ ပါသည်ဘုရား။ ကျောင်းမှ ဆရာမများ လာရောက်ဖျောင်းဖျပြောဆိုသော်လည်း မိစ္ဆာများ၏ အလိုလိုက် အကြိုက် ဆောင်ကာ ဖျားယောင်းပြီး လိုအပ်သမျှပြုလုပ်ပေးခဲ့သည်ကို တသသပြောဆိုနေခဲ့ပါသည်ဘုရား။ ဆရာမများမှလည်း လိမ္မာယဉ်ကျေးပြီး မိဘ၊ ဆရာစကား နာထောင်ခဲ့သော သမီးအား ကြည့်ရင်း ရင်နင့်စွာခံစားနေကြရပါသည်ဘုရား။
၂၂.၆.၂၀၁၂- နေ့တွင် တပည့်တော်မမှာ ကြံရာမရဖြစ်ပြီး သမီးအား ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ အမွေအနစ် အများဆုံးနှင့် သံဃာတော်များ သီတင်းသုံးနေထိုင်သော မန္တလေးမြို့သို့ ခေါ်ဆောင်၍ ဗုဒ္ဓ၏ အထွဋ်အမြတ်နေရာများသို့ သံဃာတော်များနှင့် လိုက်လံပို့ဆောင်၍ သမီး၏ စိတ်အတွင်း ဗုဒ္ဓဘာသာကို ပြန်လည်ကိန်းအောင်း စေရန် ရည်ရွယ်ခဲ့ပါသည်ဘုရား။ မန္တလေး ရွှေရေးဆောင်ကျောင်းတိုက် သူဌေးကျောင်း ဦးပဉ္ဇင်း ဦးတိက္ခဉာဏ မှလည်း အမျိုးဘာသာ သာသနာကို စောင့်ထိန်းချစ်မြတ်နိုးစေရန် စာအုပ်များဝယ်၍ ဓမ္မဒါနဖြင့် ဖတ်စေခဲ့ပါသည်ဘုရား။

၂၄.၆.၂၀၁၂- ရက်နေ့ည ကားဖြင့် သမီး၏ အစ်ကိုဝမ်းကွဲ ဦးပဉ္ဇင်း ဦးကုမာရနှင့် အတူ ရန်ကုန်မြို့သို့ ပို့ဆောင်၍ တရားစခန်းဝင်စေခဲ့ပါသည်ဘုရား။ တပည့်တော်မမှာ ဝန်ထမ်းဖြစ်၍ ခွင့်ပျက်များသည်က တစ်ကြောင်း၊ အသက် (၈၀) ကျော် မိအိုနှင့် လေဖြတ်နေသော အသက် (၈၀) ကျော် ဖအိုတို့အား ပြုစုရန်လိုသောကြောင့် ကျောက်မဲမြို့သို့ ပြန်လာခဲ့ရပါသည်ဘုရား။ ရန်ကုန်မြို့ ၉ မိုင် မဟာစည်ရိပ်သာတွင် စခန်းဝင်ရန် အပ်ထားခဲ့ကြောင်း ဦးပဉ္ဇင်းမှ အကြောင်းကြားခဲ့ပါသည်ဘုရား။
ဆက်ရန်ရှိသေးသည်။
အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment