Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, September 17, 2013

" သာသနာ့အန္တရာယ် "

 

 

 

 

 

" သာသနာ့အန္တရာယ်-၁ "


 သိဘွယ်အားလုံးကို သိတော်မူတဲ့ သဗ္ဗညုဘုရားရှင်က
ပဉ္စင်္ဂုတ္တရပါဠိတော်မှာ သာသနာကွယ်ကြောင်းတရား
တွေကို ဟောထားပါတယ်။ငါးပါးစီ သုံးမျိုး ဟောကြားထါး
တာမို့  သာသနာကွယ်ကြောင်းတရားဟာ (၁၅)ပါး ရှိပါတယ်။
     ရဟန်းများတို့-
၁။တရားမနာ  စာပေမသင်   နှုတ်တွင်မဆောင်   ရအောင်
   မမှတ်   ပဋိပတ်ကွာ  ဤငါးဖြာတည်း။
၂။စာသင်ပယ်လျှော   ကျယ်မဟောကြ    ကျယ်မချနှင့်
   ကျယ်စွာ့မအံ   မကြံမစည်   ဤငါးမည်တည်း။
၃။ပုဒ်ပျက်သင်ကြ   ဒုဗ္ဗစမူ   ချသူရှား    လာဘ်များအေါင်
   ဖန်   ခိုက်ရန်ကွဲပြား  ဤငါးပါးတည်း။(သုံးမျိုးပေါင်းလိုက်
   ရင် သာသနာကွယ်ကြောင်းတရား"၁၅"ပါးပါ။)
  ဒီကနေ့ခေတ်သာသနာကို  ဒီသာသနာကွယ်ကြောင်း
တရားတွေနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် ပထမငါးပါး ဒုတိယ
ငါးပါးနဲ့ ငြိတာမတွေ့ရပါဘူး။ဒီတရား  ၁၀-ချက်ကြောင့်တေါ့
မြန်မာနိုင်ငံရဲ့  သာသနာဟာ မျက်မှောက်ခေတ်မှာ
အန္တရာယ်မရှိ နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့  စာသင်
ကျောင်းတိုက်ကြီးတွေ အမြောက်အများရှိတယ်။စာချဆရာ
အကျော်အမော်တွေ အမြောက်အများရှိတယ်။သင်ယူကြ
တယ်  ချပေးကြတယ်  နှုတ်ငုံဆောင်ကြတယ်။တိပိဋကဓရ
သာသနာ့အာဇာနည်တွေ ပေါ်ထွန်းတယ်။ တရားပွဲကြီးတွေ
တရားနာသူတွေ အလွန်များတယ်။ သာသနာတော်ဆိုင်ရာ
ပွဲတော်ကြီးတွေဆိုလဲ မှတ်တမ်းတင်မပြီးအောင်  ရှိနေလို့
ဖြစ်ပါတယ်။(ဆက်ပို့မည်)
                                    vanavasi


" သာသနာ့အန္တရာယ်-၂ "


    ဒီခေတ် မြန်မာနိုင်ငံ သာသနာသည် ပစ္စယဒါယကာတို့
ရဲ့ လှူဒါန်းထောက်ပံ့မှု  အလွန်အားကောင်းခြင်းနဲ့ အတူ
ရဟန်းသံဃာတော်တို့ရဲ့  ပရိယတ် ပတိပတ်အားထုတ်မှု
ကလဲ ပထမတန်းမှာမို့ မြန်မာသာသနာအတွက် အန္တရာယ်
ကို မစဉ်းစားကြပဲ ဖါသိဖါသာနေတဲ့သူတွေ များတယ်လို့
ထင်ပါတယ်။သာသနာကွယ်ကြောင်း ၁၅-ပါးအနက် ပ-ဒု
၁၀-ပါးနဲ့ ငြိတာနဲပေမဲ့။တတိယ ၅-ပါးနဲ့ကတော့ အတော်
ကြီးပဲ ငြိနေတယ်ထင်ပါတယ်။သာသနာတော်အတွ
က်
အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေလို့တောင် ယူဆမယ်ဆိုက
ယူဆနိုင်ပါတယ်။
   ပုဒ်မှား ပါဌ်မှား အက္ခရာမှားတဲ့ အရေးအသားတွေတွေ့ရ
သလို။ဒီအမှားတွေကပြတဲ့ အဓိပ္ပါယ်တွေကိုလဲ  မသိသူ
တွေက အမှန်ပဲယူဆပြီး ငြင်းကြ ခုံကြ ဖြစ်လာကြပါတယ်။
ပါဠိကျမ်းစာတွေ  မသင်ကြားဘူးသူတွေက များတော့
စာရေးသူတွေကလဲ  ယုံကြည်လောက်အောင် အရေး
အသားကောင်းကြတော့ သူသန်ရာ ကိုယ်သန်ရာ စွဲပြီး
လမ်းလွဲကြပါတော့တယ်။ဒီလိုဖြစ်တာ အများစုကလဲ ဝိနည်းမကျွမ်း ကျမ်းဂန်မသင်ကြတဲ့ ပုဂ္ဂိုလ်တွေပါ။လူ့ဘဝ
ူလူ့လောကကို နောကြေအောင်သိထားကြတဲ့ တောထွက်
ရဟန်းကြီးတွေအများစုက ဘုန်းကြီးအောင် လာဘ်များ
အေါင်ဖန်တီးပြီး တရားရိပ်သာကြီးတွေနဲ့ သာသနာမှာ ရှေ့တန်းရောက်နေကြပါတယ်။ဝိနည်းတတ် စာတတ်ဆရာ
သမားရဲ့ အုပ်ချုပ်မှုအေါက်မှာဆိုရင်တော့ စိုးရိမ်စရာမရှိ
ပေမဲ့ ကိုယ့်ထီးကိုယ့်နန်းသာဆိုရင်တော့ သာသနာအတွက်
အတော့်ကို ရင်လေးစရာကောင်းပါတယ်။ဆုံးမပဲ့ပြင်ပေးမဲ့
ဆရာမရှိ ဆုံးမရင်လဲ မနာယူ  ဒုဗ္ဗစတွေဖြစ်ပြီ ဆိုမှတော့
သါသနာအတွက် အတွင်းရန်ကြီးပါပဲ။(ဆက်ပို့မည်)
                                        vanavasi


" သာသနာ့အန္တရာယ်-၃ "


    မြတ်စွာဘုရားသည်  မိမိ၏  သာသနာတော်ကို  သီလ
သမာဓိ  ပညာ  သိက္ခာသုံးပါးဖြင့် တည်ထားတော်မူခဲ့တာ
ဖြစ်ပါတယ်။ဒါကြောင့်မို့ သီလ သမာဓိ ပညာစွမ်းအားကို
သိကြတဲ့ သူတော်ကောင်းမင်းတွေ  သူတော်ကောင်း
သူဌေးတွေ သူတော်ကောင်းပြညသ်ူတွေက သာသနာတော်
ကို ပုံအောပြီး လှူဒါန်းကြ  ထောက်ပံ့ကြ  ချီးမျှောက်ကြ
ပါတယ်။ဘုရားရှင်လက်ထက်တော်က စလို့  ဒီကနေ့တိုင်
အောင်ပါပဲ။ပစ္စည်းလေးပါးဟာ  သုံးတတ်ရင် သာသနာ
ကြီးပွါးကြောင်း ဖြစ်ပေမဲ့  မသုံတတ်ရင်တော့ မာရ်မင်းရဲ့
ကျော့ကွင်းသဘွယ် ဖြစ်သွားပါတယ်။သုံးဆောင်ကြတဲ့
သံဃာတော်တွေမှာ  သီလပိုင်းဆိုင်ရာအားနည်း ဝိနည်း
သိက္ခာပုဒ်တွေပျက်ပြားပြီး သာသနာဆုတ်ယုတ်ပျောက်
ကွယ်နိုင်ပါတယ်။
    ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီး ဒီလောက်အထိ
အန္တရာယ်ကြီးလွန်းလို့ ပဉ္စမပါရာဇိကသိက္ခာပုဒ်သာ ပညတ်
ရမယ်ဆိုရင် ပစ္စည်းလေးပါးလာဘ်သပ္ပကာအတွက် ပညတ်ရမှာဖြစ်တယ်လို့ အဋ္ဌကထာကျမ်းတွေက ဖွင့်ဆိုကြ
ပါတယ်။ဒါကြောင့်မို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က
ကျောင်းထိုင်သင်တန်းကျောင်းဖွင့
်သလို  ကမ္မဋ္ဌာနာစရိယ
(တရားပြ)သင်တန်းကျောင်းဖွင့်ပြီ။အောင်လက်မှတ်ရကြတဲ့  ရဟန်းတော်တွေ  တောထွက်ရဟန်းကြီးတွေကို  တရားရိပ်သာဖွင့်လှစ် တည်ထောင်ခွင့်ပြုသင့်ပါတယ်။ကြည်
ညိုသူပေါများပြီး ဘုန်းကံကြီးမားလာတဲ့အခါ  ဆရာသမားနဲ့
သတိ ပညာက မထိန်းနိုင်တော့ရင် သာသနာတော်
အတွက်အလွန်အန္တရာယ်ကြီးပါကြောင်း စေတနာကေါင်း
ဖြင့်  အကြံပြုပါတယ်။(ဆက်ပို့မည်)
                                           vanavasi


'' သာသနာ့အန္တရာယ် - ၄ ''

 

   မျက်မှောက်ခေတ်သာသနာတော်မှာ ဘုန်းတော်ကံတောါ်
အလွန်ကြီးမားကြပြီး  လာဘသက္ကာရသိလောကနဲ့ အလွန်
ထင်ရှားတော်မူကြတဲ့ ဆရာတော် သံဃာတော်များဟာ
ပရိယတ်မှာရော  ပတိပတ်မှာပါ အလွန်ပေါများတော်  မူကြ
ပါတယ်။ဒီအထဲမှာ ဝိနည်းကျွမ်း ကျမ်းဂန်တတ်တွေ ပါသလို
ဝိနည်းဗလာ  စာပေနတ္ထိတွေလဲ ပါပါတယ်။တစ်ချို့ဆရာ
တော်များကတော့ မိမိထံ  အလွန်များစွာ ရောက်ရှိလာတဲ့
လာဘဝတ္ထုတွေနဲ့ ပရဟိတလုပ်ငန်းတွေ တည်ထောင်ပြီး
ူလူထုအကျိုးကို ဆောင်ရွက်တော်မူကြပါတယ်။သိပ်ပြီ

အကျိုးများတဲ့  ပရဟိတလုပ်ငန်းတွေပါပဲ။လူမျိုးတူ မတူ
ဘာသာတူ မတူအားလုံးအတွက်ဆောင်ရွက်ပေးတာမို့
ဘုရားအလောင်းတော်တို့ရဲ့ ကျင့်စဉ်လို့တောင် ဂုဏ်တင်
သင့်ပါတယ်။ဒါပေမဲ့ ဒီဆောင်ရွက်ချက်တွေက  သါသနာ
အတွက် ဘယ်လောက်အထောက်အကူ ပြုသလဲဆိုတာကို
တော့ သတိပြုသင့်တာပေါ့။ဘာကြောင့်လဲ ဆိုတော့ အများ
စုဟာ ရသမျှယူမယ်ဆ်ုတဲ့ စိတ်တွေ ဖြစ်နေတယ်ထင်ရလို့
ပါပဲ။
   ဆရာတော်တွေရဲ့ ပရဟိတလုပ်ငန်းတွေ အောင်မြင်တာ
တွေကိုကြည့်ပြီး လူလောကမှာလဲ ပရဟိတအဖွဲ့တွေ
နေရာအနံှ့ ဆိုသလို ပေါ်ပေါက်လာပါတယ်။လူမျိုးမရွေး
ဘာသာမရွေးဆိုတဲ့  ကြွေးကြော်သံတွေနဲ့ပါပဲ။အစိုးရက
တော့ သဘောကျမှာပါ။သူတို့လုပ်ရမဲ့ အလုပ်တွေကို ပရဟိတတွေက လုပ်ပေးကြတဲ့အတွက်  ဒီလုပ်ငန်းတွေမှာ
ကုန်ရမဲ့ငွေတွေကို သူတို့သုံးစွဲခွင့်ရသွားကြလို့ပါ။လူမျိုးစုံ
ဘာသာစုံအတွက်ဆိုတာမို့ ဗုဒ္ဓသာသနာတော်အတွက် အကန့်အသတ်ဖြစ်လာပါတယ်။ဒါဟာဗုဒ္ဓသာသနာအတွက်
အန္တရာယ်ပါပဲ။(ဆက်ပို့မည်)
                                       vanavasi




'' သာသနာ့အန္တရာယ်-၅ ''

 

   မြတ်ဗုဒ္ဓတရားတော်တွေဟာ ကျင့်ကြံသူကို ကိုယ် နှုတ်
စိတ် သုံပါးလုံးကို တကယ် ယဉ်ကျေး သိမ်မွေ့စေပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓတရားတော်ကိုသိပြီ ဘာသာဝင်ဖြစ်လာတဲ့
ဗုဒ္ဓဘာသာဝင်မှန်သမျှ စိတ်ကောင်း စေတနာကောင်းရှိကြ
ပါတယ်။ဘာသာမတူသူတွေကိုလဲ မိမိလိုဘဲထင်ပြီး
ယုံကြည်တတ်ပါတယ်။ဘာသာခြားတို့က အကောက်ကြံ
ကြတဲ့ အခါမှာတော့ မခုခံနိုင်ပဲ နစ်နာဆုံးရှုံးပြီးသားဖြစ်နေ
ပါပြီ။ဥပမာ ဆူးလေစေတီ ဝတ္တကမြေမှာ ဘာသာခြားဝတ်
ပြုဌာနပေါ်တာတို့ပါပဲ။ဘာသာစုံ လူမျိုးစုံ အမည်ခံပြီး ရံပုံ
ငွေ ရှာခဲ့တာဆိုတော့ ပြဿနာပေါ်လာရင်      ဘာသာခြား
နဲ့ လက်ထပ်မိတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာမလို အခံဘက် အရှုံးဘက်ကချည်း ဖြစ်ရတော့တာပါ။ဆိုလိုတာကတော့
ပရဟိတအဖွဲ့ အများစုဟာ သာသနာတော်အတွက်
အထောက်အကူသိပ်မဖြစ်တဲ့အပြင် အန္တရာယ်တောင် ရှိ
နိုင်တယ် ဆိုတာပါပဲ။
   သာသနာတော်ဟာ ကုသိုလ်လိုချင်သူတို့ရဲ့ စုဝေးရာ
ပုံအောလှူဒါန်းရာဖြစ်လို့မို့   ဘာသာဝင်တွေ ကိုယ်တိုင်
ကလဲ သာသနာကိုရှေ့တန်းတင်လို့ စေတီပုထိုးတွေ
သံဃာတော်တွေကို ထုတ်ပြလို့ ဟန်ပြသာသနာရေး
ဆောင်ရွက်နေတဲ့ အဖွဲ့တွေ အလွန်များပါတယ်။တစ်ချို့
ကျောင်းတိုက်တွေမှာ။တစ်ချို့ရိ
ပ်သာဌာနတွေမှာ ဂေါပက
အဖွဲ့က လုံးဝချုပ်ကိုင်ထားတာပါ။စေတီတော်ဂေါပကအဖွဲ့
တွေကတော့ ပိုပြီးလွတ်လပ်ပါတယ်။ဘဏ္ဍာအလွန်တောင့်
တင်းတဲ့ ဗုဒ္ဓဘာသာအဖွဲ့ကြီးတွေ ရှိပေမဲ့ တပြည်လုံး
အတိုင်းအတာနဲ့ သာသနာကို ဘယ်လိုစောင့်ရှောက်မယ်
ဆိုတဲ့အစီအမံတွေ မရှိကြပါဘူး။ ဒါဟာ သာသနာအတွက်
အရှည်မကောင်းပါဘူး။(ဆက်ပို့မည်)
                                            vanavasi

'' သာသန့ာ့အန္တရာယ် - ၆ ''


   မျက်မှောက်ခေတ် မြန်မာနိုင်ငံသာသနာတော်ထွန်းကား
ပြန့်ပွါးနေခြင်းမှာ သံဃာတော်တို့၇ဲ့ ကြိုးစားအားထုတ်မှု
ကြောင့်သာဖြစ်ပါတယ်။ပြည်သူတွေ  ဗုဒ္ဓဘာသာအသင်း
အဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုတွေက  အတော်အားနဲ
တယ်လို့ ဆိုသင့်တာပါ။ဘာကြောင့်လဲဆိုရင် လူတွေမှာ
ဘာသာရေးအသိ အလွန်နဲနေတာကြောင့်ပါ။မြန်မာနိုင်ငံ
လူဦးရေရဲ့ ၈၅%ဟာ ဗုဒ္ဓဘာသာဝင်တွေ  ဆိုပေမဲ့ကြည်
ညိုဆည်းကပ်မှု ဘာသာရေးအသိကြွယ်ဝမှု လိုက်နာကျင့်
ကြံမှုတွေနဲ့  တိုင်းတာရင် ရာခိုင်နှုံး  ၂၀- လောက်ပဲ စစ်စစ်
မှန်မှန် ခိုင်ခိုင်မြဲမြဲဘာသာဝင် ရှိမယ်ထင်ပါတယ်။
   ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေဟာ မိမိတို့ လူသားအချင်း
ချင်း ဘာသာရေးအသိဥာဏ်တိုးပွါးလာအောင် ဘာသာ
တရားနဲ့ လူမှုရေးဆိုင်ရာ စာရိတ္တမဏ္ဍိုင် ခိုင်မာနေအောင်
ဘာသာရေးဆိုင်ရာ အန္တရာယ်ပေါ်လာရင် မရွံ့မကြောက်ပဲ
တွန်းလှန်စောင့်ရှောက်ရဲအောင် ဆောင်ရွက်နိုင်တာ မရှိကြ
ပါဘူး။အခု လတ်တလော အပြောများနေတဲ့ '' အမျိုးစေါင့်
ဥပဒေ''ကိစ္စမျိုးဟာ  ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီးတွေကသါ
ဦးဆောင်လုပ်ရမှာပါ။သူတို့ဇနီးတွေ  သူတို့ သမီးတွေပါ။
ဗုဒ္ဓဘာသာဝင် မြန်မာမတွေကိုယ်တိုင် တွေ့ကြုံခံစားနေခဲ့ရ
တာပါ။ ဒါကိုကာကွယ်ဖို့  အမျိုးသားတွေက  မကြိုးစားကြ
သလို အမျိုးသမီးတွေက မထောက်ခံတဲ့အပြင်  လူ့အခွင့်
အရေးဆိုတာနဲ့တောင် ကန့်ကွက်နေကြပါသေးတယ်။ဒီလို
ဖြစ်တာဟာသာသနာအတွက်ရော  လူမျိုးအတွက်ရော
နိုင်ငံတော်အတွက်ပါ  မကောင်းပါဘူး။ဗုဒ္ဓဘာသာအသင်း
အဖွဲ့တွေ အရေအတွက်ပဲရှိတယ်ဆိုတာ သာဓကပါပဲ။
(ဆက်ပို့မည်)
                                          vanavasi

'' သာသနာ့အန္တရာယ် - ၇ ''


မြန်မာနိုင်ငံက  ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေ ဗုဒ္ဓဘါသါ
ဝင် ပြည်သူတွေ အများစုဟာ  ဘာသာရေးမှာ လေးလေး
နက်နက် ခံယူချက်ရှိကြပုံ  မရပါဘူး။  ဘာသာခြားလူမျိုး
ဘာသာခြားတိုင်းပြည်တွေက ဗုဒ္ဓဘာသာဝင်တွေကို
ဘာသာရေးအဆောက်အအုံတွေကို အကြမ်းဖက် သတ်
ဖြတ် ဖျက်ဆီးကြတဲ့အခါ  (ရဟန်းသံဃာတော်တွေက
လွဲရင်)ဘယ်ဘာသာရေးအဖွဲ့ ဘယ်ဘာသာဝင်အင်အားစု
တွေက ကန့်ကွက်ရှုံ့ချကြပါသလဲ။ဒေါ်အောင်ဆန်းစုကြည်
တို့။အမျိုးသမီးအဖွဲ့ (၈)ဖွဲ့တို့။ (၈၈)တို့။ဘယ်လောက်အထိ
ဘယ်လောက်အသံကျယ်ကျယ်နဲ့   ကမ္ဘာနားပေါက်အောင်
အော်ခဲ့ကြပါသလဲ။ဒါတွေဟာ ဘာသာရေးနဲ့ ပတ်သက်လို့
ခံယူချက်မရှိကြတဲ့ သာဓကတွေပါ။မိမိ မသိတာ မကြားတာ
သတင်းမဖတ်မိတာ ဖြစ်ချင်လဲ ဖြစ်မှာပါ။ဒေါ်စုတို့။ရှစ်ဖွဲ့တို့။
၈၈-တို့ ကတော့ နိုင်ငံခြားမှာ လူမျိုးခြား ဘာသာခြားတွေနဲ့
အတူနေကြရတဲ့အပြင် သူတို့တွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့
အများအားဖြင့် ရပ်တည်ကြရတာဆိုတော့ '' သူ့ဆန်စားလို့
ရဲရတာ''ဖြစ်ချင်လဲ ဖြစ်မှာပါ။
   အဖွဲ့ဝင်တွေ(တစ်ချီု့)ကိုယ်တိုင်က လူမျိုးခြား ဘာသာ
ခြားတွေ ဖြစ်ချင်လဲ ဖြစ်မှာပါ။လူမျိုးခြားမို့  ဘာသာခြားမို့
ကန့်ကွက်တာကို လက်ခံရပါမယ်။ဗုဒ္ဓဘာသာဝင်ပါ ဆိုရင်
တော့ အကျိုးအပြစ်ထောက်ပြပြီး ဝေဘန် အကြံပြုတာကိုပဲ
ပြုစေချင်ပါတယ်။ကန့်ကွက်ရှုံ့ချတာမျိုး မလုပ်စေချင်ပါဘူး။
အာဖဂန်နစ္စတန်မှာ ဗုဒ္ဓသာသနာကွယ်ခဲ့ရပုံကိုလေ့လာ
ကြည့်ရင် ဘယ်လောက်ထိတ်လန့်စရာကောင်းတယ်ဆိုတါ
အထင်းသားအဖြေပေါ်ပါတယ်။(ဆက်ပို့မည်)
                                           vanavasi


'' သာသနာ့အန္တရာယ်-၈ ''


ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အာဖဂန်မှာ သာသနာကွယ်ခဲ့
ပုံကို အသေအချာ လေ့လာသင့်ပါတယ်။ ဘာသာတရား
မကောင်းလို့ ကွယ်တာမဟုတ်ပါဘူး။ပြည်သူက လက်မခံ
တော့လို့  မကြည်ညိုတော့လို့ ကွယ်ခဲ့တာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ  မိမိဟာ ဘာကြောင့်
ဗုဒ္ဓဘာသာဝင်တာလဲ ဘာသာတရားရဲ့ အဆုံးအမတော်
တွေက ဘာလဲဆိုတာ ဆန်းစစ်လေ့လာကြဘို့  သိအောင်
လုပ်ဖို့ကောင်းပါတယ်။
   ဘာသာတရားရဲ့ စွမ်းအားကြောင့် အသင်းအဖွဲ့တိုင်း
လိုလို အလှူငွေတွေ  ပုံအောရနေကြတယ်ဆိုတာ ဘယ်သူ
ဘယ်အဖွဲ့တွေကမှ ငြင်းကြမှာ မဟုတ်ပါဘူး။ဒီစွမ်းအားကို
ပူဇော်တဲ့အနေနဲ့  ကျေးဇူးဆပ်တဲ့  အနေနဲ့ ဗုဒ္ဓသာသနာ
တော်ထွန်းကား ပြန့်ပွါးရေး။ဘာသာဝင်တိုင်း ဘာသာ
တရားကို လေ့လာ လိုက်နာ ကျင့်ကြံရေး။ ဘာသာဝင်ဥိးရေ
အယုတ်အလျှော့မရှိ တိုးပွါးသထက် တိုးပွါးရေးတို့ ကိုဆရာ
ဖြစ်တော်မူကြတဲ့ သံဃာတော်တွေနဲ့အတူ  တက်ညီ  
လက်ညီ ဆောင်ရွက်သင့်ကြပါတယ်။
   '' အစိုးရကလုပ်မှ ဖြစ်မှာပေါ့ ကျုပ်တို့က သူ့အောက်
ကပဲ '' လို့ ဆင်ခြေပေးလိုကြမှာပါ။နဝတ  နအဖ အစိုးရ
လက်ထက်ကစလို့  ဒီကနေ့ ဦးသိန်းစိန်အစိုးရအထိ အုပ်ချုပ်သူတွေဟာ  မင်္ဂလသုတ်ကုန်အောင် သင်ဘူးတဲ့
ဘုန်းကြီးကျောင်းသားတွေ မဟုတ်နိုင်လောက်ပါဘူး။
ရတနာသုံးပါး ဘာသာတရားကို ဒီလောက်အာရုံထား
လေးစားကြမယ့်သူတွေလဲ မဟုတ်ပါဘူး။လက်ထဲမှာ လူသတ်လက်နက်ရှိ ရင် ဘုန်းကြီးသော လူကောင်းသော
မငှာမတာပစ်သတ်ခဲ့တာပဲလေ။ ၂၀၀၇-ရွှေဝါရောင်အရေး
အခင်းတို့။ဆာလင်းကြီး လက်ပတောင်းတောင် အရေး 
အခင်းတို့ဟာ သာဓကတွေပါပဲ။ဒါကြောင့်မို့ ဗုဒ္ဓဘာသာ
အသင်းအဖွဲ့တွေ  ဘာသာဝင်တွေဟာ အချင်းချင်းညီညွတ်
စွာနဲ့ သါသနာကိုစောင့်ရှောက်သင့်ကြောင်း အကြံပြုလျက်
စာတန်းကို နိဂုံးချုပ်ပါတယ်။
                                         vanavasi   
လိပ်စာ=အရှင်တိက္ခာနန္ဒ
            ကန်တောရပရိယတ္တိစာသင်တိုက်။ ကန်ရွာ
            ဂန့်ဂေါမြို့နယ် ။ မကွေးတိုင်းဒေသကြီး   

No comments:

Post a Comment