Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, September 3, 2013

“လူအခွင့်အရေးဆိုပြီး မျက်စိမှိတ်စွတ်အော်နေသူများ ကြပ်ကြပ်သတိထား လေ့လာပါရန်”









                  *************************************************************
အစ္စလာမ်
ဘာသာကွဲနှင့် လုံးဝလက်ထပ်ခွင့် မပြု၊ ဘာသာကွဲ ဖြစ်သူသည် အစ္စလာမ်ဘာသာသို့ တရားဝင် ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့်ရှိသည်။
...
ဗုဒ္ဓဘာသာ
မည်သည့်ဘာသာခြားကမဆို ၄င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခြင်းကို ခွင့်ပြုထားသည်။ ဘာသာခြားများက ဗုဒ္ဓဘာသာဝင်ပြည်ထောင်စုဖွား တိုင်းရင်းသား များကို ၄င်းတို့ ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြား လက်ထပ်ခွင့်ပြုထားသည်။
အလွန်သဘောကောင်းသော အလွန်ရက်ရောသော ဥပဒေဖြင့် ကာကွယ်ထားခြင်းမရှိသော ဒလဟော ခွင့်ပြုထားသော ဘာသာဖြစ်နေပါတယ်။ အလွန်ဝမ်းနည်းဖွယ်ရာ အလွန်ရှက်စရာကောင်းတဲ့ အနေအထားကို အတိုင်းသားတွေ့မြင်ပါတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အုတ်ကြားမြက်လောက်မှ တန်ဖိုးမထား ဘာသာခြားများက အလွယ်တကူစော်ကားဖို့ ခွင့်ပြုထားသလို ဖြစ်နေပါတယ်။

ခေတ်အဆက်ဆက် အစိုးရဆက်ဆက် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့် လူမှုရေးပြဿနာတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်လာပြီး ပဋိပက္ခနှင့် အဓိကရုဏ်းကြီးများအသွင် ကူးပြောင်း ကြီးထွားလာခဲ့ပါတယ်။ အမှိုက်စ ပြဿဒ်မီးလောင်တဲ့ သဘောဖြစ်ပါတယ်။ ဒီမီးတွေ ငြိမ်းအောင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေးဖို့ အစိုးရကလည်း မကြိုးစား၊ လွှတ်တော်အမတ်ကြီးများလည်း မနိုးကြား၊ လူ့အခွင့်အရေးသမားများကလည်း ကိုယ့်အခွင့်အရေးလောက်ပဲ အာရုံစိုက်နေချိန်မှာ အမျိုး ဘာသာ သာသနာကို အရိုအသေ အလေးအမြတ် ထားတဲ့ သံဃာတော်များက မျိုးစောင့်ဥပဒေပြဌာန်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြပါပြီ။

(ခေတ်မဆက်ဆက် သံဃာတော်များဟာ ပြည်သူများ- ဒကာ ဒကာမများအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်သလို ဘယ်တုန်းကမှလည်း ကိုယ်ကျိုးအတွက် ခုတုံးမလုပ်ခဲ့ပါဘူး။ အသုံးမချခဲ့ပါ။ အမြတ်မထုတ်ခဲ့ပါ။ အန္တရာယ်မပေးခဲ့ပါဘူး။)
ဇွန်လ(၁၃)ရက်၊ (၁၄)ရက် အစည်းအဝေးဆွေးနွေးပွဲကြီးကို တက်ရောက်လာတဲ့ ဆရာတော်ဦးဝီရသူက မျိုးစောင့်ဥပဒေ(မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ- မူကြမ်း-ကို လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြု ပြဌာန်းနိုင်အောင် ကြိုးစားသွားမယ်လို့ မိန့်ကြားပါတယ်။ မျိုးစောင့်ဥပဒေ ထွက်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတကြီး လွှတ်တော်သဘာပတိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဥပဒေ(မူကြမ်း) ကို ပေးပို့ သွားမယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံမှာ ဒီလိုဥပဒေမျိုးကို ၁၉၆၅ခုနှစ်ကပင် ပြဌာန်းနိုင်ခဲ့သောကြောင့် ဘာသာရေး ပဋိပက္ခနှင့် လူမျိုးရေး အဓိကရုဏ်းများ မပေါ်ပေါက်ခဲ့ဘဲ ဥပဒေအရ ဖြေရှင်းဆောင်ရွတ်နိုင်ကြောင်းလည်း သိရပါတယ်။

ဇွန်လ(၁၄)ရက်မှာပင် ဘီဘီစီအသံလွှင့်ဌာနက ထိတ်ထိတ်ပျာပျာနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဆရာတော်ဦးဝီရသူ ဒီလိုဥပဒေပြဌာန်းနိုင်ပြီဆိုရင် ဓားနှင့် ထောက်ပြီး သူတို့ ဘာသာထဲ အတင်းအကြပ် ဝင်ခိုင်းတာမျိုး မလုပ်နိုင်တော့ဘူးပေါ့လို့ ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့ပါတယ်။ အမျိုးစောင့်ဥပဒေပြဌာန်း နိုင်ရေးအတွက် ဆန္ဒပြုလွှာများကို ၂၀၁၃ ဇွန်လကုန်မှာ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း နှိုးဆော်ထားပါတယ်။

သို့သော် အသွားရှိရင် အတားရှိတယ် လောကဓမ္မာအတိုင်း မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေးအတွက် အခုမှ အစပဲရှိပါသေးတယ်။ မူကြမ်းအဆင့် ဆွေးနွေးတဲ့အဆင့်ပဲရှိသေးတယ်။ ဟိုက ဒီက ကန့်ကွက်သူ ပေါ်လာခဲ့ပြီ။ သိပ်တော့ပူစရာမရှိပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူပြီး ချိန်မှာတောင် ဒေဝဒတ်နှင့် သူ့ဂိုဏ်းသားတွေက ဖျက်ကြပြန်တယ်။ စိဉ္စမာဏမိန်းမယုတ်က နောက်ကွယ်က ဒိဋ္ဌိကြီးတွေ အကွက်ဆင် သင်ပြပေးလိုက်တဲ့အတိုင်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ပြစ်မှားစော်ကားတယ်။

ဘုရားလမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးပန်းတိုင်ဆီ သွားရာလမ်းမှာ ဒီလိုပဲ အခက်အခဲတွေ အတားအဆီးတွေ အနှောက်အယှက်တွေ ကန့်ကွက်တာတွေ ကြုံရမှာပဲ။ ဘာမှမဆန်းပါဘူး။ ဆရာတော်သံဃာတော်ကြီးများ ကတော့ ဘုရားသားတော်များပီပီ ဘုရားလမ်းစဉ်အတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်ကြမှာပဲ။ ဘုရားလမ်းစဉ်မှာ စောင့်လေမျိုးနွယ် ဆိုတာ အထင်အရှားပါရှိပြီး ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ နုစဉ်ဘဝမှာ မျောက်ဖြစ်တော့လည်း မျောက်မျိုးမတုံးရေး၊ ငုံးဖြစ်တော့လည်း ငုံးမျိုးမတုံးရေးတို့ကို အသက်ပေးပြီး မျိုးစောင့်တရားကို စံပြလုပ်ဆောင်သွားခဲ့ပါတယ်။ (အကျယ်ကို ၅၅၀ ဇာတ်တော်တွေမှာ ဖတ်ကြည့်ကြပေတော့)။
ကိုယ့်အမျိုးစောင့်ဖို့ ပြောနေတာ သူ့အမျိုးဖျက်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်ကို ကာကွယ်ပါလို့ ပြောနေတာ။ သူ့တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ဖို့ ပြောနေတာမဟုတ်ပါဘူး။ ကိုယ့်ယဉ်ကျေးမှုကို တည်ဆောက်ပါပြောနေတာ သူ့ယဉ်ကျေးမှုကို ဖြိုချဖို့ပြောနေခြင်းမဟုတ်ပါ။ ကိုယ့်အမျိုးဆိုင်တွေမှာ ဈေးဝယ်ဖို့ပြောနေတာပါ။ သူ့အမျိုးဆိုင်တွေကို ဖျက်ခိုင်းနေတာမဟုတ်ပါဘူး။ ကိုယ့်အမျိုးတွေနဲ့ အိမ်ထောင်ပြုခိုင်းတာပါ။ သူ့အမျိုးတွေကို စော်ကားခိုင်းနေတာမဟုတ်ပါဘူး။ ဒီလိုကာကွယ်စောင့်ရှောက်ခြင်းမပြုနိုင်ဘူးဆိုရင် နောင်နှစ်(၅၀)၊ (၁၀၀) မှာ တိုင်းပြည်လည်းပျောက်၊ လူမျိုးလည်းပျောက်၊ ယဉ်ကျေးမှုဆိုတာ အစ-အနတောင် ရှာလို့ရတော့မှာမဟုတ်ဘူး။

သြစတေးလျလို ဒီမိုကရေစီ ရင့်ကျက်ခိုင်မာပြီးသား နိုင်ငံက ဝန်ကြီးချုပ် ဂျီလတ်(နိုင်ငံတော် သမ္မတကြီးနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးခဲ့သူ) လို အမျိုးသမီးကတောင် ဘယ်လိုပြောခဲ့သလဲ။ “ဒီနိုင်ငံဟာ ခရစ်ယာန် ယဉ်ကျေးမှုနှင့် တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်တယ်။ ဒီနိုင်ငံ ဒီယဉ်ကျေးမှုကို မလေးစား မလိုက်နာလျှင် ဒီနိုင်ငံက အမြန်ဆုံးထွက်ခွာသွားကြပါ။”တဲ့။ ဒါက လိုရင်းကို ပြောလိုက်တာ၊ “အမေရိကန် အင်္ဂလန် အိန္ဒိယ တရုတ်” ဘယ်လိုနိုင်ငံကြီးမှာမဆို အမျိုးသားရေးကို နံပါတ်(၁) နေရာက ထားကြရစမြဲပဲ။ နိုင်ငံရေးဝါဒတွေ စနစ်တွေဆိုတာက အမျိုးသားရေးအားကောင်းအောင် ပံ့ပိုးပေးရတဲ့ သဘောပင်ရှိတယ်။
အမှန်ပြောရရင် နိုင်ငံတော်ဟာ အင်အားချိနဲ့ နေတယ်။ နိုင်ငံရေးအင်အားစုတွင် သူတစ်လူ ငါတစ်မင်း ဖြစ်နေတယ်။ ဒီတိုင်းပြည်အားနည်းချက်တွေပေါ်မှာ နိုင်ငံတကာက နိုင်ရာ ကြိုးစားလုပ်ဖို့ အမျိုးမျိုးကြံစည် လုပ်ဆောင်နေချိန်မှာ နိုင်ငံတော်ရဲ့ အမျိုးသားရေး ညီညွတ်မှုအင်အားကို သံဃာတော်များ ဆရာတော်များကသာ ဦးဆောင်မှုပေးပြီး တည်ဆောက်သွားနိုင်လိမ့်လို့ ယုံကြည်တယ်။

(၉၆၉) အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်လှုပ်ရှားမှုမှသည် ယခု မျိုးစောင့်တရား၊ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးအထိ ဘယ်သူတွေ ဘယ်လိုဖျက်ဖျက် ငြိမ်းချမ်းရေး ယုံကြည်ချက်ကို အပျက်မခံဘဲ အောင်ပွဲရတဲ့အထိ ပြည်ထောင်စု တိုင်းရင်းသားအားလုံး တစ်မျိုးသားလုံး ပါဝင်ဆင်နွှဲ ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါသည်။(မောင်သွေးချွန်)
အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ နိုင်ငံ့သစ္စာစောင့်သိသူ(၂) မှ ကောက်နှုတ်ရေးသားထားပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment