Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, September 21, 2013

“ရင်နင့်ဖွယ် ဖခင်ရင်ခွင်ကို ခြေစုန်ကန်တဲ့ အမျိုးဖျက်မ”

                                 










                                         **************************************
စာရေးသူ ဗဟန်းမြို့နယ် ယသဇေယျာရုံကျောင်းမှာ နေတုန်းကဖြစ်ပါတယ်။ တစ်ေ...န့မှာ စာရေးသူကို ဆရာတော်ဦးဓမ္မပါလကခေါ်လို့ သွားပါတယ်။ ဆရာတော်ဆီကိုရောက်တော့ ဆရာတော်က မောင်ပဉ္ဇင်းရေ ဆရာတော်ကြီးက တာမွေမှာနေတဲ့ သူ့ဒကာမအိမ်ကို သွားချင်လို့တဲ့။ အဲဒါ သူ့မှာရှိတဲ့ အိမ်လိပ်စာ အတိုင်းရောက်အောင် ပို့ပေးလိုက်ပါစမ်းပါကွာ ဆိုလို့ စာရေးသူလည်း ကားငှားပြီး လိုက်ပို့ပေးလိုက်ပါတယ်။
ဟိုရောက်တော့ ဆရာတော်ကြီးကြွတဲ့ အိမ်လိပ်စာက ရှစ်ထပ်တိုက်၊ သုံးလွှာမှာရှိတဲ့ အခန်းတစ်ခန်းဖြစ်နေပါတယ်။ စာရေးသူက အခန်းတံခါးကို ခေါက်လိုက်တဲ့အခါ “အသက် (၆၀)ကျော် အရွယ် လူမျိုးခြားအဘိုးကြီးတစ်ယောက် ထွက်လာပြီး တံခါးဖွင့်ပေးပါတယ်။ အဲဒီအဘိုးကြီးက စာရေးသူတို့ကို မြင်မြင်ချင်း”
“နိုး နိုး… ဒီအိမ်မှာ ဘယ်အလှူခံပုဂ္ဂိုလ်တွေမှ မထည့်ဘူး” ဆိုပြီး အခန်းတံခါးကို အကျယ်ကြီးမြည်အောင် စောင့်ပိတ်သွားပါတယ်။ အဲဒါနဲ့ စာရေးသူက ဆရာတော်ကြီးကို “ဆရာတော်လိပ်စာက မှားနေပြီထင်တယ်” ဒါက ဘာသာခြားတွေနေတဲ့ အိမ်ဖြစ်နေတယ်- လို့ ပြောလိုက်တော့ ဆရာတော်ကြီးက “ဒီလိပ်စာက ဟုတ်တယ်ကွဲ့၊ သူတို့က ငါတို့ကို အလှူခံဖို့ လာကြတာလို့ ထင်နေကြတာ။ တံခါးကို ပြန်ခေါက်ပြီး ငါတို့က အလှူခံဖို့လာတာမဟုတ်ဘူး။ တင်တင်ဌေးနဲ့တွေ့ချင်လို့ လာတာလို့သာပြောလိုက်၊ အဲဒါဆိုရင် သူတို့ သိတယ်” လို့ဆိုပြီး စာရေးသူကို တံခါးပြန်ခေါက်ခိုင်းပါတယ်။

စာရေးသူလည်း ဆရာတော်ကြီးရဲ့အမိန့်ကို မလွန်ဆန်နိုင်လို့သာ နောက်ထပ်တံခါးကို မရဲတရဲနဲ့ ပြန်ခေါက်လိုက်ပါတယ်။ အဲဒီအခါ အဖိုးကြီးပဲ ပြန်ထွက်လာပြီး “ဒီအိမ်မှာ ဘာအလှူခံမှ မထည့်ဘူးလို့ ပြောထားရက်နဲ့ဘာလို့ တံခါးကိုပြန်ခေါက်ရတာလဲ” ဆိုပြီး လေသံမာမာနဲ့ ပြောပါတယ်။ ပြီးတော့ တံခါးကို ပြန်ပိတ်မယ်အလုပ် ဆရာတော်ကြီးက
“ဘုန်းကြီးတို့က အလှူခံဖို့ လာကြတာမဟုတ်ပါဘူး။ ဒီအိမ်မှာ တင်တင်ဌေးနဲ့တွေ့ချင်လို့ လာကြတာပါ” ငါတို့အိမ်မှာ ဘာတင်တင်ဌေးမှ မရှိဘူး လို့ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ အသက်နှစ်ဆယ်ခုနှစ်-နှစ်ခန့်ရှိ မြန်မာအမျိုးသမီးတစ်ယောက် ပြေးထွက်လာပြီး၊ တင်တင်ဌေးဆိုတာ ကျွန်မကိုပြောတာလေ ဘာဘူရဲ့ လို့ဆိုတော့မှ
သြော် နိုရဘီကို ပြောတာလား ဆိုပြီး လူမျိုးခြား အဘိုးကြီးက အခန်းထဲကို ပြန်ဝင်သွားပါတယ်။ အဲဒီအခါ တင်တင်ဌေးတစ်ဖြစ်လဲ နိုရဘီက မျက်နှာမသာမယာနဲ့ “အဖေ ဘာလို့ လိုက်လာရတာလဲ” ဆိုပြီး နေပူထဲက လာတဲ့လူကို ရင်ဝကို ခြေထောက်နဲ့ စီးကန်သကဲ့သို့ မေးလိုက်ပါတယ်။ ဆရာတော်ကြီးက..
“ငါ ..သမီးနဲ့တွေ့ချင်လို့ လာခဲ့တာပါ
တွေ့ချင်ရင် သမီးဆီကို ကြိုအကြောင်းကြားပေါ့
ငါမနက်ဖြန် ရွာကိုပြန်မှာ၊ အဲဒါ မပြန်ခင် သမီးနဲ့ တွေ့ရအောင်လို့ပါ” တွေ့တော့ တွေ့ချင်တာပေါ့၊ ဒါပေမယ့် အဖေက ဒီပုံစံကြီးနဲ့လာတော့ သမီး ဒီမှာ အနေရ အထိုင်ရ ကျပ်တာပေါ့။ တင်တင်ဌေးရဲ့ စကားကြောင့် ဆရာတော်ကြီးဟာ ချက်ချင်းမျက်နှာပျက်သွားပါတယ်။ အဲဒါကြောင့် စာရေးသူက “ဒကာမလေး ဆရာတော်ကြီး အပေါက်ဝမှာ စကားရပ်ပြောရတာ လူမြင်မကောင်းဘူး၊ အိမ်ထဲရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြလေ” လို့ဆိုတော့မှ အိမ်ထဲကိုဝင်ဖို့ သံတံခါးကို ဖွင့်ပေးပါတယ်။

အိမ်ထဲကိုဝင်ရတယ်ဆိုပေမယ့် လူမျိုးခြား ဘာသာခြားတွေဆိုတော့ သိတဲ့အတိုင်းပါပဲ။ ခရီးဦးကြိုဆိုမှုလည်း မရှိသလို နေရာထိုင်ခင်းလည်း မပေးပါဘူး။ အဲဒါနဲ့ စာရေးသူက မိမိမှာ ပါလာတဲ့ နိသီထိုင်ခင်းကို ခင်းပေးပြီး ဆရာတော် ဒီပေါ်မှာ ထိုင်ပါဘုရားလို့ လျှောက်လိုက်တော့မှ ဆရာတော်ကြီးက စာရေးသူခင်းပေးတဲ့ နိသီထိုင်အခင်းပေါ်မှာ ထိုင်ပါတယ်။ စာရေးသူတို့ အိမ်ထဲရောက်လို့ ထိုင်ရုံပဲရှိပါသေးတယ်။ အိမ်ထဲရှိ မိသားစုအားလုံးဟာ စာရေးသူတို့ အိမ်ကြွလာတာကို မနှစ်မြို့တဲ့ အမူအရာတွေပြပြီး အိမ်ခန်းထဲကို အသီးသီးဝင်သွားကြပါတယ်။ တင်တင်ဌေး(ခ)နိုရဘီဟာ ဘာသာခြားဖြစ်တဲ့ သူ့ယောက်ျားနဲ့ သူ့ယောက္ခမကို ကြောက်လို့ပဲလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ဘာသာခြားအပေါ် ယုံကြည်မှုအပြည့်ရှိလို့ပဲလားတော့ မပြောတတ်ပါဘူး။ အဖေရင်းဖြစ်တဲ့ ဆရာတော်ကြီးကို ရှိခိုးဦးချခြင်းလည်း မပြုသလို စကားပြောဆိုတဲ့အခါမှာလည်း သာမန်လူဝတ်ကြောင် ပုဂ္ဂိုလ်တွေကို ပြောဆိုဆက်ဆံသလိုမျိုး စကားပြောဆက်ဆံပါတယ်။ နောက်ပြီး နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အဖေရင်းဘုန်းကြီးနဲ့ တွေ့တာတောင်မှ ဝမ်းမြောက်ကြည်နူးမှု အရိပ်လက္ခဏာတွေ မပြနိုင်ဘဲ စိုးရိမ်သောက ဗျာပါဒ တွေဖြစ်နေသည့်အလား တွေ့မြင်ရပါတယ်။
စာရေးသူတို့ ထိုင်ပြီးလို့ မိနစ်အနည်းငယ်လောက် ရောက်တဲ့အခါမှာတော့ အသက်ဆယ့်ငါးနှစ်ခန့် အရွယ်လောက်ရှိ မိန်းကလေးတစ်ယောက်က “မမနိုရဘီ အစ်ကိုနဲ့ ဘာဘူကြီးက အခုချက်ချင်း အိမ်ခန်းထဲကို ဝင်လာခဲ့ပါတဲ့” လို့ အော်ပြောလိုက်ပါတယ်။ တင်တင်ဌေးကလည်း “အေး အေး မမကြီး အခုပဲလာပြီ” ဆိုပြီး ပြောလက်စ-စကားများကိုဖြတ်ပြီး ချက်ချင်းထသွားပါတယ်။ စာရေးသူနဲ့ ဆရာတော်ကြီးဟာ ဗုဒ္ဓဘုရားစင်မရှိတဲ့ ဘာသာခြားတွေရဲ့ အိမ်ရှေ့ခန်းထဲမှာ ဧည့်ခံစကားပြောမည့်သူ ကင်းမဲ့လျှက် ကျန်နေခဲ့ကြပါတယ်။ စာရေးသူရဲ့ စိတ်ထဲမှာတော့ တင်တင်ဌေးဟာ အဖေရင်းဖြစ်တဲ့ ဆရာတော်ကြီးကို အအေးကပ်ဖို့ အခန်းထဲမှာ စီစဉ်နေတယ်လို့ ထင်နေမိပါတယ်။

ဒါပေမယ့် ဆယ့်ငါးမိနစ်ခန့်ရောက်တဲ့အထိတောင် တစ်ယောက်မှ ပေါ်မလာဘဲ တစ်အိမ်လုံးအပ်ကျသံ ကြားရမလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိပါတယ်။ အဲဒါနဲ့ စာရေးသူက ဆရာတော်ဘုရားကြီးကို အကြောင်းမရှိအကြောင်းရှာလျှက် “ဆရာတော်ကြီးနဲ့ ဒီကလေးမက ဘယ်လိုတော်ကြတာလဲဘုရား” လို့ မေးလိုက်ပါတယ်။ စာရေးသူရဲ့ အမေးစကားကို ဆရာတော်ကြီးက “ဒီကလေးမက ဘုန်းကြီးရဲ့ သမီးအငယ်ဆုံးကွဲ့။ ဘုန်းကြီးမှာ လူဝတ်ကြောင်ဘဝတုန်းက သားသမီးသုံးယောက်ရှိပါတယ်။ သားသမီးသုံးယောက်ရတဲ့အချိန်မှာ ဘုန်းကြီးရဲ့ အိမ်ထောင်ဘက်က ရောဂါတစ်ခုနဲ့ ဆုံးပါးသွားခဲ့တယ်။ ဘုန်းကြီးလည်း ဇနီးဆုံးပါးပြီး သားသမီးသုံးယောက်ကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့တယ်။ အဲဒီနောက် သာသနာ့ဘောင်ကို ဝင်ခဲ့တယ်။”
“ဒါထက် တင်တင်ဌေးဆိုတဲ့ ကလေးမက ဘယ်လိုလုပ်ဒီအိမ်ကိုရောက်နေရတာလဲဘုရား” “ဒီသမီးက သူဆယ့်ကိုးနှစ်အရွယ်လောက်ကတည်းက ရန်ကုန်မှာရှိတဲ့ အဒေါ်တွေက ခေါ်ထားတာ၊ ရန်ကုန်မှာနေရင်း ဒီအိမ်ကကောင်လေးနဲ့ အိမ်ထောင်ကျသွားတာ၊ ဘုန်းကြီးနဲ့မတွေ့ရတာလဲ ခုနစ်နှစ် ရှစ်နှစ်လောက်ရှိနေပြီ။ အဲဒါကြောင့် သမီးနဲ့တွေ့ချင်လို့လာခဲ့ရတာ၊ ဒီကိုသက်သက်ဆိုရင်လည်း မလာဖြစ်ပါဘူး။ အခုဟာက ဇီဝိတဒါနမှာ မျက်စိခွဲရင်း ကြုံလို့မို့ ဝင်တွေ့တာပါ။”
ဒီလိပ်စာက ဘုန်းကြီးက ဘယ်ကရတာလဲဘုရား။ သူ့အဒေါ်တွေဆီက မနေ့ကမှ သွားတောင်းခဲ့တာ။ သူ့အဒေါ်တွေကလည်း ဘုန်းကြီးကို ဒီကိုမကြွဖို့ အတန်တန်တားကြတယ်။ ဒါပေမယ့် ဘုန်းကြီးကလည်း သမီးဆိုတော့ တွေ့ချင်တာပေါ့။ ဘုန်းကြီးကရော တင်တင်ဌေး ဘာသာခြားနဲ့အိမ်ထောင်ကျတာ မကြားဘူးလား။ ကြားတော့ကြားတာပေါ့ကွယ်။ ဘုန်းကြီးအထင်က သူလည်း သူကြိုက်တဲ့ဘာသာ လွတ်လွတ်လပ်လပ်ကိုးကွယ်၊ ကိုယ်လည်းကိုယ်ကြိုက်တဲ့ဘာသာ လွတ်လွတ်လပ်လပ် ကိုးကွယ်ကြတယ်လို့ ထင်နေတာ။ အခုဟာက တင်တင်ဌေးကိုယ်တိုင်ကကိုပဲ ဘာသာခြားထဲဝင်သွားပြီးနဲ့ တူတယ်။
မှန်ပါ့ဘုရား။ သူရဲ့ပြောပုံဆိုပုံတွေကိုကြည့်ရတာတော့ ဘာသာခြားထဲဝင်သွားတဲ့ပုံပဲဘုရား။ စာရေးသူတို့ အိမ်ရှေ့ခန်းထဲမှာ မိနစ်နှစ်ဆယ်သုံးဆယ်ခန့်ကြာအောင် စကားပြောရင်း စောင့်နေကြပေမယ့်လည်း အိမ်ရှင်တွေမှာ တစ်ယောက်မှထွက်မလာကြပါဘူး။ အဲဒါကြောင့် စာရေးသူက ဆရာတော်ကြီးကို “ဆရာတော်တင်တင်ဌေးလည်း ထွက်မလာတော့ဘူး။ တပည့်တော်တို့ ပြန်ကြရအောင်” လို့ သတိပေးလိုက်မှ “အေး ဒါဆိုရင်လည်း ပြန်ကြတာပေါ့ကွဲ့” ဆိုပြီး ပြန်ဖို့ နေရာမှ ထကြပါတယ်။ စာရေးသူကတော့ ဧည့်သည်တို့ဝတ္တရားအတိုင်း “အိမ်ရှင်တို့ အိမ်ရှင်တို့ ဦးဇင်းတို့ ပြန်ကြွတော့မယ်” ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။ အဲဒီအခါ အခန်းထဲမှ “ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုတဲ့ တင်တင်ဌေးရဲ့ ပြန်ဖြေတဲ့အသံကို ကြားလိုက်ရပါတယ်။
စာရေးသူတို့လည်း အိမ်ပေါ်မှဆင်းလာပြီး လမ်းမပေါ်ရောက်တာနဲ့ ကားငှားပြီး ပြန်လာခဲ့ကြပါတယ်။ ကားပေါ်ရောက်တော့ ဆရာကြီးဟာ တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက် နေပါတယ်။ စာရေးသူကတော့

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရေးသားချီးမြှင့်ခဲ့တဲ့ “ကိုယ်ချင်းစာထားကြည့်” ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို အကြိမ်ကြိမ်အခါခါ ရွတ်ဆိုရင်း လိုက်ပါလာခဲ့ပါတယ်။
ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်
ဒီမြေအောက်က၊ ကူထောက်စီးပွား
ထုတ်ယူစားပြီး၊ ပြည်ဖွားအိမ်ရှင်
ရန်သူထင်၊ အသင်မှားနေပြီ။
အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ၊ သာသနာကို
ခြေရင်နင်းလျှက်၊ အတင်းဖျက်၊
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား၊ သမီးသားကို
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်
အနှစ်ကိုနုတ်၊ အညစ်မြှပ်လျှက်
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်
အရေးချက်ချာ၊ မျိုးဘာသာအား
လုယူထား၊ စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျှက်၊ သင့်ကိုဖျက်
သင်လက်ခံမည်လော?
သမီးပျော်ပါး၊ သားပျော်ပါး
စော်ကားခံမည်လော?။

စာရေးသူဟာ အထက်က ဖော်ပြခဲ့တဲ့ ကဗျာလေးကို ရွတ်ဆိုရင်း ကားပေါ်မှာ လိုက်ပါလာခဲ့ရာ မကြာမီမှာ မိမိသီတင်းသုံးရာကျောင်းကို ရောက်ရှိလာပါတယ်။ကျောင်းကိုရောက်ရှိပေမယ့် ဆရာတော်ကြီးနှင့် တင်တင်ဌေး(ခ)နိုရဘီတို့ရဲ့အကြောင်းကို စဉ်းစားရင်း စိတ်မကောင်းဖြစ်နေမိပါတယ်။
သြော် တင်တင်ဌေးဆိုတဲ့ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတစ်ယောက်ဟာ တကယ်လို့သာ ဗုဒ္ဓဘာသာမြန်မာအမျိုးသား တစ်ယောက်နှင့် အိမ်ထောင်ကျခဲ့မယ်ဆိုရင် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အဖေရင်းဘုန်းကြီးတစ်ပါး အိမ်ကြွလာတဲ့အခါ ဝတ္ထုငွေကြေးတွေ ထောက်ပံ့လှူဒါန်းနိုင်တာ၊ မလှူဒါန်းနိုင်တာ အပထား ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် စကားပြောဆိုခွင့်တော့ ရရှိနိုင်ပါသေးတယ်။
အခုတော့ မြိုလည်ခေါင်တိုက်ခန်းမှာ စည်းစိမ်ဥစ္စာအပြည့်နဲ့နေရပေမယ့် မိမိကိုတွေ့ချင်လို့ အပင်ပန်းခံ ငွေကုန်ခံပြီး လာရောက်တွေ့ဆုံခဲ့တဲ့ အဖေရင်းဘုန်းကြီးတစ်ပါးကို ဘာမှတန်ဖိုးမရှိတဲ့ အအေးတစ်ခွက်တောင် မကပ်နိုင်တဲ့အပြင် အဖေနဲ့သမီး လွတ်လပ်စွာ စကားပြောဆိုခွင့်လေးတောင် မရနိုင်တဲ့ဘဝဟာစဉ်းစားကြည့်ရင် တော်တော်လေးကိုပဲ ရင်နာဖို့ကောင်းပါတယ်။ အဖေကိုယ်တိုင်က ဗုဒ္ဓဘုရားရှင်ရဲ့ ဘာသာတရားကို လေးနက်မြဲမြံစွာ ယုံကြည်လို့ မိမိဘဝကို ဗုဒ္ဓသားတော်အဖြစ်ခံယူကာ သာသနာပြုနေချိန်မှာ သမီးဖြစ်သူက လူမျိုးခြား၊ ဘာသာခြားကိုလင်လုပ်ပြီး လူမျိုးခြား ဘာသာခြားတွေရဲ့ ဘဝနှောင်အိမ်ထဲမှာ အမျိုးပျက်ဘဝ၊ ဘာသာပျက်ဘဝရောက်နေရတာဟာလည်း တော်တော်လေးကိုပဲ မိုက်ရှုးရဲဆန်လွန်းလှပါတယ်။

ဒီနေရာလေးမှာ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို သတိပေးပြောဆိုချင်တဲ့ စကားလေးတွေ ရှိလာပါတယ်။ ဒါကလည်း အမျိုးဘာသာအပေါ် သစ္စာရှိနေကြတဲ့ မြန်မာမိန်းကလေးတွေကို ရည်ရွယ်ပြီး ပြောတာတော့မဟုတ်ဘူး။ အမျိုးဘာသာအပေါ် သစ္စာမဲ့ပြီး အိုးမဲသုတ် အမြတ်ထုတ်နေကြတဲ့ မိန်းကလေးတွေကို ရည်ရွယ်တာဆိုရင် ပိုပြီးပြည့်စုံပါတယ်။ မြန်မာမိန်းကလေးတွေအနေနဲ့ မိမိကြောင့် ဘယ်တော့မှ အမျိုးမပျက်ကြပါစေနှင့်။ မိမိကြောင့် အမျိုးပျက်ခဲ့မယ်ဆိုရင် မိမိလောက် အောက်တန်းကျယုတ်ညံ့တဲ့သူ လောကမှာ မရှိဘူးလို့ မှတ်ယူကြရမှာဖြစ်ပါတယ်။ စားစရာမရှိလို့ လျှာပေါ်မှာ မြက်ပင်ပေါက်နေပါစေ။ လင်မရှိလို့ ခွေးထီးအမြီးကိုဖြတ်ပြီး လင်လုပ်ရပါစေ။ လူမျိုးခြား ဘာသာခြားကို လင်လုပ်ရတာထက် မြတ်ပါသေးတယ်။
ဘာလို့ရင့်သီးတဲ့စကားကို သုံးပြီးပြောရသလဲဆိုရင် စားစရာမရှိလို့ လျှာပေါ်မှာ မြက်ပေါက်ပေမယ့် မိမိကြောင့်တော့ ဘယ်တော့မှ ဘာသာမပျက်ပါဘူး။ လင်မရှိလို့ ခွေးထီးအမြီးကို ဖြတ်ပြီး လင်လုပ်ရပေမယ့် မိမိကြောင့်တော့ ဘယ်တော့မှ အမျိုးမပျက်ပါဘူး။ မြန်မာနိုင်ငံမှာ ထမင်းငတ်လို့သေမယ့်မသာ မရှိသေးသလို လင်အဖြစ်တော်စရာ မြန်မာယောက်ျားတွေလည်း အများကြီးရှိပါသေးတယ်။ တိုက်ကြီးပေါ်မှာနေ ဇိမ်ခံကားကြီးတစ်ဝီဝီစီး၊ ကြက်သားဆီပြန်၊ ဆိတ်သားဆီပြန်စား၊ ပြီးတော့ ရွှေတွေ စိန်တွေဝတ်ပြီး အမျိုးဖျက်ဘဝ၊ ဘာသာကိုမျက်ကွယ်ပြုရမယ့်ဘဝကိုတော့ ဘယ်တော့မှ မမက်မောကြပါနဲ့။ လူက လူကိုမျိုရင် လူမျိုးလည်းပျောက်တတ်တယ်။ ဘာသာလည်းပျော်တတ်တယ်ဆိုတာ အထက်ကပြောခဲ့တဲ့ တင်တင်ဌေးရဲ့ သာဓကလေးကိုကြည့်ပြီး သံဝေဂယူနိုင်ကြပါစေ။ သံဝေဂ ယူပြီးတော့ အမျိုးဘာသာ သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်ပြီး စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
(ဖိုးပညော-သပိတ်ကျင်း)
 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment