ယနေ့ခေတ်ဟာ အရင်ခေတ်နဲ့ မတူတော့ဘူး။
ြိမို့တိုင်းရွာတိုင်းမှာ အဖွဲ့ အစည်းတွေ အပြိုင်အဆိုင် ဖွဲ့နေကြတယ်။ ဒါပေမဲ့ တစ်လ နှစ်လလောက်ကြာရင်
ကွဲကုန်ကြကုန်ရော။
တချို့အဖွဲ့ကျတော့လဲ မကွဲပေမယ့် ရည်ရွယ်ချက်ကို
အောင်မြင်အောင် မလုပ်နိုင်ကြဘူး။
ဒါ ဘာဖြစ်လို့လဲဆိုရင် ညီညွတ်မှု မရှိလို့ဘဲ။
အဖွဲ့အစည်းဖွဲ့တယ်ဆိုတာ တစ်ဦးတစ်ယောက်ထဲ မလုပ်နိုင်တဲ့ကိစ္စကို လုပ်ဆောင်နိုင်အောင် တစ်ဦးချင်းစီရဲ့
အင်အားတွေကို ပေါင်းစည်းတာပဲ။
ညီညွတ်မှုမရှိရင် အင်အားကလဲ ပေါင်းစည်းမှု မရှိ
တော့ဘူး။အင်အားပေါင်းစည်းမှု မရှိတဲ့ အဖွဲ့အစည်းဟာ
အဖွဲ့ဝင်တွေ ဘယ်လောက်များများ ဘယ်တော့မှ
မအောင်မြင်ဘူး။
မန္တလေးမြို့ မြတောင်ကျောင်းတိုက် သက်တော်ရှည်
ရွှေဝါဝင်းဆရာတော်ကြီး၏ သြဝါဒကထာ စာအုပ်မှ
ထုတ်နှုတ်ဖေါ်ပြသည်။
အရှင်တိက္ခာနန္ဒ
ကန်တောရကျောင်းတိုက်။ ကန်ရွာ
ဂန့်ဂေါမြို့နယ်။ မကွေးတိုင်းဒေသကြီး
အပြောအဆိုစာတန်းအဆက်-
မီးဝေးရင် ချိပ်မာတယ် ဆိုတဲ့ စကားအတိုင်းပဲ ဘာသာတရားရဲ့ သွန်သင်မှူကို မရကြတဲ့အခါမှာတော့ အပြု အမူ
အပြောအဆိုတွေ ရိုင်းပြလာပါတယ်။ အဖေတို့ အဖိုးတို့ကို
ဘဲကြီးတို့ ဘိုးတော်တို့ ခေါ်လာကြတယ်။ မိဘ ဘိုးဘွား
တွေကို အနားမှာထားပြီး စ-ရော လ-ပါ စကားကြမ်းတွေ
ပြောရဲလာကြတယ်။ခေတ်အနေနဲ့ ပြောရင်တော့ ခေတ်မှီ
တယ် ပါပဲ။သာသနာတော်မှာလဲ သာသနာသုံး စကား
နဲသလောက် နဲသွားပါတယ်။လူလောကမှာလို လူလူချင်း
အပြောမျိုး ပြောလာကြတာကို အကြားများလာပါတယ်။
သူတို့ကိုယ်တိုင် ဘာသာရေးဆရာတွေပဲ ယ ဉ်ကျေးတဲ့
နေရာမှာ စံပြဖြစ်ရမှာပေါ့လို့ ပြောစရာပါပဲ။
မြတ်စွာဘုရားက ဂဏကမောဂ္ဂလာန်ပုဏ္ဏားကြီိကို
မိန့်ကြားတော်မူတဲ့စကားနဲ့ပဲ ပြန်ပြောရမယ်ထင်ပါတယ်။
" ပုဏ္ဏားကြီး ငါက လမ်းညွှန်သမားပဲ။သွားတဲ့သူက ငါ
လမ်းညွှန်တဲ့အတိုင်း မသွားလို့ ရာဇဂြိုဟ်ကို မရောက်တာ
ငါက ဘာတတ်နိုင်မှာလဲ " တဲ့။ ဒါကြောင့်မို့ ဘာသာဝင်ရုံ
ဘာသာရေးဆရာဖြစ်ရုံနဲ့ မယဉ်ကျေးနိုင်ပါဘူး တရားကို
လိုက်နာကျင့်သုံးမှသာ ကိုယ် နှုတ် စိတ် အမူအရာတွေ
ယဉ်ကျေးနိုင်ပါတယ်။ဒီလိုယဉ်ကျေး
မှုသင်တန်းတို့ ယဉ်ကျေးလိမ္မာသင်တန်းတို့ နိုင်ငံတဝန်း
မှာအလွန်လိုအပ်နေပါတယ်လို့ တင်ပြလိုက်ပါတယ်။
vanavasi
လိပ်စါ= အရှင်တိက္ခာနန္ဒ။
ကန်တောရေ
ကန်ရွာ။ဂန့်ဂေါမြို့နယ်။မကွေးတိ
No comments:
Post a Comment