Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, September 17, 2013

“သံဃာနာယကအဖွဲ့ ညွှန်ကြားချက်သည် ၉၆၉ နဲ့ မသက်ဆိုင် ၉၆၉ ကို ကန့်ကွက်တားမြစ်ခြင်း မဟုတ် အမျိုးစောင့်ဥပဒေသည် တစ်မျိုးသားလုံးနှင့် ဆိုင်သောကိစ္စရပ်ဖြစ်သည်ဟု အရှင်ဝီရသူ...မိန့်ကြား”



^
 
 
 
 
 
 
 
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အခမ်းအနားစတင်ချိန်ကျရောက်နေပြီဖြစ်သော်လည်း ဧည့်ပရိသတ်များက တဖွဲဖွဲလာနေတုန်းပင်။ ခန်းမတစ်ခုလုံး ဇာတိသွေး ဇာတိမာန်သီချင်းများ ပျံ့လွင့်နေပြီး ဧည့်ပရိသတ်တို့၏ အသံများဖြင့် စည်းကားနေသည်။ အစီအစဉ်ကြေငြာသူက အခမ်းအနား စတင်နိုင်ရန် သတိပေးနေပြီ။ အခမ်းအနားသို့ တက်ရောက်လာသူများက ခန့်မှန်းထားသည်ထက်များနေပေရာ နေရာအခက်အခဲရှိနေ၍ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ အခမ်းအနားကို စတင်နိုင်တော့သည်။ ဤအခမ်းအနားသည်ကား 2013-ခုနှစ် စက်တင်ဘာ 9 ရက်တွင် MCC ခန်းမ၌ ပြုလုပ်သည့် ၇၄ နှစ်မြောက် အာရှနေဝန်းဆရာတော် ဦးဥတ္တမ၏ အထိမ်းအမှတ်အခမ်းအနားပင် ဖြစ်ပေသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သံဃာတော်အရှင်သူမြတ်များ၊ နိုင်ငံတကာမှ သံတမန်များ၊ တိုင်းရင်းသားပါတီ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များ၊ ရခိုင်အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အရှင်ဝီရသူလည်း တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဆရာတော် ဦးဥတ္တမ၏ လွတ်မြောက်ရေးကြိုးပမ်းမှုများကို မိန့်ကြားတင်ပြပေးခဲ့သည်။ အရှင်ဝီရသူနှင့် တွေ့ဆုံခိုက် လတ်တလောဖြစ်ပေါ်နေသော အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းခဲ့သည်ကို ပြန်လည်တင်ပြလိုက်ပါသည်။
မေး-ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ်အခမ်းအနားအနေနဲ့ပတ်သက်ပြီး မိန့်ကြားပေးပါဦးဘုရား။
ဖြေ- ဆရာတော်ဦးဥတ္တမဟာ တကယ်တမ်းကျတော့ ဦးဇင်းတို့မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး မျက်စိအလင်းပေးခဲ့တဲ့ အမျိုးသားအလင်းရှင်ပဲလေ။ ဆရာတော် ဦးဥတ္တမရဲ့ အတ္ထုပ္ပတ္တိကို ငယ်စဉ်ကတည်းက ဖတ်ပြီးတော့ ကြည်ညိုလေးစားခဲ့တာ။ ဒီလို ဦးဥတ္တမနေ့ အခမ်းအနားကျတော့ ဦးဇင်းတို့ ဝါတွင်းဖြစ်သော်လည်း ပဲ အလုပ်တွေခဏနားပြီးတော့ အခမ်းအနားကို မဖြစ်ဖြစ်အောင် ကြွပြီး ဆရာတော်ကို ဂုဏ်ပြုတာပါ။ တိုင်းပြည်အတွက် တကယ့်ကိုစွန့်လွှတ်အနစ်နာခံသွားတဲ့သူကို သူကောင်းပြုရမယ်။ ကျေးဇူးဆပ်ရမယ်။ လွတ်လပ်ရေးမီးရှူးတံဆောင်ဖြစ်တဲ့ ဆရာတော် ဦးဥတ္တမကို ကျောက်တိုင်လေးတစ်တိုင်၊ ပန်းခြံလေးတစ်ခုနှင့် ဂုဏ်ပြုရုံနဲ့တော့ ဘယ်လုံလောက်မလဲ။ အဲဒီအပြင်ကို ပေးထားတဲ့အခွင့်အရေးလေးပါ ပြန်ပြီးတော့ သိမ်းသွားတယ်ဆိုတော့ ပိုဆိုးတာပေါ့။ ဦးဥတ္တမပန်းခြံအဖြစ် တောင်းဆိုတာကို ဦးဇင်းတို့ တစ်ခဲနက် ထောက်ခံတယ်။ ဦးဇင်းတို့ကိုယ်တိုင်လည်း ကူပြီး တောင်းဆိုပါတယ်။
မေး- 2013 ခုနှစ် သြဂုတ်လ 14 ရက်နေ့တုန်းက နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ဟာ ၉၆၉ နဲ့ သက်ဆိုင်ပါသလားဘုရား။
ဖြေ- အဲဒါ ၉၆၉ နဲ့ မဆိုင်ပါဘူး။ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ဖွဲ့စည်းမှုကိုပဲ တားမြစ်တာပါ။ ဆိုလိုတာကစင်ပြိုင် သံဃာ့အဖွဲ့အစည်း ပေါ်လာတာကို လက်မခံနိုင်တာပေါ့။ ၉၆၉ အမှတ်တံ ဆိပ်နှင့် ၉၆၉ အဖွဲ့အစည်းကို ကန့်ကွက်တာလဲမဟုတ်ဘူး။ တားမြစ်တာလဲမဟုတ်ဘူး။ ပိတ်ပင်တာလည်းမဟုတ်ဘူး။
မေး- အရှင်ဘုရားအနေနဲ့ကော ၉၆၉ နဲ့ပတ်သက်ပြီးတော့ ဘာများမိန့်ချင်ပါသေးသလဲဘုရား။
ဖြေ- ၉၆၉ဟာ အမျိုးသားရေးအတွက် အဓိကဖွဲ့ထားတဲ့ ဇာတိသွေး၊ ဇာတိမာန်၊ ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးသင်္ကေတပါ။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ။ နောက်ကားကျော်တက်တာကို မခံချင်ကြ ဘူး။ ခုဟာက ကျော်တက်ခံရတဲ့အခါကျတော့ မနာလို၊ တိုရှည်ဖြစ်ပြီးတော့ ငြူစူကြတာပါ။ အထင်အမြင် လွဲမှားနေကြတာပါ။ တကယ်တမ်းကြတော့။ ၉၆၉က ရည်ရွယ်ချက်လည်းကောင်းတယ်၊နည်းစနစ်လည်း ကောင်းပါတယ်။ ၉၆၉ ကျယ်ပြန့်လေ ဘင်္ဂါလီ အဓိကရုဏ်း နည်းပါးလေ။ ငြိမ်းချမ်းလေပါပဲ။ အဲဒါကိုတော့ ဦးဇင်း အာမခံပါတယ်။
မေး- အမျိုးစောင့်ဥပဒေကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်တင်ရန် အဆင်သင့်ရှိနေပါတယ်ဆိုတဲ့ အပေါ်မှာရော အရှင်ဘုရား ဘယ်လိုသုံးသပ်ချင်ပါသလဲ ဘုရား။
ဖြေ- အမျိုးစောင့်ဥပဒေပေါ်ပေါက်လာဖို့ လွှတ်တော်တင်ဖို့ကိစ္စကို အင်းစိန်ဆရာတော်ကြီးတို့ အဖွဲ့က တာဝန်ယူထားတာဆိုတော့ ဦးဇင်းက ဒေါ်ခင်ဝိုင်းကြည်ကို အင်းစိန်ဆရာတော်ကြီးဆီကို ခေါ်သွားပြီးတော့ ဆရာတော်ကြီးနဲ့ တွေ့ဆုံပေးတယ်။ ဒေါ်ခင်ဝိုင်းကြည်က လျှောက်ထားတော့ ဆရာတော်ကြီးက ခွင့်ပြုပါတယ်။ ဦးဇင်းအနေနဲ့ကတော့ စကားပြောကြည့်ရုံနဲ့ပဲ ရာနှုန်းပြည့် ယုံကြည်ပြီးသား။ အရင်တစ်ခါလည်း ဖုန်းနဲ့ဆက်သွယ်ဖူးတယ်။ နောက်ပြီး အမျိုးစောင့်ဥပဒေကို သုံးသပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေရဲ့ ကြားမှာမှ အတိုက်အခံလုပ်ပြီးတော့ ထောက်ခံတဲ့ ဒကာမကြီးဆိုတော့ ဦးဇင်းက အားလည်းကိုးတယ်။ ယုံလည်း ယုံကြည်တယ်။
မေး- အမျိုးစောင့်ဥပဒေ အထမြောက်အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးကြီးပါသလဲဘုရား။
ဖြေ- အမျိုးစောင့်ဥပဒေနဲ့ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေကို ရောနေကြတယ်။ အမျိုးစောင့် ဥပဒေဟာ ထိမ်းမြားလက်ထပ် ဥပဒေထက် လေးနက်တယ်။ ကျယ်ပြန့်တယ်ဆိုတာကို သိဖို့လိုတယ်။ ထိမ်းမြားဥပဒေက ဗမာ၊ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ အိမ်ထောင်ကွဲတဲ့အခါမှာ အိမ်ထောင်ပျက်တဲ့အခါမှာ ရရှိသင့်၊ ရရှိထိုက်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးရလေအောင် ကာကွယ်ပေးတဲ့ဥပဒေ၊ အမျိုးစောင့်ဥပဒေက အဲလိုမဟုတ်ဘူး။ ဗုဒ္ဓဘာသာယောင်ဆောင်ပြီး အယုံသွင်းခံရတဲ့ ဒုက္ခမျိုး မခံရအောင် လဲပဲ ကာကွယ် ထားတယ်။ ပြီးတော့ ရရှိပြီးတဲ့ နောက်ပိုင်းမှာလည်းဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားတယ်။ တကယ်လို့ ဖိအားတစ်မျိုးမျိုးနဲ့ ဘာသာသွတ်သွင်းမယ်ဆိုလို့ရှိရင် အဲဒါမျိုးတွေကို အရေးယူနိုင်အောင် လုပ်ပေးထားတယ်။ ကိုးကွယ်နေတာကိုလည်းပဲ ဟန့်တားတာ၊ တားဆီးတာ၊ ပိတ်ပင်တာ၊ အကြမ်းဖက်တာမျိုး လုပ်ရင်လည်း အရေးယူနိုင်အောင် လုပ်ပေးထားတယ်။ လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဘာသာကူးပြောင်း လိုက်ရတာမျိုး မဖြစ်ပေါ်အောင် ကာကွယ်ပေးထားတယ်။ ဒီ အမျိုးစောင့်ဥပဒေဟာ ပိုပြီးတော့ ကျယ်ပြန့်ပါတယ်။
မေး- အမျိုးစောင့်ဥပဒေနဲ့ လူ့အခွင့်အရေးဟာ သက်ဆိုင်မှု ရှိပါသလား။ ဒီနှစ်ခုယှဉ်လာရင်ကော အရှင်ဘုရားအနေနဲ့ ဘယ်အရာကို ပိုပြီး ဦးစားပေးသင့်တယ်လို့ ထင်ပါသလဲဘုရား။
ဖြေ- လူ့အခွင့်အရေးဆိုတာကတော့ လူတစ်ဦးတစ်ယောက်ချင်းရဲ့ မွေးရာပါ အခွင့်အရေးပေါ့။ သူက ပုဂ္ဂလိကဆန်တယ်။ အမျိုးစောင့်ဥပဒေကတော့ အမျိုးသားရေးပေါ့။ သူက တစ်မျိုးသားလုံးနဲ့ဆိုင်တယ်။ ပုဂ္ဂိုလ်ရေးနဲ့ အမျိုးသားရေး ယှဉ်လာရင်တော့ အမျိုးသားရေးကိုပဲ ဦးစားပေးရမှာပါ။ ဥပမာ- အမေရိကန်နိုင်ငံမှာ လူ့အခွင့်အရေးအရ ဖုန်းတွေ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေနဲ့ သံသယ ရှိတဲ့ သူတွေရဲ့ ဖုန်းတွေကိုတော့ ခိုးနားထောင်တာ၊ ဖြတ်နားထောင်တာ တွေ လုပ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ပေါ့နော်။ အဲဒီအမြင်အရ အမျိုးသားရေးကို ဦးစားပေးကြပါ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အမျိုးသားရေး နဲ့ လူ့အခွင့်အရေးယှဉ်လာရင် အမျိုးသားရေးကိုပဲ ဦးစားပေးကြတယ်ဆိုတာ လူ့အခွင့်အရေး ဘိုးအေ အမေရိကန်နိုင်ငံကြီး သက်သေရှိပါတယ်လို့...။
မေး- အမျိုးစောင့်ဥပဒေ ပေါ်ထွက်လာတဲ့အခါမှာရော မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်မယ်လို့ ထင်ပါသလဲဘုရား။
ဖြေ- မြန်မာမျိုးသမီးတွေအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ မသိနားမလည်တဲ့ ကလေးမလေးတွေ၊ ဒုက္ခတွေလည်း မရောက်နိုင်ဘူး။ ပြီးတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း ရတာပေါ့။ ဘယ်သူနဲ့ ညားညား မိမိယုံကြည်တဲ့ ဘာသာကို မိမိစိတ်မပါဘဲ စွန့်လွှတ်ရတာမျိုး မရှိတော့ဘူး။ ကိုယ့်ဘုရားကို ခိုးကြောင် ခိုးဝှက် ရှိခိုးနေရတဲ့ဘဝမျိုး၊ ဒုက္ခမျိုး မခံစားရတော့ဘူးပေါ့။
မေး- ကျေးဇူးတင်ပါတယ်ဘုရား။ အခုလို ဖြေကြားပေးတဲ့အတွက်။ သာကီသွေးဂျာနယ်အပေါ် ဆရာတော့်အမြင်ကို သိပါရစေဘုရား။
ဖြေ- ဦးဇင်းက သာကီသွေးဂျာနယ်ကို မြင်ပဲမြင်ရသေးတယ်။ မဖတ်ဖူးဘူး။ ဒါပေမယ့် အင်းစိန် ဆရာတော်ကြီးတို့ရဲ့သြဝါဒနဲ့ ထုတ်တာသိရတဲ့အတွက်ကြောင့် ဦးဇင်းကတော့ အားပေးမှာပါ။
 
ဇူးဇူး
 
အတွဲ (၁) အမှတ် (၅) သာသနာတော်နှစ်-၂၅၅၇၊ မြန်မာသက္ကရာစ်-၁၃၇၅-ခုနှစ်၊ တော်သလင်းလပြည့်၊ ခရစ်နှစ်-၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ-၁၉ ရက်၊ ကြာသာပတေးနေ့ ထုတ် သာကီသွေးဂျာနယ် မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment