မြန်မာတို့ရဲ့ ရိုးရာဝတ်ဆင်ပုံဟာ ပွဲတွင်း ပွဲပြင် လှပ
တင့်တယ် ကျက်သရေရှိတယ် ဆိုပေမယ်လို့ ခေတ်တွေ
ပြောင်းလာတာနဲ့အမျှ ပြင်ပက ဝတ်ဆင်ပုံ အဆန်းတွေ
ဝင်ရောက်လာတာနဲ့ အမျှ ပြောင်းလဲသွားပါတယ် ။ အများ
ဆုံးကတော့ အထက်တန်းလွှာလို့ ခေါ်ကြတဲ့ အသိုင်း
အဝိုင်းနဲ့ အနုပညာသယ်လို့ ခေါ်ကြတဲ့ အသိုင်းအဝိုင်းပါပဲ။
ဘယ်လောက်အထိ ပြောင်းလဲသွားသလဲဆိုတော့ တစ်ပါး
နိုင်ငံရောက်နေသလား ထင်ရလောက်အောင်ပါပဲ။ဘယ်သူ
ဟာ မြန်မာပါ-လို့ လက်ညှိုးထိုးပြဖို့တောင် ခဲယဉ်းသွား
သလိုပါပဲ။ဒီလို ဖြစ်သွားရတာဟာ ဘာသာရေးအဆုံးအမနဲ့
ဝေးကွာသွားကြလို့ ဖြစ်ပါတယ်။မိဘစတဲ့ လူကြီးသူမ
တွေကလဲ အကျင့်စာရိတ္တပျက်ပြားနေတဲ့ အုပ်ချုပ်ရေး
ယန္တရားအောက်မှာ ချောင်ချောင်လယ်လယ် လည်ပတ်
နိုင်အောင် ကိုယ်ကျင့်စာရိတ္တကို ချောင်းထဲ မြောင်းထဲ
ပြစ်ထားရလို့ သားသမီးလူငယ်လူရွယ်တွေကို ပဲ့ကိုင်မပေး
နိုင်တော့ပါဘူး။ဘာသာရေးအထိန်း
နဲသွားတဲ့ အခါမှာ ကိုယ်တွင်းက စိတ်တွေလဲ ထင်ရာ
မြင်ရာကျက်စား လွတ်လပ်ခြင်းပဲ လူတိုင်းရဲ့ ကိုယ်ပိုင်
လုပ်ပိုင်ခွင့်ပဲလို့ မှတ်ယူကြပြီး စိတ်အလိုအတိုင်း ဝတ်ဆင်
လာကြတာပေါ့။ဒါကြောင့်မို့ သံဃာတော်များရဲ့ ဥာဏ်နဲ့
ဆင်ခြင်ပြီး ဝတ်ဆင်ပုံကို အတုယူ ပြုပြင်နိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
vanavasi
လိပ်စါ=အရှင်တိက္ခာနန္ဒ။ကန်တောရေ
ဂန့်ဂေါမြို့နယ်။မကွေးတိုင်းေ
ဝတ်ဆင်မှုဆိုင်ရာစာတန်းအဆက်
ဘုရားသားတော် သံဃာတော်တွေထဲမှာ သင်္ကန်းကိုဝိနည်းတော်(သေခိယသိက္ခာပုဒ်)နဲ
ရှိသလို မဝတ်ရုံကြသူတွေလဲ ရှိပါတယ်။ဘယ်လိုပဲ
ဝတ်ဝတ်ပါ။သေခိယနဲ့အညီ ဝတ်ရုံကြတဲ့ သာမဏေတွေ
ရဟန်းသံဃာတော်တွေကို ဖူးမြင်ရသူအပေါင်းဟာ အလွန်
ပီတိဖြစ်ကြပါတယ်။ကြည်ညိုလို့အား
အောင်ဖြစ်ကြပါတယ်။ဘာသာခြားတွေေ
ကြည်ညိုစိတ်ဖြစ်ကြပုံ ရှိပါတယ်။သေခိယနဲ့အညီ ဝတ်ရုံပြီး
ငြိမ်သက်တဲ့ ဣနြေ္ဒနဲ့ ကြွလာတဲ့ နိဂြောဓ သာမဏေလေး
ကို ဖူးတွေ့ရလို့ ဘာသာခြား အသောကမင်းကြီး ဗုဒ္ဓ
ဘာသာဝင် ဖြစ်ခဲ့တာဟာ သာဓကပါပဲ။
သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတွေဟာ အဝတ်
သင်္ကန်းကို အဝန်းညီညီ ဝတ်ရုံရရုံသာမကပါဘူး ဘာ-
ကြောင့် ဘယ်အကျိုးငှာ ဤသင်္ကန်းကို ဝတ်ရုံအသုံးပြု
ပါတယ်ဆိုပြီး ဥာဏ်နဲ့ဆင်ခြင်ရပါသေးတယ်။
အအေးအချမ်းကိုကါကွယ် ပယ်နိုင်ခြင်းငှာ
တောမီးစသေါ မီးပူကို ကာကွယ် ပယ်နိုင်ခြင်းငှာ
မှက်။ခြင်။ယင်။လေပူ နေပူ။မြွေ။ကင်းသန်း စသည်
တို့၏ အတွေ့တို့ကို ကာကွယ် ပယ်နိုင်ခြင်းငှာ
အရှက်အကြောက်ကို ဖျက်ဆီးတတ်သော ကျဉ်း
မြောင်းရာရှိ အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းနိုင်ခြင်း
အကျိုးငှာသာ ဝတ်ရုံပါ၏ လို့ ဆင်ခြင်ရပါတယ်။
ဆက်ပို့ပါမည်။
vansvasi
ဘာသာတရားနှင့်ယဉ်ကျေးမှု ၁
ဘာသာလဲ စစ်မှန်၍။ထိုဘာသာ၏ အနှစ်သာရဖြစ်သော
အဆုံးအမ တရားတော်ကလဲ စစ်မှန်ပါက။ အဲဒီဘာသာ
ကို ယုံကြည် ကိုင်းရှိုင်းသူတိုင်းဟာ-
၁။ကိုယ်အမူအရာ ယဉ်ကျေးတယ်(အနေအထိုင် အမူအရာ
အသွားအလာ အစားအသောက် ဝတ်ရုံဆင်သခြင်းစတဲ့
ခန္ဓာကိုယ်ဆိုင်ရာ လှုတ်ရှားဆောင်ရွက်မှု အားလုံး
ယဉ်ကျေးတယ် သိမ်မွေ့တယ် မြင်ရသူပီတိဖြစ်ရလောက်
အောင် ကျက်သရေရှိတယ်)
ဒီနေရာမှာ ခေတ်လူတွေရဲ့ ခေတ်နှင့်အညီ ဝတ်ဆင်ကြပုံ
ကို ဗုဒ္ဓသာသနာတော်တွင်းက ရဟန်းသာမဏေတို့ ဝတ်
ဆင်ကြပုံကို ယှဉ်ပြီး ပြောချင်ပါတယ်။ဗုဒ္ဓသာသနာတော်က
ရဟန်းသာမဏေတို့ရဲ့ ဝတ်ဆင်မှု ဟာ ဘုရားလက်ထက်
တော်ကစပြီး ဒီကနေ့ခေတ်တိုင်အောင် မပြောင်းမလဲ
တသမတ်ထဲ တပုံစံထဲ ရှိနေပါတယ်။အငယ်က ဝတ်ဆင်
ပုံတမျိုး အလတ်ကတဖုံ ထေရ်ကြီး ဆရာတော်ကြီးတွေ
က ပုံစံတသွယ် အဝတ်အထယ် အရောင်အသွေး ကွဲပြား
ခြားနားမှုမရှိပါဘူ။ အဆင့်အတန်းခွဲခြားတဲ့ အဆောင်
အယောင်လဲမရှိပါဘူး။သိပ်ပြီး ကြည်ညိုဖို့ ကောင်းပါတယ်။
ဘယ်ဘာသာနဲ့မှ မတူအောင် ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေ
ရှိနေတာကလဲ ဂုဏ်ယူလို့မဆုံးစရာ ပီတိဖြစ်ကြည်နူးလို့
မပြီးစရာပါပဲ။ဆက်ပို့ပါမည်။
vanavasi
ဘာသာတရားနှင့်ယဉ်ကျေးမှု ၂
၂။(ဘာသာတရား ယုံကြည် ကိုင်းရှိုင်းသူဟာ)နှုတ်အမူ
အရာလဲ ယဉ်ကျေးပါတယ်။(လိမ်ညာမပြောပါဘူး။)
ကုံးတိုက်စကားမပြောဘူး။ကြမ်းထန်
မပြောဘူး။)
ဘာသာတရားရဲ့ အဆုံးအမအောက်မှာ နေသားကျနေခဲ့တဲ့
မြန်မာနိုင်ငံဟာ ကိုယ်အမူအရာ ယဉ်ကျေးသလို အပြော
အဆို အခေါ်အဝေါ်တွေလဲ ယဉ်ကျေးပါတယ်။ ဒါကလဲ
အနော်ရထာမင်းရဲ့ ရှေ့ပိုင်းကိုတော့ သမိုင်းမကျွမ်းကျင်လို့
မပြောနိုင်ပါဘူး။ အနော်ရထာလက်ထက်ရောက်မှပဲ ဗုဒ္ဓ
သာသနာတော်လဲ စင်စင်ကြယ်ကြယ်နဲ့ ထွန်းကားလာ
တာမို့ပါ။ပုဂံကို အရှင်အရဟံ မထေရ် မရောက်လာမီက
ပုဂံပြည်ဟာ အရည်းကြီးခေါ်တဲ့ ရှင်ယောင်တွေကို
ကိုးကွယ်နေခဲ့ကြတာပါ။ အဲဒီကာလ ပုဂံမှာသာသနာ
ထွန်းကားတဲ့အချိန်ကစလို့ ဗမာပြည် လွတ်လပ်ရေးရပြီး
ချိန်တိုင်အောင် လူလူ ရှင်ရှင် အပြောအဆို ယဉ်ကျေးတာ
များခဲ့တာ အားလုံးသိသလောက်ပါပဲ။ရဟန်း သံဃာတော်
တွေ မိဘဘိုးဘွားတွေ လူကြးသူကြီးတွေနဲ့ ပြောဆိုဆက်
ဆံကြရာမှာ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံသူတွေ များ
သေးတယ်လို့ ပြောနိုင်ပါတယ်။နောက်ပိုင်းကာလေ
မှာတော့ ပြင်ပယဉ်ကျေးမှုတွေကလဲ အတားအဆီးအရှိ
ဝင်လာ။ရုပ်ဝတ္ထုတွေကလဲ အလွန်အကျွန်တိုးတက်လာတဲ့
အပြင် ဘာသာရေးနဲ့လဲ အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာလာ
တါကြောင့် အပြောအဆိုတွေ ရိုင်းလါကြပါတယ်။
ဆက်ပို့ပါမည်။
သင်္ကန်းဝတ်ရုံပုံ
စာတန်း အဆက်
သင်္ကန်းဝတ်ရုံတဲ့အခါ ရဟန်းသာမဏေတွေ ဥာဏ်နဲ့ဆင်ခြင်ပြီး ဝတ်ရုံရပုံဟာ တကယ်ပဲ စိတ်ဝင်စားစရာ
ကောင်းပါတယ်။ဒီအထဲမှာ ခေတ်အမှီဆုံး ခေတ်ရှေ့ကို
အရောက်ဆုံးဆိုသူ ခေတ်လူကြီး လူငယ်တို့တို့ရဲ့ ဝတ်ဆင်
ကြပုံကို သံဃာတော်များဥာဏ်နဲ့ဆင်ခြင်တဲ့ အထဲမှာပါတဲ့
" ဟိရီကောပိနပ္ပဋိစ္ဆာဒနတ္ထံ " ဆိုတဲ့ စာပိုဒ်ပါ ဆင်ခြင်ပုံနဲ့
ယှဉ်ပြချင်တာပါ။ ဒီစာပိုဒ်ကို အသံထွက်ဖတ်မယ် ဆိုရင်
ဟိ ရီ ကော ပိ နပ် ပ တိတ် ဆာ ဒ နတ် ထံ - ဖြစ်ပါတယ်။
ရွှေကျင်ဂိုဏ်းကြီးရဲ့ ဒုတိယမြောက် သာသနာပိုင်ဖြစ်
တော်မူတဲ့ ပထမ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက
အဲဒီပုဒ်ကို အနက်မြန်မာပြန်ထားပုံကိုလဲ ဖေါ်ပြပေးလိုက်
ပါတယ်။
(ဟိရီကောပိနပ္ပဋိစ္ဆာဒနတ္ထံ ဧဝ=ဟိရီဂုဏ်ကို ဖျက်ဆီးတတ်သော ကျဉ်းမြောင်းသော အရပ်ကို ဖုံးလွှမ်းရုံ
အကျိုးငှာသာလျင် (သင်္ကန်းကို မှီဝဲသုံးဆောင်ပါ၏))
လူရဲ့ခန္ဓာကိုယ်မှာ ဘယ်ဟာက ကျဉ်းမြောင်းရာအရပ်ပဲ
လို့ အားလုံသိကြပါတယ်။(အရှက် အကြောက်ကို ဖျက်ဆီး
တတ်သော ကျဉ်းမြောင်းရာအရပ်ရှိ အင်္ဂါ ကြီးငယ်ကို ဖုံး
လွှမ်းရုံ အကျိုးငှာသာလျင် ဤအဝတ်သင်္ကန်းကို ဝတ်ရုံ
သုံးဆောင်ပါ၏။)ဒီလိုလဲ အနက်မြန်မာပြုကြပါတယ်။
ဆက်ပို့ပါမည်။
ဟိရီကောပိန စာတန်းအဆက်
သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များဟာ ပစ္စည်းလေးပါး ဒကာတွေလှူဒါန်းတဲ့ သင်္ကန်းတော်တွေကို စိတ်
လွတ်ကိုယ်လွတ် ဝတ်ချင်သလို ပုံစံ အမျိုးမျိုး ဟန်အမျိုး
မျိုးနဲ့ " ငါတို့ ခေတ်ဘုန်းကြီးတွေပဲ ခေတ်နဲ့အညီ ဝတ်
မှာပေါ့ " ဆိုပြီး ဝတ်ဆင်ခြင်း မပြုကြပါ။ဘုရားရှင် လက်
ထက်တော်က ဒီကနေ့ကျအောင် အသွင်တူ အဆင်တူ
ပုံစံတူ ဝတ်ဆင်နေကြတုံ့းပါပဲ။ခြေလက်နဲ့ လက်မောင်း
တဖက်သာဖေါ်ပြီး ဝတ်ရန်းပုံ။ခြေ လက်ကောက်ဝတ်
လည်ပင်း ဦးခေါင်းတွေသာကျန်ပြီး တကိုယ်လုံးခြုံထားတဲ့
သင်္ကန်းရုံထားပုံဟာ ဘယ်ပရိသတ်ထဲကို ဝင်ဝင်။ ဘယ်
ဒေသကိုပဲ ကြွကြွ ကြည့်လို့ မြင်လို့ကောင်းအောင် တင့်
တယ်နေ ကျက်သရေရှိနေပါတယ်။ ဒါဟာ ဝတ်ဆင်ပုံ
ယဉ်ကျေးတဲ့ ရလတ်ပါပဲ။လူလောကမှာလဲ ဒီလိုပါပဲ
မြန်မာတို့ရဲ အစဉ်အလာ ဝတ်ဆင်မှုဟာ ဘာသာတရားရဲ့
အငွေ့အသက် ပါနေတာမို့ လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ်နဲ့
တကယ်ကြည့်ကေါင်းပါတယ်။ တကယ်ပဲ ကျက်သရေရှိ
ပါတယ်။ဖုံးရမဲ့အရာတွေကို ဖုံးပြီး။ ဖော်ရမဲ့ ခြေ လက်
မျက်နှာလောက်သာ ဖေါ်ပြီးဝတ်ဆင်တာမို့ မြန်မာတို့ရဲ့
အစဉ်အလာ ရိုးရာဝတ်ဆင်ပုံဟာ မရိုးနိုင်အောင်ကို လှပ
တင့်တယ်ပါတယ်။ပွဲဝင် ဝတ်စုံကတော့ ပြောနေစရာကို
မလိုအေါင်ကျက်သရေရှိပြီးသားပါ။
ဆက်ပို့ပါမည်။
vanavasi
လိပ်စာ=အရှင်တိက္ခာနန္ဒ။
ကန်တောရကျောင်တိုက်။
ကန်ရွာ
ဂန့်ဂေါမြို့နယ်။မကွေးတိုင်းေ
No comments:
Post a Comment