Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, August 24, 2013

“နိုင်ငံ့သစ္စာ စောင့်သိသူ (အပိုင်း-၂) ”

 အင်းစိန်၊ရာမဆရာတော်ဘုရားကြီး
**********************
"အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (အင်းစိန်-ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ၏ လက်ရာတော်တစ်ပုဒ်ပါ"
======================...======
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် ကြိုးပမ်းမှုထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသည့် ဆရာတော်ကြီးပါ။ သက်တော်ရွယ်တော်အရ ကိုယ့်တရားနှင့်ကိုယ် နားအေးပါအေးနေရမည့် အချိန်ရောက်နေပြီ ဖြစ်သော်လည်း အမျိုးဘာသာ သာသနာအတွက် ရတက်မအေးရှာ၍ ဇရာ-ဒုဗ္ဗလ (အိုးမင်းမစွမ်း) လောကဓံကို အန်တုလျက် ချီတက်နေတော်မူသော ဆရာတော်ဘုရားကြီး၏ စေတနာကို ခံစားနားလည်ကြည့်စေချင်ပါတယ်။
(နေ့စဉ် ဆက်လက် တင်ပြသွားပါ့မယ်။)

"ကာကွယ် စောင့်ရှောက်နည်းများ။"
*************************
အမျိုးဘာသာ သာသနာစောင့်ရှောက်နည်းများ……
ဘာသာခြားများသည် စီးပွားရေးဖြင့်တစ်မျိုး၊ လူဦးရေများအောင် လုပ်ခြင်းဖြင့်တစ်ဖုံ၊ အနိုင်ကျင့်နည်းဖြင့် တစ်သွယ် စသည်စသည် နည်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာကို ဝါးမျိုနေကြသည်။ ဤနည်းများဖြင့် ဝါးမျိုးခံခဲ့ရသော အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ အာဖဂန်နစ္စတန် စသော နိုင်ငံများ၌ ဗုဒ္ဓဘာသာပျောက်သွားခဲ့ရခြင်းမှာ သာဓကပင်ဖြစ်သည်။ ရခိုင်ဒေသ၌ လူဦးရေဖြင့် ဝါးမျိုနေသည်၊ စီးပွားရေးချို့တဲ့သော အမျိုးသမီးများကို စီးပွားရေးဖြင့် ဝါးမျိုနေကြသည်။

ဤနေရာ၌ စီးပွားရေးဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နည်းကို အဓိကပြောလိုပါသည်။
ဘာသာခြားများ၏ စီးပွားရေးကို အားပေးလျှင် သူတို့ဘာသာကို အားပေးရာရောက်ရုံမက ကိုယ့်ဘာသာ အားနည်းအောင် ပြုလုပ်ရာလည်း ရောက်သည်။
အမျိုးဘာသာ သာသနာအတွက် သစ္စာဖောက်သူများလည်း ဖြစ်ကြသည်။
ထို့ကြောင့် ကိုယ့်ဘာသာဝင်များ၏ စီးပွားရေးကိုသာ အားပေးကြရမည်။ ကိုယ့်ဘာသာဝင်များ ရောင်းဝယ်သည့် အစားအစာများ ပစ္စည်းများကို ဝယ်ယူစားသုံးခြင်း၊ အားပေးခြင်းဟာ…
ထိရောက်သော အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ခြင်း တစ်မျိုးဖြစ်သည်။

ကိုရီးယားနိုင်ငံ၌ ဤနည်းဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းကြောင့် အစ္စလာမ် မွတ်ဆလင်တို့ ချုပ်ငြိမ်းခဲ့ဖူးသော သာဓကရှိခဲ့သည်။
ဗုဒ္ဓဘာသာဝင်ဓနရှင်များကလည်း မိမိဘာသာဝင်များကို ဈေးတင်မရောင်းခြင်း၊ လှိုက်လှဲဖော်ရွေစွာ ဆက်ဆံခြင်း၊ ဘာသာခြားများထံမှာသာ ရနိုင်သည့်ပစ္စည်းများကိုလည်း ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ အရင်းအနှီးစိုက်ထုတ်ပေး၍သော်လည်းကောင်း၊ မိမိတို့ ဘာသာဝင်များ တိုင်းရင်းသားများ လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနိုင်ရန် လုပ်ဆောင်ခြင်းဖြင့်လည်း အမျိုးဘာသာ သာသနာကို ကာကွယ်အားပေးရာရောက်သည်။

အလွန်ထူးမြတ်သည့် သာသနာပြုနည်း တစ်မျိုးလည်းဖြစ်သည်။
ကျောင်းဆောက်ဘုရားတည် စသည်လောက်သာ သာသနာပြုနည်းထင်မှတ်ပြီး ဘာသာဝင်များအတွက် စီးပွားရေး၊ ပညာရေးစသည် အားမပေးခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အန်ကောဝပ်ကျောင်းဆောင်ကြီး၊ အင်ဒိုးနီးရှားနိုင်ငံ၌ ဗောရောဗုဓောဘုရားကြီး စသည်တို့သည် ကမ္ဘာလှည့်များကြည့်ရှု့ရာ ရှေးဟောင်းအမွေအနှစ်အဖြ
စ်သာ ကျန်တော့သည်။ ဘာသာအတွက် အကျိုးမများတော့။

"လူ့အခွင့်အရေး"
==========
လူသားတိုင်းမှာသက်ဆိုင်ရာ လူ့အခွင့်အရေးရထိုက်သည် မှန်သော်လည်း လူ့အခွင့်အရေး တောင်းဆိုသူများသည် အောက်ပါမေးခွန်းများကို ဖြေပေးကြပါ။
၁။ (က) ဥပဒေဘောင် ဖောက်ဖျက်ကျူးလွန်သော ရာဇဝတ်သား။
(ခ) ဥပဒေဘောင်အတွင်းက ကောင်းမွန်စွာနေထိုင်သူ။

၂။ (က) နိုင်ငံ့ သစ္စာဖောက်ဖျက်သူ
==================
(ခ) နိုင်ငံ့သစ္စာ ဖျက်သူ
===========
ဤသို့သော အဆိုပါ လူသား ၂-မျိုးစီတို့ကို သက်ဆိုင်ရာနိုင်ငံက လူ့အခွင့်အရေး တန်းတူ ပေးနိုင် မပေးနိုင်။
"လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် ဖောက်ဖျက်သူ"
မည်သူမဆို မိမိကြိုက်ရာဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရှိပါသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဟူသည်မှာ လူ့အခွင့်အရေး တစ်မျိုးပင် ဖြစ်သည်။ ဒါကို လက်ခံပါသည်။

သို့သော် အခြားသော ဘာသာကိုသော်လည်းကောင်း၊ ဘာသာဝင်ကိုသော်လည်းကောင်း ထခိုက်အောင် နစ်နာအောင် လုပ်နေသော ဘာသာနှင့် ဘာသာဝင်ကိုတော့ လက်မခံနိုင်ပါ။ အဆိုပါ ဘာသာနှင့် ဘာသာဝင်သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို နှောက်ယှက်နေသော ဖျက်ဆီးနေသော ဘာသာနှင့် ဘာသာဝင်သာဖြစ်သည်။

အချို့ဘာသာဝင်များသည် အခြားဘာသာဝင်များ၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို နှောက်ယှက်ဖျက်ဆီးနေသည်၊ ပိတ်ပင်တားဆီးနေသည်၊ အမြစ်ပြတ် ချေမှုန်းနေသည်။
မိမိဘာသာဝင်များ……
အခြားဘာသာသို့ လုံးဝ ပြောင်းခွင့် မပြုခြင်း။
ပြောင်းလျှင် သတ်ဖြတ်ခြင်း၊
မယားများကို လုံးဝကွာရှင်းခွင့်မပေးခြင်း…
တို့သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ဟု ဆိုင်နိုင်မည်လော့။ အဆိုပါလုပ်ရပ် လုပ်ကိုင်ဆောင်ရွက်နေသည်များကို အားပေးသူ ကာကွယ်ပေးသူ ထောက်ခံပေးသူများသည်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဖျက်ဆီးနေသူများသာ ဖြစ်သည်။

ယင်းသို့ နိုင်ငံ့သစ္စာဖောက်များကို အားပေး ကူညီနေသည့် နိုင်ငံရေးသမားများကို နိုင်ငံ့ခေါင်းဆောင် တင်လိုက်လျှင် မိမိတို့ အမျိုးဘာသာ ပျက်သုန်းမည်သာ ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် အစစ်အမှန်ကို ရွေးနိုင်ကြပါစေ။
"နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်သူ မဖြစ်ထိုက်သူ"
မိမိကိုယ်စားပြုရာ အမျိုးဘာသာ သာသနာအကျိုးကို နံပါတ် (၁) ဦးစားပေး၍ ဆောင်ရွက်သူသည်သာ မိမိကိုယ်စားပြု နိုင်ငံ၏ ခေါင်းဆောင်ဖြစ်ထိုက်သည်။

မိမိကိုယ်စားပြုရာ နိုင်ငံ၏အကျိုးကို နံပါတ်(၁) ဦးစားမပေးဘဲ အခြားသူများ၏အကျိုးနှင့် တန်းတူထားကာ ကိုယ်စားပြုလျှင် မိမိကိုယ်စားပြုရာ နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် မဖြစ်ထိုက်။ ကမ္ဘာ့ခေါင်းဆောင်တော့ ဆိုနိုင်ကောင်း ဆိုရပေမည်။ သို့မဟုတ် မိမိအကျိုးဆောင်ရာနိုင်ငံ၏ ခေါင်းဆောင်လည်း ဖြစ်ပေမည်။ ယင်းနိုင်ငံသို့သာ သွားနေသင့်ပေသည်။
မြန်မာနိုင်ငံသားမဖြစ်သူများဘက်က အားပေးခြင်း ကူညီခြင်း ရပ်တည်ပေးခြင်း ပြုသူသည် မြန်မာ့နိုင်ငံ့ခေါင်းဆောင် မဖြစ်သင့်ပါ။ နိုင်ငံ့ခေါင်းဆောင်အဖြစ် မရွေးချယ်ထိုက်ပါ။

"နိုင်ငံသား ဖြစ်ထိုက်သူ မဖြစ်ထိုက်သူ"
အောက်ပါအချက်များနှင့် ပြည့်စုံသူသည် နိုင်ငံသားဖြစ်ထိုက်သည်။ မပြည့်စုံသူသည် မဖြစ်ထိုက်။

(က) မိမိနေထိုင်ရာ နိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာသူ။
(ခ) မိမိနေထိုင်ရာ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်ကို ထိခိုက်နစ်နာအောင် မလုပ်သူ။

(၈) မိမိနေထိုင်ရာ နိုင်ငံ၏ မူရင်းနိုင်ငံသားများနှင့် လိုက်လျောညီထွေ နေထိုင်သူ။

(ဃ) မိမိနေထိုင်ရာ နိုင်ငံ၏ အရိပ်နေနေ အခက်ချိုးချိုး မလုပ်သူ ကျေးဇူးမကန်းသူ။

(င) မိမိနေထိုင်ရာနိုင်ငံ၏ နယ်မြေကို ဖဲ့ခြင်း ခွဲခြင်း သီးခြားပြုခြင်းမလုပ်ဘဲ တစ်စိတ်တစ်ဝမ်းတည်း နေထိုင်သူ။

နိုင်ငံသားမဖြစ်ထိုက်သူဘက်က အားပေးခြင်း ကူညီခြင်း ရပ်တည်ပေးခြင်း ပြုသူသည် နိုင်ငံ့ခေါင်းဆောင် မဖြစ်နိုင်ပါ။ နိုင်ငံ့ခေါင်းဆောင်အဖြစ် မရွေးချယ်ထိုက်ပါ။

No comments:

Post a Comment