Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, August 24, 2013

“နိုင်ငံ့သစ္စာ စောင့်သိသူ (၄)”



"ပုံမှားရိုက် ဆွဲဆောင်နည်း"
******************
အချို့ဘာသာခြားများက မိမိတို့ဆိုင် မိမိတို့ကား စသည်တို့၌ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့ဆိုင်လာဝယ်အောင် သူတို့ကားငှားစီးအောင်-အရဟံ တံဆိပ်များ
၉၆၉ ပုံများ
ဗုဒ္ဓဘုရားပုံများ
ထင်ရှားသည့် ဆရာတော် သံဃာတော်ကြီးများ၏ ပုံများ စသည်တို့ကို ချိတ်ဆွဲထား ပြသထားပြီး ဖြားယောင်းကြသည်။
သည်မျှမက သူတို့ဗလီစသည်တို့၌…..
သမထ၊ ဝိပဿနာ ဝေါဟာရ
ဥပုသ်နေ့ဟူသော ဝေါဟာရ
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော ဝေါဟာရ
ကုသိုလ်ကောင်းမှုဟူသော ဝါဟာရ စသော ဝေါဟာရများဖြင့်လည်း ဗုဒ္ဓဘာသာဝင်များကို ဖြားယောင်းသိမ်းသွင်းကြသည်။ အမှန်မှာ….ဗုဒ္ဓဘာသာဝင်များ အလေးထား တန်ဖိုးထား စိတ်ဝင်စားသည့် ဝေါဟာရများဖြင့် ခိုးယူ၊ ပုံမှားရိုက်၊ ဖြားယောင်း၊ သိမ်းသွင်းခြင်းသည် မကောင်းသော လုပ်ရပ်၊ ဆိုးဝါးသောလုပ်ရပ်၊ အလွန်အောက်တန်းကျတော့လုပ်ရပ်၊ ယုတ်မာသောလုပ်ရပ်များသာ ဖြစ်ပါသည်။ အလွန် မသဒီစရာ ရွံစရာကောင်းပေစွ။
သတိပြုရမည်မှာ အဆိုပါဝေါဟာရများသည် ဗုဒ္ဓဘာသာ၌သာ စာပေရော လက်တွေ့ပါ ရှိသည်။ သူတို့ဘာသာ သူတို့စာပေ၌ တကယ်မရှိဟု စာရေးသူထင်ပါသည်။
အချို့သော ဘာသာခြား အရင်းရှင်များသည် ဗုဒ္ဓဘာသာဝင် မြန်မာဝန်ထမ်းများကို ခန့်ထားကာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ လာရောက်စေရန် အားပေးစေရန် ဝယ်ယူသုံးစွဲစေရန် ဖြားယောင်းကြသည်ကိုလည်း တွေ့ရသည်။ ဗုဒ္ဓဘာသာဝင် ကိုယ့်လူမျိုးများ ကိုယ့်ဘာသာဝင်များ အခြားဘာသာဝင်များ၏ အသုံးချခံ ကျေးကျွန်ဖြစ်နေရသည်များမှာလည်း ရင်နာစရာပင်ဖြစ်သည်။
အခြားဘာသာဝင်များသည် သူတို့ပစ္စည်းများ မြန်မာနိုင်ငံ၌ အရောင်းသွက်စေရန် မြန်မာလူမျိုးများ၏ သည်းချေကြိုက် ရွှေတိဂုံ၊ ကျိုက်ထီးရိုးပုံများ ပုဂံ အနုပညာပုံများ၊ မြန်မာယဉ်ကျေးမှု ပုံများ စသည်တို့ဖြင့် ဟန်စက်၊ စတီးပစ္စည်း၊ စာအုပ်၊ စက်ပစ္စည်းအမျိုးမျိုး စသည်တို့ကို ကြော်ငြာလေ့ရှိကြသည်ကိုလည်း တွေ့ရသည်။ သတိကြီးကြီးထားနိုင်ကြပါစေ။
ဘာသာခြားများသည် မိမိတို့ဘာသာဝင်များကို လောဘဖြင့်သာမက ဒေါသဖြင့်လည်း မြူဆွယ်သိမ်းသွင်းကြသည်။ စိတ်တိုအောင်စသည် မခံချင်အောင်လုပ်သည်။ အတို့အထောင်လုပ်သည်။ တို့မီး ရှို့မီးလုပ်သည်။ မိမိတို့၏ ဘာသာဝင်များသည် စိတ်လိုက်မာန်ပါ ထင်ရာလုပ်မိသဖြင့် သူတို့ထောက်ချောက်စက်ကွင်းထဲ ရောက်သွားကြရသည်။ တစ်ချို့ဆိုလျှင် အသက်ပင် ဆုံးရှုံးကြရသည်။ တစ်ပါးသူများ၏ ကဲ့ရဲ့ရှုတ်ချမှု အထင်သေးမှုလည်း ခံကြရသည်။ ဒေါသစိတ်၊ ခံပြင်းစိတ်များကို ထိန်းသိမ်းကာ စိတ်လိုက်မာန်ပါ မလုပ်ဘဲ ကိုယ့်စီးရိုးကို ကိုယ်ကာရန်ဖို့သာ လိုသည်။ "ကုဒ္ဓေါ အတ္ထံ နဇာနာတိ" စသော ဒေသနာအရ ဒေါသဖြစ်သူသည် အမှား အမှန်ကို မဝေခွဲနိုင်။ ဒေါသရှေ့ထားက မှားတတ်သည်။ ထိရောက်သည့် တုန့်ပြန်နည်းကိုသာ သုံးဖို့ လိုသည်ကို အထူးသတိပြုရမည်။
"ထိရောက်သည့် တုန့်ပြန်နည်းများ"
ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ ဝင်ပုဂ္ဂိုလ်များနှင့်သာ…
၁။ စီးပွားရေးအရ ရောင်းဝယ်ဆက်ဆံမှု။
၂။ လူမှုရေးအရ ပေါင်းသင်းဆက်ဆံမှု။
၃။ အိမ်ထောင်ဘက်ရွေးချယ်မှု။
၎။ ပညာသင်ကြားမှု စသည်စသည်တို့သည် အမျိုး၊ ဘာသာ၊ သာသနာ မပျက်သုဉ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သည့် တုန့်ပြန်နည်းများ ကာကွယ်နည်းများ ပြင်ဆင်နည်းများ ဖြစ်ပေသည်။
"ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး၏ သတိပေး တပ်လှန့်သံ"
သူစိမ်းပြင်ပ ဝါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေအတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို ပေါက်ရောက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုံး၊ လူမျိုမှ လူမျိုးပြုံးတယ်။
သူစိမ်းပြင်ပ ဝါဒရှင်တွေက အင်းအိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့ သာသနာ ပျက်ပြုံးအောင် ဖွဲနပဲ ကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တစ်ဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။
ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြတ်အောင် ကြိုးစားထားကြရမယ်။ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့်သုံးထားကြရမယ်။
လူတစ်ယောက်ကို အသက်ကြီးကာမှ ဗုဒ္ဓယဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။
လေဟာပြင်ကွက်လပ်မှာ လေတွေအလိုလိုဝင်လာကြတယ်။ မှုံဝါးဝါး ချိနဲ့နဲ့ မိရိုးဖလာအမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေးတွေဟာ ပြင်ပကွင်းပြင်ထဲက သူစိမ်းပြင်ပအယူဝါဒတွေ ယဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘဝကို လွယ်လွယ်လေး ရောက်သွားနိုင်တယ်။
ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီးပေါက်နေတယ်ဆိုတာသိရင် လှေပေါက်ကို ဝိုင်းဝန်းဖာထေးရမယ်။ မဖာရင် လှေကြီး ရေဝင်ပြီး မကြာမီ မြုပ်လိမ့်မယ်။ ဗုဒ္ဓသာသနာလှေကြီး ပေါက်နေတယ်ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ဝိုင်းဝန်းဖာထေးရမယ်။ မဖာရင် ပြင်ပအယူဝါဒရှင်တွေရဲ့ ရေတွေဝင်ပြီး မြုပ်လိမ့်မယ်။
မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အသက်မထွက်ရအောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ထဲမှာ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှု သွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ မအေးခဲစေဘဲ နွေးနွေးထွေးထွေးရှိနေဖို့ လိုအပ်တယ်။
ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှု နို့ချို ဗုဒ္ဓယဉ်ကျေးမှု အာဟာရတွေကို သန်သလောက် သန်သလောက် တိုက်ကျွေးပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက်ပါသွားတတ်တယ်။ ဗုဒ္ဓဘာသာဝင် မိခင်ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင်ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်မည်ဆိုရင် ရွှေငွေ စတဲ့ ရတနာတွေကို ရလို့ ဝမ်းသာကြည်နူးရတာထက် သာလွန်တဲ့ သာလိမ္မာ၊ သမီးလိမ္မာလေးတွေ ရလို့ ဝမ်းသာကြည်နူးရတာက များစွာသာလွန်ပါတယ်။
မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်း အကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာ မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။
ဗုဒ္ဓယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်းတစ်ခု ဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။
အမေရယ် အဖေရယ် သားရယ်သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတက်လို့ အမြင်မတော်ဖြစ်နေတော့ အဖေက "ကဲ ဒို့သားအဖတွေပြင်ထိုင်ကြစို့" လို့ပြောတဲ့အခါ သမီးဖြစ်သူက "အဖေ ကျွန်မကော ပါသေးလား" လို့မေးတော့ အဖေဖြစ်သူက "သမီး သမီးအရေးအကြီးဆုံးပဲ" လို့ ပြောသတဲ့ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးအောင် ပြင်ကြတဲ့နေရာမှာ "ကျွန်တော်တို့ ပါသေးသလား မမေးနဲ့" ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်မှန်သမျှ ပြင်ထိုင်ဖို့ လိုနေကြတယ်။
ရှေးဦးစွာ တစ်ကိုယ်ရည် သားသနာပြည့်စုံဖို့လိုတယ်။ ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့်ကမ်းရတယ်။ (ရွှေတောင်းကုန်း သာသနာ့ ရိပ်သာ ဆရာတော်၏ တစ်ဘဝတာ ခရီးမှ ကောက်နှုတ်တင်ပြပါသည်။)
"နိုင်ငံခြားပညာသင် မြန်မာ့သားကောင်းများနှင့် တာဝန်"
အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း စသောနိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်ကာ ပညာသင်ကြားနေကြသော မြန်မာ့သားကောင်း သာသနာ့ အာဇာနည် ပုဂ္ဂိုလ်လေးများ မြောက်များစွာရှိကြသည်။ အဆိုပါ မြန်မာ့သားကောင်း သာသနာ့အာဇာနည်လေးများသည် အရွယ်ကလည်းကောင်း ပညာဗဟုသုတကလည်း ပြည့်စုံသူများဖြစ်ကြသဖြင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သည့် ဦးဆောင်နိုင်လောက်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါသည်။
အဆိုပါ မြန်မာ့သားကောင်း သာသနာ့အာဇာနည်များကို စာရေးသူအနေဖြင့် တိုက်တွန်းလိုသည်မှာ-
"အသင်တို့သည် - အမျိုးဘာသာ သာသနာအတွက် ဦးဆောင်ပေးကြပါ အသင်တို့၏ အဆွမ်းထက်သည့် အင်အားများဖြင့် အမျိုးဘာသာ သာသနာ၏ အန္တရာယ်များကို ဝိုင်းဝန်းကာကွယ်ပေးကြပါ။ တားဆီးပေးကြပါ။" ဟု တိုက်တွန်းရင် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

No comments:

Post a Comment