Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, August 16, 2013

ဝင်္ဂတိုင်း (သို့မဟုတ်) ဘင်္ဂလားပြည်၊ (ယခု ဘင်္ဂလားဒေ့ရှ်)၌ ဗုဒ္ဓဘာသာ ပျောက်ကွယ်ရခြင်း

Photo: 
ဝင်္ဂတိုင်း (သို့မဟုတ်) ဘင်္ဂလားပြည်၊ (ယခု
 ဘင်္ဂလားဒေ့ရှ်)၌ 

ဗုဒ္ဓဘာသာ ပျောက်ကွယ်ရခြင်း

==================================

(ဒေ၀ပါလမင်း)

----------------

ဝင်္ဂတိုင်း၊ ဘင်္ဂလားပြည်၌ “ဆဆင်္ကာမင်း” နတ်ရွာစံသော် တိုင်းပြည်ကြီးမှာလည်း

အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းသို့ ရောက်ရလေသည်။ ထိုသို့ မငြိမ်းချမ်းသော 

အဖြစ်ကို မခံနိုင်ကြသော တိုင်းသူပြည်သားတို့သည် “ဂေါပါလဒေ၀”အမည်ရှိသော

လူပညာရှိတစ်ဦးကို မင်းမြှောက်ကြလေသည်။ ဂေါပါလဒေ၀မင်း နန်းတက်ပြီးနောက်

နိုင်ငံတော်အတွင်း ဖြစ်ပေါ်လျှက်ရှိသော ဆူပူသောင်းကျန်းမှုများမှာ 
တစ်ဖြည်းဖြည်း

ငြိမ်းချမ်းသွားလေသည်။ ၎င်း၏ မင်းဆက်ကိုလည်း “ပါလ၀ံသမင်းဆက်” ဟုခေါ်တွင်

စေခဲ့လေသည်။



(ဓမ္မပါလမင်း)

--------------

ဂေါပါလမင်း နတ်ရွာစံပြီးနောက် ၎င်း၏သားတော် “ဓမ္မပါလမင်း” သည် ခရစ်သက္ကရာဇ်

၈-ရာစု ခန့်တွင်နန်းတက်ခဲ့လေသည်။ ပါလမင်းအဆက်ဆက်တွင် ဤမင်းသည် သူရသတ္တိ

နှင့်ပြည့်စုံသော မင်းတစ်ပါးဖြစ်သဖြင့် သူ၏အင်ပါယာမှာ  ဘင်္ဂလားပြည်မှ 
ယခုအခါ

အာဖဂန်နစ္စတန်ဟုခေါ်သော ဂန္ဓာရတိုင်းထိအောင် ကျယ်ပြန့်လေသည်။ ဘီဟာနယ်တွင်

ကျော်ကြားထင်ရှားခဲ့သော “၀က္ကမသီလာကျောင်းတော်ကြီး”ကို ဤမင်းလက်ထပ်တွင်

စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ (အဆိုပါ ကျောင်းတော်ကြီးကို အေဒီ 
၁၂-ရာစုခန့်က

ဗုဒ္ဓဂါယာသို့ ၀င်ရောက်တိုက်ခိုက်ခဲ့သော မွတ်စလင်များက ဖျက်စီး၍ 
ကျောင်းတော်ကြီးမှ

အုတ်၊ ကျောက်တို့ဖြင့်  ဗလီများ၊ အရိုးဂူဗလီများ ဆောက်လုပ်ခဲ့ကြသည်။ 
အရိုးဂူနှင့် ဗလီ

ကြီးများတွင် အာရဗီအက္ခရာကို ပါရှန်းဘာသာစကားဖြင့် ရေးထိုးထားသော ကျောက်က

ဗ္ဗည်းများရှိလေသည်။)



(ဒေ၀ပါလမင်း)

----------------

ဓမ္မပါလမင်း နတ်ရွာစံသော် သားတော်ဒေ၀ပါလသည် သက်တော် ၃၉-နှစ်တွင် နန်းတက်

လေသည်။ ဤမင်းလက်ထပ်တွင် ဟုဏ်းလူမျိုးတို့နိုင်ငံနှင့်  
အာသံသြရိစ္စနိုင်ငံတို့ကို

သိမ်းပိုက်အောင်မြင်လေသည်။ ထိုခေတ်တွင် ဂျာဝါနှင့် သုမတ္တကျွန်းရှင်ဘုရင် 

ဗလပုတြဒေ၀သည် သံတမန်တစ်ဦးအား စေလွှတ်တော်မူပြီးလျှင် နာလန္ဒာတက္ကသိုလ်

ကြီး၏ ဥပစာထဲ၌ ကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။



(မဟီပါလမင်း)

---------------

ဒေ၀ပါလမင်း နတ်ရွာစံပြီးနောက် ပါလနိုင်ငံတော်ကြီးမှာ တစ်ရွှေ့ရွှေ့ဆုတ်ယုတ်

လာလေသည်။ ထို့ကြောင့် နောက်ဆုံးမင်းဆက်ဖြစ်သော မဟီပါလမင်းသည် ပထမ

ပါလ၀ံသအမည်ကို ဖျက်သိမ်း၍ ဒုတိယပါလမင်းဆက်ကိုတည်ထောင်လေသည်။

ဤမင်းလက်ထက်တွင် တောင်ဘက်အိန္ဒိယပြည်မှ စောလမင်းတို့က ၀င်ရောက်တိုက်

ခိုက်သဖြင့် သြရိစ္စနယ်ကို ပေးလိုက်ရလေသည်။ မဟီပါလမင်းကြီးသည် မဟာယာန်

သာသနာတော်ကို အထူးကြည်ညိုတော်မူသောကြောင့် တိဘက်ပြည်သို့ မဟာယာန်

ဘုန်းတော်ကြီးများ စေလွှတ်၍ သာသနာပြုစေခဲ့သည်။



(မဟာယာန်ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ပညက်တော်မူအပ်သော ၀ိနည်းတရား

တော်ကို သင်ကြားနာယူခြင်းမပြုပဲ အကျင့်သီလဖြူစင်စွာ ကျင့်ကြံအားထုတ်ကာ

နိဗ္ဗာန်သို့လည်းကောင်း၊ ထာဝရဘုရားအဖြစ်သို့ ရောက်နိုင်သည်ဟုလည်းကောင်း

အယူရှိကြသူများဖြစ်သည်။)



မဟီပါလမင်း နတ်ရွာစံပြီးနောက်  “၀ိဂြဟပါလမင်း ၊ ဒုတိယမဟီပါလမင်း ၊ 

ရာမပါလမင်း ၊  ရာဇပါလမင်း” ဟူ၍ မင်း၎ပါး ဆက်လက်အုပ်ချုပ်ခဲ့ကြပြီး

အေဒီ ၉၀၀-ခန့်တွင် ပါလမင်းဆက် ပျက်သုန်းသွားခဲ့သည်။ ဒုတိယပါလမင်း

ဆက်များသည်လည်း ဗုဒ္ဓဘာသာကိုအယူရှိကြသဖြင့် ဘင်္ဂလားပြည်မှ ဗာရာ

ဏသီမြို့အထိ သာသနာတော်မကွယ်ပ မမှေးမှိန်ပဲ တောက်ပလျှက်ပင် ရှိခဲ့လေသည်။



ပါလမင်းများနောက်တွင် “သေန”မင်းတို့သည် အိန္ဒိယပြည်သို့ မွတ်စလင်တို့

ဝင်ရောက်တိုက်ခိုက်အောင်မြင်ခဲ့သော ၁၂-ရာစုတိုင် အုပ်ချုပ်ခဲ့သည် 
ဆိုသော်လည်း

ယခင်မင်းများကဲ့သို့ တန်ခိုးအာဏာ မရှိတော့ပဲ စော်ဘွားများအဖြစ်သာ နယ်ပယ်

အနည်းငယ်ကို အုပ်ချုပ်ရလေသည်။



အိန္ဒိယပြည်နှင့် ဘင်္ဂလားပြည်ကြီးတို့ ပျက်စီးခြင်းသို့ရောက်ရခြင်းတွင် 
ဗုဒ္ဓသာသနာ

တော်သည်လည်း ပါဝင်ရလေသည်။ 



သာသနာပြု မင်းကောင်းမင်းမြတ်များမရှိခြင်း။ ဗုဒ္ဓသာသနာတော်အား ထိန်းသိမ်း

စောင့်ရှောက်ရမည့် မဟာယာန်ရဟန်းတော်တို့၏ မလေးစားမှု၊ ၀ိနည်းတရားဖောက်ပြန်၍ 

ကျင့်ကြံမှု၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် 
လူဒါယိကာ/ဒါယိကာမအပေါင်းတို့၏

ကြည်ညိုခြင်းကို ဆုတ်ယုတ်စေ၍ မွတ်စလင်တို့၏ 
ချေမှုန်းတိုက်ခိုက်ခြင်းနှင့်ကြုံသောအခါ

အဆုံးတိုင် ကွယ်ပျောက်ခဲ့ရလေသည်။

==================================================

  
                              ==================================
(ဒေ၀ပါလမင်း)
----------------
ဝင်္ဂတိုင်း၊ ဘင်္ဂလားပြည်၌ “ဆဆင်္ကာမင်း” နတ်ရွာစံသော် တိုင်းပြည်ကြီးမှာလည်း...
အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းသို့ ရောက်ရလေသည်။ ထိုသို့ မငြိမ်းချမ်းသော
အဖြစ်ကို မခံနိုင်ကြသော တိုင်းသူပြည်သားတို့သည် “ဂေါပါလဒေ၀”အမည်ရှိသော
လူပညာရှိတစ်ဦးကို မင်းမြှောက်ကြလေသည်။ ဂေါပါလဒေ၀မင်း နန်းတက်ပြီးနောက်
နိုင်ငံတော်အတွင်း ဖြစ်ပေါ်လျှက်ရှိသော ဆူပူသောင်းကျန်းမှုများမှာ တစ်ဖြည်းဖြည်း
ငြိမ်းချမ်းသွားလေသည်။ ၎င်း၏ မင်းဆက်ကိုလည်း “ပါလ၀ံသမင်းဆက်” ဟုခေါ်တွင်
စေခဲ့လေသည်။

(ဓမ္မပါလမင်း)
--------------
ဂေါပါလမင်း နတ်ရွာစံပြီးနောက် ၎င်း၏သားတော် “ဓမ္မပါလမင်း” သည် ခရစ်သက္ကရာဇ်
၈-ရာစု ခန့်တွင်နန်းတက်ခဲ့လေသည်။ ပါလမင်းအဆက်ဆက်တွင် ဤမင်းသည် သူရသတ္တိ
နှင့်ပြည့်စုံသော မင်းတစ်ပါးဖြစ်သဖြင့် သူ၏အင်ပါယာမှာ ဘင်္ဂလားပြည်မှ ယခုအခါ
အာဖဂန်နစ္စတန်ဟုခေါ်သော ဂန္ဓာရတိုင်းထိအောင် ကျယ်ပြန့်လေသည်။ ဘီဟာနယ်တွင်
ကျော်ကြားထင်ရှားခဲ့သော “၀က္ကမသီလာကျောင်းတော်ကြီး”ကို ဤမင်းလက်ထပ်တွင်
စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ (အဆိုပါ ကျောင်းတော်ကြီးကို အေဒီ ၁၂-ရာစုခန့်က
ဗုဒ္ဓဂါယာသို့ ၀င်ရောက်တိုက်ခိုက်ခဲ့သော မွတ်စလင်များက ဖျက်စီး၍ ကျောင်းတော်ကြီးမှ
အုတ်၊ ကျောက်တို့ဖြင့် ဗလီများ၊ အရိုးဂူဗလီများ ဆောက်လုပ်ခဲ့ကြသည်။ အရိုးဂူနှင့် ဗလီ
ကြီးများတွင် အာရဗီအက္ခရာကို ပါရှန်းဘာသာစကားဖြင့် ရေးထိုးထားသော ကျောက်က
ဗ္ဗည်းများရှိလေသည်။)

(ဒေ၀ပါလမင်း)
----------------
ဓမ္မပါလမင်း နတ်ရွာစံသော် သားတော်ဒေ၀ပါလသည် သက်တော် ၃၉-နှစ်တွင် နန်းတက်
လေသည်။ ဤမင်းလက်ထပ်တွင် ဟုဏ်းလူမျိုးတို့နိုင်ငံနှင့် အာသံသြရိစ္စနိုင်ငံတို့ကို
သိမ်းပိုက်အောင်မြင်လေသည်။ ထိုခေတ်တွင် ဂျာဝါနှင့် သုမတ္တကျွန်းရှင်ဘုရင်
ဗလပုတြဒေ၀သည် သံတမန်တစ်ဦးအား စေလွှတ်တော်မူပြီးလျှင် နာလန္ဒာတက္ကသိုလ်
ကြီး၏ ဥပစာထဲ၌ ကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့သည်။

(မဟီပါလမင်း)
---------------
ဒေ၀ပါလမင်း နတ်ရွာစံပြီးနောက် ပါလနိုင်ငံတော်ကြီးမှာ တစ်ရွှေ့ရွှေ့ဆုတ်ယုတ်
လာလေသည်။ ထို့ကြောင့် နောက်ဆုံးမင်းဆက်ဖြစ်သော မဟီပါလမင်းသည် ပထမ
ပါလ၀ံသအမည်ကို ဖျက်သိမ်း၍ ဒုတိယပါလမင်းဆက်ကိုတည်ထောင်လေသည်။
ဤမင်းလက်ထက်တွင် တောင်ဘက်အိန္ဒိယပြည်မှ စောလမင်းတို့က ၀င်ရောက်တိုက်
ခိုက်သဖြင့် သြရိစ္စနယ်ကို ပေးလိုက်ရလေသည်။ မဟီပါလမင်းကြီးသည် မဟာယာန်
သာသနာတော်ကို အထူးကြည်ညိုတော်မူသောကြောင့် တိဘက်ပြည်သို့ မဟာယာန်
ဘုန်းတော်ကြီးများ စေလွှတ်၍ သာသနာပြုစေခဲ့သည်။

(မဟာယာန်ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ပညက်တော်မူအပ်သော ၀ိနည်းတရား
တော်ကို သင်ကြားနာယူခြင်းမပြုပဲ အကျင့်သီလဖြူစင်စွာ ကျင့်ကြံအားထုတ်ကာ
နိဗ္ဗာန်သို့လည်းကောင်း၊ ထာဝရဘုရားအဖြစ်သို့ ရောက်နိုင်သည်ဟုလည်းကောင်း
အယူရှိကြသူများဖြစ်သည်။)

မဟီပါလမင်း နတ်ရွာစံပြီးနောက် “၀ိဂြဟပါလမင်း ၊ ဒုတိယမဟီပါလမင်း ၊
ရာမပါလမင်း ၊ ရာဇပါလမင်း” ဟူ၍ မင်း၎ပါး ဆက်လက်အုပ်ချုပ်ခဲ့ကြပြီး
အေဒီ ၉၀၀-ခန့်တွင် ပါလမင်းဆက် ပျက်သုန်းသွားခဲ့သည်။ ဒုတိယပါလမင်း
ဆက်များသည်လည်း ဗုဒ္ဓဘာသာကိုအယူရှိကြသဖြင့် ဘင်္ဂလားပြည်မှ ဗာရာ
ဏသီမြို့အထိ သာသနာတော်မကွယ်ပ မမှေးမှိန်ပဲ တောက်ပလျှက်ပင် ရှိခဲ့လေသည်။

ပါလမင်းများနောက်တွင် “သေန”မင်းတို့သည် အိန္ဒိယပြည်သို့ မွတ်စလင်တို့
ဝင်ရောက်တိုက်ခိုက်အောင်မြင်ခဲ့သော ၁၂-ရာစုတိုင် အုပ်ချုပ်ခဲ့သည် ဆိုသော်လည်း
ယခင်မင်းများကဲ့သို့ တန်ခိုးအာဏာ မရှိတော့ပဲ စော်ဘွားများအဖြစ်သာ နယ်ပယ်
အနည်းငယ်ကို အုပ်ချုပ်ရလေသည်။

အိန္ဒိယပြည်နှင့် ဘင်္ဂလားပြည်ကြီးတို့ ပျက်စီးခြင်းသို့ရောက်ရခြင်းတွင် ဗုဒ္ဓသာသနာ
တော်သည်လည်း ပါဝင်ရလေသည်။

သာသနာပြု မင်းကောင်းမင်းမြတ်များမရှိခြင်း။ ဗုဒ္ဓသာသနာတော်အား ထိန်းသိမ်း
စောင့်ရှောက်ရမည့် မဟာယာန်ရဟန်းတော်တို့၏ မလေးစားမှု၊ ၀ိနည်းတရားဖောက်ပြန်၍
ကျင့်ကြံမှု၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် လူဒါယိကာ/ဒါယိကာမအပေါင်းတို့၏
ကြည်ညိုခြင်းကို ဆုတ်ယုတ်စေ၍ မွတ်စလင်တို့၏ ချေမှုန်းတိုက်ခိုက်ခြင်းနှင့်ကြုံသောအခါ
အဆုံးတိုင် ကွယ်ပျောက်ခဲ့ရလေသည်။

No comments:

Post a Comment