Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, August 24, 2013

“နိုင်ငံ့သစ္စာ စောင့်သိသူ (၃)”


*******************
"သတိမမူ ဂူမမြင်"
သတိသည် မရှိမဖြစ် မသိမဖြစ် လိုအပ်သောအရာဖြစ်သည်။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ကုသိုလ်ရေး စသည် အရေးအားလုံးအတွက် သတိတရားသည် အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့်….
"သတိလက်လွတ် ငှက်တောင်ကျွတ်" ဟု၎င်း
"သတိမမူ ဂူမမြင်" ဟု၎င်း
"ပမာဒေါ မစ္စူနောပဒံ" ဟု၎င်း စသည်ဖြင့် လောကရေး ဓမ္မာရေးတို့၌ ပြောဆိုသုံးနှုံး ရေးသားကြသည်။
သတိမရှိလျှင် သတိမထားလျှင် သတ်ရှိသတ္တဝါလည်း သေသွားမည်။ အသက်ထွက်သွားမည်။ အဖွဲ့အစည်းစသည်လည်း သေသွားမည်။ အရေးအရာအားလုံး ပျက်သုဉ်းသွားမည်ဟု ဆိုလိုသည်။ သတိသည် သက်ရှိသက်မဲ့ အရေးအရာအားလုံး မပျက်သုဉ်းအောင် ထိန်းကြောင်းပေးနေသည်။ လမ်းညွှန်ပေးနေသည်။ တပ်လှန့်ပေးနေသည်။ ကြိုကိုင်ပေးနေသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓက-
"အပ္ပမာဒေါ အမတံ ပဒံ" (သတိသည် မသေကြောင်း မပျက်သုဉ်းကြောင်းတရား) ဟု ဟောကြားထားသည်။
သတိတရား လက်ကိုင်ထားနေသမျှ မပျက်သုဉ်းနိုင် မဆုပ် ယုတ်နိုင်။ ရှင်သန်နေမည် တိုးတက်နေမည်။ အောင်မြင်နေမည်။ သတိသည် စွမ်းအင်လည်းဖြစ်သည်။ စွမ်းအားလည်းဖြစ်သည်။ သတိပိုင်ရှင်သည် သူများကို လွှမ်းမိုးအောင်မြင်နိုင်ခြင်းကြောင့် သတိဗိုလ် ဟု ကျမ်းဂန်တို့၌ သုံးနှုံးသည်။ သတိစွမ်းအား ပြည့်စုံသူသည် ဗိုလ် ဖြစ်နိုင်သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင် မှန်သမျှ သမုဒ္ဒရာ သို့သာ သက်ဝင်သကဲ့သို့ ကောင်းမှုမှန်သမျှ သတိ၌ သက်ဝင်ကြသည်။
"ဘာသာရေး သတိပြုစရာ"
အရာခပ်သိမ်းမှာ သတိမရှိလျှင် သေဆုံးမည်။ ပျက်သုဉ်းမည်။ သတိရှိလျှင် မသေဆုံးနိုင်၊ မပျက်သုဉ်းနိုင်။ ဤ၌ စာရေးသူ တင်ပြလိုသည်မှာ ဘာသာရေးသတိရှိဖို့ပင် ဖြစ်သည်။ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာရေး၌ သတိမမူမိခဲ့ခြင်းကြောင့် တစ်ချိန်က ဗုဒ္ဓဘာသာ လျှမ်းလျှမ်းတောက် အားကောင်းခဲ့သော ထွန်းကားခဲ့သော အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသောနိုင်ငံတို့၌ ယခုအချိန်မှာ ဗုဒ္ဓဘာသာ အားနည်း ချိနဲ့ရုံမက ပျက်သုဉ်းသွားခဲ့ရပြီ။ ကွယ်ပျောက်သွားခဲ့ရပြီ။ ယခုအချိန်မှာလည်း ဗုဒ္ဓဘာသာ အားကောင်းနေသော နိုင်ငံများ၌ပင် တစ်ဖြည်းဖြည်း အားနည်းလာနေသည်မှာ မထင်အရှားပင်ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်ကစ၍ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ဘာသာရေးအတွက် ကြိုတင် သတိပြုဆင်ခြင်ကာ ပြင်သင့်သည်ကိုပြင်ဖို့၊ ကာသင့်သည်ကိုကာဖို့၊ လုပ်သင့်သည်ကိုလုပ်ဖို့ လိုအပ်နေပေပြီ။ ဘာသာရေးအန္တရာယ်များကို သတိကြီးကြီးထားဖို့ လိုနေပေပြီ။ သူများဘာသာကို ရှုတ်ချဖို့သက်သက် တိုက်ခိုက်ဖို့၊ ဖျက်ဆီးဖို့ ဆိုလိုသည်မဟုတ်။
သို့သော် ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် သတိအင်အား များများမွေးထားဖို့ လိုနေပေပြီ။ အခြားဘာသာဝင်များ၏ အနုနည်း၊ အကြမ်းနည်း၊ မြူဆွယ်နည်း၊ ပုံမှားရိုက်နည်း စသော ပုံစံအမျိုးမျိုး နည်းပရိယယ် အသွယ်သွယ်တို့ဖြင့် ကိုယ့်အမျိုး၊ ဘာသာကို ဖျက်ဆီးဖို့ လွှမ်းမိုးဖို့ သိမ်းသွင်းဖို့ ကြိုးစားနေကြသည့် အန္တရာယ်များကို ဗုဒ္ဓဘာသာဝင်တိုင်းက ကာကွယ်တားဆီးရန် ပြင်ဆင်ကြဖို့ လိုနေပြီ။ သိအောင်မြင်အောင် ကိုယ်ကိုယ်တိုင်လည်း ကြိုးစားရမည်။ ကိုယ့်ဘာသာဝင်များကိုလည်း သိအောင်မြင်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်နေပေပြီ။ ဗုဒ္ဓဘာသာဝင်တိုင်း မျက်စိကြီးကြီး နားကြီးကြီးဖြင့် မျက်စိဖွင့် နားစွန့် နေကြရမည်။
"နည်းပရိယယ် အသွယ်သွယ်"
"ကာမေဘိဇ္ဈာ၊ ဒိဋ္ဌိမှာ၊ ဖြစ်လာလောဘကြောင့်" ဆိုသည့်အတိုင်း တဏှာလောဘကြောင့် မိစ္ဆာဒိဋ္ဌိ ဘဝရောက်သွားကြရသည်။ ဘာသာခြားများသည် မိမိတို့ဘာသာဝင်များကို လောဘဖြင့်လည်း မြူဆွယ် သိမ်းသွင်း ကြသည်။ ပိုက်ဆံဖြင့်တစ်မျိုး၊ ပစ္စည်းဖြင့်တစ်ဖုံ ချိုချိုသာသာပြောဆို၍ တစ်သွယ် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ၍ တစ်နည်း စသည်စသည်ဖြင့် မြေကိုလည်းဝယ်သည်။ လူကိုလည်းယူသည် သူ့ဘာသာဝင်ဖြစ်အောင်လည်း လုပ်သည်။ တစ်ချို့ဆိုလျှင် မက်လောင်အောင် ကြေးကြီးကြီးပေး၍ မြေစသည်ကို ဝယ်သည်။ ကျလောက်အောင် ကြိုက်လောက်အောင် ပြောဆိုဆက်ဆံ၍ သမီးပျိုများကို ယူသည်။ သတိမမူ ဂူမမြင်သူများကို အပြောချိုချို ဈေးချိုချိုဖြင့်လည်း ရောင်းပေးတတ်ကြသည်။ ဤသည်တို့မှာ လောဘဖြင့် ဖျားယောင်းခံရခြင်း သိမ်းသွင်းခံရခြင်းဖြစ်သည်။ "လုဒ္ဓေါ အတ္ထံ နဇာနာတိ" စသောဒေသနာအရ လောဘတက်နေသူသည် အမှားအမှန်ကို မမြင်နိုင်။ မိမိ၏ လတ်တလော တစ်ဝမ်းတစ်ခါး ပြေလည်မှုလောက်သာ ကြည့်ကြသူ။ နောင်ရေးမတွေးသူ မမြင်သူ။ မျက်တောင်တစ်ဆုံးလောက်သာ ကြည့်သူ အမြင်ကျဉ်းသူ အသိဥာဏ် ဗဟုသုတနည်းသူတို့သည် ဘာသာခြားများ၏ အသိမ်းသွင်းခံ အကျဉ်းစံဘဝသို့ ရောက်သွားကြရသည်။ သမီးလည်းဆုံး မြေလည်းဆုံး အရှုံးကြီးရှုံးကြရသည်။
တစ်ခါက သားအမိနှစ်ယောက်ရှိခဲ့သည်။ အမေက လက်ဖက်ရည်နှင့် နံပြားကြိုက်သည်။ သမီးပျိုလေးက အမေ့အတွက် မွတ်ဆလင်ဆိုင်မှာ နံပြားနှင့်လက်ဖက်ရည် နေ့စဉ် သွားဝယ်ပေးရသည်။ မွတ်ဆလင်ကုလားက သမီးကို ပိုးပန်းပြီး အပြောချိုချိုဆက်ဆံကာ နံပြားတစ်ခု အပိုထည့်ထည့်ပေးလိုက်သည်။ ကြာတော့ မိခင်က နံပြားတစ်ခု နေ့စဉ်အပိုစားနေရသဖြင့် မွတ်ဆလင်ကုလားအပေါ် သံယောဇဉ်တွယ်မိသွားသည်။ နောက်တော့ သမီးနှင့် ပေးစားလိုက်သည်။ (ဦးဖိုးကျားစာပေကို မှီးငြမ်းပြုသည်။)
ဤဖြစ်ရပ်မှာ ကာမရာဂ သံယောဇဉ် တဏှာလောဘကြောင့် သမီးကို နံပြားတစ်ချပ်နှင့် လည်းပေးလိုက်ခြင်းမဟုတ်ပါလော့…..?။

No comments:

Post a Comment