Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, July 13, 2013

သံဃာပြစ်မှားလို့ ခွေးစားခံရတယ်




















ကုသိုလ်ကံ၊ အကုသိုလ်ကံသဘောမှာ နောက်မှ အကျိုးပေးတာလည်း ရှိတယ်။ ဒီဘ၀မှာတင် အကျိုးပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က ကုသိုလ်အရှိန်...အားကြီးနေသေးလို့ အကုသိုလ်ကံဟာ ဒီဘ၀မှာ ချက်ချင်းအကျိုးမပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က အကုသိုလ်ကံအရှိန်ဟာ အားကြီးနေသေးလို့ ကုသိုလ်ကံဟာ ဒီဘ၀ချက်ချင်းအကျိုးမပေးပဲ နောက်ဘ၀တွေကျမှ အကျိုးပေးတာလည်း ရှိတယ်။ ဘာပဲပြောပြော အကျိုးပေးချိန်တန်ရင်တော့ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံဟာ အကျိုးပေးတာပါပဲ။ အခုတင်ပြပေးမှာက ဘုရားလက်ထက်က လက်ရှိဘ၀မှာတင် မကောင်းကျိုးခံစားရတဲ့ ဇာတ်လမ်းလေးပါ။

ကောကဆိုတဲ့မုဆိုးဟာ ခွေးတစ်အုပ်နဲ့ နေ့စဉ် တောလိုက်ပြီး အသက်မွေးရတဲ့သူပေါ့။ သူသိတာ တောလိုက်ဖို့ပဲ။ တစ်နေ့ တောလိုက်သွားရင်း လမ်းမှာ ရဟန်းတစ်ပါး ဆွမ်းခံကြွတာနဲ့ သွားတိုးတယ်။ "သွားပါပြီ၊ ဒီနေ့ စောစောစီးစီး အမင်္ဂလာနဲ့လာတွေ့နေတယ်။ သားကောင်တော့ရမှာမဟုတ်ပါဘူး" တကယ်ပဲ တောလိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ဘာသားကောင်မှ မရပါဘူး။ စိတ်ထဲက ရဟန်းကိုပဲ ဒေါသထွက်နေမိတာပေါ့။ စိတ်ညစ်ညစ်နဲ့ ပြန်လာတယ်။ ဆွမ်းခံပြီး ပြန်ကြွလာတဲ့ ရဟန်းနဲ့ထပ်တိုးပါလေရော။ ရဟန်းကပဲ ကံဆိုးတာလား။ ဒီတစ်ခါတော့ သူ့ဒေါသကို မမျိုသိပ်ထားနိုင်တော့ပါ။ ဒါနဲ့ သူ့ရဲ့ ခွေးအုပ်ကြီးနဲ့ ရှုးတိုက်ပါလေရော။ ရဟန်းလည်း အခြေအနေမဟန်တော့ သပိတ်ချပြီး နီးရာသစ်ပင်ပေါ် အပြေးအလွှား တက်လိုက်ရတယ်။ သစ်ကိုင်းကြီးကို ဖတ်တွယ်ထားတယ်။ ခြေထောက်နဲ့ သင်္ကန်းက အောက်ကို တန်းလန်းကျလို့။ ခွေးတွေကလည်း သားကောင်မကိုက်ရလို့ မဲနေတာထင်ပါ့။ အတင်းကို ကိုက်စားမယ်တကဲကဲ ၀ိုင်းဟောင်တော့တာပဲ။
မုဆိုးက စိတ်မရှည်တော့ ချွန်ထက်နေတဲ့ မြားတံကို ဆွဲထုတ်၊ တန်းလန်းကျနေတဲ့ ရဟန်းခြေထောက်ကို လှမ်းထိုးတယ်။ ရဟန်းလည်း စူးရှနာကျင်တဲ့ ဒဏ်ခံစားရတော့ ခြေထောက်ကို ရှောင်တိမ်းရင်း ၀တ်ထားတဲ့ သင်္ကန်းပြုတ်ကျမှန်းမသိလိုက်ဘူး။ ဖြစ်ချင်တော့ သင်္ကန်းဟာ အောက်က မုဆိုးပေါ် သွားအုပ်မိတယ်။ အဲဒီမှာ ခွေးတွေက ရဟန်းပြုတ်ကျလာတယ်မှတ်လို့ မုဆိုးကို ၀ိုင်းကိုက်ဆွဲကြတာ။ နောက်ဆုံး မုဆိုးဟာ အရိုးပဲ ကျန်ပါတော့တယ်။ ရဟန်းလည်း မဟန်တော့ပဲ အပေါ်ကနေပြုတ်ကျတာ ခွေးအုပ်ပေါ်ကျသွားတယ်။ ဒီတော့မှ ခွေးတွေဟာ သူ့သခင်ကို ကိုက်စားမိမှန်းသိပြီး တောထဲ ပြေးဝင်သွားကြလေရဲ့။

ဇာတ်လမ်းလေးကတော့ ဒါပါပဲ။ အရမ်းသံဝေဂရစရာပါ။ ခုခေတ်မှာလည်း ထင်ယောင်ထင်မှားနဲ့ သံဃာအစစ်တွေကို ရိုက်နှက်တဲ့အထိ မြင်တွေ့နေရတော့ ရှောင်ကြဉ်နိုင်အောင် ဖော်ပြပေးတာပါ။ ချက်ချင်းအကျိုးမပေးလို့ မယုံဘူးဆိုပြီး မပြစ်မှားမိပါစေနဲ့။ အချိန်တန်ရင် ပြန်ခံရမယ်ဆိုတာ သိထားဖို့ပါ။
အားလုံး ဆရာ၊ ဒကာလက်တွဲညီစွာ သာသနာပြုနိုင်ပါစေ။

No comments:

Post a Comment