Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, July 3, 2013

"အမျိုး ဘာသာ သာသနာအတွက် ဆရာ ဒကာ လက်တွဲပါ "


 
                          








                       ******************************************
ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာ ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်ပါတယ်ပဲပြောပြော အဖျက်ပိုးတွေက ဘေးပတ်လည် ဝိုင်းရံလျက် ရှိပါတယ်။ ဘယ်လိုအဖျက်ပိုးတွေလဲဆိုတော့ ဘာသာခြားအဖျက်ပိုး၊ ဘာသာတူ သစ္စာဖောက်တို့၏ ကန့်လန့်တိုက် ဆန့်ကျင်ဘက်လုပ်နေတဲ့ အဖျက်ပိုးများ ဖြစ်ပါတယ်။ အဲဒီလိုအဖျက်ပိုးတွေကို ဆရာ ဒကာလက်တွဲမဖြုတ်စတမ်း ကာကွယ်စောင့်ရှောက်နိုင...်ဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ မိမိတို့ရဲ့ ဘာသာရေးနဲ့ လူမျိုးရေး အပေါ် အဖျက်ပိုးများက တစ်နေ့ထက် တစ်နေ့ မသိမသာစိမ့်ဝင်နေတာကို သတိထားမိဖို့ အရေးကြီးပါတယ်။

သတိမမူရင် ဂူမမြင်ဘူးတဲ့။ သတိမူတဲ့ သူတွေကတော့ အလွန်သေးငယ်တဲ့ မြူမှုန်တောင် မြင်ရပါသတဲ့။ ကမ်းဆိုတာ မြစ်ရေအလျဉ်နဲ့ တဖြည်းဖြည်းတိုက်စားမှုခံရရင် ပျက်စီးသွားနိုင်သလို မိမိတို့ရဲ့ အမျိုးဘာသာ သာသနာအပေါ်မှာလည်း အဖျက်ပိုးတွေက တဖြည်းဖြည်းဝင်ရောက်ဖျက်ရင် ပျက်စီးသွားနိုင်ပါတယ်။ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ စွမ်းဆောင်လို့ မရနိုင်ပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတဲ့ အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ အရေးကြီးပါတယ်။ တစ်ခဲနက်တိုက်ဖျက်လာတဲ့ ရန်သူကို တွန်းလှန်ဖယ်ရှားဖို့ လွယ်ကူပေမယ့် မသိမသာ တိုက်ဖျက်လာတဲ့ ရန်သူကိုတော့ တွန်းလှန်ဖယ်ရှား မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ တွန်းလှန်ဖယ်ရှားဖို့ရာပင် မသိလိုက်ရလို့ပါပဲ။
ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် အဖျက်လုပ်ရပ်ဆိုတာ ရှိကြစမြဲပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်ကတည်းက ဒေဝဒတ်တို့အုပ်စုဟာ သာသနာဖျက်လုပ်ရပ်များ လုပ်ကိုင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် တန်ခိုးတော်ကြောင့်သာ အောင်မြင်မှု မရရှိခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပြီး အခြားသော တိတ္ထိဆရာတွေကလည်း ဗုဒ္ဓသာသနာဖျက်ရေးအတွက် ကိုယ့်အုပ်စုနဲ့ကိုယ် ရှိခဲ့ကြပါတယ်။ ထင်ရှားတဲ့ သက်သေသာဓကတွေကို ထုတ်ပြရမယ်ဆိုရင် တစ်ချိန်က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဗုဒ္ဓသာသနာတော်မြတ်ကြီး နေလို လလို ရွှန်းရွှန်းဝေအောင် ထွန်းကားပြန့်ပွားခဲ့ဖူးပါတယ်။ ကမ္ဘာ့အကြီးဆုံး အံ့ချီးဖွယ်ရာ စေတီတော်မြတ်ကြီးဟာလည်း အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာသာ ရှိပါတယ်။ အဲဒီစေတီတော်မြတ်ကြီးရဲ့ အမည်ကတော့ ဗောဓောဗုဒ္ဓေါ( ဘောရောဘုဒုရ်) လို့ ခေါ်ပါတယ်။

ဗောဓောဗုဒ္ဓေါစေတီတော်မြတ်ကြီးရဲ့ သက်တမ်းကလည်း မနည်းတော့ပါဘူး။ နှစ်ပေါင်း(၁၂၀၀)ကျော် ရှိခဲ့ပါပြီ။ အေဒီခုနစ်ရာစုနဲ့ ရှစ်ရာစုလောက်က သေလိန္ဒမင်းတွေ ဂျာဗားကျွန်းမှာ အုပ်စိုးစဉ်အခါမှာ တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးကို နှစ်ပေါင်း (၁၀၀) ကျော် တိုင်အောင် တည်ခဲ့ရတဲ့ အတွက် စေတီတော်မြတ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ခန့်မှန်းပြီး ကြည်ညိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးစေတီတော်တွေလို့ သတ်မှတ်ထားကြတဲ့ ရွှေတိဂုံစေတီတော်၊ ပဲခူးရွှေမောဓောစေတီတော်၊ စစ်ကိုင်းကောင်းမှုစေတီတော်နှင့် မင်းကွန်းပုထိုးတော်ကြီး တို့ထက်ပင် ကြီးကျယ်လွန်းလှပါတယ်။
အခုအခါမှာတော့ အဲဒီကြီးကျယ်ခမ်းနားလွန်းတဲ့ စေတီတော်မြတ်ကြီးရှိတဲ့ ဂျာဗားကျွန်းမှာ ဗုဒ္ဓဘာသာဝင်ဆိုလို့ တစ်ဦးတစ်ယောက်မှတောင် မရှိတော့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ မရှိကြတော့တဲ့အတွက် စေတီတော်မြတ်ကြီးကိုလည်း ပြုပြင်မွမ်းမံမှုတွေ မရှိကြတော့သလို ရိုသေလေးစားမှုဆိုတာလည်း မရှိကြတော့ပါဘူး။ အဲဒါကြောင့် ကမ္ဘာ့ရှေးဟောင်းသုတေသနအဖွဲ့မှ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။ ဆိုလိုတာက တစ်ချိန်က အင်ဒိုနီးရှားနိုင်ငံဟာ ဗုဒ္ဓသာသနာရောင်ဝါလွှမ်းခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် အဲဒီတုန်းက ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားလူမျိုးတွေဟာ အမျိုး ဘာသာ သာသနာကို ချစ်တဲ့စိတ်နည်းပါးမှု၊ စိတ်ဝမ်းကွဲပြားမှု၊ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိခဲ့လို့သာ စည်ပင်ပြန့်ပြောနေတဲ့ ဗုဒ္ဓသာသနာတော်မြတ်ကြီး ပျက်စီးဆုံးရှုံး နစ်နာသွားရတာဖြစ်ပါတယ်။
နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း(၅၀၀)ခန့်လောက်မှာ ပါကစ္စတန်နိုင်ငံဟာလည်း ဗုဒ္ဓသာသနာထွန်းကားခဲ့ဖူးပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ မိလိန္ဒမင်းကြီးကိုယ်တိုင် ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ပါတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋကတ်တော်တွေထဲက ခက်ခဲနက်နဲတဲ့ အဓိပ္ပါယ်တွေကို မရှင်းလင်းခဲ့လို့ ရဟန္တာမထေရ်မြတ် အရှင်နာဂသေနနဲ့ အမေးအဖြေများပြုလုပ်ခဲ့ရပါတယ်။ ရဟန္တာအရှင်မြတ် အရှင်နာဂသေနနဲ့ မိလိန္ဒမင်းကြီးတို့ အမေးအဖြေပြုလုပ်ခဲ့တဲ့ မိလိန္ဒပဥှာကျမ်းကြီးဟာ ယခုအချိန်ထိသက်သေအဖြစ် သာသနာ့သမိုင်းမှာ အထင်အရှား ရှိနေပါတယ်။

အခုတော့ အဲသည်နေရာ အဲသည်ဒေသတွေမှာ သာသနာ့အဖျက်အပိုးများ ဝင်ရောက်ထိုးဖောက်ခဲ့တဲ့ ဒဏ်ကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိခဲ့တဲ့အတွက် ဗုဒ္ဓသာသနာတော်မြတ်ကြီး တဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားရပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ ကပ်လျက်ရှိနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာလည်း တစ်ချိန်က ဗုဒ္ဓသာသနာထွန်းကားခဲ့ဖူးပါတယ်။ ဘာလို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တယ်လို့ ပြောရတာလဲဆိုရင် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူဟာ အာဖဂန်နစ္စတန်နိုင်ငံမှာပဲ ရှိခဲ့လို့ပါပဲ။
ရုပ်ပွားတော်ကြီးနှစ်ဆူထဲက တစ်ဆူက အတောင်လေးရာကျော်ရှည်တဲ့ လျောင်းတော်မူပုံကြီးဖြစ်ပြီး ကျန်တစ်ဆူကတော့ အတောင်နှစ်ရာကျော်အမြင့်ရှိတဲ့ မတ်တတ်ရပ်ရုပ်ပွားတော်ကြီးတို့ပဲ ဖြစ်ပါတယ်။

ဒီဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူဟာ ကျောက်တောင်ကျောက်သားတွေကို ထုဆစ်ပြီး ပူဇော်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့အဲဒီဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူကို ဖူးမြော်ခွင့်မရရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အာဖဂန်နစ္စတန် နိုင်ငံကို တာလီဘန်သူပုန်တွေ အုပ်စိုးစဉ်က သူတို့ဘာသာနဲ့ မကိုက်ညီလို့ဆိုပြီး အမြောက်ဆံ၊ ဗုံးဆံတွေနဲ့ ပစ်ခတ်ပြီး ဖျက်ဆီးပစ်လိုက်ကြပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူဟာ သူ့သဘာဝအတိုင်းဆိုရင် ပျက်စီးဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေရဲ့ ကိုယ်ထည်တွေက ကျောက်တောင် ကျောက်သားတွေ ဖြစ်နေလို့ပါပဲ။
ဒီအကြောင်းလေးတွေ ပြောရတာဟာ တခြားကြောင့်မဟုတ်ပါဘူး။ တစ်ချိန်က ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေရှိတဲ့ ဒီလိုနေရာတွေမှာ ဗုဒ္ဓသာသနာတော်မြတ်ကြီး ဘယ်လောက်အထိ ထွန်းကားခဲ့တယ်ဆိုတာ စိတ်ကလေးနဲ့မှန်းဆပြီး ကြည်ညိုနိုင်အောင်လို့ပါပဲ။ နောက်ပြီး ဗုဒ္ဓသာသနာအတွက် ပျက်စီးဆုံးရှုံးသွားခဲ့ကြတဲ့ ဒီလိုနေရာတွေကို သင်ခန်းစာယူပြီး ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများအနေနဲ့လည်း ဒို့အမျိုး ဒို့ဘာသာကို ဒို့နိုင်ငံက ဘယ်တော့မှ ပျက်စီးဆုံးရှုံးမှု မရှိအောင် ကာကွယ်စောင့်ရှောက်ကြဖို့ရာပါပဲ။
အခုပြောခဲ့တဲ့ အဖြစ်အပျက်တွေထက် ဆိုးဝါးတဲ့နေရာ တစ်ခုကတော့ ဗုဒ္ဓသာသနာတော်ကြီး စတင်ထွန်းကားခဲ့တဲ့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ တစ်ချိန်က ဗုဒ္ဓနဲ့ပတ်သက်ခဲ့တဲ့ ဗောဓိညောင်ပင်၊ မုဉ္စလိန္ဒာအိုင်၊ ဇေတဝန်ကျောင်းတော်ရာ စတာတွေဟာ အခုအချိန်ထိ အထင်အရှား ရှိနေပါသေးတယ်။ နောက်ပြီး နီပေါနိုင်ငံထဲမှာလည်း ဘုရားအလောင်းဖွားမြင်ခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတော ဆိုတာတွေလည်း ရှိနေပါသေးတယ်။ ဒီနိုင်ငံတွေထဲမှာရှိတဲ့ အချို့ သာသနာ့အဆောက်အဦးတွေမှာဆိုရင်လည်း ပျက်စီးယိုယွင်းနေကြသလို အချို့အဆောက်အဦးတွေမှာ လုံးဝပျောက်ကွယ်ခဲ့ရပြီ။ အချို့အဆောက်အဦးတွေကိုတော့ အုတ်ပုံဘဝအဖြစ်သာ တွေ့မြင်ရပါတော့တယ်။
တစ်ချိန်က ဒီနေရာတွေဟာ အံ့မခန်းဖွယ်ရာ သာသနာ့အဆောက်အဦးတွေနဲ့ ဗုဒ္ဓသာသနာတော်ကြီး စတင်ခဲ့တဲ့နေရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူကြတဲ့ ထေရဝါဒစစ်စစ်ဆိုလို့ တခြားနိုင်ငံတွေက သာသနာပြုလာကြတဲ့ ရဟန်းတော်တွေကလွဲလို့ အိန္ဒိယနိုင်ငံသားတွေထဲက မရှိတော့ပါဘူး။ အခြားသော ဘာသာဝင်တွေက ဝင်ရောက်ကြီးစိုးနေရာယူခဲ့ကြတာဟာ ယနေ့အချိန်ထိပါပဲ။ အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံထဲမှာ ထေရဝါဒသာသနာတော်မြတ်ကြီး ပြန်လည်ထွန်းကားဖို့ရာ မလွယ်ကူတော့ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အထက်ကဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေကို လေးလေးနက်နက် သံဝေဂယူပြီး မိမိတို့ရဲ့ အမျိုးဘာသာ သာသနာကို မြန်မာနိုင်ငံထဲက ပျောက်ကွယ်မသွားရအောင် ကာကွယ်စောင့်ရှောက်ကြဖို့ လိုပါတယ်။ ဆရာဒကာ လက်တွဲမှ ဖြစ်မှာပါ။

အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ အမျိုးကိုချစ်တဲ့စိတ်၊ ဘာသာကိုလေးစားတန်ဖိုးထားတဲ့စိတ်၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိတဲ့ စိတ်တွေ ထားရပါမယ်။ ဒါမှသာလျှင် မိမိတို့ရဲ့ အမျိုးဘာသာ သာသနာဟာ ကမ္ဘာရှည်သရွေ့ တည်နေမှာဖြစ်ပါတယ်။
 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment