Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, July 13, 2013

ဘာသာပြောင်းသွားတဲ့ ဗုဒ္ဓဘာသာများ













                           =======================

အိမ်ထောင်ရေးအရပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာကို သဘောမကျလို့ပဲဖြစ်ဖြစ်၊ အခြားဘာသာရဲ့ ကျေးဇူးကို မလွန်ဆန်နိုင်လို့ပ...ဲဖြစ်ဖြစ်၊ အခြားဘာသာကို အမှန်တကယ်ယုံကြည်လို့ပဲဖြစ်ဖြစ် ဘာသာပြောင်းသွားတဲ့ ဗုဒ္ဓဘာသာဝင်အချို့နဲ့ စကားပြောဖူးပါတယ်။

၁။ ဗုဒ္ဓဆင်းတုတော်ကို ရှိခိုးလို့။
၂။ နတ်ကိုးကွယ်လို့။
၃။ ရဟန်းတွေ အနေအထိုင်မတတ်လို့။
၎။ လူအချင်းချင်း မရှိခိုးချင်လို့။
၅။ အိန္ဒိယယဉ်ကျေးမှုကို မကြိုက်လို့။

ဒီအကြောင်းပြချက်တွေကို သူတို့ဆီက ကြားရတယ်။

၁။ ဗုဒ္ဓဆင်းတုတော်ကို ဂရိဘုရင်တွေက မိတ်ဆက်ပေးခဲ့တယ်။ ဂရိဘုရင်တွေ အဖဂန်နစ္စတန်နဲ့ ပါကစ္စတန် (ဂန္ဓာရတိုင်း)ကို မသိမ်းခင်အထိ ဗုဒ္ဓဘာသာမှာ ရုပ်တုကိုးကွယ်မှု မရှိခဲ့ကြောင်း သူတို့မသိပါလေ။ (သထုံနဲ့ရခိုင်မှာ ရှိနေတဲ့ နိမ္မိတရုပ်ပွားတော်ကို သီးခြားဆွေးနွေးရမယ်)

၂။ မိမိတို့ရှိခိုးနေတဲ့ ရဟန်းများကို နတ်ပူးနေတာ မြင်ရလို့ အဲဒီနတ်ဟာ ဘုန်းကြီးထက် တန်ခိုးကြီးပုံ တွေးမိကြောင်း ပြောပါတယ်။ ဗုဒ္ဓဘာသာမှာ နတ်ဗြဟ္မာအကြောင်း ဟောပါတယ်။ ဒါပေမဲ့ အဲဒီနတ်တွေက လူများစုထင်နေတဲ့ အိမ်ဦးနတ်တွေ မဟုတ်ကြပါ။ ဖမ်းစားနေတဲ့ နတ်တွေလည်း မဟုတ်ကြပါ။ ဖမ်းစားနေတဲ့နတ်တွေဟာ မွန်ရိုးရာနတ်တွေ၊ အညာနတ်တွေ၊ ဟိန္ဒူနတ်တွေသာ ဖြစ်ကြတယ်။ ဗုဒ္ဓဘာသာနတ်တွေ မဟုတ်ကြကြောင်း သူတို့မသိကြပါလေ။

၃။ ရဟန်းတွေက ပုထုဇဉ်တွေ များလို့ အချင်းချင်း မနာလိုမှုတွေ ဖြစ်တတ်ကြတယ်၊ ဂုဏ်ပြိုင်တတ်ကြတယ်၊ ဒကာဒကာမအားကိုးနဲ့ ကြွားချင်ကြတယ်၊ အချင်းချင်းမလေးမစား လုပ်ကြတယ်၊ ဂိုဏ်းဂဏစိတ် ပြင်းထန်ကြတယ်။ ဥပမာ - နာမည်ကြီးရိပ်သာတစ်ခုမှာတောင် နာယကဆရာတော်အချို့က အင်မတန်ရိုးသားပြီး ဝိနည်းလေးစားတဲ့ ကျောင်းထိုင်ကို ပထုတ်ချင်လို့ မာတုဂါမနဲ့ စွပ်စွဲကြတာလည်း ရှိတယ်။ ရဟန်းအချင်းချင်း ဘုန်းကြီးချင်လို့၊ မိမိကို ပိုကြည်ညိုစေချင်လို့ ဒကာဒကာမတွေနဲ့ စကားပြောတဲ့အခါ အတင်းအဖျင်းပြောကြတာတို့လည်း ရှိနိုင်တယ်။ အထူးသဖြင့် ပွဲလမ်းသဘင်တွေမှာ လူတွေနဲ့အတူ ပျော်ပါးသွားလာမိကြတယ်။ ဒါမျိုးကို မြင်ဖန်များတဲ့အခါ သာသနာတော်ကို အထင်အမြင်လွဲမှားစေတတ်ပါတယ်။ ဒါပေမဲ့ ရဟန်းများဟာ သာသနာမဟုတ်ပါ။ ဓမ္မ သည်သာ သာသနာစစ်မှန်ပါတယ်။ ဒါကိုလည်း သူတို့မသိကြပါလေ။

၎။ ဗုဒ္ဓဘာသာမှာ လူသားဝါဒကို ကိုင်စွဲထားလို့ ရဟန်းကောင်းများ ရှားသလိုပဲ လူကောင်းများလည်း ရှားပါးတဲ့ ဒီလောကမှာ လူသားတွေကို သံသယဖြစ်လို့ လူသားအချင်းချင်းမုန်းတီးရေးတွေ ဖြစ်လာကြပါတယ်။ လူကောင်းနဲ့လူဆိုးကို မခွဲခြားနိုင်တော့ဘဲ လူတိုင်းကို အဆင့်တစ်ခုမှာ ထားပြီး အဲဒီလူတွေကို ထိန်းနိုင်ဖို့ ပရလောကကနေ ကိုယ်စားလှယ်တစ်ယောက်ကို ရှာရတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာမှာ လူလူချင်းကို အတင်းရှိခိုးခိုင်းတာမရှိဘူး။ ရှိခိုးမလား၊ မရှိခိုးဘူးလားဆိုတာ မိမိစိတ်ကြိုက်ပါပဲ။ ဘုရားကတောင် သူ့ကို ရှိခိုးမှ နိဗ္ဗာန်ရောက်နိုင်မယ်လို့ မိန့်မထားပါ။ ဗုဒ္ဓထံ ရောက်လာကြတဲ့ ဘာသာခြားများက အချို့ဆို အရိုအသေတောင် မပေးကြပါ။ ဆွေးနွေးပြီးတဲ့အခါကျမှ လေးစားတဲ့စိတ်နဲ့ ရှိခိုးပြီး ပြန်သွားလေ့ ရှိကြပါတယ်။

၅။ မြတ်ဗုဒ္ဓက အိန္ဒိယလူမျိုးဖြစ်လို့ ဗုဒ္ဓဘာသာမှာ အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးပါတယ်။ လူပုဂ္ဂိုလ်များအတွက် လွှမ်းမိုးမှုသိပ်မရှိပေမဲ့ ရဟန်းများဟာ အိန္ဒိယဝတ်စားဆင်ယင်မှုအတိုင်း ဝတ်ကြရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာလိုပဲ ဟိန္ဒူဘာသာဆို အိန္ဒိယယဉ်ကျေးမှုအပြည့်ပါပဲ။ ခရစ်တော်က ဂျူးဖြစ်လို့ ခရစ်ယာန်တွေမှာ ဂျူးယဉ်ကျေးမှုအများကြီး စိမ့်ဝင်ပါတယ်။ ဂျူးဘာသာဆို ဟိန္ဒူလိုပဲ တကယ့်ဂျူးယဉ်ကျေးမှုပဲပေါ့။ အစ္စလာမ်မှာဆို အာရပ်ယဉ်ကျေးမှုပါပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာတရားတော်များဟာ အဲဒီယဉ်ကျေးမှုများကို အခြေမခံဘဲ ကိုယ်ကျင့်သီလနဲ့ အသိညာဏ်ပညာကိုသာ အခြေခံကြောင်း သူတို့မသိကြပါလေ။

တစ်ခါမှာ သောဏဒဏ္ဍသုတ်မှာ သောဏဒဏ္ဍပုဏ္ဏားက မြတ်ဗုဒ္ဓကို လာတွေ့ပါတယ်။ ဆွေးနွေးရင်းနဲ့ လူမျိုးအကြောင်း၊ ယဉ်ကျေးမှုအကြောင်း၊ ခေါင်းဆောင်အကြောင်းဆီ ရောက်သွားပါတယ်။ ဗြဟ္မဏဝါဒအရ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ဖို့ အရည်အချင်းကို ဘယ်လိုသတ်မှတ်ထားပါသလဲလို့ မြတ်ဗုဒ္ဓက သောဏဒဏ္ဍကို မေးပါတယ်။ (၁) ရုပ်ရုပ်ချောမောသူ၊ ဥပဓိရုပ်ကောင်းမွန်သူ ဖြစ်ရမယ် (၂) ဝေဒကျမ်းကို တတ်ကျွမ်းသူ ဖြစ်ရမယ် (၃) အမျိုးကောင်းသူ ဖြစ်ရမယ် (၄) ကိုယ်ကျင့်တရားကောင်းမွန်သူ ဖြစ်ရမယ် (၅) ပညာရှိသူ ဖြစ်ရမယ် လို့ သောဏဒဏ္ဍပုဏ္ဏားက ဖြေပါတယ်။

မြတ်ဗုဒ္ဓက အဲဒီ(၅)ချက်ထဲက မဖြစ်မနေ တစ်ချက်ကို လျှော့ရမယ်ဆိုရင် ဘယ်အချက်ကို လျှော့မလဲလို့ မေးပြန်ပါတယ်။ ပထမအချက်ကို လျှော့နိုင်ပါတယ်၊ ရုပ်ရည်မချောမောဘဲနဲ့လည်း အခြားအချက်များနဲ့ ပြည့်စုံရင် ခေါင်းဆောင်ကောင်း ဖြစ်နိုင်သေးကြောင်း ဖြေပါတယ်။

မြတ်ဗုဒ္ဓက တစ်ဆင့်တိုးပြီး ကျန်(၄)ချက်ထဲကနေ အချက်တစ်ခုကို မဖြစ်မနေ လျှော့ရမယ်ဆိုရင်ကောလို့ မေးပြန်ပါတယ်။ သောဏဒဏ္ဍက နံပါတ်(၂)အချက် ဖြစ်တဲ့ ဝေဒကျမ်းကိုလည်း ပယ်နိုင်ပါတယ်တဲ့။ မြတ်ဗုဒ္ဓက ဆက်ပြီး ကျန်တဲ့ (၃)ချက်ထဲကော တစ်ချက်ချက်လျှော့ရဦးမယ်ဆိုကောလို့ မေးပြန်ပါတယ်။

သောဏဒဏ္ဍပုဏ္ဏားရဲ့ တပည့်တပန်းများက အုံးအုံးကျွတ်ကျွတ်ဖြစ်ကုန်ကြတယ်။ ဆရာ ရဟန်းဂေါတမအကွက်ထဲ မဝင်ပါနဲ့၊ အဲဒီ(၃)ခုထဲက ဘယ်တစ်ခုမှ လျှော့လို့ မဖြစ်တော့ဘူးလို့ ဝိုင်းကန့်ကွက်ကြသတဲ့။ သောဏဒဏ္ဍပုဏ္ဏားက ပုဏ္ဏားမျိုးတပည့်တွေရဲ့ဖိအားကို ကြောက်ရွံ့ပြီး လျှော့လို့မရတော့ပါလို့ ဖြေရမလား၊ သူတို့ဖိအားကို လျစ်လျူရှုပြီး အမှန်အတိုင်း ဖြေရမလား ဝေခွဲမရလို့ ချွေးပြန်ရပါတော့တယ်။ ဒါပေမဲ့ ပညာရှင်ဖြစ်လို့ အမှန်ကို ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။ "အရှင်ဂေါတမ နံပါတ်(၃)အချက် ပုဏ္ဏားမျိုးမဟုတ်ရင်လည်း ကိုယ်ကျင့်သီလနဲ့ အသိညာဏ်ပညာပြည့်ဝရင် ခေါင်းဆောင်ဖြစ်နိုင်ပါတယ်လို့ ဖြေလိုက်ပါတော့တယ်။

မြတ်စွာဘုရားကလည်း သောဏဒဏ္ဍ...ငါ့ဘုရားသာသနာမှာလည်း ဒီစံနှစ်ခုကိုပဲ သတ်မှတ်ကျင့်သုံးပါတယ်လို့ ဖြေလိုက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ လူမျိုးနဲ့ ယဉ်ကျေးမှုကို မပယ်ဘူး။ အသိအမှတ်ပြုတယ်။ ပြင်လည်း မပြင်ခိုင်းပါ။ သီလနဲ့ပညာကိုပဲ မြှင့်တင်ပါတယ်။ ဒါကိုလည်း သိကြပါလေ။

Ven Ravika ထံမှ ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment