Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, July 23, 2013

“နိုင်ငံ့သစ္စာဖောက်သူများ”


 
 
 
 
 
 
 
 
 
 
 
 
 
 
                                               *********************
မိမိနေထိုင်ရာ နိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ စောင့်ထိန်းသူ ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာ နိုင်ငံ၏ အချုပ်အခြာအာဏာကို အမျိုး ဘာသာ သာသနာကု...ိ၊ ယဉ်ကျေးမှုကို လိုက်နာဖို့ စောင့်ထိန်းဖို့ ကာကွယ်ဖို့ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါး နှောင့်ယှက်သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။ ထိုသို့မဟုတ်ဘဲ

အရိပ်နေနေ အခက်ချိုးချိုး သားရေပေါ်အိပ် သားရေနားစား လုပ်သူများသည် တိရစ္ဆာန်စိတ်မွေးသူများ ဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။ မိမိက မြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ အခြားလူမျိုး အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံ့သစ္စာဖောက်ဖျက်သူများဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများကို အားပေးနေသူ ကူညီနေသူ ဖေးမနေသူ စောင့်ရှောက်ပေးနေသူများသည်လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။ ထိုသူများကို ဝိုင်းပယ်ဖို့ အားမပေးဖို့ မဲမပေးဖို့ အမျိုး ဘာသာ သာသနာချစ်သူတိုင်း၊ နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်။ တာဝန်ယူကြရမည်။

နိုင်ငံရေးသမား နိုင်ငံ့သစ္စာဖောက်သူများ
နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်လုပ်လိုသူများသည် နိုင်ငံ့သစ္စာစောင့်သိသူ၊ နိုင်ငံသားတိုင်းအပေါ် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သည်မှန်သော်လည်း နိုင်ငံသားအမည်ခံ နိုင်ငံသစ္စာဖောက်သူများကို အားပေးလျှင် ကူညီလျှင် ယင်းနိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်များသည်လည်း နိုင်ငံသစ္စာဖောက်များဖြစ်သည်။ ယခုအခါမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတပါးသြဇာခံ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည်ပေးနေကြသည်။ လူမျိုးခြား ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ်နေကြသည်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။ အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာ့နိုင်ငံ့ သစ္စာဖောက်များ ဖြစ်နေကြသည်။ သတိပြုမိကြပါစေ။

မြန်မာ့နိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို မကာကွယ် မစောင့်ရှောက်ဘဲ ဖျက်လိုဖျက်ဆီး လုပ်လျှင်သော်လည်းကောင်း၊ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ ဖြစ်လျှင်သော်လည်းကောင်း၊ မြန်မာ့နိုင်ငံသစ္စာဖောက် ဧကန်ဖြစ်မည်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင် အမည်ခံ နိုင်ငံရေးသမားများသည်လည်း မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်။ မကာကွယ် မစောင့်ရှောက်ဘဲ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ နိုင်ငံ့သစ္စာဖောက်များကို
အားပေးလျှင် ကူညီလျှင် သူတို့ဖက်က ရပ်တည်ပေးလျှင် မြန်မာ့အမျိုး ဘာသာ သာသနာကို ဖျက်ဆီးရာ ရောက်သည့်အပြင် မြန်မာ့နိုင်ငံ့သစ္စာဖောက်လည်း ဧကန်သာဖြစ်မည်သာ။
ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ(အင်းစိန်)၏ နိုင်ငံ့သစ္စာစောင့်သိသူ စာအုပ်မှ ကောက်နှုတ်ရေးသားလိုက်ပါသည်။
 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment