Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, July 6, 2013

"သင်၏ တန်ဘိုးကို အမြင့်မားဆုံး ဘယ်လောက် သတ်မှတ်ထားပါသလဲ"




            






                           ***************************************************
၁။ သူတစ်ပါးကိုလည်း မထိခိုက်၊ မိမိအလိုဆန္ဒကိုလည်း ပြည့်ဝစေရန် ပြောဆိုနိုင်သော အရည်အချင်းသည် လူသားတို့၏ ထူးခြားမှုစွမ်းရည်။

၂။ ဘယ်နေရာ ဘယ်အလုပ်တွင်မဆို၊ လုပ်ရိုးလုပ်စဉ်ထက် ပိုမိုကောင်းမွန်အောင် လုပ်နိုင်သူအား အလုပ်ရှင်တိုင်းက အလိုရှိသည်။
...
၃။ ကျွမ်းကျင်သော အရောင်းဈေးသည် သည် ဝယ်သူ၏ စိတ်တွင်း အခြေအနေကို သိရှိသည်။

၎။ ကျွန်ုပ်တို့အားလုံးသည် ရာထူးတည်မြဲရေးနှင့် ရာထူးတိုးတက်ရေးအတွက် အရည်အချင်းများကို ရောင်းစားနေရသည်။

၅။လူတစ်ဦးနှင့်တစ်ဦး ပူပေါင်းကြိုးပမ်း အားထုတ်မှု မှန်သမျှသည် အရောင်းဈေးသည်ဘဝနှင့် အကျုံးဝင် နေသည်။

၆။ အခွင့်အလမ်းများကို မိမိကိုင်တိုင် ဖန်တီးယူမှ ရမည်။ အချင်းချင်းပူးပေါင်းဆောင်ရွတ်မှသာ အခွင့်အလမ်း များ ဆက်တိုက်ရရှိနိုင်မည်။

၇။ အရောင်းဈေးသည်ဆိုသည်မှာ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းသာမက မိမိအရည်အသွေးကိုလည်း ရောင်းစားနိုင်ရမည်။

၈။လူ့ဘဝဆိုသည်မှာ သက်တမ်းတလျောက်လုံး၊ မဆုံးနိုင်အောင် ဆက်ကာဆက်ကာ မိမိကိုယ်ကို ရောင်းချနေခြင်း ဖြစ်သည်။

၉။မွေးစကလေးသည်ပင် အရောင်းဈေးသည်ဖြစ်ရချေသည်။ နို့ဆာသည့်အခါ ပိုက်ထွေးခံလိုသည့်အခါ ငို၍ သူ့ဆန္ဒပြည့်ဝစေသည်။

၁၀။သင်၏ ကုန်ပစ္စည်းကို အရည်အသွေး မြှင့်တင်ထားမှ သင်ရှိရာဆီသို့ ဝယ်သူ အများအပြား လာရောက် အားပေးကြမည်။

၁၁။ ကျွမ်းကျင်အရောင်းသမားသည် ကုန်ဝယ်လာသောသူအား လက်လွတ်မခံပေ။ မိမိဆန္ဒကို ရှေ့တန်းမတင်ဘဲ ဝယ်သူ၏ ဆန္ဒကို နှိုးဆွကာ နှစ်ဖက်ဆန္ဒကို ပြီးမြောက်အောင်မြင်စေ၏။

၁၂။ လူတို့၏ အတွင်းစိတ်(အကြံအစည်) ကို နှုတ်ဖွင့်ပြောကြားစကားအရ သိရှိနိုင်ပေသည်။

၁၃။ အတွေ့အကြုံဟူသည် အကောင်းဆုံးဘဝ လမ်းညွှန်ချက်။

၁၄။ ကိုယ်- စိတ်ရွှင်လန်းမှုမရှိက လုပ်အားတစ်ဝက် ကျဆုံမည်။ ကိုယ်တိုင်ဆောင်ရွတ်နိုင်ခြင်းမရှိက လုပ်အား အချည်းအနှီးဖြစ်ရ၏။

၁၅။ ကုန်ပစ္စည်းနှင့်လုပ်ငန်းအကြောင်း အသေးစိတ် သိရှိနားလည်ထားမှ ဝယ်သူနှင့် တစ်ဖက်လူ စိတ်ဝင်စား လာအောင် ဆွဲဆောင်ပြောဆိုနိုင်မည်။

၁၆။ မိမိကုန်ပစ္စည်းအပေါ် တန်ဘိုးထားပြီး၊ ဝယ်သူ၏ ဆန္ဒကို သိနိုင်အောင် ကြိုးပမ်းမှုသည် အရောင်းသမား တို့၏ နည်းဗျူဟာဖြစ်သည်။ မိမိလုပ်ငန်းအပေါ် ဂုဏ်ယူပြီး၊ တစ်ဖက်လူဆန္ဒကို သိနိုင်အောင် ကြိုးပမ်းမှုသည် ဆက်ဆံရေးသမားတို့၏ နည်းဗျူဟာဖြစ်သည်။

၁၇။ မှန်ကန်သော အရောင်းသမားတို့သည် အမြတ်အစွန်း ရရေးထက် နာမည်ပျက်မည့်အရေးကို ပိုကြောက်ကြသည်။ ဝယ်သူအားသူ့စိတ်တိုင်းကျ ဝယ်ယူခြင်း သက်ရောက်စေရန် ဖန်တီးပြီး ရောင်းချကြသည်။

၁၈။ ပင်ကိုယ်အရည်အသွေးကောင်းခြင်းသည် ရောင်းကုန်ပစ္စည်းထက် ပိုအရေးကြီးသည်။ တန်ဖိုးရှိသည်။ ၄င်းကို ကြိုးစားအားထုတ် လေ့ကျင့်ယူနိုင်သည်။

၁၉။ ဝယ်သူသည် ကုန်ပစ္စည်းကိုသာမက ရောင်းသူ၏ အရည်အသွေးကိုပါ ဝယ်ယူသွားခြင်းဖြစ်သည်။

၂၀။ ပွင့်လင်းမှုနှင့် သည်းခံတတ်မှုတို့သည် အရောင်းအဝယ်ကိစ္စတွင် အလွန်လိုအပ်၏။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment