Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, July 29, 2013

သံဃာအား ဘုရားယုံခဲ့သည်--------သံဃာသည် မှိုင်းမဟုတ်



 
 
 
 
 
 
 
 
 
 
 
 
                                               ==============================
မြန်မာနိုင်ငံ၏ အရှိန်ရနေသော ပြောင်းလဲမှုများတွင် ဥပဒေနှင့်အညီ အဖွဲ့ အစည်းပေါင်းစုံ တည...်ထောင်ခွင့် ရရှိလာခြင်း သည်လည်း မြန်မာ့ဒီမိုကရေစီ ခရီးလမ်းမှ ထင်ရှားသော သာဓက တစ်ခုဖြစ်၏။ ဗုဒ္ဓ၀ါဒ သဘောတရားအရ လက်ရှိ အဖွဲ့  အစည်း အားလုံးတို့ ထက် စော၍ ပေါ်ပေါက်ခဲ့သော အဖွဲ့ အစည်းကြီး တစ်ခုလည်း တည်ရှိနေပါ၏။ ထိုအဖွဲ့  အစည်း ကြီးကား အခြားမဟုတ်၊ အရိယာ သံဃာနှင့် သမုတိသံဃာတော် အရှင်မြတ်တို့ ၏ သံဃအဖွဲ့ အစည်းကြီးပင် ဖြစ်၏။ စည်းကမ်းကောင်း၏။ ခိုင်မာ ၏။ သမိုင်းသက်တမ်း အရှည်ကြာဆုံး အဖွဲ့ အစည်းကြီးဖြစ်၏။ ထိုသံဃ အဖွဲ့ အစည်း ကြီးအား ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ယုံကြည် စိတ်ချစွာ တည်ထောင်တော်မူခဲ့၏။ သို့ သော် ထိုအဖွဲ့ အစည်းကြီး၏ သမိုင်းတစ်လျှောက်လုံး မည်သူ့ ကိုမှ မှိုင်းမတိုက်ခဲ့။ မှိုင်းကိုသာ ရှင်းလင်းတော်မူ၏။

မကြာမီရက်များအတွင်းက ဒေါ်ရွှေဇီးကွက်၊ ဇင်မာအောင်၊ ဒေါ်ဆူဇန် နှင့် အလားတူ အခြားသော အမျိုးမျိုးသောအဖွဲ့  အစည်းများ၏ အထောက်အပံ့ ခံ၊ သြဇာခံ အမျိုးသမီးအဖွဲ့ အစည်းတစ်ချို့ က သံဃာတော် အရှင်သူမြတ်များ၏ မျိုးစောင့် ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်များကို သဘောမတူ၊ ကန့် ကွက်ကြောင်း ထုတ်ဖော် ပြောဆိုသံများကို မီဒီယာမှ တစ်ဆင့် ကြားလိုက်ရ၏။

ဒေါ်ရွှေဇီးကွက်က မြန်မာအမျိုးသမီးများ "သံဃာ မှိုင်းတိုက်ခံနေရသည်" ဟု ဆိုခဲ့၏။ ဇင်မာအောင်က "အမျိုး ဘာသာ၊ သာသသနာ ဆိုတာ ဘာလဲ" ဟုမေးခွန်းထုတ်ခဲ့ ၏။ ဒေါ်ဆူဇန်ကတော့ " မြန်မာအမျိုးသမီးများ အခွင့်အရေးတွေ ဆုံးရှူံး နေ" ကြောင်း အမြင်တစ်မျိုးစီဖြင့် ပြောဆိုခဲ့ကြ၏။ ဆရာတော် ဦးရသူ၏ အသုံးအနှုန်းကို ခေတ္တငှားရန်း သုံးစွဲ ပြောဆိုရ ပါလျှင် ထို အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ ဆိုသူများသည် ဖြစ်ရပ်မှန်ကို "ဒေတာ (Data)" နှင့် ရင်မဆိုင်ပဲ "ဝေဒနာ" နှင့် ညည်းတွားနေသူ များသာဖြစ်ပါ၏။ ဆိုလိုသည်မှာ ကိစ္စ အကြောင်းအရာ တစ်ခုကို အချက်အလက်နှင့် ခိုင်မာစွာ မသုံးသပ်နိုင်ပဲ၊ ခံစားမှုကိုသာ ရှေ့ တန်းတင် ပေါက် ကွဲနေကြသူများ ဖြစ်ပါ၏။

အချုပ်ကိုဆိုရပါမူ ဒေါ်ရွှေဇီးကွက်သည် သံဃာ ဟူသော စကားလုံး၏ အတိမ်၊ အနက်၊ သဘောသဘာဝကို နားမလည် သေးပါ။ သံဃာသည် လောဘ၊ ဒေါသ၊ မောဟမှိုင်းများကို ရှင်းပေးသော အဖွဲ့ အစည်းဖြစ်ပါ၏။ ထိုမှိုင်းများကို သမိုင်း ကြောင်းအရလည်း ရှင်းလာခဲ့ပါ၏။ အနာဂတ်မှာ ဥပဒေကြောင်းအရလည်း ရှင်းတော့ မည်ဖြစ်ပါ၏။ "နိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး" ဆိုသူ ဇင်မာအောင်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့  မြန်မာ့ သမိုင်းဝင်စကားကို နားမလည် သူဖြစ်ပါ၏။ (၁၃၅) မျိုးသော တိုင်းရင်းသား အားလုံးသည် အမျိုး ဖြစ်ပါ၏။ တရားဝင် ရုံးသုံးမြန်မာစာနှင့် တိုင်ရင်းသား စကားများသည် ဘာသာဖြစ်ပါ၏။ ထေရ၀ါဒ ဗုဒ္ဓ တရားတော်များသည် သာသနာ ဖြစ်ပါ၏။ မျိုးစောင့်ဥပဒေက ထို အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်မည် ဖြစ်ပါ၏။ ဒေါ်ဆူဇန် စိတ်ပူနေသော အမျိုးသမီးများ၏ အခွင့်အရေး ကိုလည်း ခိုင်မာစွာ ကာကွယ်မည်ဖြစ်ပါ၏။ သံဃာအား ဘုရားယုံခဲ့သောကြောင့် ဖြစ်ပါ၏။ ထို့ ကြောင့် သံဃာသည် မှိုင်း မဟုတ်ပါ။ ဇွန် (၂၇) ၂၀၁၃ နေ့ တွင် သံဃာတော် တစ်ထောင်ကျော် ကြွရောက်သည့် အင်းစိန် သံဃ အစည်းအဝေးသည် ဗုဒ္ဓ၏ စောင့်လေမျိုးနွယ် လမ်းညွှန်ချက်ကို တရားမျှတစွာ အကောင်အထည် ဖော်ဆောင်ခြင်းသာ ဖြစ်ပါ၏။

(အင်းစိန် မျိုးစောင့် ဥပဒေဆိုင်ရာ သံဃအစည်းအဝေးကြီးအား ဦးထပ်ပန်ဆင် ဂုဏ်ပြုပူဇော်အပ်ပါသည်။)

ပါရမီရှင် (U.S.A)

No comments:

Post a Comment