Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, April 29, 2013

969 ကို ကြောက်တာလား မုန်းတာလား


                                                                                    *************************

တစ်နေ့က ကျွန်တော်နဲ့အင်မတန်ရင်းနှီးတဲ့ အစ္စလာမ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်တယ်။ ပြောရရင်တော့ စီးပွားဖက်တွေပါဘဲ။ စကားပြောဆိုကြရင်း နေ့ခင်းဘက်ရောက်လာတော့ ဘိုက်ဆာလာကြတာနဲ့ အနီးမှာရှိတဲ့ YKKO မှာ ထိုင်ဖြစ်ကြတယ်။ ကျွန်တော်က ဝက်ကြေးအိုး စားတယ်။ (အရင်ကတည်းက ဝက်သား တစ်မျိုးဘဲစားတာကို သူကသိနေတာမို့ YKKO မှာ ထိုင်ဖြစ်တာ။) သူကတော့ အကင်နဲ...့ ဘီယာတစ်ဘူးမှာရင်း အလုပ်ကိစ္စ၊ သားရေးသမီးရေးကိစ္စ၊ နိုင်ငံရေး စီးပွားရေး ပြောဖြစ်ကြတာ စုံနေတာပါဘဲ။

ပြီးတော့ ဗိုလ်ချုပ်ဈေးမှာရှိတဲ့ ကျွန်တော်တို့သူငယ်ချင်း ရွှေပန်းတိမ်ဆိုင်မှာ ပစ္စည်းရွေးစရာရှိတာနဲ့ အတူထွက်ခဲ့ကြတယ်။ သူနဲ့ အဲဒီ ရွှေပန်းတိမ်ဆရာ သူငယ်ချင်းနဲ့က လုပ်ငန်းသဘောအရ ကျွန်တော့်ထက် ပိုတွေ့ဖြစ်ကြတယ်။ ပိုပြီးလဲ ရင်းနှီးကြတယ်။ ဆိုင်လဲရောက်ရော ကျွန်တော်က ဆိုင်ထဲတောင်ရောက်နေပြီ။ သူက ဝင်မလာဘဲ အနီးက လက်ဖက်ရည်ဆိုင်ထဲကို ဝင်သွားတာ ကျွန်တော်တို့ အလုပ်ကိစ္စပြီးတာတောင် ရောက်မလာတော့ လိုက်သွားကြတယ်။

ရောက်တာနဲ့ ပန်းတိမ်ဆရာ သူငယ်ချင်းကို ရန်တွေ့တော့ပါဘဲ။

"မင်းက ငါ့ကို မင်းဆိုင်ကိုမလာအောင် လုပ်နေတာလား။ မင်းနဲ့ ငါနဲ့က လုပ်စရာ လုပ်ငန်းတွေ အများကြီးရှိသေးတယ်နော်။ မင်း ဒီလို လုပ်ထားတော့ ငါနဲ့ အလုပ်ဆက်မလုပ်ချင်တော့ဘူးလို့ ပြောနေသလိုဘဲ။" ပြောတာမှ စုံနေတာပါဘဲ။

ကျွန်တော်တို့လဲ အတော့်ကို အံ့သြမိတယ်။ အရမ်း အေးဆေးတဲ့သူငယ်ချင်း ဘာများ စိတ်ခုစရာများ ပေါ်သွားလဲပေါ့ အသည်းအသန်မေးတော့ သူကဆိုင်မှာကပ်ထားးတဲ့ စတစ်ကာတစ်ခုကို လက်ညိုးထိုးပြတယ်။ ကြည့်လိုက်တော့ 969 စတစ်ကာ ဖြစ်နေတယ်။

ပန်းတိမ်ဆရာ သူငယ်ချင်းကတော့ သူနဲ့မိတ်ပျက်မှာဆိုးတာရယ် စတစ်ကာက သူ့ဆိုင်ကဝန်ထမ်းတစ်ယောက်က ကပ်ထားတာဆိုတော့ ပြန်ဖြုတ်ခိုင်းလိုက်တယ်။ ဒါပေမယ့် ဘေးနားကလူတွေက သိပ်မကျေနပ်ကြဘူး။

တချို့အစ္စလာမ်ဘာသာဝင်တွေလို အစားအသောက် အနေအထိုင် အပေါင်းအသင်းကစလို့ အယူသီးမှုတွေမရှိဘဲ ကျွန်တော်တို့နဲ့ အရမ်းသဟဇာတဖြစ်တဲ့ သူငယ်ချင်းက 969 ကြမှ ဘာလို့ အဲသလိုဖြစ်ရတာလဲ။ အဖြေကတော့ သူ Facebook အကိုက်ခံနေရတာပါဘဲ။ Facebook ပေါ်က 969 ဆန့်ကျင်ရေးသမားတွေရဲ့ ဝါဒမှိုင်းမိနေတဲ့သူငယ်ချင်းဟာ တစ်ချိန်က ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတစ်ခုမှာ အစ္စလာမ်ဘာသာမှာ ပြင်ဆင်သင့်တဲ့ မလိုက်နာသင့်တဲ့ အချက်တွေကို စာတမ်းတစ်စောင်တင်ပြဘူးလို့ သူတို့ဗလီဆရာတွေရဲ့မျက်မုန်းကျိုးခြင်းခံခဲ့ရသူပါ။ အဲဒီတုန်းက အစ္စလာမ် NGO တစ်ခုမှာ MD တာဝန်တောင်ယူခဲ့သူပါ။

တကယ်တော့ 969 ဆိုတာ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကို အမွှန်းတင်ထားတာပါ။ 969 ကို အခြေပြုလို့ မဟုက်တာလုပ်တဲ့သူရှိနေခဲ့ရင်လည်း သူ့ကံကြမ္မာ သူသာဖန်တီး သူ့အပြစ်ဒဏ် သူသာခံရမှာပါ။ Facebook ပေါ်က Comment တစ်ခုကရေးထားတာပြောရရင်တော့ သူတို့ကိုးကွယ်တဲ့ Allah နဲ့ တမန်တော် Mohammed တို့ရဲ့ဂုဏ်တော်တွေက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကို မမီလို့ ကြိုကန်ထားတယ်ပြောရမလားဘဲ ဆိုတာလိုဖြစ်နေတာပါ။ 786 ဆိုတာ ဘာမှန်းမသိဘဲ သူတို့ဆိုင်တွေ၊ အိမ်တွေမှာကပ်ထားတာ 969 ကြမှ အသည်းအသန် ကန့်ကွက်ဆန့်ကျင်နေတာ အံ့သြစရာပါ။

တချို့ကပြောသေးတယ်။ မြန်မာပြည်မှာဘဲ 786 တာပါတဲ့။ တစ်ကမ္ဘာလုံးမှာ မရှိပါ လက်မခံပါတဲ့။ အခု တချို့ဗလီဆရာတွေ ဝါဒဖြန့်နေတာပြောရရင် 21 ရာစုမှာ အစ္စလာမ်ဘာသာ မြန်မာပြည်မှာလွှမ်းစေရမည်ဆိုတဲ့အနေနဲ့ သတိရနေအောင် 786 တာပါတဲ့။ ကဲ တစ်ကမ္ဘာလုံးနဲ့ ဘာဆိုင်လို့တုန်းနော်။

Facebook ပေါ်ကနေ 969 ကိုဆန့်ကျင်နေတဲ့ Ye Yint Thitsar တို့လို ဆရာကြီးတွေအချိန်များရခဲ့ရင် 969 ကို ကြောက်တာလား မုန်းတာလား တစ်ခုခုကို ဖြေစေချင်ပါတယ်။ ကိုယ့်ကိုကိုယ်ဖြေရမှာပါ။ ကျွန်တော်တို့ကို ဖြေပေးစရာမလိုပါဘူး။

969 ဆိုတဲ့ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကို လေ့လာမှတ်သား ဦးခိုက်ပူဇော်ရင်း ဘုရားရှင်ချမှတ်ခဲ့တဲ့ ငါးပါးပဉ္စသီကိုသာ လူတိုင်းလူတိုင်း လေးစားလိုက်နာခဲ့ရင် တစ်ကမ္ဘာလုံးဟာ အေးချမ်းသာယာလှပနေမှာပါ။

အောင်ကျော်မိုး (29.04.2013)

No comments:

Post a Comment