Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Thursday, April 25, 2013

ကိုယ့်ကိုယ်ကို ဘာဆိုတာရှင်းကြပြီလား...

(ဗုဒ္ဓဘာသာကိုးကွယ်သူ နှင့် 
ဗုဒ္ဓဘာသာအမည်ခံနတ်ကိုးကွယ်သူဘယ်ကများနေပြီလဲ?)



ဦးဇင်းသည် ဗုဒ္ဓဘာသာဝင်မိသားစုမှ ပေါက်ဖွားလာသော 
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော် မိရိုးဖလာဓလေ့ထုံးစံများကိုမူ 
လွယ်လွယ်နှင့် ခံယူတတ်သော ဗုဒ္ဓဘာသာဝင်မျိုး တော့ မဟုတ်ပါ ။ 
ဦးဇင်းသည်ဗုဒ္ဓတရားတော်များ၏နက်ရှိုင်းပုံလေးနက်ပုံနှင့်သိမ်မွေ့လှပုံတို့ကို
 လေးလေးနက်နက်

 
လေ့လာထားပြီးဖြစ်သော်လည်းဗုဒ္ဓဘာသာဝင်တို့၏လူနေမှုစရိုက်ဓလေ့ထုံးစံနှင့်နတ်ကိုးကွယ်မှုဆိုင်ရာတို့ကိုမူလေးလေးနက်နက်မလေ့လာမိခဲ့မသီရှိခဲ့၊မစဉ်းစားမိခဲ့ဖူးပါပိုမိုတိကျအောင်ပြောရလျှင်ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်မှုအပိုင်း၏အုတ်ရောရောကျောက်ရောရောဖြစ်နေသောနတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများကိုသတိမမူမိခဲ့ပါစိတ်လည်းမ၀င်စားခဲ့ပါဦးဇင်းတို့ရခိုင်ဘက်မှာလည်းနတ်ကိုးကွယ်တာတွေမရှိပါဗမာပြည်ရောက်မှာနတ်ကိုးကွယ်တာသိရပါတယ်ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကိုမမျှော်လင့်ပဲအမေးခံရတော့မှဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းတို့သည်အခြားဘာသာဝင်တို့၏အမြင်မှာတော့ရောထွေးယှက်တင်နေသယောင်ရှိနေတာပဲဟုသတိပြုမိကာဒီဆောင်းပါးကို
 ရေးသားရန်ဆန္ဒများ 
ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။တစ်ချို့နိုင်ငံခြားသားများသည်ထေရ၀ါဒတရားတော်၏ဂုဏ်ကျေးဇူးများကြောင့်ဗုဒ္ဓဘာသာတရားတော်များကိုမြတ်နိုးကြည်ညိုလာကြပြီးထေရ၀ါဒသာသနာနှင့်ဆက်စပ်လာလျှင်စံထားလောက်သောမြန်မာနိုင်ငံတော်ကြီးဆီသို့မရောက်ရောက်အောင်ယုံကြည်ချက်
 ဖြင့်ကြိုးစားပြီးလာခဲ့ကြသူတွေ ဖြစ်သည်။

 
ထိုအခါဗုဒ္ဓဘာသာဝင်များသည်ပင်သတိမမူဖြစ်နေခဲ့သောဗုဒ္ဓဘာသာတရားနှင့်နတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများရောထွေးယှက်တင်နေသည်ကိုသူတို့တွေမြင်သွားကြတော့သည်ဗုဒ္ဓဘာသာဝင်ဆိုသူတို့ဘုရားပွဲအတွက်ပြင်ဆင်ထားသောအချို၊အဆိမ့်များငှက်ပျောပွဲအုန်းပွဲနှင့်နတ်တွေအတွက်ပြင်ဆင်ထားသောငှက်ပျောအုန်းပွဲများအပြင်ချိတ်ဆွဲထားသောနတ်အုန်းသီးများကိုပါ
 တွေ့ကြရ၊မြင်ကြရ သောအခါ 
ထေရ၀ါဒဗုဒ္ဓဘာသာတရားတော်များအပေါ်မှာသံသယစိတ်တွေဝင်လာကြသည်။သူတို့မှာ 
ဖြစ်နေသောသံသယစိတ်တွေကတော့အများကြီးပင်၎င်းတို့အထဲမှထင်ရှားတာတစ်ခုကို 
ထုတ်ပြရလျှင်ဘုရားတရားသံဃာရတနာသုံးပါးကိုကိုးကွယ်နေကြသောဗုဒ္ဓဘာသာဝင်တို့သည်
 
နတ်တွေကိုဘုရားနှင့်တန်းတူရည်တူထား၍အိမ်တွင်းမှာကိုးကွယ်ပူဇော်ပသနေခြင်းလော၊သို့မဟုတ်
 ဘယ်လိုလဲဘုရားကို ကိုးကွယ် ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍ 
နတ်တွေကိုကိုးကွယ်ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍဤကဏ္ဍ 
နှစ်ခုဘယ်လိုခြားနားနေပါသလဲဤကဲ့သို့သောသံသယစိတ်တွေသူတို့မှာ 
ဖြစ်နေသည်နိုင်ငံခြားသားတွေကဗုဒ္ဓဘာသာဝင်တွေရဲ့အပေါ်မှာဘာသာတရားကိုကိုးကွယ်မှုခံယူမှုတွေနှင့်ပတ်သက်ပြီးသံသယစိတ်တွေဖြစ်မည်ဆိုလျှင်လည်းဖြစ်လောက်စရာပင်မဟုပ်ပါလားအချို့ဗုဒ္ဓဘာသာဝင်ဆိုသူတို့သည်အိမ်မှာဘုရားအတွက်ပူဇော်ထားသောငှက်ပျောပွဲအုန်းပွဲတွေကိုသာအညှိုးခံချင်ခံမည်နတ်တွေအတွက်ပူဇော်ပသထားသောငှက်ပျောပွဲ၊အုန်းပွဲမျိုးတွေအတွက်ပူဇော်ပသထားသောငှက်ပျောပွဲအုန်းပွဲမျိုးတွေကိုတော့ဘယ်သောအခါမှအညှိုးမခံအမြဲတမ်းပဲအသစ်သစ်တွေနဲ့လဲလှယ်ပူဇော်ပေးနေကြသည်သေးကွေးလှသောဘုရားရုပ်ပွားတော်လေးများသည်ခန့်ညားထည်ဝါလှသောနတ်ရုပ်တွေအနားမှာမထင်မရှားအသွင်လေးနှင့်သီတင်းသုံးနေကြရသောအဖြစ်မျိုးတွေကလည်းအချို့အိမ်တွေမှာရှိနေဆဲဖြစ်သည်။




 
မြန်မာပြည်အနှံ့ဟိုဟိုသည်သည်ကြည့်ပြန်တော့လည်းနတ်ပွဲတွေကနားပွဲတွေသည်ရပ်ကွက်တွေရပ်ရွာတွေထဲမှာခြိမ့်ခြိမ့်ညံနေဆဲ။ဤအခြေအနေတွေကိုတွေ့နေရမြင်နေရတော့လည်းစူးစမ်းတတ်၊ဆင်ခြင်တတ်၊စဉ်းစားတတ်ကြသောနိုင်ငံခြားသားတွေစဉ်းစားကြသည်မှာဆန်းတော့မဆန်းလှတော့ပါဟုသာဆိုရပေတော့မည်ဦးဇင်းသည်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကိုအမေးခံရပြီးသည့်နောက်ပိုင်းမှာဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုဆိုင်ရာဘာသာရေးပြဿနာတွေကိုအတော်လေးစိတ်ဝင်စားလာသည်။နတ်ကိုးကွယ်ခြင်းဆိုင်ရာကိစ္စတွေကိုလည်းမကြာမကြာစဉ်းစား
 ကြည့်မိသည် 
နတ်ကိုးကွယ်မှုဆိုတာအယူမှားလမ်းမှားများသို့လိုက်မှားတတ်ပြီးပစ္စုပ္ပန်သံသရာမှာအကျိုးကျေးဇူးမဲ့မှုများကိုဖြစ်စေနိုင်သည်ဆိုသည့်ပညာရှိသူတော်မွန်တွေဆုံးမစကားများကိုလည်းအမှတ်ရနေမိပြန်သည်။သည်လိုအခြေအနေတွေအကြောင်းကြောင်းတွေကြောင့်ဦးဇင်းသည်နတ်ကိုးကွယ်မှုနှင့်ပတ်သက်ပြီးဗုဒ္ဓစာပေကျမ်းဂန်များတွင်ဘယ်ပုံဘယ်နည်းဖြင့်ရှင်းလင်းဖော်ပြထားသည်ဆိုသည်ကိုပြန်၍လေ့လာရပြန်သည်ဘာသာရေးနယ်ပယ်တွင်ယုံကြည်မှုဆိုင်ရာနှင့်ပတ်သက်ပြီးသိမ်မွေ့လှသောဒီဆောင်းပါးမျိုးကို
 
ရေးရပြီဆိုလျှင်အချို့ကဤကဲ့သို့သောမေးခွန်းမျိုးများကိုလည်းမေးလာနိုင်ပါသည်(မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲနတ်ဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲ)စသောမေးခွန်းမျိုးတွေဖြစ်သည်။အမေးရှိလျှင်တော့အဖြေကလည်းရှိစမြဲပင်ဦးဇင်း၏အဖြေကတော့(ဦးဇင်းမသိပါ)ဟူ၍သာဖြစ်လိမ့်မည်။




ဦးဇင်းဒီဆောင်းပါးကိုရေးသားရခြင်း၏အဓိကရည်ရွယ်ချက်မှာဗုဒ္ဓဘာသာဝင်ဦးရေကဘယ်လောက်


နတ်ဘာသာဝင်ဦးရေကဘယ်လောက်ရှိသလဲဆိုတာကိုစာရင်းကောက်ရန်မဟုတ်ပါ။အချိန်လည်းမပေးနိုင်ပါသို့သော်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ပတ်သက်ပြီးအဖြူအမည်းသဲကွဲအောင်ဦးဇင်းအစီအစဉ်လေးတစ်ခုကိုတော့ပြုထားတာရှိပါသည်၎င်းအစီအစဉ်ကတော့ဦးဇင်းရေးသားထားသောဒီဆောင်းပါးကိုဖတ်ရှုလေ့လာပြီးသောအခါစာဖတ်သူကိုယ်တိုင်ပင်ငါသည်ဗုဒ္ဓဘာသာတရားကိုလေးလေးစားစားးမြတ်မြတ်နိုးနိုးနက်နက်ရှိုင်းရှိုင်းဖြင့်ကိုးကွယ်နေသူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ်တိုင်ပဲထုတ်ဖော်ပြောကြားလာနိုင်မည့်အစီအစဉ်လေးတစ်ခုပင်ဖြစ်သည်။၎င်းအစီအစဉ်သည်စာဖတ်သူနေလိုသောဘက်မှာနေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်အားနာစရာမလိုပါရိုးသားပွင့်လင်းစွာဖြင့်အရှိကိုအရှိအတိုင်းအမှန်ကိုအမှန်အတိုင်းထုတ်ဖော်ပြောကြားရန်သာဖြစ်သည်မှန်မှန်ကန်ကန်ပြောရဲဆိုရဲသောသတ္တိမျိုးရှိဖို့တော့လိုအပ်ပါသည်မိမိကိုယ်ကိုမိမိဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ့်ကိုယ်ကိုသိနိုင်ရန်စံထားပြီးလေ့လာရမည့်မှတ်ကျောက်တစ်ခုမှာဒီလိုပါ။


(၁)သရဏဂုံသုံးပါး(ဘုရားတရားသံဃာရတနာသုံပါး)ကိုမိမိ၏နှလုံးသားမှာတည်ထားပြီးသူဟုတ်မဟုတ်စဉ်းစားဖို့ပါ။


(၂)ငါးပါးသီလမြဲမှု၊ကံ,ကံ၏အကျိုးတရားများကိုလေးလေးစားစားမြတ်မြတ်နိုးနိုးဖြင့်လက်ခံထားသူသို့မဟုတ်
 ခံယူထားသူ ဟုတ်မဟုတ်ပါ ။

(၃)ရတနာသုံးပါးမှတစ်ပါးကိုးကွယ်ရာမရှိသူ(သို့မဟုတ်)ရတနာသုံးပါးမှတစ်ပါးနောက်ထပ်ကိုးကွယ်ရာကိုရှာနေသူဟုတ်မဟုတ်ဒီသုံးမျီုးကိုအခြေခံထား၍မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ကြည့်မယ်ဆိုပါကစာဖတ်သူများကိုယ်တိုင်ပင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်
 ဟုတ်မဟုတ်အဖြေပေးနိုင်လာပါလိမ့်မည်မဟုတ်ပါလား။

(အချို့ကလည်းသရဏဂုံတည်ထားပြီးသူတစ်ယောက်သည်ကြောက်၍ဖြစ်စေခြောက်၍ဖြစ်စေလာဘ်လာဘကြောင့်ဖြစ်စေမိရိုးဖလာဓလေ့ထုံးစံကိုမပယ်နိုင်သောကြောင့်ဖြစ်စေဤအကြောင်းများအားလုံးကြောင့်ဖြစ်စေသို့မဟုတ်ဤအကြောင်းတစ်ခုခု
 
ကြောင့်ဖြစ်စေနတ်ကို(နတ်များကို)ကိုးကွယ်နေလျှင်သရဏဂုံမပျက်နိုင်ဟုဆိုလိုချင်ကြပေသည်။




သို့သော်အထက်မှာဖော်ပြပြီးဖြစ်သောဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ပြိးမိမိကိုယ်ကိုစစ်ဆေးရာတွင်ခြွင်းချက်ထား၍စစ်ဆေးတာမျိုးကိုဦးဇင်း၏ဆန္ဒအရပြောရလျှင်တော့မဖြစ်သင့်ပါဟူ၍။ဖြူစင်သန့်ရှင်းပြီးစစ်မှန်သောထေရ၀ါဒတရားတော်များကိုအမည်းစက်တွေစွန်းထင်းအောင်အများဆုံးပြုလုပ်နေကြသူများသည်နတ်တွေကိုခုတုံးလုပ်ပြီးကိုယ်ကျိုးကိုယ့်စီးပွားရှာနေသောသူတွေ
 
ဖြစ်သည်အများရဲ့ကိုးကွယ်မှုအခွင့်အရေးကတစ်နည်းတစ်လမ်းဖြင့်ဖြားယောင်းသွေးဆောင်ပြီးကိုယ်ကျိုးကိုယ့်စီးပွားကိုရှာနေကြသောပုဂ္ဂိုလ်များထဲတွင်နတ်ဝင်သည်တွေနှင့်ဘိုးတော်ဘွားတော်ဆိုသူများသည်ရှေတန်းမှပါဝင်နေသည်ထိုသူတွေအတွက်မေးခွန်းထုတ်စရာအချက်အလက်တွေတင်ပြရန်အချက်အလက်တွေများပြားလှသော်လည်းမေးခွန်းထုတ်၍ဖြေကြားရန်ဆွေးနွေးရန်ဒီဆောင်းပါးတွင်အချိန်မပေးနိုင်သောကြောင့်ဤဆောင်းပါးအတွက်အဓိကတင်ပြလိုသောမိရိုးဖလာနတ်ကိုးကွယ်မှုနှင့်စပ်လျဉ်းသောမေးခွန်းတစ်ခုကိုသာထုတ်၍တင်ပြလိုပါသည်။အဘယ်ကြောင့်လူသားတွေ(ဗုဒ္ဓဘာသာဝင်တွေ)နတ်တွေကိုကိုးကွယ်ရာအဖြစ်သတ်မှတ်၍ကိုးကွယ်ပူဇော်ပသနေကြသနည်း။ဒီမေးခွန်းသည်ဤဆောင်းပါးအတွက်အရေးကြီးသောအဓိကသော့ချက်ဖြစ်သည်။ဤနေရာတွင်အထူးပြုပြောကြားလိုသည်မှာဒီဆောင်းပါးသည်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ဆက်စပ်သောအကြောင်းအရာများကိုသာအထူးပြုတင်ပြပါမည်။အောက်ဖော်ပြပါအချက်အလက်များသည်နတ်များကိုကိုးကွယ်ရခြင်း၏အဓိကကျသောအခြေခံအကြောင်းတရားများ
 ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။



နတ်ကိုးကွယ်ခြင်း၏ အခြေခံအကြောင်းတရား ( ၅ ) ပါး...

(၁)ကြောက်၍ကိုးကွယ်ခြင်း...

(၂)လာဘ်လာဘကိုငဲ့၍ကိုးကွယ်ခြင်း...

(၃)အားကိုးအားထားပြုလို၍ကိုးကွယ်ခြင်း.....

(၄)မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ကိုးကွယ်ခြင်း...

(၅)မသိနားမလည်ခြင်းအယူလွဲမှားခြင်းတို့ကြောင့်ကိုးကွယ်ခြင်းဟူ၍နတ်ကိုးကွယ်ခြင်းဆိုင်ရာအခြေခံအကြောင်းတရားငါးပါးကို
 
တွေ့ရပါသည်။သင်သည်ဘယ်လိုဘာသာကိုကိုးကွယ်သူဖြစ်နေသနည်းသင်ကိုသင်ပြန်သုံးသပ်ပြီးရဲရဲဝံ့ဝံ့ဝန်ခံလိုက်ပါငါသည်မည်သည့်ဘာသာကိုးကွယ်သူဖြစ်နေသည်ဟူ၍ဗုဒ္ဓဘာသာအစစ်ကိုကိုးကွယ်သူများဖြစ်နိုင်အောင်ကြီုးစားအားထုပ်နိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါ၏..။
 အရှင်မုနိန္ဒ(ပန်းထော်)M.A waiting for PhD ဗုဒ္ဓဂယာ မာဂဓတက္ကသိုလ်
(ဗုဒ္ဓဘာသာကိုးကွယ်သူ နှင့် ဗုဒ္ဓဘာသာအမည်ခံနတ်ကိုးကွယ်သူဘယ်
ကများနေပြီလဲ?)

ဦးဇင်းသည် ဗုဒ္ဓဘာသာဝင်မိသားစုမှ ပေါက်ဖွားလာသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော် မိရိုးဖ...လာဓလေ့ထုံးစံများကိုမူ လွယ်လွယ်နှင့် ခံယူတတ်သော ဗုဒ္ဓဘာသာဝင်မျိုး တော့ မဟုတ်ပါ ။ ဦးဇင်းသည်ဗုဒ္ဓတရားတော်များ၏နက်ရှိုင်းပုံလေးနက်ပုံနှင့်သိမ်မွေ့လှပုံတို့ကို လေးလေးနက်နက်
လေ့လာထားပြီးဖြစ်သော်လည်းဗုဒ္ဓဘာသာဝင်တို့၏လူနေမှုစရိုက်ဓလေ့ထုံးစံနှင့်နတ်ကိုးကွယ်မှုဆိုင်ရာတို့ကိုမူလေးလေးနက်နက်မလေ့လာမိခဲ့မသီရှိခဲ့၊မစဉ်းစားမိခဲ့ဖူးပါပိုမိုတိကျအောင်ပြောရလျှင်ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်မှုအပိုင်း၏အုတ်ရောရောကျောက်ရောရောဖြစ်နေသောနတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများကိုသတိမမူမိခဲ့ပါစိတ်လည်းမ၀င်စားခဲ့ပါဦးဇင်းတို့ရခိုင်ဘက်မှာလည်းနတ်ကိုးကွယ်တာတွေမရှိပါဗမာပြည်ရောက်မှာနတ်ကိုးကွယ်တာသိရပါတယ်ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကိုမမျှော်လင့်ပဲအမေးခံရတော့မှဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းတို့သည်အခြားဘာသာဝင်တို့၏အမြင်မှာတော့ရောထွေးယှက်တင်နေသယောင်ရှိနေတာပဲဟုသတိပြုမိကာဒီဆောင်းပါးကို ရေးသားရန်ဆန္ဒများ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။တစ်ချို့နိုင်ငံခြားသားများသည်ထေရ၀ါဒတရားတော်၏ဂုဏ်ကျေးဇူးများကြောင့်ဗုဒ္ဓဘာသာတရားတော်များကိုမြတ်နိုးကြည်ညိုလာကြပြီးထေရ၀ါဒသာသနာနှင့်ဆက်စပ်လာလျှင်စံထားလောက်သောမြန်မာနိုင်ငံတော်ကြီးဆီသို့မရောက်ရောက်အောင်ယုံကြည်ချက် ဖြင့်ကြိုးစားပြီးလာခဲ့ကြသူတွေ ဖြစ်သည်။
ထိုအခါဗုဒ္ဓဘာသာဝင်များသည်ပင်သတိမမူဖြစ်နေခဲ့သောဗုဒ္ဓဘာသာတရားနှင့်နတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများရောထွေးယှက်တင်နေသည်ကိုသူတို့တွေမြင်သွားကြတော့သည်ဗုဒ္ဓဘာသာဝင်ဆိုသူတို့ဘုရားပွဲအတွက်ပြင်ဆင်ထားသောအချို၊အဆိမ့်များငှက်ပျောပွဲအုန်းပွဲနှင့်နတ်တွေအတွက်ပြင်ဆင်ထားသောငှက်ပျောအုန်းပွဲများအပြင်ချိတ်ဆွဲထားသောနတ်အုန်းသီးများကိုပါ တွေ့ကြရ၊မြင်ကြရ သောအခါ ထေရ၀ါဒဗုဒ္ဓဘာသာတရားတော်များအပေါ်မှာသံသယစိတ်တွေဝင်လာကြသည်။သူတို့မှာ ဖြစ်နေသောသံသယစိတ်တွေကတော့အများကြီးပင်၎င်းတို့အထဲမှထင်ရှားတာတစ်ခုကို ထုတ်ပြရလျှင်ဘုရားတရားသံဃာရတနာသုံးပါးကိုကိုးကွယ်နေကြသောဗုဒ္ဓဘာသာဝင်တို့သည် နတ်တွေကိုဘုရားနှင့်တန်းတူရည်တူထား၍အိမ်တွင်းမှာကိုးကွယ်ပူဇော်ပသနေခြင်းလော၊သို့မဟုတ် ဘယ်လိုလဲဘုရားကို ကိုးကွယ် ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍ နတ်တွေကိုကိုးကွယ်ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍဤကဏ္ဍ နှစ်ခုဘယ်လိုခြားနားနေပါသလဲဤကဲ့သို့သောသံသယစိတ်တွေသူတို့မှာ ဖြစ်နေသည်နိုင်ငံခြားသားတွေကဗုဒ္ဓဘာသာဝင်တွေရဲ့အပေါ်မှာဘာသာတရားကိုကိုးကွယ်မှုခံယူမှုတွေနှင့်ပတ်သက်ပြီးသံသယစိတ်တွေဖြစ်မည်ဆိုလျှင်လည်းဖြစ်လောက်စရာပင်မဟုပ်ပါလားအချို့ဗုဒ္ဓဘာသာဝင်ဆိုသူတို့သည်အိမ်မှာဘုရားအတွက်ပူဇော်ထားသောငှက်ပျောပွဲအုန်းပွဲတွေကိုသာအညှိုးခံချင်ခံမည်နတ်တွေအတွက်ပူဇော်ပသထားသောငှက်ပျောပွဲ၊အုန်းပွဲမျိုးတွေအတွက်ပူဇော်ပသထားသောငှက်ပျောပွဲအုန်းပွဲမျိုးတွေကိုတော့ဘယ်သောအခါမှအညှိုးမခံအမြဲတမ်းပဲအသစ်သစ်တွေနဲ့လဲလှယ်ပူဇော်ပေးနေကြသည်သေးကွေးလှသောဘုရားရုပ်ပွားတော်လေးများသည်ခန့်ညားထည်ဝါလှသောနတ်ရုပ်တွေအနားမှာမထင်မရှားအသွင်လေးနှင့်သီတင်းသုံးနေကြရသောအဖြစ်မျိုးတွေကလည်းအချို့အိမ်တွေမှာရှိနေဆဲဖြစ်သည်။

မြန်မာပြည်အနှံ့ဟိုဟိုသည်သည်ကြည့်ပြန်တော့လည်းနတ်ပွဲတွေကနားပွဲတွေသည်ရပ်ကွက်တွေရပ်ရွာတွေထဲမှာခြိမ့်ခြိမ့်ညံနေဆဲ။ဤအခြေအနေတွေကိုတွေ့နေရမြင်နေရတော့လည်းစူးစမ်းတတ်၊ဆင်ခြင်တတ်၊စဉ်းစားတတ်ကြသောနိုင်ငံခြားသားတွေစဉ်းစားကြသည်မှာဆန်းတော့မဆန်းလှတော့ပါဟုသာဆိုရပေတော့မည်ဦးဇင်းသည်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကိုအမေးခံရပြီးသည့်နောက်ပိုင်းမှာဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုဆိုင်ရာဘာသာရေးပြဿနာတွေကိုအတော်လေးစိတ်ဝင်စားလာသည်။နတ်ကိုးကွယ်ခြင်းဆိုင်ရာကိစ္စတွေကိုလည်းမကြာမကြာစဉ်းစား ကြည့်မိသည် နတ်ကိုးကွယ်မှုဆိုတာအယူမှားလမ်းမှားများသို့လိုက်မှားတတ်ပြီးပစ္စုပ္ပန်သံသရာမှာအကျိုးကျေးဇူးမဲ့မှုများကိုဖြစ်စေနိုင်သည်ဆိုသည့်ပညာရှိသူတော်မွန်တွေဆုံးမစကားများကိုလည်းအမှတ်ရနေမိပြန်သည်။သည်လိုအခြေအနေတွေအကြောင်းကြောင်းတွေကြောင့်ဦးဇင်းသည်နတ်ကိုးကွယ်မှုနှင့်ပတ်သက်ပြီးဗုဒ္ဓစာပေကျမ်းဂန်များတွင်ဘယ်ပုံဘယ်နည်းဖြင့်ရှင်းလင်းဖော်ပြထားသည်ဆိုသည်ကိုပြန်၍လေ့လာရပြန်သည်ဘာသာရေးနယ်ပယ်တွင်ယုံကြည်မှုဆိုင်ရာနှင့်ပတ်သက်ပြီးသိမ်မွေ့လှသောဒီဆောင်းပါးမျိုးကို ရေးရပြီဆိုလျှင်အချို့ကဤကဲ့သို့သောမေးခွန်းမျိုးများကိုလည်းမေးလာနိုင်ပါသည်(မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲနတ်ဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲ)စသောမေးခွန်းမျိုးတွေဖြစ်သည်။အမေးရှိလျှင်တော့အဖြေကလည်းရှိစမြဲပင်ဦးဇင်း၏အဖြေကတော့(ဦးဇင်းမသိပါ)ဟူ၍သာဖြစ်လိမ့်မည်။

ဦးဇင်းဒီဆောင်းပါးကိုရေးသားရခြင်း၏အဓိကရည်ရွယ်ချက်မှာဗုဒ္ဓဘာသာဝင်ဦးရေကဘယ်လောက်
နတ်ဘာသာဝင်ဦးရေကဘယ်လောက်ရှိသလဲဆိုတာကိုစာရင်းကောက်ရန်မဟုတ်ပါ။အချိန်လည်းမပေးနိုင်ပါသို့သော်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ပတ်သက်ပြီးအဖြူအမည်းသဲကွဲအောင်ဦးဇင်းအစီအစဉ်လေးတစ်ခုကိုတော့ပြုထားတာရှိပါသည်၎င်းအစီအစဉ်ကတော့ဦးဇင်းရေးသားထားသောဒီဆောင်းပါးကိုဖတ်ရှုလေ့လာပြီးသောအခါစာဖတ်သူကိုယ်တိုင်ပင်ငါသည်ဗုဒ္ဓဘာသာတရားကိုလေးလေးစားစားးမြတ်မြတ်နိုးနိုးနက်နက်ရှိုင်းရှိုင်းဖြင့်ကိုးကွယ်နေသူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ်တိုင်ပဲထုတ်ဖော်ပြောကြားလာနိုင်မည့်အစီအစဉ်လေးတစ်ခုပင်ဖြစ်သည်။၎င်းအစီအစဉ်သည်စာဖတ်သူနေလိုသောဘက်မှာနေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်အားနာစရာမလိုပါရိုးသားပွင့်လင်းစွာဖြင့်အရှိကိုအရှိအတိုင်းအမှန်ကိုအမှန်အတိုင်းထုတ်ဖော်ပြောကြားရန်သာဖြစ်သည်မှန်မှန်ကန်ကန်ပြောရဲဆိုရဲသောသတ္တိမျိုးရှိဖို့တော့လိုအပ်ပါသည်မိမိကိုယ်ကိုမိမိဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ့်ကိုယ်ကိုသိနိုင်ရန်စံထားပြီးလေ့လာရမည့်မှတ်ကျောက်တစ်ခုမှာဒီလိုပါ။
(၁)သရဏဂုံသုံးပါး(ဘုရားတရားသံဃာရတနာသုံပါး)ကိုမိမိ၏နှလုံးသားမှာတည်ထားပြီးသူဟုတ်မဟုတ်စဉ်းစားဖို့ပါ။
(၂)ငါးပါးသီလမြဲမှု၊ကံ,ကံ၏အကျိုးတရားများကိုလေးလေးစားစားမြတ်မြတ်နိုးနိုးဖြင့်လက်ခံထားသူသို့မဟုတ် ခံယူထားသူ ဟုတ်မဟုတ်ပါ ။
(၃)ရတနာသုံးပါးမှတစ်ပါးကိုးကွယ်ရာမရှိသူ(သို့မဟုတ်)ရတနာသုံးပါးမှတစ်ပါးနောက်ထပ်ကိုးကွယ်ရာကိုရှာနေသူဟုတ်မဟုတ်ဒီသုံးမျီုးကိုအခြေခံထား၍မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ကြည့်မယ်ဆိုပါကစာဖတ်သူများကိုယ်တိုင်ပင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဟုတ်မဟုတ်အဖြေပေးနိုင်လာပါလိမ့်မည်မဟုတ်ပါလား။
(အချို့ကလည်းသရဏဂုံတည်ထားပြီးသူတစ်ယောက်သည်ကြောက်၍ဖြစ်စေခြောက်၍ဖြစ်စေလာဘ်လာဘကြောင့်ဖြစ်စေမိရိုးဖလာဓလေ့ထုံးစံကိုမပယ်နိုင်သောကြောင့်ဖြစ်စေဤအကြောင်းများအားလုံးကြောင့်ဖြစ်စေသို့မဟုတ်ဤအကြောင်းတစ်ခုခု ကြောင့်ဖြစ်စေနတ်ကို(နတ်များကို)ကိုးကွယ်နေလျှင်သရဏဂုံမပျက်နိုင်ဟုဆိုလိုချင်ကြပေသည်။

သို့သော်အထက်မှာဖော်ပြပြီးဖြစ်သောဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ပြိးမိမိကိုယ်ကိုစစ်ဆေးရာတွင်ခြွင်းချက်ထား၍စစ်ဆေးတာမျိုးကိုဦးဇင်း၏ဆန္ဒအရပြောရလျှင်တော့မဖြစ်သင့်ပါဟူ၍။ဖြူစင်သန့်ရှင်းပြီးစစ်မှန်သောထေရ၀ါဒတရားတော်များကိုအမည်းစက်တွေစွန်းထင်းအောင်အများဆုံးပြုလုပ်နေကြသူများသည်နတ်တွေကိုခုတုံးလုပ်ပြီးကိုယ်ကျိုးကိုယ့်စီးပွားရှာနေသောသူတွေ ဖြစ်သည်အများရဲ့ကိုးကွယ်မှုအခွင့်အရေးကတစ်နည်းတစ်လမ်းဖြင့်ဖြားယောင်းသွေးဆောင်ပြီးကိုယ်ကျိုးကိုယ့်စီးပွားကိုရှာနေကြသောပုဂ္ဂိုလ်များထဲတွင်နတ်ဝင်သည်တွေနှင့်ဘိုးတော်ဘွားတော်ဆိုသူများသည်ရှေတန်းမှပါဝင်နေသည်ထိုသူတွေအတွက်မေးခွန်းထုတ်စရာအချက်အလက်တွေတင်ပြရန်အချက်အလက်တွေများပြားလှသော်လည်းမေးခွန်းထုတ်၍ဖြေကြားရန်ဆွေးနွေးရန်ဒီဆောင်းပါးတွင်အချိန်မပေးနိုင်သောကြောင့်ဤဆောင်းပါးအတွက်အဓိကတင်ပြလိုသောမိရိုးဖလာနတ်ကိုးကွယ်မှုနှင့်စပ်လျဉ်းသောမေးခွန်းတစ်ခုကိုသာထုတ်၍တင်ပြလိုပါသည်။အဘယ်ကြောင့်လူသားတွေ(ဗုဒ္ဓဘာသာဝင်တွေ)နတ်တွေကိုကိုးကွယ်ရာအဖြစ်သတ်မှတ်၍ကိုးကွယ်ပူဇော်ပသနေကြသနည်း။ဒီမေးခွန်းသည်ဤဆောင်းပါးအတွက်အရေးကြီးသောအဓိကသော့ချက်ဖြစ်သည်။ဤနေရာတွင်အထူးပြုပြောကြားလိုသည်မှာဒီဆောင်းပါးသည်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ဆက်စပ်သောအကြောင်းအရာများကိုသာအထူးပြုတင်ပြပါမည်။အောက်ဖော်ပြပါအချက်အလက်များသည်နတ်များကိုကိုးကွယ်ရခြင်း၏အဓိကကျသောအခြေခံအကြောင်းတရားများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

နတ်ကိုးကွယ်ခြင်း၏ အခြေခံအကြောင်းတရား ( ၅ ) ပါး...
(၁)ကြောက်၍ကိုးကွယ်ခြင်း...
(၂)လာဘ်လာဘကိုငဲ့၍ကိုးကွယ်ခြင်း...
(၃)အားကိုးအားထားပြုလို၍ကိုးကွယ်ခြင်း.....
(၄)မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ကိုးကွယ်ခြင်း...
(၅)မသိနားမလည်ခြင်းအယူလွဲမှားခြင်းတို့ကြောင့်ကိုးကွယ်ခြင်းဟူ၍နတ်ကိုးကွယ်ခြင်းဆိုင်ရာအခြေခံအကြောင်းတရားငါးပါးကို တွေ့ရပါသည်။သင်သည်ဘယ်လိုဘာသာကိုကိုးကွယ်သူဖြစ်နေသနည်းသင်ကိုသင်ပြန်သုံးသပ်ပြီးရဲရဲဝံ့ဝံ့ဝန်ခံလိုက်ပါငါသည်မည်သည့်ဘာသာကိုးကွယ်သူဖြစ်နေသည်ဟူ၍ဗုဒ္ဓဘာသာအစစ်ကိုကိုးကွယ်သူများဖြစ်နိုင်အောင်ကြီုးစားအားထုပ်နိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါ၏..။ 
 
အရှင်မုနိန္ဒ(ပန်းထော်)M.A waiting for PhD ဗုဒ္ဓဂယာ မာဂဓတက္ကသိုလ်

No comments:

Post a Comment