Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, April 14, 2013

မိတ္ထီလာပြဿနာဟာ "၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်" (ဦးဝီရသူ)

မိတ္ထီလာပြဿနာဟာ "၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ 
အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်" 
(ဦးဝီရသူ)

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX





ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း





Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ 
တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို 
မှတ်ချက်ပေးချင်ပါသလဲ။



ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ 
ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ 
အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ 
လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ 
မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ 
မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ 
နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း 
ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ 
ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ 
သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ 
ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ 
မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ 
ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ 
အာမခံရဲတယ်။

၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် 
မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး 
ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို 
မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ 
ခံစားမိပါတယ်။



"၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် 
ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်"



Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း 
သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။



ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် 
တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ 
ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ 
မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ 
လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က 
သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း 
ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ 
ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - 
မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို 
မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ 
နည်းဗျူဟာတွေပါ။



Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် 
ရုပ်သိမ်းဖို့ ရှိပါသလား။



ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ 
သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ 
လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို 
တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို 
သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ 
လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို 
ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။



Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ 
ဘယ်လိုလုပ်ဖို့ရှိပါသလဲ။



ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ 
သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် 
ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ 
ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our 
Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ 
ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ 
ရပ်တန့်ပေးပါ့မယ်။



Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ 
ရှင်းပြပေးပါဘုရား။



ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား 
ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ 
ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ 
စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ 
ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ 
သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ 
ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု 
စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက 
သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ 
ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး 
ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။

(အသောက အသောက အသောက အကောက်မှကူးယူဖော်ပြပါသည်) 

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX


ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း
...

Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။
၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။

"၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်"

Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။

ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။

ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။

Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။

Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။

ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။

(အသောက အသောက အသောက အကောက်မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment