Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, April 23, 2013

"ကျင့်သုံးလိုက်နာဖွယ် ဘာသာရေး လူမျိးရေး စကားစုများ"


******************************************
မိစ္ဆာဒိဋ္ဌိ ယူဘိတိမ်းစောင်း သူအပေါင်းကား အကြောင်းမရှု မကောင်းမှုကို မပြုဟူသည် တစ်မည်မရှိ ပြုသည် ဘိကြောင့်၊ ဝီစိအထဲ ငရဲဘဝ ယေဘုယျဖြင့် မထနိုင်ပြီ၊ ပထဝီဂေါပက ဟူထတုံဘိ သုဂတိမျှ မသိဝေးကွာ လူနတ်ရွာနှင့် ဖီလာကွယ်ထောင့် မြေစောင့်ဝဋ်ငုတ် မပြုတ်နိုင်စွာ... ငရဲရွာဝယ် မီးစာဖြစ်လျက် ကမ္ဘာပျက်လည်း စကြဝဠာတစ်ပါး ပြောင်းသွားခံရ မလွတ်ကြတည့် နိယမိစ္ဆာ ပြစ်ကြီးစွာ၏ ကမ္ဘာသာကြေ ကံမကြေဘူး။
(မဃဒေဝ)

ကြာလေနာလေ
ရှေးခေတ်က ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိသွားတယ်။ ”စစ်မြေပြင်မှာ မြန်မာဗုဒ္ဓ ဘာသာ သားကောင်း ၅၀၀ ကျဆုံးခဲ့ပါလျှင် ဝမ်းနည်းဖို့ အလွန်ကောင်းပေမယ့် မြန်မာမိခင် ၅၀၀-က ထပ်ပြီး သားကောင်း ၅၀၀- ကိုထပ်ပြီး မွေးပေးနိုင်ပါသေးတယ်။ ဒါပေမယ့် မြန်မာအမျိုးသမီး ၅၀၀- လင်ယူမှားရင်တော့ နောင်လာလတ္တံ့သော အနာဂတ် ကာလမှာ တိုင်းပြည်အတွက် ကြာလေ နာလေနဲ့ ရောဂါဆိုးကြီး တစ်ခု စွဲကပ်သလို ခံစားရတာပါပဲ“ ဟုတဲ့။လူဦးရေနဲ့ ဝါးမျိုပစ်လိုက်လို့ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်ရတဲ့ နိုင်ငံတွေ အမြောက်အများရှိနေတယ်။ (တက္ကသိုလ်သောတုဇန- ဓမ္မရံသီ)

အိမ်ထောင်ပြု စည်းမျဉ်းဥပဒေ
ဘာသာခြားတွေမှာ အိမ်ထောင်ပြု စည်းမျဉ်းဥပဒေတွေရှိနေတယ်။ နိုင်ငံတော် ဥပဒေမှာလည်း ထည့်သွင်းထား တယ်။ဗုဒ္ဓ ဘာသာမှာတော့ ဒီလိုဥပဒေမရှိဘူးဖြစ်နေတယ်။ ဘယ်ဘာသာနဲ့မဆို လက်ထပ်နေတာ တွေ့ရနေ ရတယ်။ဗုဒ္ဓဘာသာဝင်တွေမှာ အိမ်ထောင်ကျမှု၊ လက်ထပ်မှုနဲ့ ပတ် သတ်လို့ ဘာသာခြားလို ဥပဒေမရှိဘူး။ ဒီလိုစည်းမျဉ်းဥပဒေ မရှိတာဟာ မကောင်းဘူး။ ရှိသင့် တယ်။တန်းတူ ရည်တူပေါ့။ ဒါမှ လူမျိုးနဲ့ ဘာသာ မတိမ်ကောမှာပေါ့။
(တက္ကသိုလ်စောဘုန်း ဓမ္မရံသီ)

တရားများများနာ ဘာသာရေးစာပေ များများဖတ်
မူလပဏ္ဏာသ (၃၆၈ ဋ္ဌ-၂-၂၄၆) “တရားနာရမှု ကင်းလျှင် (ဗုဒ္ဓ ပစ္စေကဗုဒ္ဓမှ တစ်ပါး)” မည်သူမျှ သမ္မာဒိဋ္ဌိ အမြင်မှန်သူ အယူမှန်သူ မဖြစ်ဟု ပြဆိုထားသည်။
ထိုအချက်ကို ထောက်ဆ၍ ပြောရလျှင် “ယခုအခါ၌ တရားမနာ ဗုဒ္ဓစာပေ မဖတ်ဘဲ မည်သူမျှ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် မဖြစ်နိုင်ပါ”ဟု ဆိုရပေမည်။
အခြားသော ဘာသာဝင်တို့သည် သူတို့ ဘုရားတစ်မျိုးကိုသာ ကိုးကွယ်ကြသည်။ဘာကြောင့်နည်း စာဖတ် ကြလို့ ဖြစ်တယ်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာမှာ ဘာသာရေးစာအုပ်တို့ များစွာရှိသော်လည်း စာဖတ်သူ နည်းပါသည်။ စာမဖတ်သဖြင့် စဉ်းစားဆင်ခြင်နိုင်မှု နည်းနေကြသည်။အခြေခံမခိုင်ဖြစ်နေကြသည်။ ထို့ကြောင့် “ဗုဒ္ဓဘာသာဝင်တို့ စာဖတ်ကြစေလိုသည်။ တရားများများနာစေလိုပါသည်။”(ဘိုကလေး --အရှင်ပဏ္ဍိတ ဓမ္မရံသီ)

သည်းခံခြင်း အရှုံးပေးခြင်း
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ကိုယ့်လူမျိုးကို ချစ်မြတ်နိုးသည်ဟု ဟစ်ကြွေးနေလင့်ကစား ကိုယ့်လူမျိုး ထဲ လူမျိုးခြားသွေး လာနှောသည်ကို ခွင့်လွှတ်နေကြသည်။ ကြည်ဖြူနေကြသည်။
မြတ်စွာဘုရားရှင်က အမှန်တရားကို သွေဖည်လာပါက ခေါင်းငုံ့သည်းခံနေကြရန် မဟောခဲ့ပါ။ အမှန်တရား ကို အမှန်တရားအတိုင်း ဖြေရှင်းကာကွယ်ဖို့ရန် ဗြဟ္မဇာလသုတ္တန်မှာ ဟောထားခဲ့ပါတယ်။သည်းခံထိုက် သော အရာတွင် သည်းခံခြင်းနှင့် ကြောက်သဖြင့် အရှုံးပေးခြင်းကိုလည်း ခွဲခြားနားလည် တတ်စေလိုပါ သည်။(ဖိုးဥာဏ(ငဖဲ) ဓမ္မရံသီ)

အားကိုးရာ
မိမိက ကြောက်ရွံ့၍ အားကိုးပါမှ မိမိကိုယ်မိမိ အားကိုး ရမည်ဆိုသောအခါ အင်တင်တင်ဖြစ်လာသည်။ သဘောမကျတော့ပေ။ သက်သက်သာသာ နေချင်သော လူ့သဘာဝအရ မိမိ၏ ကိုယ်အား ဥာဏ်အားကို မစိုက်ရဘဲ တန်ခိုးရှင် ဖန်ဆင်းရှင်ကို အားကိုးချင်သော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မှားသော အယူ မှားသောအကျင့်တို့ကို လွယ်လွယ်ကူကူ လက်ခံကြတော့သည်။ ဤကဲ့သို့ အယူမှားတွေ များလာသောအခါ လူညီ၍ “ဤ”ကိုပင် ကျွဲ-ဟုဖတ်ကြသကဲ့သို့ အမှန်ပြုလုပ်၍ လက်ခံနေကြပေတော့ သည်။( ဥာဏ်လင်း- ဓမ္မရံသီ)

အန္တရာယ်ကင်း
အန္တရာယ်ကင်းတယ် ဘေးရန်လုံတယ်ဆိုတာ လူရဲ့ ကာယကံ ဝစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါးအပေါ်မှာသာ တည်နေတယ်ဆိုတာ ထင်ရှားအားကောင်းလှတဲ့ အမှန်တရားတစ်ရပ် ဖြစ်ပါတယ်။(မင်းနန် မော်ကျွန်း)

(ဆက်လက်ရေးသားပါဦးမည်။)

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

Post a Comment