Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Sunday, April 28, 2013
ပြည်တွင်းဖြစ်နတ်များ ကိုးကွယ်မှု့ နှင့် ဘိုးတော် မယ်တော် ကိုးကွယ်မှု့ 
ပြည်တွင်းဖြစ်နတ်များ ကိုးကွယ်မှု
မြန်မာတို့သည် အိန္ဒိယနိုင်ငံဖြစ် နတ်များကို ကူးယူ ကိုးကွယ်ခဲ့ကြသကဲ့သို့ မိမိတို့ ပြည်တွင်း၌လည်း နတ်သစ်များကို မွေးထုတ်၍ ကိုးကွယ်ခဲ့ကြပါသည်။ မဟာဂိရိခေါ် အိမ်တွင်း နတ်နှင့် အပေါင်းပါ ၇-ဦး နတ်အုပ်စုသည် မြန်မာတို့ ရှေးဦး တီထွင် ကိုးကွယ်ခဲ့သော နတ်များ ဖြစ်ပေသည်။မြန်မာတို့သည် ပုဂံခေတ်တွင် နတ်သစ်များကို ဆက်လက် ဖော်ထုတ်ခဲ့ရာ ပုဂံခေတ် ကုန်ချိန်၌ နတ်ဦးရေ ၂၂-ဦးမျှ ရှိလာသည်။ ထို့နောက်လည်း နတ်သစ်များကို ဆက်လက် ဖော်ထုတ်ခဲ့ရာ ပင်းယခေတ်တွင် ၁-ဦး၊ အင်းဝခေတ်တွင် ၉-ဦး၊ တောင်ငူခေတ်တွင် ၅-ဦး မွေး ထုတ်ခဲ့ကြသည်။ နတ်ပေါင်း ၃၇-ဦးမျှ ရှိလာသည်။ ယင်းနတ်တို့ကို မြန်မာတို့က အပြင် ၃၇- မင်း ဟု ခေါ်ကြသည်။တောင်ငူခေတ် နောက်ပိုင်းတွင် နတ်တီထွင်မှုများ တိမ်မြုပ်သွား၏။ နတ်ဆရာတို့က လည်း နတ်ဦးရေကို ၃၇-ဦးထက် ပိုစေချင်ဟန် မတူပေ။ ထို့ကြောင့် တောင်ငူခေတ်ကုန်တွင် နတ်မှတ်ပုံတင်လုပ်ငန်းကို ပိတ်ထားလိုက်ကြသည်။အပြင် ၃၇-မင်းခေါ် နတ်စာရင်းတွင် သိကြားနတ်မှ လွဲလျှင် အားလုံးမှာ ပြည်တွင်း ဖြစ် နတ်များသာ ဖြစ်သည်။ မြန်မာနတ်နှင့် အိန္ဒိယနတ်တို့ကို လေ့လာလျှင် ခြားနားမှု ရှိသည်။ အိန္ဒိယမှ လာသော နတ်တို့သည် သဘာဝကိုးကွယ်မှုမှ ဆင်းသက်လာသော နတ်များ ဖြစ်၍ အများအားဖြင့် ရုပ်ပစ္စည်းတို့ကို အသက်ဝိညာဉ်သွင်း၍ သက်ရှိအဖြစ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။မြန်မာပြည်ဖြစ် နတ်တို့ကား မြန်မာ့သမိုင်းတွင် ရှိနေသော ရာဇ၀င်ဇာတ်ကောင် အသီးသီးတို့က ဖြစ်သွားသော နတ်များ ဖြစ်သည်။ အများအားဖြင့် နတ်ဖြစ်သူတို့မှာ ရာဇ၀င်ထဲက အစိမ်းသေ ပုဂ္ဂိုလ်များ ဖြစ်သည်။ထို့ပြင် မြန်မာတို့၏ နတ်လောက၌ အတွင်း ၃၇-မင်း ခေါ်သော နတ်များလည်း ရှိသေးသည်။ ထိုနတ်များအနက် ၂၂-ဦးသော နတ်တို့မှာ မြန်မာအမည်များဖြင့် ခေါ်ဝေါ်ထားသော ကြောင့် ပြည်တွင်းဖြစ် နတ်များပင် ဖြစ်နိုင်ပါသည်။မြန်မာတို့က အတွင်း အပြင် ခေါ်နေသော နတ်များမှာ ပုဂံမြို့ ရွှေစည်းခုံဘုရားတံတိုင်း အတွင်းရှိ နတ်များကို အတွင်း ၃၇-မင်း ဟု ခေါ်ခြင်း ဖြစ်သည်။ တံတိုင်းအပြင်ဘက်၌ ထားသော နတ်ရုပ်များကို အပြင် ၃၇-မင်း ဟု ခေါ်နေခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် ၃၇-မင်း နတ်စာရင်း၌ မပါဝင်သော ဒေသန္တရနတ်များလည်း အများ အပြား ရှိသည်။ ရေငန်ပိုင် ဦးရှင်ကြီး၊ နံကရိုင်းစသော နတ်များသည် နာမည်ကြီးများ ဖြစ်သည်။ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရွာတော်ရှင်၊ မြို့တော်ရှင်၊ နယ်တော်ရှင်စသော နတ်များ ဒေသတိုင်းလိုပင် ရှိနေသည်။ နတ်ကွန်း နတ်နန်း အမျိုးမျိုးကို တည်ထောင်၍ ပုံအမျိုးမျိုး ထုလုပ်ကာ ပူဇော်ပသနေကြသည်။ နေရာဒေသအလိုက် နတ်ပွဲများ ကျင်းပနေကြသည်။ယခုအခါ တောင်ပြုန်းအရပ်ရှိ ကုလားဘီလူး ကပြားညီနောင် နတ်ပွဲ၊ ပခန်း ကူနီနတ်ပွဲ စသည်တို့မှာ အလွန် ကျယ်ပြောနေခဲ့ပြီ။ ကူနီ နတ်ပွဲရက်များဆိုလျှင် ပခန်း အရှေ့လက်တွင် အခြား ပွဲသဘင်များ မပြုလုပ်ရ၊ နတ်မကြိုက်၊ ဟု ဆိုကာ ဦးမင်းကျော်အာဏာကို အငှားသုံး၍ ထွင်လုံးဖြင့် တားဆီးထားကြသည်။ နတ်ပွဲ စည်ကားရေးအတွက် တားဆီးထားကြခြင်းသာ ဖြစ် ပေသည်။ယခု ၁၀-စုနှစ်အတွင်းလောက်မှာပင် ပုဂ္ဂလိကနတ်ကိုးကွယ်မှု၊ ကနားပေးမှုများ ခေတ်စားလာသည်။ ရပ်ကွက်တိုင်းလိုလိုမှာပင် အသံချဲ့စက်ကို ခေါင်မိုးပေါ်၊ သစ်ပင်ပေါ် တင်၍ အော်ဟစ် ဆူညံနေသော နတ်တေးသံ၊ နတ်ဒိုးသံများကို နားမခံသာအောင် ကြားနေကြရသည်။စိတ်အတွေးဖြင့် အလုပ်လုပ်သူတို့မှာ နားရှုပ်သောကြောင့် အလုပ်မဖြစ်ကြ။ လွပ်လပ်စွာ ကိုးကွယ်ခွင့်ကို အကြောင်းပြု၍ လူထုကို ဒုက္ခပေးနေသော သရုပ်ပျက် ယဉ်ကျေးမှုများသာ ဖြစ်ပေသည်။နတ်ပွဲများ စည်ကားလာခြင်း၊ နတ်ကနားပေးပွဲများ ထူပြောလာခြင်းမှာ နတ်ကို ယုံကြည်ကိုးကွယ်သူ များပြားလာခြင်းပင် ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် နတ်ပွဲကြီးများ စည်ကားနေခြင်း အကြောင်းမှာ လူတန်းစား ၃-ရပ်ကို အခြေခံ၏။ ယင်းတို့မှာ-
(၁) အပျော်ကြီးသူများ ၊
(၂) အလိုကြီးသူများ ၊
(၃) အကြောက်ကြီးသူများ ဖြစ်ကြသည်။
အထက်ပါ စိတ္တဇဝေဒနာသည် လူတန်းစားများကို အခြေခံထား၍ နတ်များ ကြီးထွား ရှင်သန်နေကြသည်။ ထိုလူတန်းစာများအနက် အမှတ် ၂၊ ၃- တို့ကို စိစစ်ကြည်ရပါမည်။ အမှတ်၂-လူတန်းစားများမှာ နတ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့ စီးပွား လာဘ်လာဘ တိုးပွားလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ပူဇော်နေကြခြင်း ဖြစ်သည်။
ဤနေရာ၌ မနုဿဗေဒပညာရှင်တို့၏ စကားကို သတိရဖွယ် ဖြစ်သည်။ မနုဿဗေဒပညာရှင်တို့က-
ထာဝရဘုရားသည် လူကို ဖန်ဆင်းထားခြင်း မဟုတ်။ လူတို့ကသာ ထာဝရဘုရားကို ဖန်ဆင်းထားခြင်း ဖြစ်သည်။ ဟု ဖန်ဆင်းရှင်ဝါဒကို တော်လှန်ပြခဲ့ကြသည်။
ထိုစကားကို နည်းမှီး၍-
နတ်တို့သည် လူကို မ စ နိုင်ခြင်း မရှိ။ လူကသာလျှင် နတ်ကို မ စ နေရခြင်း ဖြစ် သည်။
ဟု ဆိုရပေလိမ့်မည်။
မှန်ပါသည်။ နတ်တို့ တည်ရှိနေသည်မှာ လူတို့က ပူဇော်ကိုးကွယ် နေကြသောကြောင့် ဖြစ်သည်။ လူသားတို့က မကိုးကွယ်တော့ပြီ ဆိုလျှင် နတ်များလည်း ပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။ နတ်ဆိုသည်မှာ လူတို့၏ အတွေးစိတ်ဖြင့် မွေးထုတ်ထားသော စိတ္တဇရုပ်ဆောင်များသာ ဖြစ်ကြောင်း နားလည်အပ်ပေသည်။ ကမ္ဘာတစ်ခွင်တွင် ရှေးဟောင်းသမိုင်းစဉ်ကို လေ့လာရာ၌လည်း ထိုသဘောကို တွေ့သိလာရမည် ဖြစ်သည်။
ဘီစီ ၅၀၀၀-ခန့်မှ စ၍ နတ်ကိုးကွယ်မှု သမိုင်းကို စတင်ခဲ့ရာ ယနေ့အထိ နတ်အမြောက်အမြား ပေါ်ထွက်ခဲ့ပြီ။ အခြား နိုင်ငံများကို ထားဘိဦး။ အိန္ဒိယနိုင်ငံ တစ်ခုတည်းမှာပင် နတ်ပေါင်း ၃၃-ကုဋေကျော်မျှ မွေးထုတ် ပူဇော်ခဲ့ကြသည်။ လူသားတို့၏ စိတ်ကူးÓဏ်များသလောက် နတ်များလည်း ပေါက်ပွားခဲ့၏။ ထိုနတ်များသည် လူတို့က ယုံကြည်ကိုးကွယ် နေချိန်၌သာ တည်တံ့နေခဲ့သည်။ လူတို့ မယုံကြည် မကိုးကွယ်တော့လျှင် နတ်များလည်း ပျောက်ကွယ်ကုန်ကြရသည်။
ထို့ကြောင့် နတ်ဆိုသည်မှာ လူတို့က ဖန်ဆင်းထားသော အရာများ ဖြစ်သည်ဟု ဆိုလျှင်လည်း လွန်အံ့မထင်။ လူတို့က ဖန်ဆင်းထားသော နတ်တို့သည် လူကိုပင် တည်မှီနေရ၏။ ထို့ကြောင့်ပင် နတ်တို့အား လူတို့က မ စ နေရခြင်း ဖြစ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်ပေသည်။
နတ်တို့သည် လူတို့အား ဒုက္ခရောက်အောင် လုပ်နိုင်သည်ဟု ယုံကြည်သောကြောင့် ကိုးကွယ်သူတို့လည်း ရှိသည်။ ပသသူတို့လည်း ရှိသည်။ ဤယုံကြည်မှုမှာလည်း လူတို့ကပင် ဖန်ဆင်းပေးထားသော ၊ အာဏာပေးထာသော ယုတ္တိမဲ့ ယုံကြည်မှုသာ ဖြစ်သည်။ တကယ်တမ်း ဆန်းစစ်လျှင် စိတ္တဇလုပ်ရပ် ထိုထိုနတ်တို့သည် လူသားတို့အား သုခပွားစေရန် အတွက်လည်း ကောင်း၊ ဒုက္ခများစေရန် အတွက်လည်းကောင်း ဘာမျှ မပြုလုပ်နိုင်ကြချေ။ ဤသို့ အတွေးမှန် အမြင်မှန် စိတ်ဓာတ်ဖြင့် သုံးသပ်လျက် ဆုံးဖြတ်နိုင်ကြစေရာ၏။
ဘိုးတော် မယ်တော် ကိုးကွယ်မှု့ 
==================
မြန်မာနိုင်ငံတွင် ဂိုဏ်းလုပ်ငန်းကို လိုက်စား၍ ဘိုးတော် မယ်တော် အမည်ခံသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အိန္ဒိယမှလာသော ဂိုဏ်းကျင့်စဉ်တို့ကို လေ့ကျင့်လျက် ဘိုးတော် အမည်ခံနေသူများ ဖြစ်သည်။ ထိုဘိုးတော်ဆိုသူတို့ကို ထွက်ရပ်ပေါက်သူ၊ သိဒ္ဓိမြောက်သူ၊ လူတို့၏ ဒုက္ခကို ကယ်တင်နိုင်သူ ဖြစ်သည်ဟု ဆိုကာ ကိုးကွယ်သူများလည်း ဒုနှင့်ဒေး ရှိသည်။
မြန်မာနိုင်ငံတွင် ဘိုးတော်အဖြစ်ဖြင့် နာမည်ကြီးသွားသူများလည်း ရှိသည်။ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရှင်အဇ္ဇဂေါဏ၊ ဗားမဲ့ဘုန်းကြီး၊ ရက်ကန်းစင်တောင်စသော ပုဂ္ဂိုလ်တို့ ဖြစ်သည်။
ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံ၌ ဘိုးတော်နှင့် ဘိုးတော်ဖြစ်အောင် လုပ်နေသော ဂိုဏ်းဆရာများ ဆက်လက် ပေါ်ပေါက်နေသည်။ မိမိကိုယ်ကို ဘိုးတော်အမည်ခံသူလည်း ရှိသည်။ ဘိုးတော်အမည်မခံသော်လည်း ဘိုးတော်အလုပ်ဖြစ်သော ဂိုဏ်းလုပ်ငန်းကို ဆရာတစ်ဆူ လုပ်နေသူတို့လည်း ရှိသည်။
ဂိုဏ်းဆရာဆိုသူ အချို့တို့သည် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဆာဒူး၊ သူရဿတီ၊ ဒေ၀ီ ၂၁-ပါး၊ အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း၊ ပေါက်ဆရာ၊ စေဆရာ အမျိုးမျိုးကို ကိုးကွယ် နေကြသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။ သို့ဖြစ်၍ ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ အရိပ်ကို ခိုလှုံ၍ ဂိုဏ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ ဗုဒ္ဓ၏ ဓမ္မဒေသနာတို့ကို သိဒ္ဓိပေါက် လုပ်ငန်းထဲသို့ သွတ်သွင်း၍ အသုံးချကြသည်။ ဖြူစင်သော ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် အရောင်လွှမ်းပေးနေကြသည်။
ဂိုဏ်းဆရာအမည်ခံ ဘိုးတော်အချို့တို့သည် ဓာတ်ကျသည်ဟုဆိုကာ ဓာတ်ဘုရားများကို တည်ထားကြသည်။ ဘုရားဘွဲ့တော်ကိုလည်း သိဒ္ဓိဝေါဟာရ ပါအောင် မှည့်ခေါ်ကြသည်။ စေ၊ အောင်၊ ကပ်ကျော် စသော ဝေါဟာရတို့ဖြင့် ခေါ်ဆိုကြသည်။
ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ ပရိယတ်၊ ပဋိပတ် လုပ်ငန်းနှင့် မပတ်သက်သော အလုပ်များကို သာသနာပြု လုပ်ငန်းကြီးသဖွယ် ရေးကြီးခွင်ကျယ် ကြွေးကြော်အော်ဟစ်လျက် နိုင်ငံတုန်အောင် လုပ်ဆောင်နေကြကုန်၏။ သာဝကဂိုဏ်းဝင်ဟု ဆိုသော နောက်လိုက် နောက်ပါတို့လည်း အင်အားထုထယ်နှင့် ရှိနေပြီ။
- အတွေးအခေါ် ချည့်နဲ့သော ခေတ်ပညာတတ်များ ၊
- ဆင်ခြင်ဥာဏ် အားနည်းသော စီးပွားဓနရှင်များ၊
- အသိပညာ နုန့်နဲ့သော လူပြိန်းများ၊
- စိတ်ကူးယဉ်ဘ၀ကို မျှော်လင့်သော လောဘရှင်များ-
စသည်ဖြင့် အမျိုးအစား စုံလှပေသည်။
ဂိုဏ်းလုပ်ငန်းကို ယုံကြည်သူတို့သည် ဂိုဏ်းဆရာကြီး၏ သြ၀ါဒကို တစ်သဝေမတိမ်း လိုက်နာကြသည်။ ပြောသမျှကို နားထောင်သည်။ ခိုင်းသမျှကို လုပ်ဆောင်သည်။ ဤသို့ လိုက်နာသဖြင့် သိဒ္ဓိတန်ခိုး အမျိုးမျိုးတို့ ဝေဖြိုးတိုးတက်လာမည်ဟုယုံကြည်သည်။
ထိုသူတို့သည် မိမိတို့၏ ဆရာကြီးကို အစွမ်းထက်သော သိဒ္ဓိရှင်ကြီးဟူ၍ ထင်မှတ်ကြ သည်။ ထိုသိဒ္ဓိရှင်ကြီးအား ထောက်ပံ့လှူဒါန်းခြင်းဖြင့် လက်ငင်း လက်တွေ့ အကျိုးကောင်းတရား များ ရရှိလာမည်ဟု အထင်ရှိကြသည်။ ထို့ကြောင့် စီးပွားဓနရှင်တို့သည် ငွေကြေးများစွာဖြင့် လှူဒါန်း ပူဇော်ကြသည်။ ဆင်းရဲသားများကလည်း တတ်အားသရွေ့ ဖျစ်ညှစ်ပြီး လှူဒါန်းကြသည်။
ဂိုဏ်းဆရာကြီးတို့သည် ရရှိလာသော ငွေကြေးများဖြင့် ဓာတ်ဘုရားများကို တည်ထား ကြသည်။ သိဒ္ဓိရုပ်ပွားများကို ပူဇော်ကြသည်။ နတ်ရုပ်အမျိုးမျိုးကို ပြုလုပ်ကြသည်။ ၀ိဇ္ဇာရုပ်များ ထုလုပ်သည်။ ဘိုးတော်ရုပ်များ သွန်းလောင်းသည်။ ဂြိုဟ်ရုပ်များကို ဖန်တီးသည်။ ဤသို့ဖြင့် ဂိုဏ်း၏တည်ရာ ဌာနတို့၌ စိတ်ကူးယဉ် ရုပ်စုံပြတိုက်ကြီးများ ဖြစ်နေ၏။ သာမန် လူပြိန်းတို့၏ စိတ်တွင် အထင်ကြီးစရာ သရုပ်ပြ အမွှမ်းတင်များ ဖြစ်နေလေသည်။
ဤကဲ့သို့ သရုပ်ပြ အမွှမ်းတင်များ လုပ်ပြနိုင်သောကြောင့် ဂိုဏ်းဆရာတို့လည်း ပို၍ တန်ခိုးကြီးလာသည်။ အီဂျစ်နှင့် ဆူမာရီယန်တို့ခေတ်က နတ်တို့ တန်ခိုးကြီးမှုသည် လူတို့က အားပေးမှုကြောင့် ဖြစ်သကဲ့သို့ ဂိုဏ်းဆရာတို့ တန်ခိုးကြီးမှုမှာလည်း လူအများက အားပေးနေသောကြောင့် ဖြစ်ပေသည်။
ဂိုဏ်းဆရာတို့သည် လူတို့၏ ၀ိုင်းဝန်းအားပေးမှုကြောင့် စိတ်ကြံရာ ပြီးစီးနိုင်သော စိန္တာမယိဒ္ဓိ တန်ခိုးကို ရရှိသွား၏။ ရွှေငွေရတနာကို ရရှိနိုင်သော ဓနသိဒ္ဓိကို ရရှိသွား၏။ ဤသည်မှာ လူများက လုပ်ပေး၍ ရရှိသော သိဒ္ဓိများ ဖြစ်သည်။
သို့ရာတွင် မြေလျှိုးနိုင်သော သိဒ္ဓိမျိုးကိုမူ တီကောင်လောက်ပင် စွမ်းရည် မရှိကြ။ အာကာသသိဒ္ဓိခေါ် မိုးပျံနိုင်သည့် ပညာမျိုးမှာလည်း ခြင်တစ်ကောင်လောက်မျှ မတတ်နိုင်ကြပေ။ ဓား လှံ သေနတ် ပြီးသည်ဆိုသော ကာယသိဒ္ဓိ အောင်မြင်ဖို့ကား ဝေးစွ။ ဆူးစူးသည်ကိုပင် ခံနိုင်ရည် မရှိသော သိဒ္ဓိရှင်ကြီးများ ဖြစ်ချေသည်။
လူတို့သည် အခြေအနေမှန်ကို မစဉ်းစားကြ။ သဘောတရားမှန်ကို မဆင်ခြင်တတ်ကြ။ ဘိုးတော်ဂိုဏ်းဆရာတို့က မ စ လိမ့်မည်ဟု ယုံကြည်စွဲမှတ် နေကြသည်။ နေ့ချင်း ညချင်း ကြီးပွားအောင် လုပ်ပေးနိုင်လိမ့်မည်ဟူသော လောဘရမ္မက်အမြင်ဖြင့် ဇွတ်ဝင်၍ ချဉ်းကပ်နေကြ သည်။ တကယ်တော့ ဘိုးတော်ဂိုဏ်းဆရာတို့သည် လူတစ်ဦး၏ ကံကြမ္မာကို ဖန်တီးပေးနိုင်သူ မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနေကြရသည်။
သို့ပါလျက် မလိုလားအပ်သော ယုံကြည်မှုများကို ရောထွေး လက်ခံပြီးလျှင် ဘိုးတော်ထံ သွား၍ အချိန်ကုန်ကြသည်။ မယ်တော်ထံ သွား၍ အချိန်ဖြုန်းကြသည်။ အချိန်၏ တန်ဖိုးကို မှန်ကန်စွာ အသုံးမချတတ်ကြ။ အမျှော်လွန် အလုပ်ဖြင့် အချိန်ကုန်နေကြသည်။ အတွေးလွန် ဘ၀ကိုတမ်းတနေကြသည်။ အချောင်သမားဘ၀ကို မက်မောနေကြသည်။
အလုပ်နှင့် အလုပ်၏အကျိုးဆက်တရားတို့ကို လွဲမှားစွာ နားလည်နေကြသည်။ကမ္မဿ ကထာ၊ သမ္မာဒိဋ္ဌိကို လက်ခံသော ဗုဒ္ဓဘာသာဝင်ဟူ၍ အမည်ခံထားသော်လည်း တန္တရဆန်သော စိတ္တဇအာရုံအလုပ်ဖြင့် အချိန်ပုပ်နေကြ၏။
ထေရ၀ါဒဗုဒ္ဓဘာသာသည် စင်ကြယ်သော ဘာသာဖြစ်၏။ သန့်ရှင်းသော ၀ါဒဖြစ်၏။ မှန်ကန်သောအယူရှိ၏။ မိမိတို့၏ လောကီလောကုတ် တိုးတက်မှုကို မိမိကိုယ်တိုင် ကြိုးစားယူကြရသည်။ ဘယ်ဘိုးတော် မယ်တော်တို့ကမှ ဓာတ်ချ၍ မစနိုင်မည်မဟုတ်။ မိမိတို့၏ အကျိုးစီးပွားကို ဗုဒ္ဓဘုရားဟောကြားသော သမ္ပဒါ တရားဖြင့် ရိုးသားစွာ ကြိုးစားရမည်သာ ဖြစ်လေသည်။
No comments:
Post a Comment